သံမဒကျီးအား အကျန်ပေးဂျင်း leftover

သံမဒဂျီးကို အကျန်ပေးမလို့ စောင့်နေဒါ...

နိုင်ငံရေးအကဲဖျက် အကျွန်ုပ်ဦးကြောင်ကြီး သံမဒကျီးကို ဘယ်သူမှ မယူလို့ကျန်နေတဲ့ အကြံဂေါင်းတခု ပေးချင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲရက် သိပ်နီးနေပြီ။ ရက်ပိုင်းပဲ လိုတော့တယ် သို့ပေသိ မြို့နယ်တိုင်းမှာ မဲစာရင်းကွာဟမှုတွေ ကျော်မကောင်း ကြားမကောင်း ဖြစ်နေတယ်။ အောက်ခြေ ကျေးရွာအတော်များများမှာ မဲဆန္ဒရှင်စာရင်းတောင် မကပ်နိုင်သေးဘူးဖြစ်နေတယ်၊ ကျေးရွာအဆင့်တွေက မြို့နယ်ညွှန်ကြားချက်ကိုစောင့်၊ မြို့နယ်က ခရိုင်၊ ခရိုင်ကတိုင်း၊ တိုင်းကပြည်ထောင်စုကော်မရှင်၊ ကော်မရှင်က ကော်မရှင်ငှက်ကထကိုစောင့်၊ ငှက်ကထက ငှက်ကထကတော်ကိုစောင့် (အိမ်လည်သွားတာ ပြန်လာသေးလို့) အဆင့်ဆင့်စောင့်ကြရင်း နောက်ဆုံး ကုတင်ကျိုးတာပဲ အဖတ်တင်မယ်။ မဲစာရင်း မမှန်မှတော့ ရွေးကောက်ပွဲလုပ်လည်း မထူးဘူး။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်နေပြီ။ ကြားဖြတ်မဲစာရင်းကနေ ဘူးပေါ်သလိုပေါ်လာနေတဲ့ မဲလိမ်မှုသည် သမိုင်းမှတ်တမ်းများဖြစ်လို့ ၂၀၁ဝရွေးကောက်ပွဲ တရားဝင်မှုကို ခြိမ်းခြောက်လို့နေပါတယ်။
၂၀၁ဝရွေးကောက်ပွဲ ရလဒ်အဖြေကို ထိခိုက်မှာစိုးလို့ လိမ်ထားတဲ့ မဲစာရင်းတွေကို ပြင်လို့မရဘူး၊ လူသိ မခံရဲဘူးဆိုရင် အကောင်းဆုံးက ကြားဖြတ်ရွေးကောက်ပွဲ ရပ်ဆိုင်းလိုက်ပါ။ လွှတ်တော်ဖျက်သိမ်းလိုက်ပါ။ အထွေထွေ ရွေးကောက်ပွဲအသစ်တရပ် ကျင်းပပေးမယ်လို့ တိုင်းသိပြည်သိ ကြေငြာလိုက်ပါ။ သံမဒကျီးတို့ အဖြစ်က လုပ်စားတော့မိုးခေါင် ခိုးစားတော့ကြောင်ကုတ် ဆိုသလို ကျဉ်းထဲကျပ်ထဲ ရောက်နေပြီ။ ကိုယ်က လက်ဦးမှုယူ ကြေငြာပေးလိုက်ရင် ကြားဖြတ်အစိုးရ ဖွဲ့စရာ လိုချင်မှ လိုလိမ့်မယ်။ ဒီထက် ပိုကောင်းတာက ဒေါ်စုနဲ့ ညှိလို့ရရင် ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး တိုင်းပြည်ကို ပူးတွဲ အုပ်ချုပ်သွားနိုင်တယ်။ ညွန့်ပေါင်းအစိုးရ အသစ်အနေနဲ့ အခြေခံဥပဒေကို ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ပြီး ပြန်လည်ရွေးဆွဲ၊ ရွေးကောက်ပွဲအသစ် ကျင်းပလိုက်။ ကိုယ့်ဖက်က လက်လွတ်မဖြစ်ရအောင် ပထမအစိုးရ သက်တမ်းမှာ အတိုက်အခံနဲ့ နားလည်မှု ယူပြီး အမတ်နေရာ ခွဲယူဂျပေါ့ဗျာ။ အသွင်ကူးပြောင်းရေးကာလ စစ်မှန်ရင် အဲဒီပထမငါးနှစ် အုပ်ချုပ်ရေး ပုံစံသစ်ကို အများပြည်သူ နားလည်ပေးဂျပါလိမ့်မယ်။
ပြည်သူလူထုသည် ယခုအချိန်ခါမှာ သံမဒဂျီးနဲ့ ငှက်ကထဂျီးကို ကြံ့ဖွတ်ပါတီနဲ့တွဲ မမြင်ဂျ နားလည်ခွင့်လွှတ် ပေးထားဂျတာဟာ မဟာအခွင့်အလမ်းဂျီး ဖြစ်ပါတယ်။ ဦးအောင်သောင်း ဦးဌေးဦး ဦးအောင်သိန်းလင်းတို့ လူမိုက်ဝင်လုပ်ပေးနေရတယ်။ သို့ပေသိ အချိန်ကြာလာရင် ပြည်သူလူထု သဘောထား ပြောင်းလာလိမ့်မယ်။ သံမဒဂျီးတို့အနေနဲ့လည်း ကိုယ့်ပါတီရဲ့ မတရားပြုမူမှုများကို မျက်ကွယ်ပြုဖို့ ခက်လာလိမ့်မယ်။ ဒါကြောင့်မို့ အချိန်ရှိခိုက် လုံ့လစိုက်ပါလို့ နှိုးဆော်လိုက်ရပါဒယ်။ မအောင်မြင်တော့လည်း ယူအက်စ်ကို ထွက်ပြေးလာဂျပြီး နိုင်ငံရေးခိုလှုံခွင့် တင်ဂျပေါ့ဗျာ..။ ကြိုဆိုနေပါ့မယ်။။
နိုင်ငံရေးခိုလှုံခွင့်ဥပဒေပညာရှင် ဦးကြောင်ကြီး 😎

9 comments

  • ဦးဦးပါလေရာ

    March 26, 2012 at 10:08 am

    အစကတည်းက ဒေါ်စုမဲဆွယ်ပွဲတွေ အုန်အော်သောင်းတင်းဖြစ်ပြီး
    အောင်မြင်နေလို့ သူတို့မှာအလိုလိုဖင်ကျိန်းနေတာ။
    သူပြောတာနဲ့ပဲ နှလုံးရောဂါရကုန်တော့မယ်။

    Reply

  • amatmin

    March 26, 2012 at 10:22 am

    သမ္မတကြီး ရဲ့အစိုးရအဖွဲ့ က ပျံကျားရေးဝံဂျီး ဥကျော်ဆန် ကိုလည်း
    ကြောင်ေ-ျ စားပြီး ညဏ်ကောင်းအောင် လုပ်ခိုင်းထားရင်ပိုကောင်းမယ်လို့
    အကြံဂေါင်း တခုပေးချင်ပါတယ်…

    Reply

  • windtalker

    March 26, 2012 at 1:04 pm

    ကိုကိုကြောင် ရေ ဟန်နီပလပ်စ် တစ်ခု ထားခဲ့ပါသည် ။

    Reply

  • kyeemite

    March 26, 2012 at 1:14 pm

    သံမဒအကျန်ပေး ကိုကြောင်ဂျီးခင်ဗျား
    ဦးအောင်သောင်း ဦးဌေးဦး ဦးအောင်သိန်းလင်း နဲ့ အူးကျော်ဆန်း
    ကိုအရင်ဇုံး ထုတ်ပြစ်သင့်ဘာဒယ်…အဲဒီလေးဂေါင်
    မွှေနေဒါဗျ..

    Reply

  • mg mg

    March 26, 2012 at 4:11 pm

    “လုပ်စားတော့မိုးခေါင် ခိုးစားတော့ကြောင်ကုတ်”
    ကိုကြောင်ကြီး ဘယ်နေရာကုတ်၊

    Reply

  • အသူရာ

    March 26, 2012 at 7:38 pm

    သများတို့ အုံးနှောက်တွေဂ မှိုတက်နေဒေါ့ အကြံဂေါင်းဒွေ မပေးတတ်ပေါင်
    သို့ပေသိ အားပေးတွားပါဂျောင်း :mrgreen:

    Reply

  • နေဝန်းနီ

    March 26, 2012 at 9:39 pm

    မြန်မာပြည်က ထုတ်ဝေသူများ ကိုကြောင်ကြီးစာတွေ ထုတ်ရင်ကောင်းမယ်…။ သီချင်းဆိုပြီးလိုက်ရောင်းဖို့မလိုတဲ့ စာအုပ်….။

    Reply

  • aye.kk

    March 26, 2012 at 9:53 pm

    ကြောင်ကြီးအမြင်..
    လမ်းမှန်ထွင်ပြ..
    လိုက်နာကြသော်..
    ပြည်ဖော်အပေါင်းချမ်းသာ၏..။။

    Reply

  • shwe kyi

    March 27, 2012 at 12:01 am

    ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးဆိုပြီး သူ့လူတွေ မဟုတ်တရုတ်တွေလျှောက်လုပ်နေတာတော့မတား့ဘူး။
    အခုလိုတွေဖြစ်နေတာမရှက်ဘူးလားမသိဘူး။ ရှက်တတ်ရင် ကိုယ့်ဘာသာကို ဆင်းပေးသင့်နေပြီ။ ထွက်ပြေးသင့်နေပြီ။

    Reply

Leave a Reply to ဦးဦးပါလေရာ Cancel Reply

Your email address will not be published.