အလေးချိန် ပေါင် ၂၅ဝ ခန့် ရှိသော ဧရာမ ငါးခူကြီး အီတလီတွင် ဖမ်းမိ

BayoteJune 10, 20101min04

အရှည် ၂.၄၆ မီတာ (၈ ပေကျော်) ရှိပြီး အလေးချိန် ၁၁၃ ကီလိုဂရမ် (ပေါင် ၂၅ဝ ခန့်) ရှိသော အလွန်ကြီးမားသည့် ဧရာမ ငါးခူကြီးတစ်ကောင်ကို အီတလီနိုင်ငံမြောက်ပိုင်း မန်တိုဗာမြို့တော် အနီး ပိုမြစ် အတွင်းမှ ဖမ်းယူရရှိသည်ဟု ဇွန်လ ၆ ရက်နေ့က Xinhua က ဖော်ပြထားသည်။

အရှည် ၈ ပေကျော်၍ ပေါင် ၂၅ဝ ကျော် အလေးချိန်ရှိသော ငါးခူကြီးထို ငါးခူကြီးမှာ ဥရောပတိုက်တွင် ဖမ်းမိသမျှ ငါးခူမျိုးတွင် အကြီးမားဆုံး ဖြစ်ရုံသာမက ကမာ္ဘပေါ်တွင် ရှိသော ငါးခူမျိုးစိတ်များတွင် အကြီးမားဆုံး မျိုးစိတ် ထဲတွင်ပါဝင်သည်။ ထိုငါးခူကြီးကို ရေထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

4 comments

  • etone

    June 22, 2010 at 6:29 am

    ဒီပုံကြီးကအင်ကြီးထင်တယ် ။ အရင်က မေးလ်ထဲမှာ fake and real ပြတဲ့ပုံထဲမှာ fake လားလို့။

    Reply

  • yy

    June 22, 2010 at 7:57 am

    etone ပြောတာမှန်တယ်

    Reply

  • mzm

    July 4, 2011 at 11:25 am

    ကဲကဲ.မအူပင်သားများငါးခူကင်စားကြမလားးးးးးးးဒီအကောင်နဲ့ဆိုဘယ့်နှယ့်လဲ

    Reply

  • ဆူး

    July 4, 2011 at 11:57 am

    ရွာသားများ မိတ်ဆုံ စားပွဲ အတွက် ကိုပေါက် က အဲဒီ ငါးခူ ကြီး ကို ဖြတ်ဝယ် သွားတယ်လို့ သတင်းကြားထားပါတယ်။
    အတိအကျ သိချင်ရင်တော့ ကိုယ်တိုင် သာ သွားမေးကြပါ။

    Reply

Leave a Reply

Your email address will not be published.