မာယာလား အထာလား

မြသဲ ( 17082011 )March 23, 20121min021

ဒီနေ့ကျွန်မ သူငယ်ချင်းခေါ်လို့ လသာလမ်းစာစစ်ရုံးကိုလိုက်သွားပါတယ်။ ပထမတော့ဘာမှန်းမသိဘူး။ ဒီလိုပဲလိုက်သွားတာ။ သူကပြောတော့ပြောတယ်။ ဆယ်တန်းအောင်လက်မှတ် အခုထိမရသေးလို့တဲ့။ ကျွန်မကလဲကိုယ်နဲ့မှမဆိုင်တာဆိုပြီး အပြင်မှာပဲသူ့ကလေးနဲ့ ကိုယ့်ကလေးထိန်းကျန်ခဲ့တာပေါ့။ နောက်သူထွက် လာတယ်။ ဗုဒ္ဓဟူးနေ့ချိန်းလိုက်ပြန်ပြီတဲ့။ သူကလကုန်ပြန်ရမှာ။ နယ်ကပါ။ ရောက်ကတဲကလာတာ ၂ ခါရှိပြီတဲ့။ ပျောက်နေတယ်ပြောတယ်တဲ့။ ဒါနဲ့ဘာဖြစ်တာ လဲမေးတော့မှ အဲဒီကလေးတွေက ၂၀၁၁ ကတဲက တက္က္ကသိုလ်ဝင်တန်းအောင်ပြီး အောင်လက်မှတ်လျှောက်ထားတာ။ အခုထိမရသေးလို့တဲ့။

ကိုယ်လဲ စပ်စုချင်စိတ်ရယ်၊ မခံချင်စိတ်ရယ်ပေါင်းပြီး ဘာဖြစ်တာလဲစာရွက်ရှာခိုင်းဆိုပြီးရှာခိုင်းတော့ ကလေးတွေအောင်လက်မှတ်လျှောက်ထားတဲ့လျှောက်လွှာကတွေ့ တယ်။ အောင်လက်မှတ်ကအထုပ် လိုက်ပျောက်နေတာ။ ဘယ်ထားမိမှန်းမသိဘူးတဲ့။ ရှာပေးဆိုတော့ရှာထားလိုက်မယ်။ ဗုဒ္ဓဟူးနေ့မှလာတဲ့။ ကျွန်မလဲဒါတော့မဟုတ်ဘူး ငါဘာလုပ်ပေးရမလဲ။ ဝင်ဟောက်ပေးရမလားဆိုတော့ သူက ဟောက်ပေးပါတဲ့။ ဒါပေမဲ့ကျွန်မစဉ်းစားလိုက်တာကဟောက်တာကလွယ်တယ်။ သူတို့ညစ်လိုက်ရင် ကလေးတွေနစ်နာတော့ မယ်။ ငါကခါးကနေဖြတ်ရတာ။ ဘာမှသေချာသိသေးတာမဟုတ်ဘူး။ နင်ဖုန်းနံပါတ်တောင်းခဲ့ဆိုပြီးပြန်လာခဲ့တယ်။ ဒါပေမဲ့သူတို့ ဝန်ထမ်းတွေကြားအောင်တော့ နင်အဆင်မပြေရင်ပြော ငါကတိုင်မှာလို့ မကြား ကြားအောင်ပြောပစ်ခဲ့တယ်။

သူ့အိမ်ရောက်တော့မှ ဟိုဘက်ကကလေးတွေကိုသေချာအောင်မေးတော့ သူတို့ဖက်ကလိုအပ်တာအားလုံးထဲ့ပေးလိုက်တယ်။ ဘာမှမကျန်ဘူးတဲ့။ ဒါဆိုပိုက်ဆံလိုချင် တာနေမှာ။ ဟိုဘက်ကလဲပေးလိုက်ပါပြောထားတော့ ဖုန်းဆက် ပြီးလိုတာပေးမယ်ပြောလိုက်ဆိုပြီး ဖုန်းဆက်ပြောကြတယ်။ ပြန်ရမှာမို့ တနင်္လာနေ့လာခဲ့မယ်။ ရှာပေးထားပါ။ ညီမလိုအပ်တာ အစ်မတို့လုပ်ပေးမယ်။ လိုတာပြောလို့လဲပြောလိုက်ရော လေသံချင်ချင်းပြောင်းပြီး ရအောင်ရှာပေးပါ့မယ်။ ညီမတို့ချွတ်ယွင်းချက်ပါ လာခဲ့ပါအစ်မ။ အဆင်ပြေအောင်လုပ်ပေးပါ့မယ် ဆိုပြီးဖြစ် သွားတယ်။ ပထမတော့ လက်ဘက်သုတ်စားတဲ့သူကစား။ စကားပြောတဲ့သူကပြောနဲ့။ အားနေတာကို ရှာမပေးပဲ ပေးမယ်လဲဆိုရော ညီမတို့ချွတ်ယွင်းချက်ပါဆိုပြီးချက်ချင်းဖြစ်သွားတာ လောကကြီးရဲ့မာယာလား အထာလားဆိုတာမသိတော့ပါဘူး။ အကျင့်တွေကတော့ ဘယ်လိုမှပျောက်မယ်မထင်တော့ပါဘူး။

21 comments

  • kaung kin pyar

    March 23, 2012 at 4:20 pm

    အဲ့ဒါမျိုးတွေ ကောင်းကောင်းတိုင်ပစ်ရမှာ သိလား မသည်းနုအေး…။ အဲ့လို အသည်းယားစရာပုံစံမျိုး လာလုပ်ပြရင် ကိုင်ဆောင့်ပစ်ချင်တယ်။ ခုထိ အကျင့်တွေက မပျောက်သေးဘူး။ ကိုယ်ပေးရတယ်ဆိုတာကို အထောက်အထားပြပြီး အထက်ကိုတိုင်ပစ်လိုက်။ ဒါမှ မှတ်သွားမှာ။

    Reply

    • Thel Nu Aye

      March 23, 2012 at 5:19 pm

      ဟုတ်တယ်။ ကျွန်မအလိုသာဆို လူကြီး ( တာဝန်ရှိသူ ) နဲ့ဝင်တွေ့မလို့။ တပြားမှမပေးချင်လို့။ ဒါပေမဲ့ ကိုယ်တိုင်ပြသနာမဟုတ်သလို သူငယ်ချင်းကလဲ ရန်ကုန်လာမယ်ဆိုလို့ကူညီဖို့ယူလာတာ မို့လို့ ပြသနာကြီးသွားရင်သူငယ်ချင်းပဲ မျက်နှာပျက်ရမှာစိုးတာနဲ့ စိတ်လျှော့လိုက်တာ။ ဒါပေမဲ့ နင်ညှိကြည့်လို့အဆင်ပြေရင်ပြေ မပြေရင် လူကြီးနဲ့ဝင်တွေ့ပြီးရအောင်ရှာခိုင်းမယ်လို့ တော့ပြော ထားတယ်။ တနင်္လာမှမရရင်တော့ ကိုယ်တွေအကြောင်းကောင်းကောင်းပြဖို့မောင်းတင်ထား တယ်။

      Reply

  • Mလုလင်

    March 23, 2012 at 5:57 pm

    ပေးကမ်းခြင်း ဖြင့် အောင်မြင်ရာ၏။

    Reply

    • Thel Nu Aye

      March 23, 2012 at 6:00 pm

      အဲဒီစကားပုံတခုနဲ့ပဲ ဋ္ဌာနဆိုင်ရာအားလုံး လုပ်ပိုင်ခွင့်တွေကို တလွဲဆံပင်ကောင်းနေတာ ဂွကျတယ်။ ဒါကိုပဲ ဋ္ဌာနအားလုံးက ရေလဲသုံးနေတယ်။ ကယ်ပါ့ဂျာအုံး။

      Reply

      • မဟာ ထမိန်ကြီးဝါဒ

        March 24, 2012 at 10:56 am

        ကျနော်တို.လည်း စားရတာ မလောက်လို.အထာလေးတွေ ပေးမိတာပါ…
        တိုင်တော့မတိုင်ပါနဲ.။တိုင်လို.ပြုတ်သွားရင်အပြင်မှာပဲကွမ်းယာရောင်းစားပါတော့မယ်..
        ဝမ်းသာလိုက်ထှာ…

        Reply

  • koaung

    March 23, 2012 at 6:12 pm

    မာယာလဲမဟုတ် အထာလဲမဟုတ် ရေလိုနေလို့ပါ (ရေလောင်းရင်နေကောင်းသွားမှာပါ) ခင်ဗျာ

    Reply

    • Thel Nu Aye

      March 23, 2012 at 10:23 pm

      အဲဒီရေကိုမလောင်းချင်တာ။ အဆိပ်ပင်ရေလောင်းဖြစ်မှာစိုးလို့။

      Reply

      • E.T

        March 24, 2012 at 11:09 am

        တစ်နိုင်ငံလုံးမှာ အဆိပ်ပင်အကြီးကြီးကော၊ သေးသေးလေးတွေကော အများကြီးပါကွယ်

        Reply

  • aye.kk

    March 23, 2012 at 6:43 pm

    သဲနုရေ..
    မကောင်းတဲ့အကျင့်တွေခေါက်ရိုးကျိုးနေလို ့ပြင်မရလို ့..
    မာယာတွေ..အထာတွေလားသုံးပြီးဒီအတိုင်းဆက်သွားနေကြရင်..
    တိုင်းပြည်အတွက်ကအတော်ရင်လေးစရာကောင်းလှပါတယ်။

    Reply

    • Thel Nu Aye

      March 23, 2012 at 10:21 pm

      ဟုတ်ပါ့အစ်မရေ။ ကိုယ်လဲတတ်နိုင်သလောက်တိုက်ဖျက်နေတာပဲ။ နှမ်းတလုံးနဲ့ဆီဖြစ်ပါ့မ လားတော့မသိဘူးအစ်မရယ်။

      Reply

  • moe minthar

    March 23, 2012 at 6:47 pm

    သည်းနုရေ…..
    အကျင် ့ပျက်နေတဲ ့)န်ထမ်းတခိူ ့ ့ကြောင်စိတ်ပျက်ပါတယ်ဗျာ။။
    များများတိုက်ခိုက်ရမှာ
    အဲ ့ဒါမှမှတ်မှာ……….။

    Reply

  • နေဝန်းနီ

    March 23, 2012 at 8:15 pm

    အားပေးပါတယ်ဗျို့ ဒါမျိုးများများတွယ်ပေးပါ….။ ဘာမှကြောက်စရာမလိုဘူး….။ မသဲနုနောက်မှာ ကျုပ်တို့ရှိတယ်…။ တိတိကျကျလေးသာလုပ်စမ်းပါဗျာ….။

    Reply

    • Thel Nu Aye

      March 23, 2012 at 10:18 pm

      လုပ်မှာ။ လုပ်မလို့စောင့်နေတာ။ ကိုယ်နဲ့တိုက်ရိုက်မပါတ်သက်သေးလို့ သူတို့ပြီးအောင်စောင့်နေတာ။ အဖြေထွက်လို့ မအိုကေလို့ကတော့ တွေ့ပြီပဲ။

      Reply

  • htet way

    March 23, 2012 at 10:09 pm

    ဒါမျိုးတွေ အများကြီး
    သူလိုလူစားများသာများလျှင်…………….။
    အော်…….

    Reply

    • Thel Nu Aye

      March 23, 2012 at 10:24 pm

      များနေလို့လဲတိုင်းပြည်ဇောက်ထိုးဆင်းနေတာပေါ့ ဆရာထက်ရယ်။

      Reply

  • တီတီရေငုံနှုတ်ပိတ်

    March 23, 2012 at 10:34 pm

    ဟဲ့.. ဟဲ့.. ညီမလေးရယ်
    တနင်္လာနေ့ကျော်အောင်တော့ စိတ်ထိန်းပြီးစောင့်လိုက်ပါဦးတော့…
    တော်ကြာ ဒီပိုစ့်ဖတ်မိပြီး တကယ်ဖျောက်ပစ်မှ ဒုက္ခ။

    Reply

  • သူများမှားနေတာကိုလဲထောက်ပြ။
    ကိုယ်တိုင်ကလဲကောင်းအောင်နေ။
    တစ်ယောက်ခြင်းစီဆိုသာ ဒီလိုဆိုရင် တိုင်းပြည်ကတော့ ဘာကောင်းမလဲ မမေးနဲ့။
    ဒါပေမယ့် အခုတော့ဗျာ………………………..

    Reply

  • sealion

    March 24, 2012 at 8:11 pm

    စိတ်ပိန်ဖို ့ကောင်းပါတယ် ဒီကိစ်စတွေ ကိုလစာတိုးယံနဲ ့တော ့ မဖြေရှင်းနိုင်ဘူးနဲ ့တူတယ်နော ့ သူငယ်တန်းလောက် မျိုးဆက်သစ်တွေ ရဲ ့စိတ်ဓါတ်လေးတွေ က စပြင်မှ ရတော့မယ်

    Reply

  • ကြောင်လေး

    March 25, 2012 at 7:31 am

    ပစ်မှတ်တွေ မမှားစေချင်ကြပါဘူးခင်ဗျာ။ အဲဒီလို ဝန်ထမ်းလေးတွေကိုရှာပြီး တိုက်ဖျက်နေရုံနဲ့ ဒီကိစ္စပြေလည်သွားမှာမဟုတ်ပါဘူး၊ သူ့ကို ဖို်က်လိုက်လို့ သူလွင့်သွားရင် နောက်တစ်ယောက် သူ့နေရာရောက်လာပါလိမ့်မယ်၊ နောက်တစ်ယောက်လည်း သူ့လိုပဲ ဖြစ်မှာပါပဲ၊ တကယ့်ဖြစ်ပေါ်နေရတဲ့ အကြောင်း အရင်းအမြစ် ကို ရှာဖွေပြီး တိုက်ခိုက်ရမှာပါ၊
    တစ်ခုတောင်းပန်ချင်ပါတယ် အဲဒီဝန်ထမ်းဟာ ကျနော်နဲ့ ဘာမှ မပတ်သက်ပါ။ ကျနော်အခုပြောမဲ့ အကြောင်းဟာ အောက်ခြေ ဝန်ထမ်းငယ်တွေ အားလုံးကိုယ်စားပြောမှာပါ၊
    ကိုယ်နဲ့ အဆင်မပြေလို့ အောက်ခြေဝန်ထမ်း တစ်ယောက်ကို ဖိုက်တော့မယ်ဆိုရင် တစ်ခုတော့ လေ့လာစေချင်ပါတယ်။ သူ့ ရဲ့အဆင့်အတန်း၊ သူဘယ်လိုရပ်တည်နေထိုင်သလဲ၊ သူ့ကိုမှီခိုစားသောက်နေသူဘယ်နှစ်ယောက်ရှိသလဲ၊ သူလစာ ဘယ်လောက်ရသလဲ၊ သူဟာ သူဌေးဖြစ်လုပ်စားနေတဲ့ အရာရှိအဆင့်လား၊ စတာလေးတွေကိုပြန်ပြီးလေ့လာစေချင်ပါတယ်။ကိုယ်နဲ့ အဆင်မပြေတာလေးတစ်ခုအတွက် ကိုယ့်ဒေါသကို ရှေ့တန်းတင်ပြီး လုပ်လိုက်မယ်ဆိုရင် သူနဲ့ သူ့မိသားစု ဘယ်လောက်နစ်နာသွားနိုင်သလဲဆိုတဲ့ နောက်ကြောင်းလေးတွေ လေ့လာစေချင်ပါတယ်။
    သူဟာတကယ်နွမ်းပါးသူဆိုရင် သူ့ ရဲ့အခက်အခဲတစ်ခုကို ကူညီလိုက်ရတာပါလားလို့ သဘောထားလိုက်နိုင်ရင် ရွာထဲမှာလုပ်နေတဲ့လူမှုရေးအလှူတစ်ခုလို အကျိုးသက်ရောက်နိုင်ပါတယ်။
    အခုခေတ်အနေအထားဟာ ကျနော်တို့ ဝန်ထမ်းချင်းတောင် သူ့အလုပ် ကိုယ့်အလုပ် အဆင်ပြေအောင် တောင်းရမ်းထားတာလေးတွေကို အချင်းချင်းပြန်ဝေမျှပေးကမ်းရင် အဆင်ပြေအောင်လုပ်ကိုင်နေကြရတဲ့အနေအထားဖြစ်နေပါတယ်ခင်ဗျာ။ သူ့ရဲ့ ရပ်တည်နေထိုင်မှုအနေအထားလေးကိုလေ့လာပြီး သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ စိတ်လေးနဲ့ စဉ်းစားစေချင်ပါတယ်။ တကယ် တိုက်ခိုက်ရမယ့် ပစ်မှတ်တွေကို ရှာပြီး တိုက်ခိုက်ကြပါခင်ဗျာ…………

    Reply

    • Thel Nu Aye

      March 25, 2012 at 4:17 pm

      “ကိုယ်နဲ့ အဆင်မပြေလို့ အောက်ခြေဝန်ထမ်း တစ်ယောက်ကို ဖိုက်တော့မယ်ဆိုရင် ” ဟုတ်ကဲ့။ သူနဲ့ကိုယ်နဲ့ ဖိုက်စရာအကြောင်းမရှိပါ။ အဆင်မပြေစရာလဲမရှိပါ။ သူ့အလုပ်သူကောင်းကောင်းသာ လုပ်မယ်ဆိုရင် သူနဲ့ကိုယ်နဲ့တွေ့စရာမလိုတဲ့အလုပ်ပါ။ လိုအပ်တဲ့စာရွက်စာတမ်းကိုပို့ပေးလိုက်ပြီးပေးစရာ ရှိသောပိုက်ဆံ ( နိုင်ငံတော်ကိုသွင်းရန် ) ကိုလဲအပြေအကြေပေးပြီးသားပါ။ လျှောက်လွှာထဲမှာပါသော လိပ်စာအတိုင်း ကလေးတွေ ရဲ့အောင်လက်မှတ်ကိုပြန်ပို့ပေးရမှာပါ။ ကျွန်မတို့တုန်းကလဲဒီလိုပဲ သူနဲ့ကိုယ်နဲ့တွေ့စရာမလိုပဲ အိမ်တိုင်ယာရောက်အောင်လက်မှတ်ရောက်လာတာပါ။ အခုဟာကသူ့အလုပ်သူကောင်းကောင်း မလုပ်ပဲ အောင်လက်မှတ်ထုပ်ကသူ့လက်ထဲပျောက် တာပါ။ သူဘယ်ထားမှန်းမသိတဲ့အောင်လက်မှတ်ကို ရှာခိုင်းတာကိုပိုက်ဆံပေးရတယ်ဆိုတော့ ကာ ကျွန်မပဲမှားနေတာလားလို့ ကိုကြောင်လေးဖြေကြည့်ပေး ပါအုံး။ ကျွန်မဖိုက်တာမဟုတ်ပါ။ မတရားတာကိုလက်ပိုက်ကြည့်မနေနိုင်တာပါ။ ကိုကြောင်လေးပြောသလို သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ စိတ်လေးနဲ့ စဉ်းစားပြီးပေးလိုက်ရင် သူကော နောက်လူရော အောင်လက် မှတ်တွေ အားလုံးဖျောက်၊ လာရှာခိုင်းတိုင်းပိုက်ဆံတောင်းနေရင်ဖြစ်မလားကိုကြောင်းလေး။ စဉ်းစားပေးစေလိုပါတယ်။

      Reply

  • ကြောင်လေး

    March 26, 2012 at 7:13 am

    မသဲနုအေးရဲ့ စာအရ ကျနော်ပြောလိုတဲ့ရည်ရွယ်ချက်ကို သေချာသဘောမပေါက်ဘူးဆိုတာ သိလိုက်ပါတယ်။ မသဲနုအေးနားလည်အောင် ရေးမပြနိုင်ခဲ့တဲ့ ကျနော်ရဲ့အားနည်းချက်အတွက် (အနူးအညွတ်တောင်းပန်ပါတယ်)။ လက်ရှိအချိန်အခါက ကျနော်တို့ငယ်ငယ် ဖြတ်သန်းခဲ့ ရတဲ့ဘဝနဲ့ အများကြီး ကွာဟသွားပါပြီ။

    Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.