မယုံကြည်ရတဲ့သူတွေကိုသင်သိပါသလား

မိုခ်ိဳMarch 21, 20122min023

ကျမ မိုချိုရဲ့ တတိယ မြောက် ပိုစ့်လေးပါ။ ဘယ်သူတွေကို   မယုံကြည်ရဘူးလည်း  ဆိုတာပြောပြပါ့မယ်။

၁။ shopping mall တွေ ၊ လူစည်ကားတဲ့ ဘူတာရုံတွေ၊ IT road show လို လူစည်ကားတဲ့ နေရာတွေမှာ ဘဏ်တွေရဲ့ ခရက်ဒစ်ကဒ် အကြောင်းပြောတဲ့သူတွေ၊ အာမခံ ကိုယ်စားလှယ်တွေ ရဲ့ ၅မိနစ် လောက်ပဲ အချိန်ပေးပါ ဆိုတဲ့စကားကို မယုံပါနဲ့။ သင် နားထောင်မိလိုက်ရင် သင်ရဲ့အချိန်တွေ အနည်းဆုံး နာရီဝက်လောက် ကုန်သွားပါလိမ့်မယ်။

 

၂။ shopping mall တွေ မှာပဲ သင့်လက် ထဲ ကို  skin care လို ပစ္စည်း simple လေး ထည့် ပေးပြီး သင့် လက်ခုံ တဖက် ကို ဆွဲ၊  ခရင်မ်တွေ နဲ့ ပွတ်တတ် တဲ့ သူတေ ွ  ( အများအားဖြင့်မိန်းကလေးတွေ)  ကိုလည်း မယုံပါနဲ့။ သင့်ရဲ့ ဖွေးသွားတဲ့ လက်ခုံ ကို နောင် လက် တဖက် နဲ့ယှဉ်ပြပြီး သူတို့ရဲ့ ပစ္စည်း ကို သင်ထင်ထားတဲ့ ဈေး ထက် တဆ ပိုတဲ့ ဈေးနဲ့ ရောင်းပါလိမ့်မယ်။

 

၃။အင်တာနက်လိုင်း ဘယ်လောက် မီဂါဘိုက်တွေ၊  လစဉ်ကြေး ဘယ်လောက် တန် တွေ ဝယ်ရင်  ဘယ် တီဗွီ လိုင်းတွေ အခမဲ့ ပေးမယ် ဆိုတဲ့ ကြော်ငြာ တွေ ကိုလည်း မယုံပါနဲ့။ သင် တကယ် သွားဝယ်ရင်  သူတို့ ပြောတဲ့ အခမဲ့  တီဗွီ  လိုင်းတွေဟာ  ၁လ၊ ၂လ၊ ၃လ၊ အများဆုံး ၆လ လောက် ပဲ အခမဲ့  မှာဖြစ်ပြီး နောက်ပိုင်း ကျရင် အခ ပေး   ရမှာ ဖြစ်နေတတ်ပါတယ်။

၄။သင် အိမ်ခန်းရှာမယ်ဆိုရင် သူတို့ အိမ်ခန်း က ဘယ် MRT ဘူတာ  နဲ့ ၅မိနစ် ၊ ဘယ် shopping mall နဲ့ ၃မိနစ် ပဲ ဝေးပြီး အနားမှာ ဘာဆိုင်တွေ ၊ ညာဆိုင် တွေ ရှိ ပါတယ် ဆိုပြီး ကြော်ငြာထည့် တဲ့သူတွေ ကို လည်း မယုံပါနဲ့။ တကယ် သွားကြည့်ရင်  သူ့အိမ်ခန်း နဲ့ သူပြောတဲ့ MRT ၊ shopping mall တွေရဲ့ အကွာအဝေးက  လေယာဉ်ပျံ စီးသွားရင် တော့ သူပြောတဲ့ အချိန်အတိုင်း  ရောက် လောက်   ပါလိမ့်မယ်။

ဘက်စ် ကား မစောင့်ချင် ရင်  ဆိုက် ဂျဲရိုး လည်း မရှိတဲ့ အတွက်  ၉၆၉၃  ရတဲ့ အရပ်ဆိုတော့ ဘူတာနဲ့ အနီး အဝေး ကလည်း တော်တော် အရေးပါ ပါတယ်။

 

၅။ မီးပွိင့်မှာ လမ်းကူးတဲ့ အခါ သင့်အရင် စောင့်နေတဲ့သူတွေ က လူကူးတဲ့အချက်ပြ ခလုတ် ကိုနှိပ် ထားလိမ့် မယ် လို့ မယုံကြည်ပါနှင့်။    လမ်းပေါ်က ကားတွေ မီးနီလို့ ရပ်သွားပြီးတဲ့ အချိန်မှာ  လူကူး မီးကမစိမ်းပဲ  နီမြဲနီနေတော့မှ ဖြတ်ပဲကူးရတော့ မလို  ၊ခလုပ်နှိပ်ပြီး  နောက်တခေါက် မီးစိမ်းတော့မှ စောင့်ကူးရတော့ မလို ဖြစ်တတ်ပါတယ်။  အဲဒါကြောင့် မီးပိုွင့်မှာ စောင့်တဲ့ အခါ  ရှေ့မှာ လူရှိရှိ မ ရှိရှိ   လူကူးတဲ့အချက်ပြ ခလုတ် ကို ကိုယ်တိုင်နှိပ် ပါ။

ဒါတွေကတော့ မိုချို ခဏ နေထိုင်တဲ့ ခြင်္သေ့ မြို့တော်မှာ တွေ့ရတဲ့ မယုံကြည်ရတဲ့သူတွေပါပဲ။

မိုချို အမြဲတမ်း နေထိုင်ရာ ဘူမိနက်သန် ရွှေ နိုင်ငံ ကြီး က  မယုံကြည်ရတဲ့ သူတွေကို နံပါတ်စဉ်

ထိုးပြရရင် မိုချို စာရိုက် နှေးပုံမျိုးနဲ့ ညနေစောင်းလို့ တနေ့တာ အင်တာနက် အသုံးပြု ချိန် စေ့တဲ့

အထိတောင် ပြီးမှာ မဟုတ်ပါဘူး။ ကိုယ့် ဘာသာကိုယ် ပဲ ဆက် စဉ်းစား ကြပါကုန်။

အဲးဒီထဲ ကမှ   မယုံကြည်ရဆုံး သူတွေ ကိုပဲ ပြောပြပါ့မယ်။  မိုချို  မပြော လည်း    ရွာသူားတွေက သိပြီးသား နေမှာပါ။ မသိသေးရင်တော့ အောက်က ပုံလေးတွေ ကြည့် လိုက် ပါနော်။

23 comments

  • mocho

    March 21, 2012 at 12:42 pm

    ္ဒအံဇာတုံးလေးရေ
    မင့် ပြောတဲ့အတိုင်း လုပ်လိုက်တာ nick name မှာ mocho လို့ရသွားပြီ။ကျေးကျေးပါ။ နောက်တွေ့ ရင် မုန့်ကြွေးပါ့ မယ်။
    ကျမရဲ့ ရှေ့ ၂ပိုစ့် မှာ ကွန်မန်များ ချီးမြှင့် ပြီး ကြိုဆိုကြတဲ့ ရွာသူားအပေါင်းကို ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံ စမ်းတင်ချင် လို့ ဒီပိုစ့်ကိုရေးခြင်းဖြစ်ပါတယ်။

    Reply

  • စိန်ပေါက်ပေါက်

    March 21, 2012 at 12:58 pm

    သဂျိန်းမိန်းကိုလဲ မယုံနဲ ့
    ကြိန်ကြိန်းကိုလဲ ယုံနဲ ့
    မိန်ပိန် ့ကိုလဲ မယုံနဲ ့
    ဖွိန်းဆိန်းကိုလဲ မယုံနဲ့
    အိန်ချိန်တိန်းကိုလဲ မယုံနဲ ့
    ဖျိန်းသိန်းကိုလဲ မယုံနဲ ့
    ကြိန်းမိန်းကိုလဲ ယုံနဲ ့
    ကိန်ပိန် ့ ကိုလဲ မယုံနဲ ့
    ဘလိန် ့ချိန်းကိုလဲ မယုံနဲ ့
    နိန်ဇိန်မိန် ့ကိုလဲ ယုံနဲ ့
    စိန်ပိန်ပိန် ့ကိုလဲ ယုံနဲ ့
    …ယုံနဲ ့
    …ယုံနဲ ့

    Reply

  • windtalker

    March 21, 2012 at 1:05 pm

    မိုခို ရေ ။ တစ်ကယ်လို ့မန်းဂေဇက် က ကိုပေ ဟာ မိန်းမ ရှိတယ် လို ့သူများတွေ ပြောလာရင် မယုံလိုက်လေနဲ ့ ။ သိလား…
    ကြားလူတွေစကား လုံးဝ နားမယောင်ပါနဲ ့နော် ။
    ဟီဟိ

    Reply

    • pooch

      March 21, 2012 at 8:19 pm

      ကလေးနှစ်ယောက်အဖေ အမွှာလေးတို့ အဖေလို့ ပြောလာသူရှိရင်တော့ ချွင်းချက်မရှိ ယုံလိုက်ပါ အမ။ 😀

      Reply

      • windtalker

        March 21, 2012 at 9:40 pm

        အဲဒါ အကြီးမ လေ
        ကောင်းစေချင်လို ့ဝိုင်းစီစဉ်ပေးနေတာ ကို ဂျီတွန်ချင်ဟန်နေတာ ဗျ ။
        ဟီဟိ

        Reply

        • စိန်ပေါက်ပေါက်

          March 22, 2012 at 10:24 am

          မိန်းမမှုရှိဘူး
          ယောက်ျားပဲ ရှိတာ
          ဟုတ်ဒယ်မလား ပေပေ

          စကားမစပ်..
          မပြောင်းဖူးတို ့အဖွဲ ့ကို ဒီလိုဖဲ့ဒလိုုက်တာ ရေလည်ထိသဗျာ
          လေးစားသွားပြီ
          အာချီနိုမိုချို

  • TTNU

    March 21, 2012 at 1:17 pm

    မိုချိုရေ…
    အားပေးနေမယ်နော်။
    တီချာနု

    Reply

  • manawphyulay

    March 21, 2012 at 1:43 pm

    ဒါဆို မိုချို ပြောတာတွေကို ယုံရမှာလားဟင်…. 😛

    Reply

  • Thel Nu Aye

    March 21, 2012 at 1:53 pm

    ကြံ့ဖွတ်၊ ကြံ့ကြံ့ဖွတ်၊ ဖွတ်ဖွတ်ကြံ့ကြံ့။ ဟုတ် မယုံရတာမှထိပ်ဆုံးကပါ။ အခုတော့ ဖွတ်ဖွတ်ပြောင်းဆိုလား၊ ပြောင်းဖူးဖွတ် ဆိုလားနာမည်ပြောင်းထားတယ်။

    Reply

  • အသူရာ

    March 21, 2012 at 2:50 pm

    အိုင်ဒီယာက မိုက်တယ်ဟေ့ လန်ထွက်နေတာပဲ

    Reply

  • yaungchikha

    March 21, 2012 at 2:51 pm

    မိုးချိုစာကိုဖတ်သွားပါတယ်နော်၊ မယုံကြည်ရတဲ့သူတွေ ဘယ်သူတွေရှိမလဲလို့ ?????

    Reply

    • ရွာစားကျော်

      March 21, 2012 at 3:33 pm

      မမိုချိုက ပုံနှင့်တကွ ရှင်းပြထားပါသည်..
      ကြံ့တွေက မယုံရဘူးတဲ့
      ဖွတ်တွေကိုလည်း မယုံရဘူးတဲ့
      ဆိုတော့..
      ကြံ့နဲ့ဖွတ် ပေါင်းထားတဲ့… အဲ..အဲ
      အဲဒါတွေဆို နှစ်ဆ မယုံရဘူးနဲ့ တူတယ်နော်.. 🙄

      အစ်မမိုချို ပို့စ်က ကော်ပီ၊ပေ့စ် ဖြစ်နေပါတယ်..
      နောက်ဆို category, tag တွေ ထည့်ဖြစ်အောင်ထည့်ပါနော်..

      Reply

  • ဖားသက်ပြင်း

    March 21, 2012 at 3:03 pm

    အပေါ်က လူဒွေက မာကတ္တာတွေ ဦးနှောက်ဆေးထားတဲ့ …
    ဆေဲလ်းဖိုစ့် တွေပါဗျာ … အောက်က တရိစာ္ဆန်တွေနဲ့… မခိုင်းနှိုင်းဘာနဲ့..
    ခမျာလေးတွေ သနား ဇယာ ကောင်းပါတယ်….။

    မာကတ္တာတွေဆီ… ဩဝါဒခံယူရ …ကတ္တစတမ်မာ တွေဆီ …
    အောက်ကျို့ခံ မျက်နှာချိုသွေးရရှာ သူလေးဒွေပါ….
    တိရိစာ္ဆန်နဲ့တော့ မနှိုင်းဘာနဲ့….
    စိတ်ထိခယက်အောင် မီလုပ်ပါနဲ့….

    အာဟိ…

    😀

    စကားမစပ် …ဒီမှာဆို ..ဗစ်ဇင်းတင်းကတ် ဒူးထောက်လဲတဲ့ စကီလေးဒွေတောင်
    ရှိသေးဗျာ… မသနားလိုက်နဲ့ ..သနားလိုက်မိတာနဲ့ … ဖုန်းတဂွမ်ဂွမ်လာမယ်…
    မေးလ်ဘောက်စ့် ခနခနပြည့်မယ်…. ဒါဒွေ ခေတ်မီလော့ဘာဝူးအေ…. မားကတ္တင်း ၁.ဝဒွေပါ
    (အဲ့… ဘိရုမာ ပြည်ကြီးမှာ ဝ.၅လောက်တောင် ဝန်ဆောင်မှု မကောင်းသေးတာတော့
    ရင်ထဲမကောင်း…) ဘာလို့လဲဆို ကမာ္ဘမှာ ၄.ဝ ကို သွားနေတဲ့ခေတ် ကိုး ….

    တော်သေးဘီ…
    ဖားသက်ပြင်း ၄.၀

    Reply

    • ရွာစားကျော်

      March 21, 2012 at 3:34 pm

      ဒါနဲ့.. ဖားတွေကရော ယုံရလားဟင် 😆

      Reply

      • ဆူး

        March 21, 2012 at 4:50 pm

        ဖားက ပိုဆိုးတယ်.. သူက ခုန်တတ်တယ်။

        Reply

  • paw tar

    March 21, 2012 at 3:34 pm

    အလွန်ကောင်းမွန်တဲ့ သတင်းတစ်ပုဒ်ပါဗျာ ရေးသူကို တော့ မချီးကျူးပဲကိုမနေနိုင်ပါဘူး။

    Reply

  • နတ်ဆိုးလေး

    March 21, 2012 at 4:36 pm

    ဖားသက်ပြင်းလဲ မယုံကြနဲ့နော် ယောက်ျားသားများသတိ (မဖရဲတို့၊ မစိန်ပေါက်တို့ အပျို တသိုက်မပါ) သူ့ ပုံမှာကိုက တင်ထားတာ တွေတယ်မို့လား မန်းတူမန်း ကြီးကိုနော် တိတယ်မို့လား။ မယုံနဲ့ ။ အပေါ်က အပျို တသိုက် ယုံလွန်းလို့ အဲ့လိုဖြစ်သွားရှာတာ။ :mrgreen:

    Reply

    • ခပ် KING ကင်း

      March 21, 2012 at 6:36 pm

      ဒါဆို ဖားလေးက ဖြိုးတို့နဲ့ …. အာဟိ
      ဖား ဆိုတဲ့ ဖ …….. ဖြိုး ဆိုတဲ့ ဖ … ဖ ဖ ချင်းတော့ ……… 😆

      မယုံနဲ့ဆိုသူတွေထဲမှာ မျက်မြင်အနေနဲ့ အောက်ဆုံးက ပုံကိုတော့ မယုံပါ … 😛

      Reply

  • Khin Latt

    March 21, 2012 at 7:53 pm

    အခုတော့ ပုံ နဲ့တစ်ကွ မိလို့ ပိုပြီး သိပြီ မိုချို ရေ။
    ထိုး ချက် လေးက လှသလားမမေးနဲ့။
    နောက်လာမဲ့ ကလောင်စွမ်း တွေ ကို မျှော်နေပါတယ်။ 🙂

    Reply

  • MaMa

    March 21, 2012 at 9:12 pm

    (ကျမရဲ့ ရှေ့ ၂ပိုစ့် မှာ ကွန်မန်များ ချီးမြှင့် ပြီး ကြိုဆိုကြတဲ့ ရွာသူားအပေါင်းကို ကျေးဇူးတင်ပါတယ်။)
    ဆိုတော့ ရှေ့ပိုစ့်၂ခုမှာ မန့်မိလား၊ မမန့်မိလား မမှတ်မိတော့ ကျေးဇူးတင်ခံသင့်လား မခံသင့်လား မသိတော့ဘူး။
    ဒါပေမယ့် ခုပိုစ့်မှာ မန့်ပြီနော်။
    ကိုယ်ပိုင်စတိုင်နဲ့ စာရိုက်နှေးပြီး စာရေးသွက်တဲ့ မိုချိုရေ။

    Reply

  • mocho

    March 21, 2012 at 10:27 pm

    ကျမက word ပေါ်မှာရေးပြီး မှ copy , paste နဲ့ ပြန် တင်တာပါ။ ပြီးတော့ category, tag တွေ မထည့် မိတော့ copy ၊ paste ဖြစ်သွားပြီ။ နောက်ဆို သတိထားပါ့မယ်။ သတိပေးတာ ကျေးဇူးပါ။
    မောင်ဂီရေ၊
    အမ ပိုစ့်က ဘာကို ဆိုလိုချင်တယ် ဆိုတာ ညာဏ်ကောင်းတဲ့ မင်းလေးသိမှာပါ။စိတ်မထိခယက်ပါနဲ့။

    Reply

  • ကြောင်လေး

    March 22, 2012 at 7:28 am

    ဂွတ် အိုင်ဒီယာ
    စကြည့်တုန်းက ဒီနှစ်ကောင်ကို ဘာလို့ ထပ်ကာထပ်ကာ ပြနေသလဲစဉ်းစားနေတာ
    အော်……..နောက်မှ သဘောပေါက်တယ်။

    Reply

  • etone

    March 22, 2012 at 10:39 am

    အစ်မ မိုချိုပြောသလိုပဲ ကော်စမတ်တစ်ရောင်းတဲ့ ကောင်မလေးတွေ မယုံရဘူး.. အတင်းချည်းပဲ အသားရောင်နဲ့ မလိုက်လည်း ..လိုက်တယ် ဝယ်အစ်မ … ဘယ်လိုလေး လိမ်းရင် ..ဘယ်လိုလိမ်းလှတာဆိုတာမျိုး ခဏခဏအပြောခံရလို့ .. တစ်ခါက စိတ်အချဉ်ပေါက်ပေါက်နဲ့ … ပြောလိုက်မိတယ် …. နင်ဒီလောက်ညွှန်းနေရအောင် … အဲ့ဒီပစ္စည်းတွေ ကိုယ်တိုင်ရော သုံးဖုံးပြီးပြီမို့လို့လားလို့လေ … ။ သူကလည်း အားတတ်သရော ပြန်ပြောပါတယ် …သုံးဖူးပါတယ်တဲ့ … တက်စတာ တွေချထားတာပဲ .. အဲ့ဒါတွေထဲက သုံးတယ်တဲ့လေ .. ကဲ ကောင်းရော … ။

    ဒါကြောင်ဆိုင်တွေမှာ တက်စတာမေးလျှင် .. ကုန်နေတယ်ချည်းပြောတာ ..သူတို့ အရောင်းစာရေးမတွေ မျက်နှာပြောင်နဲ့ လာပြီး .. အဲ့ဒီရောက်မှ တက်စတာတွေနဲ့ ထူပိန်းနေအောင် အလှဆင်ကြတာ … 🙄

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.