ဆေး ကုမ္ပဏီများ က မင်္ဂလာဈေး အနီး ယာယီ ဆေးဆိုင်များ ဖွင့်လှစ် ရောင်းချ ပေး

wailynnooJune 9, 20101min03

မင်္ဂလာ ဈေးရုံ အနီး၌ ဆေးဝါး ယာယီ ဆိုင်ခန်းများ ဖွင့်လှစ် ထားရာ ဇွန် ၄ ရက် နံနက်ပိုင်း က ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်းနှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး ယာယီ ဆေးဝါး ရောင်းချသူ ဆေးဆိုင် ပိုင်ရှင် များနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ အားပေး ကြောင်း သိရသည်။

ယခု ဖွင့်လှစ် ရောင်းချ ပေးသည့် ဆေးဝါး ယာယီ ဆိုင်ခန်း များအား Naw Trading, Credit Com Co., Moriamin Forte နှင့် ကုမ္ပဏီ ခြောက်ခု တို့က စီစဉ် ရောင်းချ ခြင်း ဖြစ်ကြောင်းနှင့် ဆေးဝါး ဈေးနှုန်း တည်ငြိမ်ရေး နှင့် ဆေးဝါး မပြတ် စေရေး အတွက် ဖြစ်ကြောင်း သိရ သည်။

ဆေးဝါး ရောင်းဝယ်မှု နှင့် စပ် လျဉ်း၍ ကြေညာချက်ကို ဘုတ်ဖြင့် ဖော်ပြ ထားရာ တွင် ဆေးဝါးဈေး ကွက် ကို မင်္ဂလာဈေး တွင် ဆက် လက် ဖွင့်လှစ် ထားပါသည်။ ဆေးဝါး ဈေးကွက် တွင် ယခင် အတိုင်း ရောင်း ဝယ် ဖောက်ကား လျက်ရှိပါသည်။ ဆေးဝါး ဈေးနှုန်းများ ကြီးမြင့် ၍ ပြည် သူလူထု ကို အခက်အခဲ မဖြစ် စေရန် မူလ ရောင်းချ နေသည့် ဈေးနှုန်းများ အတိုင်း ရောင်းချရန် စီစဉ်ထား ပါ သည်။ ဆေးဝါး ဈေးကွက် တည်မြဲ စေ ရန်အတွက် ဆေးဆိုင် များကိုယ်စား ရှေးဦး စွမ်းဆောင် လို သူများကို ရွေး ချယ်၍ လေးပေ ပတ်လည် ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချ စေပါမည်။ ယာယီ ဆေးဆိုင်တွင် ပါဝင် ရောင်းချ သူများ သည် မည်သည့် အခွန်အခမျှ ပေးရန် မလိုပါ။ နေ့စဉ် ဆေးဝါး ဈေးကွက်ကို နံနက် ရ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ရောင်းချ ပါမည်ဟု ဖော်ပြ ထားကြောင်း သိရသည်။

Source: themyanmarpost

3 comments

  • chitkay

    June 9, 2010 at 9:49 am

    ကျေးဇူးတင်ပါတယ်လို့ပဲ ဆိုရတော့မှာပဲနော်……
    ဒါပေမယ့် ဆေးတွေတော့ ဈေးတွေ တက်နေတယ်…..
    ကလေး အစာကြေးဆေး Nanakid ဆိုရင် အရင်က ၉၀ဝ တည်းရယ်…
    အခုတော့ ထောင့်ငါးရာ နီးပါးကပ်နေပြီ။

    Reply

  • yannaingech

    June 9, 2010 at 12:02 pm

    လေးပေပတ်လည်…ဟုတ်ပါ့မလား။ အရမ်းကျဉ်းနေမှာပေါ့ဗျာ…

    Reply

  • susunosuki

    June 9, 2010 at 1:07 pm

    မိုးဦးကျ လေဦးကျမှာ ဖြစ်တက်တဲ့ ရောဂါတွေ အတွက် ဆေးဝါးအလုံအလောက်ရှိထားသင့်ပါတယ်
    ယင်ကောင်တွေဆို တော်တော်များလာတယ်
    သတိထားသင့်တယ်

    Reply

Leave a Reply

Your email address will not be published.