အော် ငမှုုး တို့ရယ် ကြားမကောင်းလို့ ကြည့်လုပ်ကြဦး

thandwetharMarch 21, 20121min010

၁၇-၃-၂၀၁၂ စနေနေ့တွင် ဒွါရာဝတီမြို့သစ် ရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်  ဒွါရာဝတီမြို့သစ် အုပ်ချုပ်ရေးမှုး၊ အံတော် အုပ်ချုပ်ရေးမှုး
၂ ဦး ရွေးချယ်တင်မြှေုာက်ပွဲ တရပ် ပြုလုပ်ခဲ့သည် ။
၎င်း ရွေးချယ်ပွဲ တွင် ဒွါရာဝတီမြို့သစ် အုပ်ချုပ်ရေးမှုးဟောင်းကို ဆက်လက် ခန့်အပ်ခဲ့ပြီး ၊ အံတော်ကျေးရွာမှုးအဖြစ် ဦးစိုးအောင် အားခန့်အပ်
ခဲ့ပါသည်။
သံတွဲခရိုင် အုပ်ချုပ်ရေးမှုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ကြီးမှုးပြီးပြုလုပ်သော အထက်ပါရွေးကောက်ပွဲ မှာ ဥပဒေ ပြဋ္ဌာန်း ချက်နှင့်အညီ
မပြုလုပ်ပဲ လက်သင့်သလို လူများ ( ကပ်တီးမူးလဲ များ ) ဖိတ်ကြားလျက် တိုးတိတ်သဘောဆောင် ပြုလုပ်ခဲ့သဖြင့် ဒွါရာဝတီမြို့သစ် နှင့်
အံတော်ကျေးရွာနေ ပြည်သူအများ စု မှာ ၎င်းတို့ ဆန္ဒမပါသောကြောင့် အစုလိုက်အပြုံလိုက် အုံကြွမှု တခု ဖြစ်ရန် တာစူလျက် ရှိနေသည်။
လွှတ်တော်မှ ချမှတ်ပြဋ္ဌာန်း ချက်နှင့်အညီဟုဆိုရာတွင် ဦးဆုံး ရပ်မိရပ်ဖ (၅) ဦး၊  ဆယ်အိမ်မှုုးများ  ရွေးချယ်ပြီးမှသာလျှင် အုပ်ချုပ်ရေးမှုး
ကို ရွေးကောက်တင်မြှေုာက်ရမည် ဖြစ်သည်။

ယ္ခုသော် ရပ်မိရပ်ဖ လည်း မရွေးချယ် ၊ ဆယ်အိမ်မှုုးများလည်း မသိရပဲ ပြီးမြောက်သွားသော အုပ်ချုပ်ရေးမှုးရွေးကောက်ပွဲ အပေါ် ပြည်သူ
လူထု အများ များစွာ မကျေမနပ်ဖြစ်နေကြ ကြောင်း သိရှိရသည်။ အံတော်ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ်ခံရသော သူမှာ           အရက်ဆီ ဖြန့်ဖြူးရေးလုပ်ငန်းလုပ် နေပါသော စီးပွါးရေး သမား ဖြစ်ပါသည်။ ၎င်းသည် ခရိုင်အုပ်ချုပ်ရေးမှုး နှင့် မြို့နယ်
အုပ်ချုပ်ရေးမှုး များအတွက်  အရက်ပုန်းဆိုင်များ၊ သစ်လုပ်ငန်းများမှ ဆက်ကြေးများကို ကောက်ခံပေးနေသော သူတယောက်လည်း
ဖြစ်ပါသည် ။ အံတော် အုပ်ချုပ်ရေးမှုး ဖြစ်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှုးသို့ လာဘ်ငွေ ၁ဝ သိန်း နှင့် မြို့နယ် အုပ်မှုးသို့ ၅ သိန်း  ဆက်သ
လျှက် ဤရာထူး ကိုရယူခဲ့ကြောင်းလည်း ကြားသိရသည်။
ဒွါရာဝတီမြို့သစ်မှ အုပ်ချုပ်ရေးမှုးဟောင်း ကို ဆက်လက်ထားရှိခြင်းကိုလည်း ပြည်သူအများ မကျေမနပ် ဖြစ်နေကြကြောင်းသိရှိရသည်။
ပြည်သူအများ လိုလားသည်မှာ ဒွါရာဝတီမြို့သစ် နှင့် အံတော်ကျေးရွာ အုပ်ချုပ်ရေးမှုး များကို လွှတ်တော်မှ ပြဋ္ဌာန်းထားသော ဥပဒေ
နှင့် အညီ ရွေးချယ် တင်မြှေုာက်ပေးမှု ပင်ဖြစ်သည်။
အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ ဝန်ကြီးချုပ် အနေဖြင့် သိရှိပါစေရန်  ဤ သတင်းစာ မှ နှိုးဆော် လိုက်ရပါသည်။

10 comments

  • ကိုတတ်ပ

    March 21, 2012 at 5:17 am

    ဒွါရာဝတီမြို့သစ်ရပ်ကွက် နှင့် အံတော်ကျေးရွာမှ ပြည်သူများ အားလုံးလက်မှတ်ထိုး၍
    ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တိုင်ကြားမည်ဟု သိရှိရသည်။
    သို့သော်လည်း မတရားမှုကို ကြားမိပါသဖြင့် မနေနိုင်လွန်းပါ၍ မန်းလေး ဂေဇက်မှ
    တင်ပြ ခြင်းကို သည်းခံ ခွင့်လွှတ်စေလိုပါသည်။

    Reply

  • kyeemite

    March 21, 2012 at 8:31 am

    ကိုသန်းထွဋ်ဦးရေ..
    ရှင်းပေးလိုက်ပါအုံးဗျို့…

    Reply

  • ကြောင်ကြီး

    March 21, 2012 at 10:44 am

    ဒါဆို အရက်ဈေးချခိုင်းကွာ… အဲဒါမှ ဖြစ်မြောက်အောင် မလုပ်နိုင်ရင် ဒင်းတို့ပြောတဲ့ ရပ်ရွာဖွံ့ဖြိုးရေးစကားကို နားမထောင်ဂျနဲ့…

    Reply

  • စိန်ပေါက်ပေါက်

    March 21, 2012 at 11:15 am

    အဲဒကောင့် အိမ် မီးနဲ ့တက်ရှို ့ဗျာ

    Reply

  • ဘုကန့်လန့်

    March 21, 2012 at 7:12 pm

    ကိုသန်းထူဥ က ဘယ်ကို သဝေထိုးနေပါလိမ့်၊ ပျောက်ချက်က ကောင်းပါပေ့ ။
    ဒီလို မတရားမှုမျိုးတွေ ရှိသေးလို့လား ၊ ရှိခဲ့ရင် သေသင့်တယ် ။

    Reply

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 22, 2012 at 7:30 pm

    ငမူး ၂ ကောင်ကို ရိုက်ကွာ ၊ ဘယ်နှယ် သူတို့မို့ မီဒီယာကို မကြောက်တယ်၊
    ေs ာက် ပင်းဆို့ဖို့ ပဲ အကွက်ရိုက်နေ၊ သတင်းစာတွေ စာစောင်တွေ ဂျာနယ်တွေ မှာ
    လာဘ်ပေးတဲ့ကိစ္စ အရေးယူဖို့ ရေးနေကြတာ၊ ခွီးထဲမှပဲ အထက်ရောက်အောင် တိုင်ကြ၊

    Reply

  • ကိုတတ်ပ

    March 29, 2012 at 11:06 pm

    ကျွန်တော် ငတတ်ပ က လက်ရှိအနေအထားကို တိတိပပ ပြောပါဦးမယ် ။
    တတ်သမျှ မှတ်မိသမျှ တင်လိုက်တဲ့ post လေးရဲ့ အကျိုးကျေးဇူးလေးပါ ။
    စာဖတ်သူများအတွက် အကျိုးသက်ရောက်မှုမရှိပေမဲ့ ကျွန်တော်တို့ရဲ့ရပ်သူရပ်သား၊ရွာသူရွာသား
    များ အဖို့တော့ အဖိုး မဖြတ်နိုင်အောင်ပါ။
    သံတွဲမြို့ ခရိုင်အုပ်မူးနဲ့မြို့နယ်အုပ်မူး တို့ ကိုယ်တိုင် ထွေးပီးသား တံထွေးကို ပြန်မြို လိုုက်ပုံကတော့
    ဒီလိုပါ ။
    ရပ်ကွက်နဲ့ ကျေးရွာ အုပ်မှုး ၂ ယောက်ကို ပြန်လည်ရွေးပေးပါ့မယ်
    ဆယ်အိမ်တပိုင် ဆယ်အိမ်မှုး ၁ ယောက်စီ ရွေးပါ့မယ်
    ပြီးတော့ ရပ်ကွက် ကျေးရွာနေ လူအများကို စာသင်ကျောင်းသို့ ပင့်ဖိတ်ပြီး အများသဘောတူ
    သည့် အုပ်မှုးများကို ပြန်လည်တင်မြှောက်ရွေးချယ်ပေးပါမည့်အကြောင်း လေးပါ။
    သူကြီးနှင့်ရွာသူရွာသားအပေါင်းကို ကျေးဇူးတင်လျှက်
    ဖိုးငတတ်ပ
    ဒွါရာဝတီမြို့သစ်
    ဒွါရာဝတီမြို့။

    Reply

  • a soe lay

    March 29, 2012 at 11:16 pm

    ဒီလိုတော့မပြောနဲ့လေ စာဖတ်သူလဲ ဘဝင်မှာ ပီတိလေး ခံစားရပါတယ်
    အများအကျိုးဆောင် ကိုယ့်အကျိုးပြောင် အယ်.. မှားလို့ ကိုယ့်အကျိုးအောင်ပါစေ

    Reply

  • Mical David ko Jar Yit

    March 29, 2012 at 11:23 pm

    ဟုတ်တော့လဲ ဟုတ်နေကြတာဘဲ၊ အဆင်ပြေရင် ကောင်းတယ်၊
    သတင်းမှန်ရင် ငါလဲ စိတ်ဝင်စားတယ်၊
    နေဇမ်းပါဦး
    အုပ်မူး ဆိုတာ လက်ကလေးနဲ့အုပ်ပီး မူးနေတတ်တဲ့ကောင်တွေမလား
    မတရားလုပ်ရင် ငါလဲမခံဘူး ၊ ဆော်သာဆော် ၊

    Reply

  • ချာလီဂဇက်ဒလဝမ်

    March 29, 2012 at 11:57 pm

    ကျုပ်မလဲ စောင့်သာစောင့်ကြည့်နေရတယ် အကျိုးရှိမှုသက်ရောက်တာလေးတွေ သိရပြန်တော့လဲ
    ဝမ်းမြောက်သကွဲ့။ စောင့်ဆိုင်းရကျိုးနပ်သကွယ်။
    သတ္တဝါ အားလုံး အေးချမ်းကြပါစေ။

    Reply

Leave a Reply to Mical David ko Jar Yit Cancel Reply

Your email address will not be published.