“အားလုံးပဲမင်္ဂလာပါလို့မိတ်ဆက်လိုက်ပါတယ်”

ဂေဇက်ရဲ့စာမျက်နှာတွေကို ဖတ်လာတာကြာပါပြီ အခုတော့ဝင်ပြီးရေးချင်စရာလေးတွေရှိလို့ ကြားရသမျှကောလဟာလလေးများကို

ရေးသားတင်ပြရင်း ဂေဇက်မန်ဘာတစ်ယောက်အဖြစ်ကိုခံယူမှာဖြစ်တဲ့အတွက်ကြိုတင်ပြီးမိတ်ဆက်ထားလိုက်ရပါတယ်ခင်ဗျာ။

ဒီလိုရေးသားဖြစ်အောင် ကျွန်တော့်ကိုတိုက်တွန်းခဲ့တဲ့ဂေဇက်မန်ဘာဝင်သူငယ်ချင်း(အမည်မဖော်ပြပါနှင့်ဟုဆိုသောကြောင့်) ကိုလည်း

မန်ဘာတစ်ယောက်အနေနဲ့ထပ်မံ၍ဒီနေရာလေးမှ မိတ်ဆက်လိုက်ပါတယ်။

ဂေဇက်မှစာဖတ်သူအပေါင်းကို ပထမဆုံးလက်တည့်စမ်းတဲ့အနေနဲ့တင်ပြချင်တာလေးကတော့

ကမော္ဘဇဘဏ်ကုမ္ပဏီလိမိတက်မှ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နမ့်စန်မြို့ကလေးရဲ့ထင်းရှူးမြိုင်ကျေးရွာလေးရဲ့အနောက်ဘက်တောင်

ကြောတစ်လျှောက်မှာ ကျောက်မီးသွေးတွေကိုအပြင်းအထန်ရှာဖွေထုတ်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းလေး ကိုကောလဟာလသတင်းတစ်ပုဒ်

အနေနဲ့ တင်ပြလိုက်ရပါတယ်။ မြို့ခံတစ်ဦးရဲ့ပြောပြချက်အရတော့ ဒီလုပ်ငန်းကြီးကတကယ်သာအောင်မြင်ရင်ဘိန်းစိုက်ပြီး ရာမလုပ်ရောင်းတာထက်

ပိုပြီးအဆင်ပြေတယ်ဆိုပဲဗျ။ ကောလဟာလပြောပြတဲ့ ကောလဟာလသတင်းလေးကိုဒီလောက်ပဲရပ်ပါရစေနော်။ ကောလဟာလဆိုတာနဲနဲပဲလွှင့်ရင် များများဖြစ်သွားတတ်တယ်ဆိုတော့ ပိုသေချာအောင်တိတိကျကျစုံစမ်းပြီး သတင်းပေးပို့ပါဦးမယ်နော်……….

ဂေဇက်က စီနီယာမန်ဘာကြီးများကလည်း ကျွန်တော့်ဘက်ကလိုအပ်ချက်တွေ၊သင်ကြားရမှာလေးတွေရှိရင် သွန်သင်ပြသပေးရင်းဝိုင်းဝန်းဖေးမကူညီ

ကြပါဦးလို့ အနူးအညွတ်ပြောကြားရင်းမိတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။

20 comments

  • kyeemite

    March 20, 2012 at 8:30 am

    ကြိုဆိုပါတယ်ဗျာ…နာမည်နဲ့လိုက်အောင် ကောလဟလ
    တွေကြီးဘဲ မလုပ်ပါနဲ့ ဆရာရယ်…
    တကယ့်သတင်းဦး သတင်းထူးလေးတွေလဲတင်စေချင်ပါတယ်..
    စောင့်မျှော်အားပေးပါ့မယ်..

    Reply

  • water-melon

    March 20, 2012 at 8:49 am

    ကောလာဟာလ
    ပြောကြတာက လောကသဘာဝ
    အဲဒါဘယ်သူဆိုတာလဲဟင်
    အခြောက်ဂိုဏ်းစိန်ပေါက်ကိုယ်စား ကြိုဆိုပါတယ်ချင့်
    မှတ်ထားနော် သများနာမည် မဖရဲ

    Reply

  • MaMa

    March 20, 2012 at 9:14 am

    ကြိုဆိုပါတယ် ကောလဟာလ အဲ- ဦးကောလဟာလ ရယ်။
    ပြောရမယ်ဆိုရင် လူကိုရော သတင်းတွေကိုပါ ကြိုဆိုပါတယ်။
    (ကောလဟာလဆိုတာ သတင်းဦးသတင်းထူးကို ပြောတာ ဆိုပဲ) 😀

    ဒီမိုသဂျီးရဲ့ ရွာကြီးက သွားလာ ဝင်ထွက်နေသူအားလုံးကို ထိပ်တုံးမရှိ၊ နှစ်လုံးပြူးမလို ငြိမ်းချမ်းစွာ ကြိုဆိုနေတာမို့….

    ဝင်လာသမျှသော ကလေးသူငယ် လူကြီး လူငယ်မရွေးကို အော်တိုမစ်တစ် ကြိုဆိုပြီးသား ဖြစ်နေလို့ ..
    အသစ်အသစ်သော ရွာသူားအပေါင်းတို့ကို
    ကြိုဆိုပါတယ် မရေးပြန်ရင်လည်း မကြိုဆိုဘူးလို့ ထင်မှာစိုးးးးးး
    ကြိုဆိုပါတယ် လို့ ဝင်လာသူတိုင်းကို ရေးရမှာလည်း သဂျီး (ပွိုင့်) ကို အားနာ……

    Reply

  • jujuma

    March 20, 2012 at 12:28 pm

    မင်္ဂလာပါ ဦးဦး …..
    မိတ်ဆက်ပါတယ်နော်….

    Reply

  • yaungchikha

    March 20, 2012 at 1:30 pm

    မာကလာပင်ပါ…လေးပေါက်စကားကို ယူသုံးလိုက်ဦးမယ်၊ ကြိုဆိုပါတယ် ဦးကောလ ဟာလ

    Reply

  • Thel Nu Aye

    March 20, 2012 at 3:37 pm

    မင်္ဂလာပါ။ ကြိုဆိုပါ၏ ဦးကောလ ဟာလ။

    Reply

  • manawphyulay

    March 20, 2012 at 3:52 pm

    ဦးဦးနာမည်က ကောလဟာလဆိုပဲ… အတော့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘာတွေများ ဆက်လက်တင်ဆက်မယ်လဲဆိုတာ ကြိုဆိုရင်း စောင့်ကြည့်နေမယ်နော်…

    Reply

  • R Ga

    March 20, 2012 at 5:53 pm

    ကျွန်တော်နာမည် မောင်အာဂ ပါ။
    မြန်မာပြည်မှာနေတယ်။
    အဖေကတော့ ဝန်ထမ်းဖြစ်ပြီး
    အမေက တော့ ရုံးစာရေးပါ။
    ကျွန်တော်ငယ်ငယ်က မကြာမကြာ အရက်ခိုးသောက်ပါတယ်။
    မိန်းမတစ်ယောက်ရှိပြီး ကလေးတော့ မရသေးပါ။
    ဂေဇက်က မန်ဘာတွေနဲ့ တစ်ခါတစ်ခါလည်းတွေ့ပါတယ်။

    မှတ်ချက်။ ။မိတ်ဆက် တာတွေများလွန်းလို့ ကျွန်တော့်ကို မေ့နေကျသူများအတွက် ပြန်မိတ်ဆက်ခြင်းဖြစ်သည်။
    အာဂမိတ်ဆက်နေသည် ဟု၍လည်း ပိုစ်တင်ရင် စိတ်ကူးရှိပါသည်။

    Reply

  • ဦးဦးကောလ ဟာလ

    March 20, 2012 at 10:17 pm

    အားလုံးပဲ ကျွန်တော်ကိုကြိုဆိုကြလို့ဝမ်းသာပါတယ်။
    အားလုံးကိုကျေးဇူးတင်သောအားဖြင့်လည်းနောက်ထပ် သတင်းဦးသတင်းထူးလေးများရှိရင်ထပ်တင်သွားပါ
    မယ်လို့လည်း ထပ်လောင်းကြေညာဝင်လိုက်ပါတယ်ဗျာ။
    ကိုအာဂလေးလည်းကလေးများများမွေးနိုင်မယ့်သူဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ။
    စိတ်ကူးရှိရင်မိတ်ဆက်လိုက်ပေါ့ကွယ်မောင်အာဂရယ်……

    Reply

  • ကြောင်လေး

    March 20, 2012 at 11:14 pm

    လူတွေကပြောကြတယ်၊
    “အဲဒါကောလ ဟာလပါကွာ တကယ်မမှန်ပါဘူး” တဲ့
    အဲဒီစကားအဓိပ္ပါယ်မှားနေတယ်၊
    တကယ်က ကောလ ဟာလ ဆိုတာ တကယ်ဖြစ်လာမယ့် အကြောင်းအရာကို ကြိုတင်သိပြီး အုတ်အော်သောင်းနင်း(အဲဒီအုတ်အော်သောင်းနင်းဆိုတာ ဘာလဲတော့ကြောင်လေးမသိ) ဖြစ်တာကိုဆိုလိုတာ။
    “ဗုဒ္ဓ ကောလဟာလ” ဆိုတာ ဘုရားပွင့်တော့မယ်ဟေ့…………..လို့ နတ်ဗြမ္မာတွေက သိလို့ (ဖွချက်)အရ လူ့ပြည် နတ်ပြည်မှာ ကြိုတင်ပြီးအုတ်အော်သောင်းနင်းဖြစ်တာကိုဆိုလိုတယ်လို့ ဖတ်ဖူးပါတယ်။ ကြောင်လေးလဲ ဒီတစ်ခုပဲသိလို့ပြောတာ တခြားဟာ သိတော့ဝူး ၊သိချင်ရင် ဆရာတော်တွေ မေးကြည့် ပြောပြလိမ့်မယ်၊

    Reply

  • marblecommet

    March 21, 2012 at 2:08 am

    အုအုကောလဟာလရေ့….
    မင်းသမီးလေးဒွေ …..
    မော်ဒယ်လေးဒွေ….
    တက်စလေးဒွေ
    ဟိုင်းကာနီး မီးထတောက်နေတာလေးဒွေ
    ရဲ့ ကောလဟာလကို မျှော်နေမယ်နော်…
    ခွိခွိ……

    Reply

  • padonmar

    March 21, 2012 at 2:54 am

    ဦးဦးပါလေရာနဲ့များ ညီအကိုတော်နေသလား။ 😀
    ကြောင်လေးရေးသလို ကောလာဟလ ဆိုတာ နောင်ဖြစ်လာမှာကို ကြိုတင ်ပြောဆိုကြတာလို့မှတ်ဖူးပါတယ်။

    စကြာမှာရာ
    ကမ္ဘာ သိန်းထား
    ဘုရားထောင်နေ
    မောနေယျမှာ ဆယ့်ခြောက်နှစ်(မူကွဲတွေရှိပါတယ်)
    တစ်ဆယ့်နှစ်နှစ် မင်္ဂလာ တဲ့။

    ကောလာဟလ ဆိုတဲ့ နာမည်နဲ့လိုက်အောင် အမှန်တွေကို ကြိုတင် ဖော်ပြပေးနိုင်ပါစေ။

    Reply

    • Khin Latt

      March 21, 2012 at 3:33 am

      ကျွန်မ လဲ မေးတော့ မလို့ အစ်မ ပဒုမ္မာ ရေ။
      ကောလဟာလ ဆိုတာ သတင်းမှန်ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
      မင်္ဂလာပါ ဦးဦးကောလဟာလ ရှင့်။ 🙂
      အဲဒီ ကျောက်မီးသွေး ကြောကြီး ကတော့ အမှန်တကယ်တွေ့ ရုံမက ပြည်သူတွေနဲ့ပါ သက်ဆိုင်ပါစေ လို့ ဆုတောင်းပါတယ်။

      Reply

  • ရွှေဘိုသား

    March 21, 2012 at 9:09 am

    ကောလဟာလ တွေရှိမှ အမှန်တွေကလည်း ဗူးပေါ်သလိုပေါ်လာတာ

    Reply

  • Khaing Khaing

    March 21, 2012 at 11:39 am

    ကောလဟာလဆိုတာ မဟုတ်မမှန်တာကိုပြောတာမဟုတ်ပါဘူးကွယ် ကောလဟာလဆိုတာ ဟုတ်တာ မှန်တာကိုပြောတာပါ ကောလဟာလနဲ့ပတ်သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုထားတာကြားဖူးတယ် …. ကြားဖူးတာကို ပြောတာနော် သိချင်ရင်တော့ သိတဲ့လူတွေကိုမေးပါကွယ် ….

    Welcome Par ဦးဦးကောလဟာလ

    Reply

  • star flower

    March 21, 2012 at 2:04 pm

    အညာစရော

    Reply

  • kai

    March 21, 2012 at 3:42 pm

    သယံဇာတဆိုတာများကတော့.. ဘာလုပ်ခွင့်ရရ… အင်မတန်မြတ်တာချည်းပါ…
    မြေကြီးထဲကထွက်တာကိုး…။

    ကျောက်မီးသွေးကတော့..သုံးကြမယ်ဆိုရင်.. လေထုညစ်ညမ်းတာဖြစ်ဖို့ ကိန်းဆများပါတယ်..။

    ဘယ်မှာလည်းမသိ.. ဖတ်ဖူးတယ်..
    ကျောက်မီးသွေးတွေ့ရင်.. အဲဒီသက်တမ်းမြေကြောမှာ.. စိန်ရှိတတ်တယ်တဲ့..။
    ဥပမာ.. ကလေးဝမှာကျော်ကမီးသွေးရှိရင်.. အောက်က.. ပုံတောင်ပုံညာထက်..စိန်တွေ့သလိုမျိုးပေါ့..
    သက်တမ်းနုတော့.. စက်မှုစိန်လောက်ပဲဖြစ်တယ်တဲ့..။

    ကာဗွန်ချင်းတူလို့လားမသိ… 😆

    Reply

  • char too lan

    March 21, 2012 at 4:58 pm

    ဟုတ်ပီ ဟုတ်ပီ
    မိတ်ဆက်တဲ့ မန်ဘာအသစ်ရော အဟောင်းပါ
    သီတဂူဆေးရုံအတွက် အလှူငွေကိုလှိုက်လှိုက်လှဲလှဲကြို ဆိုပါတယ် ခင်ဗျာ…. 😉 😀

    Reply

    • ဆူး

      March 21, 2012 at 5:09 pm

      ရဲဘော် အားကိုးပါတယ်။ 😀 😉

      Reply

  • ရွာစားကျော်

    March 21, 2012 at 7:31 pm

    များများဖွနိုင်ပါစေ.. အဲ
    များများရေးပြီး ဗဟုသုတတွေဝေငှနိုင်ပါစေဂျား

    Reply

Leave a Reply

Your email address will not be published.