ဆဲလ်ဖုန်း ရောင်ခြည် အန္တရာယ် ကာကွယ်ရန် ၁ဝ ချက်

Zaw WonnaMarch 19, 20121min03

၁။ မခေါ်မဖြစ် ခေါ်ဆိုရမည့် ကိစ္စများ အတွက်သာ အသုံးပြုပြီး ဖုန်းခေါ်ဆိုချိန်ကိုလည်း တိုတောင်းပါစေ။
နှစ်မိနစ် မျှသော ဖုန်းခေါ်ဆိုချိန်သည် ဦးနှောက်၏ သဘာဝ လျှပ်စစ်လှိုင်းများအား တစ်နာရီကျော် ကြာသည် အထိပြောင်းလဲစေသည်။

၂။ ကလေးငယ်များအား အရေးပေါ် ကိစ္စမျိုးတွင်သာ ဖုန်းအသုံးပြုခွင့် ပြုပါ။
ကလေးငယ်များ၏ တည်ဆောက်ဆဲ ဖြစ်သော ဦးခေါင်းခွံသည် ရောင်ခြည်များအား ပိုမိုနက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်စေနိုင်သည်။

၃။ ပုံမှန် အသုံးပြုသည့် ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်အစား လေပိုက် နားကြပ် (air tube headset ) ကို သုံးပါ။
ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်များသည် နားပြွန်အတွင်းသို့ ရောင်ခြည် ဝင်ရောက်မှု ဖြစ်စေနိုင်သည်။ ထို့အပြင် အသံဖမ်းတိုင် (antenna) အဖြစ် အသုံးပြုထားသောကြောင့် ပတ်ဝန်းကျင်ရှိ လျှပ်စစ်သံလိုက်လှိုင်းများ (electromagnetic fields) ကိုပါ ဆွဲဆောင်မှု ပြုလုပ်သည်။

၄။ မိုဘိုင်းဖုန်းအား ဖွင့်ထားစဉ်တွင် သင်၏ ဘောင်းဘီအိပ်ကပ် သို့မဟုတ် ခါးပတ်တွင် တပ်ဆင်ခြင်း မပြုပါနှင့်။
ခန္ဓာကိုယ် အောက်ပိုင်းမှ တစ်ရှုးများသည် လျှပ်စီးမှုနှင့် ရောင်ခြည်များအား စုပ်ယူရာတွင် ခန္ဓာကိုယ် အပေါ်ပိုင်းထက် ပိုမိုလျင်မြန်သည်။ လေ့လာမှု တခုအရ ဖုန်းအား ပေါင်ခြံနှင့် နီးသော နေရာတွင် ထားကာ အသုံးပြုလေ့ရှိသော အမျိုးသားများတွင် သုတ်ပိုးပါဝင်မှု ၃ဝ ရာခိုင်နှုန်းထက်ပို၍ လျော့ကျသွားကြောင်း တွေ့ရှိရသည်။

၅။ အကယ်၍ နားကြပ်ဖြင့် အသုံးပြုခြင်း မဟုတ်ပါက ဖုန်းခေါ်ဆိုပြီးနောက် ဆက်သွယ်မှု ရပြီးသည့် အခါတွင်မှ နားအနားသို့ ကပ်ကာ အသုံးပြုပါ။

၆။ မော်တော်ယာဉ် သို့မဟုတ် ဓါတ်လှေခါး စသည့် အလုံပိတ် သတ္တုအခန်းအတွင်း၌ ဖုန်းကို အသုံးမပြုပါနှင့်။
ထိုနေရာမျိုး၌ ဆက်သွယ်မှု ရရှိရန်အတွက် စွမ်းအင်ကို ပိုမိုသုံးစွဲရန် လိုအပ်သည်။ ထို့အပြင် အလုံပိတ် သတ္တုအခန်းများသည် ရောင်ခြည်များကို ဖမ်းယူစုဆောင်းပြီး အတွင်းရှိ လူအား ရောင်ပြန်ဟပ်ခြင်း ဖြစ်စေသည်။

၇။ ဖုန်းလိုင်းအား (signal strength) သည် တစ်ဘားထက် နိမ့်ကျနေပါက ဖုန်းခေါ်ဆိုမှု မပြုလုပ်သင့်ပါ။
အဆိုပါ အခြေအနေ၌ ဖုန်းအနေဖြင့် ဆက်သွယ်မှု ရရှိနိုင်ရန် ပိုမိုအားစိုက် အလုပ်လုပ်ရသောကြောင့် ဖြစ်ပါသည်။

၈။  SAR (Specific Absorption Rate) နည်းသော ဖုန်းကို ဝယ်ယူ အသုံးပြုပါ။ (ရောင်ခြည်ဖြာထွက်မှု နိမ့်သော ဖုန်းကို အသုံးပြုပါ)
များသောအားဖြင့် ဖုန်းအသုံးပြုပုံ လမ်းညွှန်စာအုပ်တွင် SAR level ကို ဖော်ပြထားလေ့ ရှိသည်။ SAR level သည် ခန္ဓာကိုယ်မှ စုပ်ယူသော ရေဒီယိုလှိုင်းအား (radiofrequency energy) ပမာဏကို တိုင်းတာသော နည်းတမျိုးပင်ဖြစ်သည်။ SAR level နိမ့်လေ ပိုကောင်းလေ ဖြစ်သည်။ (သတိပြုရန်မှာ ရေဒီယိုလှိုင်းအား (radio frequency energy) နှင့် လေ့လာမှုများအရ လက်ရှိ SAR အနိမ့်ဆုံး ပမာဏထက် အဆတရာခန့် နည်းပါးသော အခြေအနေသည်ပင် ဇီဝဗေဒဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိနေခြင်း ဖြစ်သည်။)

၉။ သိပ္ပံနည်းကျ အတည်ပြုပြီး ဖြစ်သည့် လျှပ်စစ်သံလိုက်အား (EMF) ကာကွယ်သော ကိရိယာများကို သုံးစွဲပါ။
ယနေ့ခေတ်တွင် တိုးတက်သည့် နည်းပညာများကြောင့် လျှပ်စစ်သံလိုက်အားကို ကာကွယ်နိုင်သည့် ကိရိယာများ ရှိနေပြီဖြစ်သည်။ EMF ရောင်ခြည်သည် ခန္ဓာကိုယ်၏ ရောဂါပြီး စံနစ်ကို အားနည်းစေနိုင်သည်။ သင်ကိုယ်တိုင် ဖုန်းကို အသုံးမပြုသည့် တိုင်အောင် အခြားအသုံးပြုသူများထံမှ EMF ရောင်ခြည်များသည် သင့်အား ဇီဝဗေဒအရထိခိုက်စေနိုင်သည်။ ထို့ကြောင့် အဆိုပါ ကာကွယ်ရေး ပစ္စည်းများအား မရှိမဖြစ် အသုံးပြုသင့်သည်။

၁၀။ အားဖြည့်အာဟာရ အကူအညီကို ရယူပါ။
မိုက်ကရိုဝေ့ဗ် ရောင်ခြည်လှိုင်းများသည် ခန္ဓာကိုယ်တွင်းမှ anti-oxidants level ကို ကျဆင်းစေသည်။
မယ်လ်တိုနင်ဓါတ် သည် အားကောင်းသော anti-oxidant ဖြစ်ပြီး ဦးနှောက်ဆဲလ်များ၏ DNA ပြိုကွဲမှုကို ကာကွယ်ပေးသည်။ ထို့အပြင် ဆဲလ်ဖုန်းများကြောင့် ဖြစ်သော ကျောက်ကပ် ထိခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်သည်။
ဇင့်ဓါတ်သည် oxidant ကြောင့် မျက်စိထိခိုက်မှုကို ကာကွယ်ပြီး သွေးအတွင်းမှ anti-oxidants level ကိုမြင့်မားစေသည်။
Ginkgo Biloba တိုင်းရင်းဆေးပင်သည် အားကောင်းသော anti-oxidant တမျိုးဖြစ်ပြီး oxidant ကြောင့် ဖြစ်သော ဦးနှောက်၊ မျက်စိနှင့် ကျောက်ကပ် ထိခိုက်မှုကို ကာကွယ်ပေးသည်။
Bilberry သီးမှ ရရှိသော အဆီအနှစ်သည် အမြင်အာရုံကို ထိန်းသိမ်းပေးပြီး မျက်စိအား oxidant ကြောင့် ထိခိုက်မှုကို လျော့ချပေးသည်။

Ref: http://www.emf-health.com (10 Cell Phone Radiation Protection Tips)

(ဗွီဒီယို ကြည့်ရန် ကလစ်ပါ)

10 Cell Phone Radiation Protection Tips (Cellphone-Health.com)  


 

3 comments

  • ကိုရင်မောင်

    March 19, 2012 at 6:37 pm

    ခုလိုမျှဝေတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ဒီမှာကတယ်လီဖုန်းကို မိသားစုအားလုံး
    ကိုင်နေကြတော့သတိထားရမဲ့အချက်လေးတွေသိထားရတာပေါ့ဗျာ…

    Reply

  • ကြောင် လတ်လေး

    March 20, 2012 at 3:56 pm

    ဆက်သွယ်မှုဧရိယာတွေကို အချိတ်အဆက်မိအောင် တစ်ခုနဲ့တစ်ခုဆဲလ် ပုံသဏ္ဍာန် ထိစပ်ပြီး လွှင့်/ဖမ်းစက်တွေကို တည်ဆောက်ရတဲ့အတွက် ဟိုတုန်းက ဆဲလ်ဖုန်းလို့ခေါ်ခဲ့တယ်၊ ရွေ့လျားယူဆောင်သွားလို့ ရတဲ့အတွက် မိုဘိုင်းဖုန်းလို့ခေါ်တယ်၊ နောက်ဟန်းဖုန်းဆိုတဲ့ဝေါဟာရဘယ်လိုပေါ်လာလဲမသိဘူး၊ လက်ထဲမှာကိုင်ပြောရလို့ဆိုရအောင်ကလည်း၊ ကြိုးဖုန်းလဲ လက်နဲ့ကိုင်ပြောရတာပဲ၊
    အခုတော့ ဟန်းဖုန်းဆိုတဲ့ဝေါဟာရနဲ့လည်းညီအောင်ရယ် အန္တရာယ်လည်းကင်းအောင်ရယ် ဖုန်းကို လက်နဲ့အမြဲကိုင်ထားပြီးလမ်းလျှောက်ရင်လည်းလူခန ္တာကိုယ်နဲ့ဝေးအောင် ကားပြီးကိုင်သွားရမယ်ထင်တယ်
    (ကြွားချင်လို့တော့မဟုတ်ပါဘူး)

    Reply

  • ဆူး

    March 20, 2012 at 4:57 pm

    ဘယ်သူကိုမှ ဖုန်းမဆက်တော့ဘူး။ စိတ်မကောင်းလိုက်တာ.. 🙁

    Reply

Leave a Reply

Your email address will not be published.