Facebook တွင် စိတ်အနှောင့်အယှက် ဖြစ်စေတတ်သူများ

Zaw WonnaMarch 17, 20121min011

The Gamer
မပြီးဆုံးနိုင်သော invite များနှင့် updates များဖြင့် စိတ်အနှောင့်အယှက် ပေးသူများ။

The Event Coordinator
မိမိတွင် ဖြစ်ပျက်သမျှ အသေးအဖွဲမှအစ အရာရာတိုင်းကို တင်ပြလိုသဖြင့် လူတိုင်းအား invite လိုက်လုပ်နေသူများ။

The Desperate Marketer
၎င်းတို့သည် Facebook ပေါ်တွင် ဈေးကွက်ဖော်ဆောင်လိုခြင်း ဖြစ်သော်လည်း သူငယ်ချင်း အားလုံးအား spam များ ဖြန့်ဝေသကဲ့သို့ ဖြစ်နေတတ်သည်။ 

The Horrible Photo Tagger
သင့်အနေဖြင့် သင့်မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအား သိမြင်စေလိုခြင်း ရှိ၊ မရှိကို ဂရုမထားပဲ ဓါတ်ပုံတွင် tag လုပ်တတ်ကြသူများ။

The Rash
Facebook ပေါ်တွင် သင့်နောက်မှ တကောက်ကောက် လိုက်နေပြီး သင်လုပ်သမျှ အားလုံးအပေါ် ထင်မြင်ချက် (comment ) ပေးတတ်ကြသူများ။

The Quiz Taker
အခြားသူများ စိတ်ဝင်စားခြင်း ရှိမရှိ မစဉ်းစားပဲ ဦးနှောက်စားသူများ။

The Filter less
သင့်အနေဖြင့် မည့်သည့်အခါကမှ စိတ်ဝင်စားခြင်း မရှိသည့် အကြောင်းအရာသစ်များကို တင်ပြလေ့ ရှိသူများ။ တခါတရံ ပွဲဆူစေမည့် သတင်းမျိုးကို ဖြစ်နိုင်၊ မဖြစ်နိုင် မစဉ်းစား မလေ့လာပဲ တင်ပြလေ့ရှိသူများ။

မိတ်ဆွေတို့ အတွေ့အကြုံအရ ကျန်တဲ့ အချက်တွေ ရှိသေးရင် ထပ်ဖြည့်ပေးကြပါ ခင်ဗျာ။

11 comments

  • ခက်ခက်နိုးကွယ် အဲလိုကောင်မျိုး ကိုယ်ထဲရောက်လာရင် အဆက်ဖြတ်လိုက်ပေါ့ကွယ.်

    Reply

    • Zaw Wonna

      March 17, 2012 at 5:50 pm

      Fb ပေါ်မှာ သိတဲ့လူ ဆိုရင်တော့ အဆက်ဖြတ်ရတာ လွယ်ပါတယ်။ အပြင်မှာပါ ခင်နေတဲ့ သူငယ်ချင်းတွေ ဖြစ်နေရင်တော့ ဆုပ်စူး၊ စားရူးပဲ။

      Reply

  • Sandakuu

    March 18, 2012 at 10:59 am

    တကယ့်ကို အမှန်ပါပဲနော်။
    chat နဲ့ပက်သက်တာကိုတော့ ကျွန်မကတော့ အခုနောက်ပိုင်း chat မှာ အမြဲ 0ff line လေးလုပ်ထားလိုက်ပြီး ကိုယ်ဖတ်ချင်တာ၊ ကိုယ်တင်ချင်တာလေးတွေပဲ ဝင်လုပ်လိုက်တာ အဆင်ပြေသွားပါတယ်ရှင်။ ဒါပေမယ့် အချို့ သူငယ်ချင်းများနှင့်လည်း chat ချင်သေးရင်တော့ အဆင်မပြေပါဘူး။ အဲဒီ tag တွေကိုတော့ အတော်လေး စိတ်ညစ်မိပါတယ်။

    Reply

  • ဆူး

    March 18, 2012 at 11:11 am

    အီးမေးထဲ လာသမျှ စပန် ထဲ ရောက်အောင် လုပ်ထားတယ်။
    ဖေ့ဘွတ်မှာ နိုတီဖီပေးရှင်း အကုန်ပိတ်ထားတယ်။
    ကိုယ့် လင့်မှာ သူများ လာပြီး မှတ်ချက်ပေးရင်တောင် ဘာမှ ကို မသိတော့ဘူး။
    ဖေ့ဘွတ်မှာ ကိုယ်တိုင် ဖွင့်လိုက်တော့မှ စိတ်ဝင်စားရင် လိုက်ကြည့်တယ် စိတ်မဝင်စားရင် ကြည့်ကို မကြည့်တော့ဘူး။
    အဲလို နည်းက တော်တော် အေးချမ်းပါတယ်။

    Reply

    • water-melon

      March 18, 2012 at 5:50 pm

      မဆူး ဘယ်လိုပိတ်ရတာလဲ
      mail ထဲလည်း comment ကစာတွေပြည့်နေတာဘဲ

      Reply

  • snow white

    March 18, 2012 at 2:52 pm

    fbလည်းမသုံးတက်တော့ဘာမှနားမလည်ဘူးမှတ်တော့မှတ်ထားမယ်နော်

    Reply

  • Zaw Wonna

    March 18, 2012 at 4:51 pm

    အို … သုံးကြည့်ပါခင်ဗျာ။ ခင်ဗျားရဲ့ ရှိသမျှ အချိန်တွေကို Facebook က ဝါးမြိုသွားပါလိမ့်မယ်။ ဒါကြောင့် အိုဘားမားတောင် သူ့သမီးတွေကို Facebook ပေးမသုံးဘူးလို့ ကြားမိတယ်။ သူကိုယ်တိုင် ဒီနေရာ ရောက်လာတာကတော့ Facebook ကျေးဇူးမကင်းဘူးပေါ့လေ။

    Reply

  • water-melon

    March 18, 2012 at 5:52 pm

    အကိုZaw Wonnaေရေ FB အကြောင်းပြည့်ပြည့်စုံစုံလေးပြောပြပါလားချင့်
    အကောင့်တော့ရှိတယ် ဘာမှမလုပ်တတ်လို့ ဝင်ကိုမဝင်တာ

    Reply

    • ဖရဲရေ …
      FB ကို မသုံးခင် …
      အင်တာနက် တခွင်မှာ ပြဲပြဲစင်အောင် ကျော်ကြားတဲ့ Google ရဲ့ ရှာဖွေရေး စွမ်းရည်ကို အရင် လေ့လာပါလားကွယ် ..
      အတော်အတန်အသင့် ဆရာကြီး ဂူဂဲလ် ဆီမှာ ချည်းကပ်မိပြီဆိုရင် အင်တာနက် တစ်ခွင်မှာ မလုပ်တတ်ဘူးဆိုလာ ရှားသွားပါလိမ့်မယ်ကွယ် …

      အဲဒါ ညည်းကို နာက ချရာဂျီး လုပ်လိုက်ဒါ … 😀 😀
      နာ့ FB ကိုလည်း ညည်းကို ကြောထားရဦးမယ် …
      ရော့ … အင့် .. အင့် (ဂီဂီ လေသံဖြင့်)
      https://www.facebook.com/anzartone

      Reply

  • inz@ghi

    March 19, 2012 at 10:23 am

    ဖေ့စဘုတ်လား …
    အင်း… ဆိုရေးရှိက ဆိုရဦးမပေါ့ ….

    ဘာမှမီဟုတ်တော့ဘာဘူးဂျာ …
    သုံးတတ်ရင် အလွန်ကောင်းတဲ့အရာ လို့ပဲပြောချင်ရဲ့….

    ခင်တဲ့
    ဂီ…

    အင့်အင့်…
    https://www.facebook.com/min.zarni

    Reply

  • kaung kin pyar

    March 21, 2012 at 3:41 pm

    မရှိမကောင်း ရှိမကောင်းတည်း။ မပေါင်းလဲခက် ပေါင်းလဲ ခက်၏။
    ဘာပဲပြောပြော
    ရော့….
    အင့်….အင့်…
    https://www.facebook.com/minnthawdar

    Reply

Leave a Reply

Your email address will not be published.