The Hottest News in March

Alexendre PingpoungMarch 17, 20121min011

အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင်
ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို
မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ…စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ
မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ…။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ
အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။….တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး
ထိကုန်နိုင်…။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား
shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊…ယောက်ျားလု
စစ်ပွဲများဖြစ်ခြင်း….၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့
ဖြစ်လာနိုင်ကြောင်း….
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ဝါးရင်းတုတ်ဖြင့် ရိုက်မည့်
အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က
ပယ်ချလိုက်ကြောင်း…..။
နယ်သတင်းများ..။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို နယ်ကာ
အိမ်များတွင်မိန်းမများက အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။
အိုင်တီ.သတင်း…..။အင်တာနက်ဆိုင်များ
ပေါများလာခြင်းကြောင့်…အပြိုင်အဆိုင်ဖြစ်ကာ…ဈေးချခြင်း…၊ဆက်တိုက်သုံးလျှင်
ထမင်းပါကျွေးခြင်း ။ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း ။အကောင့်
အလန်းလေးများ ရှာပေးခြင်း..။တခါတလေ ကြူ ပါရဂူ များခန့်ထားပီး ကူ ကြူပေး
ခြင်း..(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက်
စီစဉ်ပေးခြင်း….စသည့်ဝန်ဆောင်မှုများဖြင့်
ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း…ကျွမ်းကျင် သူများက သုံးသပ်ကြ
ကြောင်း…။အချို့သော ဆိုင်များက မသမာသော နည်းသုံးနိုင်သည်..။အွန်လိုင်းမှ
အဆင်ပြေသွားကြသော အတွဲများ နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင်
ကြားကသွေးထိုး ခြင်းများပင် လုပ်လာနိုင်ကြသည်ဆို ဧ်။

စသဖြင့် သတင်းအစုံ အလင်ပါ..။

11 comments

  • Burmese or Chinese

    March 17, 2012 at 9:47 am

    😀

    Reply

  • ကိုရင်မောင်

    March 17, 2012 at 5:13 pm

    ဝါးရင်းတုတ်ဖြင့်ရိုက်သွားပါကြောင်း……

    Reply

  • windtalker

    March 17, 2012 at 7:09 pm

    အလွန်အင်မတန် ပြုံးရွှင်ရယ်မော မိပါတယ် ။
    နောင်လည်း ဒီလို သတင်းထူးလေးတွေ အမြဲ တင်ပေးပါဗျို ့။

    Reply

  • koaung

    March 17, 2012 at 7:16 pm

    မိုက်တယ်ဗျိုး တိုတိုလေးနဲ့ရီရတယ်

    Reply

  • ချစ်တတ်သူ

    March 17, 2012 at 7:49 pm

    ရယ်ရပါတယ်…ဖတ်သွားတယ်နော်.ကောင်မလေးကိုရယ်စရာတစ်ခွန်းပြောရင် တစ်ခါအနမ်းရတယ် ဒါဆိုတော်တော်လုံလောက်ပြီနော်..

    Reply

    • water-melon

      March 18, 2012 at 11:57 am

      ဘာ.ကောင်မလေးကိုရယ်စရာတစ်ခွန်းပြောရင် တစ်ခါအနမ်းခံရတယ်ဟုတ်လား
      ဘယ်မှာလဲ ရယ်စရာတွေသွားပြောအုုန်းမှ :mrgreen:

      Reply

      • ချစ်တတ်သူ

        March 18, 2012 at 3:01 pm

        water melon ,,, don’t do like this.

        Reply

  • MTY

    March 17, 2012 at 8:36 pm

    Good…Carry on..

    Reply

  • kooling blade

    March 18, 2012 at 12:04 pm

    ae dar ka mha ta dinn ae mhan tway bya
    i like it very very

    Reply

  • Alexendre Pingpoung

    March 26, 2012 at 1:50 pm

    Thz for your all encouraging. I’m gonna keep trying.

    Reply

  • ဇွဲမာန်အောင်

    March 26, 2012 at 2:08 pm

    ရယ်သွားပါသည်။
    ဟီး ဟီး ဟီး
    ဟား ဟား ဟား

    Reply

Leave a Reply

Your email address will not be published.