ကွှန်တာ်တွင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။

htet wayMarch 15, 20121min023

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် ခံစားချက်တွေထည့်ပြီး ခရီးသွားနေပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် အသည်းကွဲဝေဒနာရှိသည်။်  ပြန်ဆုံမည်ဆိုသောမျှော်လင့်ချက်တွေ အပြည့်သိပ်ထားခဲ့သည်။အလွမ်းသွေးစက်တွေလည်းရှိနေသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။

ငယ်ငယ်က အိုင်းစတိုင်း၏ဉာဏ်ရည်ကို သဘောကျခဲ့ဖူးသည်။အေဗရာဟယ်လင်ကွန်းသည်သစ်ရွက်ခြောက်များမီးရှို့   ရသော အလင်းရောင်ဖြင့်စာဖတ်ခဲ့ရသောကြိုးစားမူကို အားကျခဲ့သည်။သို့သော်အမှားတွေချည်း သင်ခဲ့ရသော ကျွန်တော်ဘဝတွင်အမှန်ခြစ်ကိုလိုလားခဲ့သည်။

လမ်းဘေး၌အကြော်ရောင်းသောလင်မယားနှစ်ယောက်အနွေးအင်္ကျ ီ မဝတ်နိုင်ရှာသည်ကို သနားသော ဗိုလ်ချုပ်၏ စာနာစိတ်ကို လေးစားကြည်ညိုခဲ့သည်

ထိုလက်ဆွဲအိတ်ထဲတွင်စုပြုံထည့်ထားသည်က များသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ကဗျာဆရာ

ဆိုတာလူအထင်မကြီးတဲ့လူတွေပါကွာ

လို့ပြောခဲ့သော ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၏စကားသံကို လည်း လက်ဆွဲအိတ်ထဲထည့်ထားမိသည်။

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ချစ်သူနှင့်ကွေကွင်းခဲ့ရသောကြောင့်နာကျင်ကြေကွဲ၍ကျသော မျက်ရည်တစ်စက် လက်ဆွဲ

အိတ်ထဲ၌ရှိသည်။လေကဓံကို ကြံကြံခံနိုင်သောသတ္တိနှင့် ကြံခိုင်ခြင်းကြောင့် ကျရစ်သောသွေးတစ်စက် နှင့်တောက်ခေါက်သံတွေ တွေ ထိုအိတ်ထဲ၌ ရှိနေခဲ့သည်။

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။အာဏာရှင်ကဒါဖီ ကျဆုံးသော သတင်း အိုစမာဘင်လာဒင်သေပြီ ဆိုသော သတင်းနှင့်

အာဏါရူးတွေ၏ လူမဆန်မူတွေ လည်း မှတ်တမ်းတင်ဖြတ်ပိုင်းတွေရှိနေသည်။ဝါဒစွဲ ၊ ညာဉ်ဆိုးရှိသော ရွံ့စရာမျက်နှာတွေလည်း ပါးပါးလှီး၍ထည့်ထားခဲ့လေသည်။

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။သစ်ရွက်အကြွေပေါ်က ရက်စက်သောဂီတ ..ကဗျာစာအုပ်နွမ်းနွမ်းလေး ၊ဖေါ်ဝေး၏ကဗျာတပိုင်းတစ်စ

သစ္စာနီ၏ ပို့စ်မော်ဒန်စာစုတွေ လက်ဆွဲအိတ်ထဲ၌ရှိနေသည်။ ချီးမွှမ်းသင့်သူကို ချီးမွှမ်းသောစိတ်၊ တရားနှင့်အညီ လက်တုန့်ပြန်ခြင်းတည်းဟူသော အားထုတ်မူ ကို

လည်း ထည့်ထားမိသည်။ ကျွန်တာ်သည် သူတော်စင်မဟုတ်ပါ။ သူယုတ်မာလည်း မဟုတ်ဟုထင်ပါသည်။သို့သော် …ဆွတ်ဆွတ်ဖြူသော နှလုံးသွေး၌ မည်းနက်သော အမုန်းတွေလည်း ရှိနေရာ လက်ဆွဲအိတ်ထဲထည့်မိခဲ့ပြန်သည်။

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ဘဝခြင်းလွဲချော်သည့်အခါ အချစ်သည် နာကျင်ခြင်းကိုဖြစ်စေ၍  လုံးသားခြင်းလွဲချော်သည့်အခါ အချစ်သည် ကြင်နာခြင်းကိုဖြစ်စေသည်ဟူသော လှပသည့် ကိုသိန်းဇော်၏ကဗျာလေးကို လက်ဆွဲအိတ်ထဲထည့်ထားခဲ့သည်။် ငှက်ဆိုတာက ပျံရင်းသေသတဲ့ ၊မလိုက်ရဲရင်လည်း အသိုက်ထဲမှာပဲနေခဲ့တော့ဆိုသောဆရာမောင်စိန်ဝင်း ရဲ့ ဒဿကို ရူးသွပ်ခဲ့သော ပုံရိပ်တွေ လည်းရှိနေသည်။ကျွန်တော်တွင်  အနက်ရောင်

လက်ဆွဲအိတ်တစ်လုံးရှိပါသည်။  ကိုယ်ကျိုးလည်းရှာ အများအကျိုးလည်းပါ ကိုယ်လည်းဘေးလွတ်ရာရှောင် သူတပါးလည်းဘေးလွတ်ရာဆောင်ဆိုသော ခံယူချက်တွေ လက်ဆွဲအိတ်ထဲရှိနေသည်။

ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ထိုလက်ဆွဲအိတ်ကိုဆွဲ၍မြို့ကြီးပြကြီးသို့လည်းရောက်ခဲ့သည်။လိုင်းကားလည်းတိုးစီးခဲ့ရသည်။

လှည်းယာဉ်လည်း စီးခဲ့သည်။ကျေးရွာ ဇနပုဒ်ကိုလည်းခြေလျှင်ရှောက်ခဲ့သည်။ ချီးမွမ်းလည်းခံခဲ့ရဖူးသည်။ကဲ့ရဲ့လည်း ခံခဲ့ရဖူးသည်။

မတော်တဆကွဲခဲရသော အသည်းတစ်ခြမ်းကို လက်ဆွဲအိတ်ထဲထည့်ပြီး ကိုယ့်နောက်ကျောက ဓါးကိုမေ့ပြီး သူတစ်ပါးရင်ဝကို မှန်မယ့် လှံတံကို ရှောင်စေခဲ့ရင်း

လက်ဆွဲအိတ်တစ်လုံးနှင့် ရှောက်သွားနေခဲ့ပါသည်။  ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။

လက်ဆွဲအိတ်သည်မည်းနက်နေသော်လည်း အတွင်းသားက ဖြူစင်နေသည်ကို မိတ်ဆွေသတိချပ်စေလိုပါသည်ခင်ဗျား။

23 comments

  • Moe Z

    March 15, 2012 at 3:26 pm

    ကျနော့်တွင် အဖြူရောင်ကျောပိုးအိတ်တစ်လုံးရှိပါသည်။ အဖြူရောင်ဟုဆိုသော်လည်း မလျှော်တာကြာသောကြောင့် ညိုညစ်ညစ်အရောင်ဖြစ်နေ၏။
    ိထိုအိတ်ထဲတွင် ပရိတ်ကြီး ၁၁ သုတ် စာအုပ်တစ်အုပ်ရှိသည်။
    ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိစာအုပ်တစ်အုပ်ရှိသည်။
    ကလကတ္တားရောက်မာသာထရီဇာအကြောင်း စာအုပ်တစ်အုပ်ရှိသည်။
    ကြိုးပြတ်ကာနီးဂစ်တာတစ်လက်ရှိသည်။ :mrgreen:

    Reply

  • Khaing Khaing

    March 15, 2012 at 4:00 pm

    အော်…လက်ဆွဲအိတ်ဆိုတော့ အန်ကယ်မင်းအဏ္ဍဝါက လက်ဆွဲအိတ်တစ်လုံးပျောက်နေတာ htet wayများ ကောက်ရထားတာလို့ဖတ်ကြည့်လိုက်တာ ဝုတ်လဲဝုတ်ဝူး……….

    Reply

  • etone

    March 15, 2012 at 4:11 pm

    ဆရာထက်ရေ … အနက်ရောင်အိတ် ထဲ မျက်ရည်စက်တွေရေ ာ.. သွေးတွေပါ ရောထည့်ထားတော့ … အတွင်းအဖြူရောင်ဆိုတာ .. … ယုံဘူးနော် … ဟဲဟဲ :mrgreen:

    Reply

  • blackchaw

    March 15, 2012 at 8:13 pm

    ကိုထက်ဝေးရဲ့
    အနက်ရောင်အိတ်ကြီးကို စပ်စပ်စုစု ဖွင့်ကြည့်သွားပါသည်။
    အိတ်အမျိုးအစားက
    မော်ဒန်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့
    မော်ဒန်အိတ်ဗျ…။
    မိုက်တယ်ဗျာ…။
    :mrgreen:

    Reply

  • htet way

    March 15, 2012 at 9:30 pm

    အားပေးဖတ်ရှု့ကြတာ
    ကျေးဇူးတင်ပါသည်။

    Reply

  • surmi

    March 15, 2012 at 10:36 pm

    ကျွန်တော.တွင် အမြီးတို၍ပြတ်နေသော ဖိနပ်ပါးပါးတစ်ရံရှိပါသည် …
    ထိုဖိနပ်ဖြင်. မြန်မာပြည်ပတ်ရင်း ခလုတ်အကြိမ်ကြိမ် တိုက်ခဲ.ဘူးပါသည်..
    ခလုပ်တိုက်တိုင်း စာတစ်ပုဒ်ဖြစ်သည်ဆိုသော် …………….

    Reply

  • Khin Latt

    March 16, 2012 at 4:01 am

    ဆရာထက်
    ကြည့်ရတာ အသဲကွဲ ဘူးတယ် ထင်ရဲ့။
    စကားလုံးတွေ က တကယ်မိုက်တယ်။
    သဘောကျစွာ အားပေးသွားပါတယ်။

    ~~~ ကျွန်တော်တွင် အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။အာဏာရှင်ကဒါဖီ ကျဆုံးသော သတင်း အိုစမာဘင်လာဒင်သေပြီ ဆိုသော သတင်းနှင့်
    အာဏါရူးတွေ၏ လူမဆန်မူတွေ လည်း မှတ်တမ်းတင်ဖြတ်ပိုင်းတွေရှိနေသည်။ဝါဒစွဲ ၊ ညာဉ်ဆိုးရှိသော ရွံ့စရာမျက်နှာတွေလည်း ပါးပါးလှီး၍ထည့်ထားခဲ့လေသည်။
    ~~~
    ဆိုတော့ အဲဒီအိတ်ကို ကြောင်ဝတုတ် ကို ယောင်လို့တောင် မပေးကိုင်လိုက် နဲ့။
    သူက ဖွင့်ကြည့်လိုက်ရင် ဇာတ်လမ်းတွေ ရှုပ်ကုန် ဦးမယ်။
    ကဒါဖီ နဲ့ ဘင်လာဒင် နှစ်ယောက်ပေါင်း ဆိုရင်တော့ မချောင်ဘူးနော။ 😀

    ဒါနဲ့ – ကျွန်မကို ဆရာမကြီး လို့ မခေါ်ဘဲ အရီးလတ် လို့ သာ ခေါ်ပါရှင်။
    ဆရာမကြီး ဆိုရင် ငယ်တုန်းက ကြိမ်လုံးကိုင်ထားတဲ့ မျက်နှာတင်းတင်း ဆရာမကြီး တွေ ကို သတိရလွန်းလို့ပါ။ 😉

    Reply

  • padonmar

    March 16, 2012 at 4:16 am

    ဆရာထက်
    ဒါ လည်း မော်ဒန် ကဗျာပဲ။
    နားလည်ခံစားလို့ ရပါတယ်။
    ကိုယ့်ရဲ့ အိတ်ထဲမှာ တတ်နိုင်ရင် အမုန်းတွေနာကျည်းမှုတွေ ကောက်မထည့်တော့ပဲ
    မေတ္တာတွေ ကရုဏာတွေ မုဒိတာတွေပဲ ကောက်သိမ်းသွားနိုင်ရင်တော့ ပိုကောင်းမှာပဲ၊အတွင်းသားလေး ဆွတ်ဆွတ်ဖြူလာမှာပေါ့။
    ဆရာကို ဆရာလုပ်ကြည့်တာ 😀

    Reply

  • inz@ghi

    March 16, 2012 at 7:08 am

    ကျနော့်တွင် အမည်းရောင် လက်ဆွဲအိတ်တလုံးရှိပါသည်…
    ထိုအထဲတွင် အကြိမ်ကြိမ်အခါခါ ကွဲဖူးသော အရက်စိမ်ထားသည့်
    အသည်း ၁လုံး …
    ဖိလစ်ကော်တလာ မွက်ကြားအပ်သော မားကတ္တင်း မှတ်စုများ…
    ဂိတ်နှင့် ဂျော့ဘုစု ကြားမှ တိုက်ပွဲအခြေအနေအသေးစိတ်နှင့်
    ငွေကြေး အချို့ နှင့်အတူ မှတ်တမ်းတင် ကနွန်း၁လုံး ထည့်ထားပါသည် ..
    သေချာသည်မှာ ကျနော်သည် လူကြိုက်နည်းသော ရုပ်ဝတ္ထု သမား
    သက်သက်သာဖြစ်၏။
    😀
    မှတ်ချက် …. အိတ်အမျိုးအစားမှာ … ဆမ်ဆိုနိုက်ဖြစ်၏ ။။။
    အာဟိ…
    ဒက်ဂလုပ် …ဒက်ဂလုပ်…

    Reply

  • MaMa

    March 16, 2012 at 7:32 am

    ကျမလည်း မျက်နှာများတဲ့လူဆိုပြီး လူတွေဟာ နေရာအမျိုးမျိုး (မိသားစု၊ ကျောင်း၊ အလုပ်၊ ရွာထဲမှာ) နေကြရတာတွေကို ရေးဖို့စဉ်းစားရင်းနဲ့
    ရွာထဲမှာ မျက်နှာဖုံးလေးတွေနဲ့ နေနေကြပေမယ့် အတွင်းစိတ်ရင်း အဖြူထည်လေးတွေနဲ့ ခင်ကြမင်ကြ တွေ့ဆုံကြတာကို သွားသတိရမိတယ်။

    Reply

  • htet way

    March 16, 2012 at 9:00 am

    ဆရာဆာမိရေ …ခလုတ်တိုက်တိုင်းစာတစ်ပုဒ်ဖြစ်တယ်ဆိုတာကောင်းမြတ်လှပါတယ်
    တခါလောက်ကြုံချင်စကားပြောချင်ပါတယ်။ခင်မင်စွာဖြင့်။
    အရီးလတ်လို့ ခေါ်ရမယ်ဆိုရင် လည်း ခေါ်ပါ့မယ် အရီးလတ်ရေ မြန်မာမူကိုဖေါ်ကြူးတာပေါ့
    ငယ်ငယ်ကတော့ အသည်းကွဲတယ်ပဲဆိုရမှာပေါ့ တကယ်တော့ အချစ်ဆိုတာလည်း လူတိုင်းနဲ့
    မကင်းနိုင်ကြတော့ ….။ကျွန်တော်ကတော့ အချစ်တွေဘာတွေကို အခုတော့
    အယုံအကြည်မရှိတော့ပါဘူး။သေခြင်းတရားဆီသွားနေကြတဲ့ ခရီးမှာ တွယ်တာမူ
    သံယောဇဉ်တွေက ရန်ပြုနေတာပဲလေ။စိတ်နှလုံးတည်ငြိမ်အောင်လေ့ကျင့်အားထုတ်နေပါတယ် အရီးလတ်ရေ။ ကျွန်တော်ကို ခင်မင်အားပေးတာ ဂုဏ်ယူမိပါတယ်။

    Reply

    • surmi

      March 16, 2012 at 10:20 pm

      တစ်နေ.ဆုံကြဦးမှာပါ ဆရာထက်ရေ ။MG မှာလည်းအလှုပွဲတွေရှိနေဦးမှာဆိုတော.

      Reply

  • htet way

    March 16, 2012 at 9:08 am

    လေးစားပါတယ်ဒေါက်တာ
    ဒေါက်တာတို့လို မိတ်ဆွေရင်းချာတွေက လိုအပ်ချက်တွထောက်ပြရမှာ တာဝန်ပဲ မဟုတ်လား
    ကျေးဇူးတင် လေးစားပါတယ်။
    ကျွန်တော်က စာအဖြစ်လူသားတစ်ယောက်ရဲ့ စိတ်ကို ရေးခြယ်တာပါ။
    စိတ်ကိုတော့ လေ့ကျင့်ထားပါတယ် ဒေါက်တာ။တရားနဲ့ ညီအောင် ကြိုးစားနေထိုင်ပါတယ်။
    ပြည့်စုံပြီတော့ မဟုတ်ပါဘူး။အသက်အပိုင်း အခြားလည်းလိုတယ်ထင်ပါတယ်။
    မမတို့ ကိုနေချားတို့ ဒေါက်တာတို့ လို ညီညွတ်ပြီး စိတ်အေးချမ်းတဲ့ ဘဝမျိုးကိုတော့
    အားကျမိတာအမှန်ပါ။ တစ်နေ့တော့ ရောက်နိုးမျှော်လင့်မိတာတော့ ဝန်ခံပါရစေ။
    တရားအလုပ် လူသားကောင်းကျိုးတွေ ဖေါ်ဆောင်ချင်တဲ့ ဝါသနာခံယူချက်ရှိပါတယ်။
    ဒေါက်တာ ကျန်းမာ၍ စိတ်အေးမြငြိမ်းချမ်းပါစေလို့ မေတ္တာပို့ပါတယ်။

    Reply

  • htet way

    March 16, 2012 at 9:17 am

    ဆရာဂီ …..သေချာသည်မှာ ကျနော်သည် လူကြိုက်နည်းသော ရုပ်ဝတ္ထု သမား
    သက်သက်သာဖြစ်၏။….. ကောင်းတယ်ဗျာ။လေးစားတယ် ။
    ဆရာမ (မမ) ခင်ဗျား
    ခင်မင်မူဟာမင်္ဂလာပါ ။တိုတောင်းတဲ့ လူ့ဘဝလေးမှာတွေ့ဆုံခင်မင်ကြ
    ကောင်းမူတွေတူညီလုပ်ဆောင်ကြ အဲ့ဒီဖြူစင်မူ အလှတရားတွေပဲ
    ပန်းလိုဝေမှ လှကြတာလေ။
    ရေးပါ မျက်နှာများတဲ့ လူအကြောင်းဖတ်ချင်ပါတယ်။
    မျက်နှာများတဲ့ လူထဲမှာကျွန်တော်ပါ..ပါတယ်။ဆေးဆရာလိုစိတ်၊ ဂျာနယ်လစ်လို
    သတင်းသမားစိတ်၊ ရသစာပေရေးတဲ့ တည်ငြိမ်တဲ့စိတ်တွေ၊ ကလေးတွေကို စာသင်တဲ့
    ဆရာစိတ်နဲ့ အသက်ရှင်နေပါတယ်။တခါတရံမှာ မတရားမူတွေအတွက် လူမိုက်စိတ်နဲ့
    တော်လှန်တတ်တာတွေလည်းရှိပါတယ်။
    ကျွန်တော်ကတော့ စာတစ်စောင်ဖွဲ့လောက်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး။
    ခပ်ချာချာ လူတစ်ယောက် ရူနှမ်းနှမ်း လူတစ်ယောက်သာဖြစ်ပါတယ်။
    ဘဝမှာအောင်မြင်မူရနံ့ကို မရသေးတဲ့ ရှုံ့းနိမ့်နေတဲ့လူ၊ ခေမာကမ်းနဲ့ အဝေဆုံးလူတစ်ယောက်သာဖြစ်ပါကြောင်း။

    Reply

  • ဦးဦးပါလေရာ

    March 16, 2012 at 9:30 am

    ကျင်လည်ရာဘဝခရီးတလျှောက်မှာ
    ကောက်ယူစုဆောင်းဖြစ်ခဲ့တဲ့ အပိုင်းအစလေးတွေ
    ကြာလာတဲ့အခါ လက်တဆွဲစာ ဖြစ်လာတော့တာပေါ့ ကိုထက်ဝေး….
    ဒါ့ထက် ဒါ့ထက် သိပ်သိပ်ကြာလာရင်တော့
    တထမ်းတပိုးစာ ဖြစ်လာတတ်ပါတယ်။
    တနေ့မှာ အထုပ်လေးတွေချပြီး နားကြတာပေါ့ ……

    Reply

  • htet way

    March 16, 2012 at 9:41 am

    ဟုတ်ကဲ့ဆရာ
    တစ်နေ့မှာ အထုတ်တွေချရပါမယ်
    ဆရာရေ …ငယ်သူမို့ မသိပါဆိုတဲ့ ရုပ်ရှင်ကားနာမည်လေးလို
    မသိမူ မိုက်မဲချက် အဝိဇ္ဖာက ပြုပြင်မူကိုတော့ လုပ်ရမှာပါ။
    ဆရာ…ရင်ထဲက အမှိုက်တွေကို ကျွန်တော်ချထားမီးရှို့ပစ်ပါ့မယ်။
    ဆရာပြောတဲ့တစ်နေ့နေ့မှာပေါ့။
    ဆရာကျန်းမာပျော်ရွှင်ပါစေ။

    Reply

  • kotun winlatt

    March 16, 2012 at 9:42 am

    ကျနော့်လည်း ဆြာသမားလို လက်ဆွဲအိတ်လေးတစ်လုံးတော့
    လိုချင်မိပါရဲ့ဗျာ….

    Reply

  • htet way

    March 16, 2012 at 9:46 am

    ရှိပါတယ်ဆရာ
    နှလုံးသားထဲမှာ လက်ဆွဲအိတ်ရှိပါတယ် ဆရာ မသုံးသေးလို့ပါ
    ဖတ်ပေးတာ ကျေးဇူးပါဗျာ။

    Reply

  • ကြောင်ကြီး

    March 16, 2012 at 10:35 am

    အခုရေးထားတာလေးကို အိတ်အပြင်မှာ စာလုံးကြီးကြီးနဲ့ ကပ်ထားပါလား… အိတ်ခွဲအနှိုက်ခံရမဲ့ ဘေးကလွတ်အောင်လို့…

    Reply

  • ahnyartamar

    March 16, 2012 at 2:38 pm

    Saya Htet,

    Please do not put too much, if too heavy can’t carry it along your ways & give it some to MG members.

    Reply

  • htet way

    March 16, 2012 at 4:51 pm

    ဟုတ်ကဲ့ဆရာ
    အများကြီးမထည့်တော့ပါဘူးးဝေမျှနေပါတယ်။

    Reply

  • kyeemite

    March 17, 2012 at 8:33 am

    ကျွန်တော့တွင်ဘာအရောင်မှမထွက်တော့သောလက်ဆွဲအိတ်တစ်လုံးရှိပါသည်။
    ထိုအိတ်ထဲတွင် စါအုပ်ပေါင်းမြောက်များစွာထည့်ထားပါသည်
    သို့သော်တစ်ခါမှထုတ်မဖတ်ဖြစ်ပါ..
    ကျွန်တော့တွင်ဘာအရောင်မှမထွက်တော့သောလက်ဆွဲအိတ်တစ်လုံးရှိပါသည်။
    အတွေ့အကြုံပေါင်းမြောက်များစွာ ထိုအိပ်ထဲထည့်ထားခဲ့ပါသည်
    သို့သော်တစ်ခါမှထုတ်သုံးရန်သတိမရခဲ့ပါ..
    ကျွန်တော့တွင်ဘာအရောင်မှမထွက်တော့သောလက်ဆွဲအိတ်တစ်လုံးရှိပါသည်။
    ထိုအိတ်ထဲတွင်ပိုက်ဆံတစ်ပြားမှမရှိပါ
    သို့သော် ကျွန်တောင်္နေ့စဉ်ထမင်းစားနေပါသည်..
    ဆြာထက်ကိုအားကျလို့ရေးစမ်းကြည့်တာပါ…ကြိုက်သဗျို့..

    Reply

  • htet way

    March 17, 2012 at 10:07 am

    ရေးပါ ပို့စ်မော်ဒန်ကို ဂေဇက်မှာ တင်ကြတာပေါ့
    ဆရာတို့ လက်ရှိပါတယ် ။အားပေးတာကျေးဇူးပါ

    Reply

Leave a Reply to ဦးဦးပါလေရာ Cancel Reply

Your email address will not be published.