» ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို ့နယ် အာဏာပိုင်များကတားမြစ်ထား

winkyawaungMarch 15, 20121min010

ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို ့နယ် အာဏာပိုင်များကတားမြစ်ထား
၁၃.မတ်လ ၂၀၁၂ Myanmar News Now

မကွေးမြို့ ယင်းတိုက်နယ် ရှားပင်လှကျေးရွာတွင် ၁၃.မတ်လ.၂၀၁၂ မနက် ၅
နာရီခန့်အချိန်တွင် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၆လုံးမီးဘေးသင့်ခဲ့ပြီး
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့်မကွေးမြို့မှ ပါရမီသွေး လူငယ် များဦးဆောင်ပြီး စေတနာရှင်များစုပေါင်းကာ
လှူဒါန်းသော ဆန်အိတ် ၅ဝ နှင့် အစားအသောက် အဝတ်အစားများကို
သွားရောက် ကူညီ လှူဒါန်းရာတွင် မီးဘေးသင့်ပြည်သူများ သို့လှူဒါန်းခွင့်မရခဲ့ပါ။

အဆိုပါ မီးလောင်မှု ဖြစ်ပွါးရာ ကျေးရွာသို ့ရောက်ရှိနေသောမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးလှရှောင် မှ တိုက်ရိုက်လှူဒါန်းခွင့်မပေးပဲ ခဏစောင့်ခိုင်းပြီး အစည်းအဝေး ၂ နာရီ ခန့်လုပ်ပြီးမှ
လှူဒါန်းသောပစ္စည်းများအား သူတို့အဖွဲ့ ထံတွင်သာ အပ်နှံထားခဲ့ရန်ပြောကြားခဲ့ပါသည်။

ထို ့အပြင်မကွေးမြို ့နယ် အုပ်ချုပ်ရေးမှူးဦးလှရှောင် နှင့် ခရိုင်ရဲစခန်းမှူးတို ့မှ
ခွင့်ပြုချက်မရှိပဲလှူဒါန်းလျှင် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားပါသည်။
ထိုကိစ္စကို ရွာသူရွာသားများမှ မကျေနပ်သဖြင့် ရွာသားတစ်ဦးအိမ်တွင် အပ်နှံခဲ့ရာ
မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြံ့ခိုင်ရေးဝတ်စုံဝတ်ထားသူများမှ ဦးလှရှောင် ထံသို့
လှူဒါန်းထားတဲ့ပစ္စည်းများကို သယ်ဆောင်သွားပါသည်။

ထိုကိစ္စကို လူငယ်များမှ ချက်ချင်းမီးဘေးသင့်ရွာသူရွာသားများသို့
လွဲပြောင်းပေးအပ်ရန် ပြေကြားရာတွင် ဦးလှရှောင်မှ နောက်နေ့တွင်မှ ပေးမည်
မကျေနပ်ပါက အင်တာနက်မကလို့ ကြိုက်ရာတိုင်ဂရုမစိုက်ဘူး လို့ပြောပါသည်။

ထို့ကြောင့်အလှူရှင်များမှ ပစ္စည်းများကို ပြန်သယ်ခြဲ့ပီး ကိုယ်တိုင်ကိုယ်ကျ
ပြန်လည်လှူဒါန်းနိုင်ရန် ကြိုးစားနေပါသည်။ ထိုနေရာတွင်ကြံ့ခိုင်ရေးဝတ်စုံဝတ်
ထားသူများအား တာဝန်ရှိသူတစ်ဦးမှ နေ့တွက် ၃၀၀ဝ စီဝေပေးပြီး မနက်ဖြန်
၅၀၀ဝ ကျပ် ရအောင်တောင်းပေးမည် ပြောသံကြားခဲ့ရပါသည်။
ထိုငွေများကို ဘယ်သူကစိုက်ပေး နေသည်မသိပါကြောင်း မီးဘေးဒုက္ခသည်များ
သွားရောက်ကူညီဖို ့ကြိုးစားရင်း တားမြစ်ခံထားရတဲ့ မကွေးမြို ့ပါရမီသွေးလူငယ်
များအဖွဲ ့က Myanmar News Now ကိုပြောကြားထားပါသည်

သစ်ထူးလွင် ဘလော့မှ တဆင့်ကူးယူဖော်ပြပါသည်။

10 comments

  • winkyawaung

    March 15, 2012 at 9:31 am

    ဘယ်လိုလုပ်ကြမတုန်း..။ မကွေးတိုင်းဒေသကြီး ကြောက်ခေတ်မှာဘဲ ကျန်နေခဲပြီ..။

    Reply

  • အသူရာ

    March 15, 2012 at 9:52 am

    ဓါတ်ပုံ ဗွီဒီယို အသံဖိုင် အထောက်အထားတစ်ခုခု တင်ပြနိုင်တယ်ဆိုရင်ပိုကောင်းမယ်ထင်ပါတယ်။
    မတရားလုပ်တာကို ငြိမ်ခံနေမယ့်လူတွေမရှိတော့ပါဘူး၊ သက်သေအခိုင်အမာရှိတယ်ဆိုရင် ရဲရဲဝံဝံဖော်ထုတ်လိုက်ပါ၊ မတရားလုပ်တဲ့သူတွေ ကိစ္စတုန်းပြီသာမှတ် 💡

    Reply

  • inz@ghi

    March 15, 2012 at 10:04 am

    မီးဒုတ်ကွာ ….
    ငါ့လခွား ….
    ငတ်ရင် ဒင်းတို့ကျွေးထားမှာ ကျနေတာပဲ….
    လူသားချင်းချင်း စာနာထောက်ထားတာတောင်
    ပါမစ်ယူရဦးမတဲ့လား ကွယ်တို့…..
    အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာလေးနဲ့သာ..
    သမကြပါဗျို့….

    👿

    Reply

  • ကြောင်ကြီး

    March 15, 2012 at 10:25 am

    အဲလိုမျိုး အောက်ခြေအဆင့် အာဏာပိုင်တွေ ကြံ့ဖွတ်တွေက မတရာအာဏာပြ နှိပ်စက်လာရင် ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ လေးလေးနက်နက် စဉ်းစားသင့်ပြီ။ အပေါ်ကောင်တွေက မသိချင်ယောင်ဆောင်နေ.. ခြေလွန်လက်လွန်ဖြစ်မှ မျက်နှာကောင်းယူ ဟန်တားပြနေကြတယ်။ ပြသနာဖြစ်လာမှ တဦးချင်း တဖွဲ့ချင်း တုံ့ပြန်နေလို့ကတော့ ရှင်းနိုင်မှာ မဟုတ်ဘူး..။ ဟိုက အုံနဲ့ကျင်းနဲ့ အစိုးရကျောထောက်နောက်ခံပြုထားတဲ့ ရာဇဝတ်ဂိုဏ်းကြီ..။ ပြည်သူလူထုဖက်ကလည်း စနစ်တကျနဲ့ နည်းဗျူဟာများ ချမှတ်တုံ့ပြန်သင့်ပြီ။ အသင့်တော်ဆုံးကတော့ ၈၈မျိုးဆက်လို ကျောင်းသားအဖွဲ့၊ အန်အယ်လ်ဒီလူငယ် အဖွဲတွေနဲ့ ချိတ်ဆက်ကွန်ယက်ဖွဲ့ တန်ပြန်ဆောင်ရွက်တာ အကောင်းဆုံး ဖြစ်မယ်ထင်ပါ၏။

    Reply

  • ဆူး

    March 15, 2012 at 11:34 am

    ဝိုင်းအော်ကြရမှာပေါ့.. အတွင်းမှာ နက်နေလည်း အပြင်က အော်ရင်တော့ အထက်လူကြီးတွေ နားထဲ ရောက်ပြီး အဆင်ပြေအောင် လုပ်ပေးကြလိမ့်မယ် ထင်တယ်။
    ကိုယ်တိုင်လည်း မလှူ သူများ လှူတာလည်း အဲလို လုပ်တာတော့ မကောင်းဘူး။

    Reply

  • cobra

    March 15, 2012 at 1:28 pm

    သောက်ကျင့်ကိုမကောင်းတဲ့ကောင်တွေ..
    ဘယ်တော့မှလူရောင်ပြောင်မှာမဟုတ်ဘူး။

    Reply

  • ဦးဦးပါလေရာ

    March 15, 2012 at 2:17 pm

    ဒီေ-ာက်ချိုးတွေကြောင့်
    နာဂစ်တုန်းကလဲ အသက်ပေါင်းများစွာ မသေသင့်ပဲ သေခဲ့ကြပြီးပြီ
    ကျုပ်တို့မှာ ကိုယ်ကိုယ်တိုင် ဒုက္ခရောက်ရတဲ့အထဲ
    ကိုယ့်ထက်ဆိုးတဲ့သူတွေကို ကူညီချင်လွန်းလို့
    တိုးတိုးကြိတ်ကြိတ် လက်တို့စုံစမ်း၊ တိတ်တိတ်ကလေးဆက်သွယ်ပြီး
    လူမသိသူမသိ လက်သိပ်ထိုးလှူရတယ်။

    အဲဒီလူသတ်ကောင်တွေ အခုထိ မျိုးမတုံးသေးဘူးပဲ…။

    Reply

  • MaMa

    March 15, 2012 at 4:41 pm

    လူသားအချင်းချင်း စာနာမှုဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ်နားလည်အောင် အနက်ဖွင့်ပြီး သင်ကြားပေးရမယ်။

    Reply

  • ဘုကန့်လန့်

    March 15, 2012 at 7:36 pm

    ကြားရ နားဝ မချမ်းသာစရာပါလား
    ဒုက္ခရောက်သူ မီးကူရှို့ သူတို့ အလုပ် မို့လား
    အဲဒါ ကြိုးနီ စနစ် ဖြစ်မှာ
    အဆင့်ဆင့် ကော် ယက် ကြပီးမှ လက်ကျန် အရိုးလေး ကမ်းပေးမလို့ဗျ
    အသုဘ ကောင်တွေ

    Reply

  • ဒီကောင်တွေ …
    သောက်ချိုး ခုထိကို ပြင်သေးဘူးပဲ …
    ခွီးထဲမှ ..
    ငါ စိတ်ရှိလက်ရ လုပ်လိုက်ရရင် ..
    ဒင်းတို့ ရာထူး ပြုတ်ရုံမက
    အမဲသားပါ ဖြစ်သွားဦးမယ် ..

    အဲဒီ အမဲသား ဦးကြောင် သွားကျွေးရင် ..
    မစားဘဲ ရှူးရှူးနဲ့ ပန်းပြီး ..
    ဟိုဒင်း ဟိုဟာကို လုပ်ပစ်မယ်တောင် ထင်တယ် …
    😀

    Reply

Leave a Reply to ဘုကန့်လန့် Cancel Reply

Your email address will not be published.