ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကာလအတောအတွင်း အရက်နာကျသူအရေအတွက် တိုးပွားလာဖွယ်ရှိ

introJune 8, 20101min00

လန်ဒန်- လူဦးရေသန်းဝက်ထက်ကျော်သူများသည် အလုပ်ခွင်တွင် အရက်နာကျလေ့ရှိပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပနေစဉ်ကာလများအတွင်း အရက်နာကျသူအရေအတွက် ပို၍တိုးပွားလာမည်ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က ပြောကြားခဲ့ကြောင်းသိရသည်။ နေ့စဉ်လိုပင် လုပ်ငန်းခွင်ရှိ အရက်နာကျသူ ၅၂၀၀၀ဝ ခန့်မှာ စိတ်ထိခိုက်ခံစားလွယ်သူများဖြစ်ပေါ်လာခဲ့ကြသည်ဟုဆိုသည်။ အရက်နာကျသူငါးဦးတွင် တစ်ဦးက လုပ်ငန်းခွင်ရှိ ၎င်းင်းတို့၏အလုပ်တာဝန်များ မနိုင်မနင်းလုံးပန်းလုပ်ကိုင်နေရတတ်၍ အမှားများပြုလေ့ရှိကြောင်း ဝန်ခံခဲ့ကြသည်။ လုပ်သားခုနစ်ရာခိုင်နှုန်းကမူ အရက်နာကျမှုကြောင့် အလုပ်ဆက်လုပ်ရန်အဆင်မပြေသည့် အတွက် အလုပ်စောစောသိမ်းလေ့ရှိသည်ဟုပြောကြားခဲ့သည်။
လေ့လာဆန်းစစ်သူတို့၏ဖော်ပြချက်အရ အရက်နာကျသူသုံးပုံတစ်ပုံကမူ ၎င်းင်းတို့၏ အရက်နာကျ မှုနှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်ရှင်သူဌေးတို့အား အပြောင်အပြက်ပြုလေ့ရှိသည်ဟုဆို သည်။ လေ့လာဆန်းစစ်မှုအရ လူအားလုံး၏ ၈၉ရာခိုင်နှုန်းကမူ လုပ်ငန်းခွင်တွင် အရက်နာကျခြင်းမှာ လက် မခံနိုင်စရာဖြစ်ကြောင်း ယူဆလျက်ရှိသည်ဟုဆိုသည်။ အရက်သောက်ခြင်းနှင့်ပတ်သက်၍ စိတ်ဝင်တစား စောင့်ကြည့်သူတို့ကမူ ဇွန်လမှဇူလိုင်လအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း အရက်နာကျသူ အရေအတွက် တိုးပွားလာမည်ဖြစ်ကြောင်း၊ ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ အရေအတွက်တိုး ပွားလာခြင်းက နိုင်ငံ၏လုပ်ငန်းခွင်ရှိ ကုန်ထုတ်လုပ်မှုအတက်အကျကို တိုက်ရိုက်ထိခိုက်စေမည်ဟုဆိုသည်။
ကြစကျေန်းမာရေးနှင့်ချမ်းသာသုခအဖွဲ့မှ ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာကက်ထရီနာ ဟာရင်ကမူ အလုပ်ရှင်တို့အနေဖြင့် မိမိတို့အလုပ်သမားများအပေါ် အရက်၏သက်ရောက်မှုကို လျစ်လျူမရှု သင့်ကြောင်း သို့မဟုတ် လုပ်ငန်းခွင်အပေါ် ဆိုးကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ အလေးထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Source: Yangon Media

Leave a Reply

Your email address will not be published.