သတ္ထုတွင်းဝန်ကြီးဌာနက the Voice Weekly ဂျာနယ်ကို တရားစွဲမတဲ့

မတ်လ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်းပေါ့။

V0ice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ မှာပါတဲ့

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး မမှန်မကန်စွပ်စွဲ ရေးသားပါတယ်ဆိုပြီး သတ္ထုတွင်းဝန်ကြီးဌာနက ဂျာနယ်ကို တရားစွဲပါမယ်တဲ့ဗျား..

မတ်လ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်း

 

22 comments

  • ရွာစားကျော်

    March 14, 2012 at 2:01 pm

    သူခိုးတွေက လူပြန်ဟစ်ပြီထင်တယ်
    ကျန်တဲ့ဌာနတွေက တိတ်နေတယ်ဆိုတော့
    ဆိတ်ဆိတ်နေပြီး ဝန်ခံတဲ့သဘောနေမှာပေါ့
    ရေဆုံးရေဖျား လိုက်ကြပေတော့ဗျား…

    Reply

  • ရွာစားကျော်

    March 14, 2012 at 2:36 pm

    Ko Yinmann EMG မှာလည်း ဖော်ပြရဲ ့သားနဲ့ ဘာဖြစ်လို့ voice ကိုပဲ တရားစွဲရလဲဆိုတာ စဉ်းစားစရာဖြစ်နေတယ်.. http://first-11.com/index.php?option=com_content&view=article&id=12736%3A2012-03-11-06-46-05&catid=42%3A2009-11-10-07-36-59&Itemid=112

    Mdy Boy ‎- သတ္တုတွင်းဝန်ကြီးဌာန၊ အ မှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်မြန်မာ အိုင်ဗင်ဟိုကုမ္ပဏီလီမိတက်တို့ ပိုင် ဆိုင်သည့် မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက် ၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ဝယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbo Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
    http://news-eleven.com/index.php?option=com_content&view=article&id=12736%3A2012-03-11-06-46-05&catid=42%3A2009-11-10-07-36-59&Itemid=112

    လမင်းအမရာ လမင်းအမရာ သက်သေ အထောက်အထားမရှိပဲ လျောက်ရေးတတ်တဲ့ အပြူအမူအလေ့အကျင့်တွေက the voice Journal & Living Color Magazine မှာလုံးဝ မရှိပါဘူး။ဒါတင်မက ဘယ် Jouranlist မှ မမှန်တဲ့သတင်းတွေကိုရေးသားဖော်ပြလို့မရပါဘူး။ Journalist တစ်ယောက်ရဲ့ တကယ့် သဘောသဘာဝကိုသိကြရဲ့လားမသိဘူး။ ဘက်လိုက်ခြင်းမရှိ ပြောတဲ့အတိုင်း အမှန်ကန်ဆုံး ရေးသားရမယ်။ အဓိက သတင်းထောက်တစ်ယောက်က ၁.ရိုးသားရမယ်။ ၂.ရိုးသားရမယ်။ ၃။ရိုးသားရမယ်။ အမှန်တရားကို ထုတ်ဖော်ခွင့်ရပြီး အမှန်တရားမြတ်နိုးတဲ့ voice ဘက်လိုက်ခြင်းမရှိဘဲ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။

    Ko Ahlai ကောင်းပါတယ်..မင်းတို.တရားစွဲတော့လဲ..the voice ဖြေရှင်းလိုက်ပါ.. ပြီးရင်သူတို.တွေလာဘ်စားတဲ့..အလွဲသုံးစားလုပ်ထားတာတွေကို ဘယ်သူကိုမှမငဲ့ပဲ ထပ်ပြီးထပ်ပြီး ဖော်ထုတ်ပါ.. ဒီရှေ.လျှောက် လာဘ်စားတဲ့ ဌာနတွေ.. ခင်ဗျားတို့သတိထားပါ.. ခဗျာင်္းတို.ငွေတောင်းပုံတောင်းနည်းတွေကို ခဗျာင်္ဒတို.ရုံတွေကိုလာတဲ့သူတိုင်း voice recorder နဲ့ movie camera ပါလာပြီဆိုတာ လုံးဝမမေ့ပါနဲ့.. ငြင်းတိုင်းယုံမယ်တဲ့လားကွာ.. စဉ်းစားလုပ်ပါ.. လုံးဝ အလွဲသုံးစားမလုပ်ပါဘူးလို. ချီးငုံပြောတောင်.. ဘယ်သူမှ မယုံဘူးကွ…

    Min Gaung အဲဒါ media တွေ ကြောက်ပြီး သွေးကြောင်သွားအောင် လုပ်တာ ကျွန်တော်တို့ ပြည်သူတွေက ကျွန်တော်တို့ ကိုယ်စား ရှေ့က အပြောခံ အဆိုခံ အတိုက်အခံ လုပ်ပေးနေတဲ့ media တွေကို ဆက်ပြီးအားပေးနေပါမယ် ။ လူပြန်ဟစ်နေတဲ့ သူခိုးတွေကို လုံးဝ အလျှော့မပေးပါနဲ့။

    Myo Thant အခုနောက်ပိုင်းမှာမီဒီယာသမားတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးမှာ တော်တော် ခရီးရောက်ပါတယ်။အဲဒါပေမယ့် ကျွန်တော်တို့တစ်ခုစဉ်းစားရမှာက အဲဒီဒီမိုကရေစီမှာ ကျွန်တော်တို့မီဒီယာသမားတွေ အသုံးမချခံရဖို့ နင်းပြားအဖြစ် မခံရဖို့ လိုပါမယ်။ အခု လိုကိစ္စမျိုးမှာကြတော့ ရှင်းရှင်းပြောရရင် တရားလိုက ပြည်သူနဲ့အစိုးရ တရားခံက သတ္ထုတွင်းပေါ့ဗျာ ကြားကနေ ပွဲကို ထိမ်းပေးရတာကတော့ အခုလိုဂျာနယ်သမားတွေ သတင်းသမားတွေပေါ့၊ နံရံကိုခေါင်းနဲ့တိုက်ရင်ခေါင်းကွဲမှာပေါ့ အဲတော့သက်ရောက်မှု အားကဂျာနယ်တွေဘက်ကိုလိုက်လာရော။ အဲဒိတော့ ဒိလို တရားစွဲခံရတာတွေဟာ နိုင်ငံခြားမီဒီယာတွေမှာဆိုရင်တော့ တိုက်ပိုင် ကိုယ်ပိုင်ရှေ့နေ ထားပါတယ် ဒီမှာလဲရှေ့နေရှိမယ်ထင်ပါတယ် အဲဒီလိုရှေ့နေတွေက ကိုယ့်တိုက်အသီးသီက သတင်းကြေငြာတွေနဲ့ ပတ်သတ်တဲ့တရားရေးပိုင်းကို တာဝန်ယူ ဖြေရှင်းကြလေ့ရှိပါတယ်။ အခုလိုတရားစွဲလို့ ပြည်သူတွေကိုချပြဖို့ ကလောင်တွန့်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဆက်လက်ရေးမြဲ ရေးနေစေခြင်ပါတယ်လို့ ဆန္ဒပြုပါ တယ်။ Eleven မီဒီယာနဲ့ဆိုလဲ သာသနာရေးဝန်ကြီးဌာနနဲ့ တရားစွဲဆိုခံရမယ့်ပြဿနာမျိုးတွေ ရှိပါတယ်။ အဲတော့ အစိုးရဝန်ကြီးဌာနတွေနဲ့ ဒီလိုမဖြစ်ဖို့ ဆိုရင် သတင်းတစ်ခုရရင် သတင်းထောက်က သက်ဆိုင်တဲ့ဌာနတွေရဲ့ သက်ဆိုင်တဲ့အရာရှိတစ်ဦးဦးဆီကို ဆက်သွယ်ပြီးတော့ Confirm လုပ်သင့်ပါတယ်။ အဲ လိုဆက်သွယ်Confirm လုပ်ခံရတဲ့ လူကြီးကလဲ သတင်းထောက်ဟေ့ဆိုရင် ဖုန်းချလိုက်တာမျိုး၊အတွေ့မခံတာ မျိုးစတဲ့ အကျင့် တွေကိုဖျောက်ပြီး မိမိဌာနကိစ္စကိုဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူး မိမိမဆုံးဖြတ်နိုင်ရင် မိမိထက်ကြီးတဲ့ဝန်ကြီးပေါ့ဗျာ နောက်ဆုံးသူ့ဆီ အထိ ရဲရဲဝံ့ဝံ့တာ ဝန်ခံပြီးတော့ ဖြေရှင်းပေးသင့်ပါတယ်။
    အဓိကအရေးကြီးတာကတော့ အစိုးရအဖွဲ့ဝန်တွေ၊အဖွဲ့အစည်းတွေအနေနဲ့ မီဒီယာ ကိုမကြောက်ဖို့ကတော့အရေးကြီးဆုံးပါဘဲ။သမ္မတကြီးပြောပြောနေတယ်ပြောင်းလဲမယ်ဆိုတဲ့အထဲမှာအဲဒီအကျင့်လေးပြောင်းဖိုပလဲပါပါလိမ့်မယ်။ပြောင်းလဲနိုင်ရင်မီဒီယာဟာ အစိုးရအတွက်အသုံးချနိုင်တြ့အထောက်အပံ့ကြီးပါဘဲဗျာ…….။

    Golden Tin ဝန်ကြီးတွေရဲ ့လတ်စားမှုကို The Voice Weekly တွင်မက ပြည်တွင်းပြည်ပ မီဒီယာ သတင်းဌါနတွေကပါ ရေးသားဖေါ်ပြနေယုံမက လွတ်တော်ကိုယ်စားလှယ်တွေကပါ ပြည်ပ အသံလွှင့်ဌါနနဲ ့ဆက်သွယ်မေးမြန်းထားတာတွေလဲ ကြားရပြီးသားဖြစ်တာမို ့ The Voice Weekly ဂျာနယ်ရေးသားဖေါ်ထုတ်မှုကို အားပေးကြောင်း နောင်ကိုလဲ မမှန်ကန်တဲ ့ လုပ်ရတွေကို ဆက်လက်ဖေါ်ထုတ်စေလိုကြောင်း တဆက်ထဲမှာပဲ့ The Voice Weekly ကိုလဲအထူးကျေးဇူးတင်ပါတယ်

    May Lay ရှိခဲ့ပါတယ်ဒါပေမဲ့အဲလောက်မများဘူးဆိုရင်တောင်နားထောင်လို့ကောင်းသေးးးး အခုဟာက အလွဲသုံးစားမူမရှိဘူးတဲ့အမလေး ရယ်ပါရစေ ဟားဟား

    Aung Si အဖြေကရှင်းရှင်းလေပါ။ ဝန်ကြိံးဌာန တိုင်းရဲ့ ဝန်ကြိံးတွေရဲ့အိမ်တွေကို ဝင်စစ်ကြည့်ပေါ့။ သူတို ့ရဲ့ပိုင်ဆိုင်မှုတွေကိုစစ်လိုက်ရင်ရပိံ။ ဘယ်စာရင်းစစ်မှ ရုံးတွေကို လိုက်စစ်စရာမလိုဘူး။

    Ko Phyo အများကြီးတွေးရင် ခေါင်းရှုပ်မယ်။ ဦးစီးမှူးလစာတောင် တစ်သိန်းမကျော်ဘူး။ သွားမကြည့်နဲ့ ဖုန်းရှိတယ်။ ကားရှိတယ်။ ကျန်တာဆိုရင်တော့လား..

    ဒီလို မန့်တဲ့လူလည်း ရှိသေး

    Shwe Nawaday ဂျာနယ်များ၏ရေးသားချက်မှန်ကန်မှုရှိရန်၊ သက်သေ အထောက်အထားရှိရန် လိုပါသည်.. ရမ်းတုတ်မှန်းတုတ်သတင်းများဖြင့် အစိုးရအပေါ် သိက္ခာချလိုခြင်း ရည်ရွှယ်ချက်တစ်ခုဖြင့်သော်လည်းကောင်း၊ ဂျာနယ် ရောင်းကောင်းစေရန်သော်လည်းကောင်း ရည်ရွယ်ရေးသားခြင်းမျိုးမရှိသင့်ပါ.. ရေးသူက လုံးဝတာဝန်ခံရမည်သာဖြစ်သည်.. လွတ်လပ်စွာရေးသားခွင့်ရှိသော်လည်း ရေးသမျှ တာဝန်ယူရန် လိုပါသည်။ ရေးသားချက်များမှန်ကန်ပါက ကောင်းသော်လည်း အခြေအမြစ် မရှိသောသတင်း၊ သတင်းလိမ်သတင်းအတုများကြောင့် အပြစ်မဲ့ဝန်ထမ်း တစ်ဦး တစ်ယောက်သော်လည်းကောင်း၊ ယင်းအပေါ်မှီခိုနေရသော မိသားစုတစ်ခုလုံး၏ ဘဝများစွာကိုသော်လည်းကောင်း ထိခိုက်စေနိုင်သည်ကိုလည်း သတိပြုကြရန်လိုပါသည်။

    Reply

  • kai

    March 14, 2012 at 2:52 pm

    သတင်းမှားတယ်ထင်ရင်… မီဒီယာကို ဝန်ကြီးဌာနက တရားစွဲလို့ရပါတယ်..။
    ကိုယ့်ဖက်က သေချာတယ်ထင်ရင်… စွဲပေါ့..။
    ဝန်ကြီးဌာနဆိုတာ. .မီဒီယာထက်စာရင်.. ပရိတ်သတ်သေးသေးလေးပါ…။

    ဆိုတော့….
    မြန်မာ့တရားရေးက.. တည့်တည်မတ်မတ်..ရပ်သလား..စောင့်ကြည့်ကြတာပေါ့..။
    ဒါမျိုးကို … တကမ္ဘာလုံးကစောင့်ကြည့်နေတတ်ပါတယ်..။
    ယိုင်တဲ့သူ.. ထိုင်ပေတော့… ပေါ့နော…။ :mrgreen:

    Reply

  • blackchaw

    March 14, 2012 at 3:16 pm

    အော်ကွယ် အဲဒီသတင်းကိုပဲ
    အစိုးရတစ်ပိုင်းသတင်းစာဖြစ်တဲ့
    မြို့တော်သတင်းစာမှာဖတ်ရလို့ ချိုပေါ့ကျ ၅ မှာ မူရင်းအတိုင်း
    ထည့်ရေးလိုက်မိသေးတယ်။
    ကြောက်တောင်ကြောက်လာပြီ။
    တရားစွဲမှာကို ပြောပါတယ်။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

    Reply

  • ရွာစားကျော်

    March 14, 2012 at 3:26 pm

    ဝန်ကြီးဌာနတွေ မမှန်မကန်လာဘ်စား၊ စာရင်းလိမ်တဲ့သတင်းကတော့ hot လာပြီ
    ဘဏ္ဍာအခွန်ရဲ့ နိုင်ငံခြားကြွေးမြီစာရင်း နှစ်ဆကွာနေတဲ့သတင်းကရော..ဘာလဲ ဘယ်လဲ?
    🙄

    နဝတ ရဲ့ (၁၀၂)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ဖော်ပြထားတာက
    ၃၁-၃-၈၈ နေ့ထိရှိတဲ့ နိုင်ငံခြားကြွေးမြီက ၅.၈၇၈ ဘီလီယံ မှာ မသုံးရသေးတာ ၁.၆၉၃ ဘီလီယံ နဲ့ သုံးပြီးကြွေးမြီ ၄.၁၈၅ ဘီလီယံ(သန်းပေါင်း ၄၂၀ဝ ခန့်) ရှိကြောင်းဖော်ပြထားခဲ့ပါတယ်
    ထို့အပြင် ၅-၁၀-၉ဝ ရက်နေ့ (၁၀၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ယခင်ဘဏ္ဍာရေးဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ်က နိုင်ငံခြားကြွေးမြီ ၄.၂ ဘီလီယံ (၄၂၀ဝ သန်း) သာရှိကြောင်းတင်ပြထားပါသတဲ့
    ဒါပေသည့်
    ၃၁-၁-၂၀၁၂ ရက်နေ့ လွှတ်တော်မှာ လက်ရှိ ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဖတ်ကြားတင်ပြသွားတာက ၁၉၈၈ မတိုင်မီချေးငွေ ၈၄၀၈.၃၄၈ သန်း ဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း
    ချေးငွေ ၂၆၁၄.၉၅ သန်း၊ စုစုပေါင်း ကြွေးမြီ ၁၁၀၂၃.၂၉၈ သန်း ဖြစ်ကြောင်းသိရပါတယ်။

    ဒါ့ကြောင့် ယခုပြည်ထောင်စုဝန်ကြီးဦးလှထွန်း ရဲ့ အကြွေးစာရင်းဟာ ဗိုလ်မှူးချုပ်အေဘယ် ပြောတာထက် (နှစ်ဆ ) နှစ်ဆတောင်ဖြစ်နေပါတယ်…။
    ဗိုလ်မှူးချုပ်အေဘယ်လည်း သက်ရှိထင်ရှားရှိနေသေးတာမို့ ရှင်းလင်းသင့်ပါတယ်

    Reply

  • etone

    March 14, 2012 at 3:28 pm

    ဂျာနယ်ဆိုတာမျိုးကလည်း ..အရင်ကဆို ..စာပေစိစစ်ရေးတင်ရတာနဲ့ … အယ်ဒီတာက ပယ်ချခံရတာနဲ့ … သတင်းမှန်သိလျှင်တောင် ရေးချင်သလို မရေးရဲကြဘူး .. ရွှေစိတ်တော် ငြိုငြင်သွားမှာကို ကြောက်တာလည်း ပါမပေါ့လေ …. ။

    အခုလိုအချိန်မျိုးမှာ .. ဒီလို သတင်းမျိုးထွက်လာတာ .. မီဒီယာရဲ့ အခန်းကဏ္ဍ … အရေးပါလာပြီဆိုတာကို မီးမောင်းထိုးပြတာနဲ့ တူပြီး … ၊ သူတို့ဘက်ကလည်း တိကျတဲ့ သတင်းရှိလို့သာ .. ဒီလိုကိစ္စမျိုးကို .. တိတိလင်းလင်း ရေးရဲတာလို့ ထင်ပါတယ် … ။ မှန်တယ်ထင်လျှင် … မီဒီယာအနေနဲ့ …. ရေကုန်ရေခမ်းလိုက်သင့်တယ်လို့ ထင်ပါတယ် … ။

    သတင်းလေးစတာတော့ သိပြီ … သတင်းလေးအဆုံးသတ်သွားလျှင်လည်း သိပါရစေ ရွာစားကြီးရေ ..

    Reply

  • blackchaw

    March 14, 2012 at 3:37 pm

    သတ္ထုတွင်းဝန်ကြီးဌာန အမှတ် ၁ သတ္ထုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်းအား ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့်ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း စသည့် ဖြစ်စဉ်များပါဝင်ကြောင်း၊ ရှမ်းတိုင်းရင်းသားများ၏ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ရှင်းပြသည်။

    မြို့တော်သတင်းစာထဲမှာ အဲဒီအတိုင်းရေးထားတာဗျ။
    ဘယ်သူလွဲနေလဲတော့မသိတော့ဘူး။

    Reply

  • ရွာစားကျော်

    March 14, 2012 at 4:18 pm

    မှန်ပါတယ် မetone ရေ..
    မီဒီယာကတော့ လေဖမ်းဒါန်းစီးမှာမဟုတ်ပါ..
    ဝန်ကြီးဌာနက ကိုယ့်အမြီးကိုယ်တတ်နင်းပြီးလဲမည့်ကိန်းကို ဆိုက်ပါလိမ့်မယ်..
    ပြောရဲပါတယ်ဗျာ

    ဦးblackchaw ရေ
    အနှီဌာနမှာ ကလိမ်းစေ့ ငြမ်းဆင်၊ နှစ်ပင်ကို တစ်ပင်ဖြစ်အောင် လိမ်စဉ်တွေ၊ ညဏ်နီ ညဏ်နက်တွေ
    ရှိထားတဲ့ပုံပါပဲဗျာ..
    တရားရေးဌာနက မှန်ကန်ဖို့သာ ဆုတောင်းရတော့မယ်ဗျို့

    Reply

  • htoosan

    March 14, 2012 at 4:57 pm

    http://www.first-11.com/index.php?option=com_content&view=article&id=12798:the-voice-&catid=42:2009-11-10-07-36-59&Itemid=112
    The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ

    Reply

  • kaunglay

    March 14, 2012 at 5:06 pm

    ဇာတ်လမ်းကတော့ စပြီ .. ဒါပေမယ့် ဘယ်လိုအဆုံးသတ်မလဲဆိုတာလေးလည်း သိချင်သားဗျ။
    ဖြစ်သင့်တာကတော့ တစ်ကယ်အဟုတ်အလွဲသုံးစားလုပ်တယ် ၊လိမ်တယ်၊ခိုးတယ်ဝှက်တယ်ဆိုရင် ဥပဒေနဲ့အညီအရေးယူသင့်တယ် .. ပြီးတော့သူတို့ပိုင်ဆိုင်သမျှဓနဥစ္စာအကုန်သိမ်း ..ပြီးတော့နိုင်ငံတော်ဘဏ္ဍာထဲထည့်။ ဒါ့အပြင် နိုင်ငံတော်မှာတင်ရှိနေတဲ့အကြွေးတွေဆပ်တာတို့ ၊
    နိုင်ငံဖွံ့ဖြိုးရေးအတွက်တို့မှာသုံးလိုက် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးကြည့်တာပါ။

    Reply

  • နေဝန်းနီ

    March 14, 2012 at 5:21 pm

    မှန်တယ်ဆိုလုပ်စမ်းးး မှန်တယ်ဆိုလုပ်လိုက်…….. ဒီကိုယ်မှာသွေးဆိုးတွေ သွေးညစ်တွေ ဖောက်ထုပ်ခံရေးးးးးးးးးးး သတ္တိတော့ရှိ ဘရားအသိ တစ်ခြားသူသိဖို့ မလိုဘူးဟေ့ ဖတ်ရင်းနဲ့ ချစ်ကောင်းသီချင်းကြားယောင်မိသည်…။ ဆိုင်လာမဆိုင်လားတော့ မသိ……….။

    Reply

  • unclegyi1974

    March 14, 2012 at 10:51 pm

    ဇာတ်ကမင်းသားလည်းထွက်ပြီ
    လူကြမ်းလည်းထွက်ပြီ
    ဘယ်လိုဖိုက်ကြမလဲဆက်လက်ရှုစားတော်မှုကြပါခင်ဗျာ

    Reply

  • ဦးဦးပါလေရာ

    March 14, 2012 at 11:36 pm

    ဒါက တဖက်စောင်းနင်းကြီးပဲ
    အမှု့ဖြစ်ရင် သက်သေခံ မှတ်တမ်းမှတ်ရာတွေကို ဘယ်သူကထုတ်ပေးမှာလဲ
    အဲဒါတွေ ပြင်မထားဘူး အင် မထားဘူးလို့ ဘယ်လိုပြောနိုင်မလဲ
    အဲဒီတော့ မီဒီယာသမားတွေ အခြားနေရာမှာမတည့်တာ ခဏထားပြီး
    ဒီလို မီဒီယာကို ဦးချိုးမယ့်လုပ်ရပ်မျိုးမှာ သွေးစည်းကြသင့်တယ်။
    သူတို့ တမှု့ကို ကာနိုင်ရင် အမှု့တစ်ရာ တထောင် ဝိုင်းဖေါ်ထုတ်ကြမယ် ဆိုပြီးတော့ပေါ့….။

    Reply

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 14, 2012 at 11:45 pm

    ဥ ကိုထိ မချိအောင်နာတဲ့ ဥကိုင်တွေ ။
    ဘာတဲ့ တရားစွဲမယ်လား ။ ဟား ဟား ဟား လို့ ရီလိုက်မယ် ။
    စွဲဇမ်းဘာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာမှ သက်သာဦးမယ် ။
    ဟိုး အပေါ်က အကောင်ကြီးတွေ သတိသာထားပေတော့ ။
    မင်းတို့ အလှည့် ရောက်နေပြီကွ ။
    ဟား ဟား ဟား အလှည့်ကျ မနွဲ့စတမ်းပေါ့ ငါ့ကောင်တို့ရာ။
    ( ဟိဟိ မစားရ ဝခမန်း ဝင် မန်းလိုက်ရပါသီ)

    Reply

  • kai

    March 15, 2012 at 12:53 am

    နောက်ဆို.. ဝန်ကြီးဌာနအကြောင်းရေးတာတွေ.. မန္တလေးဂေဇက်မှာလာတင်စေချင်တာ…
    ယူအက်စ်ဥပဒေအောက်မှာ.. တရားပြိုင်စွဲချင်လို့…။

    အခုတောင်စဉ်းစားနေတာ…
    ယူအက်စ်ဆန်ရှင်ကြောင့်.. မြန်မာလူထုနစ်နာခဲ့တာသေချာတယ်ဆိုရင်.. နစ်နာကြေး ယူအက်စ်အစိုးရကို.. တရားစွဲပြီးတောင်းမလားလို့..
    သာဂိတို့..ဂွက်ထော်တို့.. မုန့်ဖိုးရတာပေါ့…။ 😆

    အာဟိ..။

    Reply

    • inz@ghi

      March 15, 2012 at 9:04 am

      http://www.thithtoolwin.com/2012/03/blog-post_3904.html

      ဆွဲဗျာ ..သဂျီး …အူယောပ သတ်မတ်ဂ ကိုပါ ဆွဲ….
      ဘယ့်နှယ့် …
      ဒင်းတို့လွတ်ပီး ကျုပ်တို့ချည်း ခံရတော့မလား …..

      အကုသိုလ် အတုံးလိုက်အတစ်လိုက် တက်ပါဇေတော်…

      Reply

  • inz@ghi

    March 15, 2012 at 8:26 am

    ဝန်ချီးထှာန ကို
    ကိုလေးသီချင်းဆိုပြမယ်…..

    မြင်သမျှပြောတော့ အဆင်မပြေဘူးပေါ့ …
    အရာမထင်ဘူးလား ..ခင်ဗျားတို့သဘော….
    တကယ် ဇ ပြင်းလား ဟန်ဆောင်ခြင်းလား …
    သေချာစဉ်းစား … ယောက်ျား စကားပြော……

    လျောက် … လျောက်…..
    မင်းတို့လမ်းမင်းတို့ရွေးပြီး ကိုယ်တိုင် ….
    လျောက် … လျောက်…..
    ကျုပ်တို့လမ်း ကျုပ်တို့ရွေးပြီး ကိုယ်တိုင်…..
    လျောက် … လျောက်…..
    မငြိနဲ့….

    ထစင်ထူး လုံးကြီးတင် ဆံခတ် ဝဆွဲ …
    ထွီ…..

    Reply

  • ရွာစားကျော်

    March 15, 2012 at 9:54 am

    myochitzarni း
    အစွယ်လိုသူက ကြိုင်မိဖုရား… အသွားစေခိုင်းသူက တပ်ချုပ်ကြီးရွှေ….လာဘ်ယူလာဘ်ပေး ဂွင်တည့်ပြီးစားကွက်ကျန်အောင်အကွက်ရွှေ့ရသူက ကျွန်တော်မျိုးဝန်ကြီး… ယင်းကြံဖော်ကြံဖက်(စားဖော်စားဖက်)သုံးဦးအနက်တွင်မှ.. ဟဲ့ ငမိုက်သားဝန်ကြီး… နင့်ချည်းခံပေတော့ ဟုဆိုလျှင်လည်း သူတို့ကျွေးသမျှဝအောင်စားထားပြီးပြီမို့ ခံရပါတော့မည်ခင်ဗျား…ခံရပါတော့မည်ခင်ဗျာ့….

    ဒီကွန်မင့်လေးက ရီရတယ် ဗြဲ…

    Reply

  • ko lay

    March 17, 2012 at 7:43 pm

    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဝန်ထမ်းတစ်ဦး
    နေပြည်တော်

    စာရင်းစစ်ချုပ်
    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
    နေပြည်တော်
    ၂၀၁၁ ခုနှစ် မေ လ (၅) ရက်
    အကြောင်းအရာ။ ။ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအားမန ္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ
    ထိန်ချန်စစ်ဆေးတင်ပြထားခြင်းအပေါ်ထပ်မံစီစစ်အရေးယူပေးပါရန်ကိစ္စ္စ္စ္စ
    အကြောင်းအရာပါကိစ္စနှင့်ပါတ်သက်၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း
    များဆောင်ရွက်ရာတွင်လုပ်ငန်းများအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အတိုးဖြင့်ချေးငွေ
    များအသုံးပြု၍အောက်ပါစာချုပ်များချုပ်ဆိုကာလုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်
    ရွက်ခဲ့ပါသည်။

    (၁) Hydraulic Steel Structure (Lot-1)လုပ်ငန်း၊Transmission Line လုပ်ငန်း၊ ပိုဇိုလန်
    စက်ရုံဓါတ်အားခွဲရုံနှင့်ကျောက်ပန်းတောင်းဓါတ်အားခွဲရုံလုပ်ငန်းများအတွက် Service Charges
    တပ်ဆင်လုပ်အားခ USD (155,102) အပါအဝင်USD( 2,196,435) တန်ဘိုးရှိသော
    စာချုပ်အမှတ် 26/DHP/2003-2004 အား(၂၄-၃-၂၀၀၄)တွင် China National Electric
    Equipment Corporation (CNEEC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    (၂)ရဲရွာRCC dam (Roller Compacted Concrete dam) တမံသုံး Pozzolan ထုတ်
    လုပ်ရေးအတွက်Grinding Plant ပိုဇိုလန်စက်ရုံတည်ဆောက်ရေးလုပ်ငန်းအား
    Service Charges တပ်ဆင်လုပ်အားခအပါအဝင် USD( 3,750,000 )တန်ဘိ်ုးရှိသော
    စာချုပ်အမှတ် 19/DHP/2002-2003 အား(၂၃-၁၂-၂၀၀၂)တွင် SIAM Industrial
    Corporation Ltd နှင့်နိုင်ငံပိုင်နိုင်ငံခြားငွေအသုံးပြု၍ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    (၃) Hydraulic Steel Structure (Lot-2) လုပ်ငန်းအတွက် Service Charges
    တပ်ဆင်လုပ်အားခ
    USD(2,051,791.50) အပါအဝင် USD(12,495,216) တန်ဘိုးရှိသော
    စာချုပ်အမှတ် 38/DHP/2005-2006 အား(၁၅-၇-၂၀၀၅)တွင် Joint Venture
    Consortium of Citic Technology Co.,Ltd နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    (၄) Electrical and Mechanical Equipment လုပ်ငန်းအတွက် Service Charges
    တပ်ဆင်လုပ်အားခ USD (6,295,332.89) အပါအဝင် USD (113,133,548.00)
    တန်ဘိုးရှိသောစာချုပ်အမှတ် 39/DHP/2005-2006 အား(၁၅-၇-၂၀၀၅)တွင်
    Joint Venture Consortium of Citic Technology Co.,Ltd and
    Sinohydro Corporation Limited (CCYW) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    (၅) RCC (Roller Compacted Concrete) Conveyance & Placing လုပ်ငန်း
    အတွက် Dam Instr–ment နှင့် Equipment တန်ဘိုးအပါအဝင် လုပ်ငန်းဆောင်ရွက်ခ
    USD(46,325,465.00) တန်ဘိုးရှိသောစာချုပ်အမှတ် 43/DHP/2005-2006 အား
    (၁-၈-၂၀၀၅)တွင် China Gezhouba Water & Power (Group) Co.,Ltd (CGGC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    (၆) 230KV Transmission Line & Substation လုပ်ငန်းအတွက် Service Charges
    အပါအဝင် USD (45,849,336.00) တန်ဘိုးရှိသောစာချုပ်အမှတ်
    45/DHP/2005-2006 အား (၂-၉-၂၀၀၅)တွင်China National Heavy Machinery
    Corporation (CHMC) နှင့်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအတိုးဖြင့်ချေးငွေ USD(220,000,000.00)
    ဝန်းကျင်နှင့်နိုင်ငံပိုင်နိုင်ငံခြားငွေ USD(60,000,000.00)အပြင်ဆွစ်ဇလန်နိုင်ငံ
    Colenco အတိုင်ပင်ခံအင်ဂျင်နီယာငှားရမ်းဆောင်ရွက်ခ Swiss Frances CHF
    (25,753,578.38)အားသုံးစွဲဆောင်ရွက်ခဲ့ပါသည်။

    တရုပ်ချေးငွေများဖြင့်ရဲရွာစီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော်လည်း၊
    အဆိုပါစာချုပ်များအတွင်းပါရှိသောလုပ်ငန်းများအားမြန်မာကျပ်ငွေ ငွေလုံးငွေရင်းများ
    အသုံးပြု၍ပြည်တွင်းကုမ္ပဏီကြီးများအားပြည်တွင်းလုပ်ငန်းအပ်နှံစာချုပ်များထပ်မံချုပ်ဆို၍
    ထုတ်ယူသုံးစွဲခဲ့ပြန်ပါသည်။

    တဖန် သက်ဆိုင်ရာလုပ်ငန်းအပိုင်းများအလိုက်တာဝန်ယူထားသောအရာရှိများကလည်း
    အဆိုပါတည်ဆောက်၊တပ်ဆင်ရေးလုပ် ငန်းများကိုပင်သီးခြားခန့်မှန်းခြေစာရင်း
    များရေးဆွဲ၍လုပ်အားခများ၊ပစ္စည်းဘိုးများအဖြစ်ထုတ်ယူသုံးစွဲခဲ့ပြန်ပါသည်။

    ၎င်းအပြင်စီမံကိန်းလုပ်ငန်းများအတွက်နေ့စား၊အမြဲတမ်းဝန်ထမ်းများခန့်ထား၍သာမာန်နှင့်
    ငွေလုံးစာရင်းတို့တွင်သုံးစွဲထားပြန်သဖြင့် ရဲရွာစီမံကိန်း တွင်လုပ်ငန်းတူများအတွက်ငွေကို
    အကြိမ်ကြိမ်ထုတ်ယူသုံးစွဲထားသကဲ့သို့ဖြစ်နေပြီးစီမံကိန်းကုန်ကျစရိတ်မှာမူလတွက်ချက်
    လျာထားသည်ထက်များစွာကြီးမားကွာဟနေသည်ကိုတွေ့ရပါသည်။

    စီမံကိန်းကုန်ကျစရိတ်ကိုလည်းလျော့နည်းစေရန်အတွက်ငွေစာရင်းခေါင်းစဉ်များ
    လိမ်လည်ပြောင်းရွှေ့ထားသည်ကိုတွေ့နိုင်ပါသည်။

    နိုင်ငံခြားစာချုပ်များအရလုပ်ငန်းများတွင်ကိုယ်ပိုင်ယာဉ်စက်များယူဆောင်လာ၍
    လုပ်ငန်းအပြီးဆောင်ရွက်ရမည်ဖြစ်သော်လည်း ဌာနပိုင် ယာဉ်စက်များ၊စက်သုံးဆီများ၊
    ပစ္စည်းများ အသုံးပြုထားသည့်အတွက်ကုန်ကျစရိတ်များ(၂)ခါထပ်နေသကဲ့သို့ဖြစ်နေပါသည်။

    ကျောက်ထုတ်လုပ်ငန်းများနှင့်ပိုဇိုလန်စက်ရုံလုပ်ငန်းများတွင်လည်းအလားတူထုတ်ယူငွေများနှင့်
    လုပ်ငန်းပမာဏကွာဟနေခြင်းများတွေ့ရပါသည်။

    ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများတွင်လည်းဌာနပိုင်ယာဉ်များအသုံးပြုခြင်းများနှင့်ရော
    ထွေးနေသလိုသယ်ယူပို့ဆေ ာင်ခနှုန်းထားများမှာလွန်စွာမြင့်မားနေသည်ကိုတွေ့ရပါသည်။

    မန ္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ ရဲရွာစီမံကိန်းလုပ်ငန်းများအားအကြိမ်ကြိမ်စစ်ဆေး
    ခဲ့ပြီး၊စစ်ဆေးချိန်တိုင်းတွင်လည်းအဆိုပါတွေ့ရှိချက်များအပေါ်စီစစ်၍ဆက်လက်တင်ပြရန်
    ပျက်ကွက်ခဲ့ပြီး၊အဂတိလိုက်စားလျှက်လာဘ်ငွေများစွာအားစီမံကိန်းသက်ဆိုင်ရာ
    အရာရှိကြီးများ၊ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာပြည်တွင်းကုမ္ပဏီကြီးများထံမှလက်ခံရယူလျှက်၊
    အမှုအားထိန်ချန်ထားခဲ့ကြောင်းတွေ့ရှိရပါသည်။

    ရဲရွာရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲ အောင်မြင်စွာဆောင်ရွက်ပြီးသွားသော်လည်း၊သတ်မှတ်
    လျာထားသည့် (၇၉၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခြင်းမရှိပါဘဲ၊ (၂၀၀)မဂ္ဂါဝပ်ဝန်းကျင်သာထုတ်လုပ်နိုင်
    ခြင်း၊စက်ရုံအစိတ်အပိုင်းတော်တော်များများယိုယွင်းပျက်စီးမှုများရှိနေပါသဖြင့် နိုင်ငံတော်အတွက်
    များစွာနစ်နာဆုံးရှုံးနေသည်ကိုစီစစ်တွက်ချက်သိရှိရပါသည်။

    သို့ပါ၍ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအား မန ္တလေးတိုင်းစာရင်းစစ်ချုပ်ရုံးမှ
    ထိန်ချန်စစ်ဆေးတင်ပြထားခြင်းအပေါ် ပြန်လည်စီစစ်သုံးသပ်၍သက်ဆိုင်ရာတာဝန်ရှိ
    ပုဂ္ဂိုလ်များအား တာဝန်ယူဖြေရှင်းပေးနိုင်ရေးအတွက် လိုအပ်သလိုအရေးယူဆောင်
    ရွက်ပေးပါရန် နိုင်ငံသားတစ်ဦးအနေဖြင့် တိုင်ကြားအပ်ပါသည်။

    ချမ်းအေး
    မန ္တလေး
    မိတ္တူ- (၁)သမ္မတရုံး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နေပြည်တော်။
    (၂)ပြည်သူ့လွှတ်တော်ဥက္ကဌရုံး၊နေပြည်တော်။

    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဝန်ထမ်းတစ်ဦးဧ။်ပေးစာ
    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတင်ပြချက်အရ ဝန်ကြီးဌာနအချို့သိန်းထောင်ချီ၍အလွဲသုံးမှုရှိကြောင်း
    လွှတ်တော်တွင်ဆွေးနွေးကြောင်းသိရသဖြင့်ဤစာကိုလွှတ်တော်ကိုယ်စားလှယ်များသိသာရန်တင်ပြ
    ရခြင်းဖြစ်ပါသည်။

    စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာအရ ပေါ်ပေါက်သောဝန်ကြီးဌာနများမှာအလွဲသုံးမှုအသေးအမွှားများသာ
    ဖြစ်ပြီး၊ဝင်ရောက်စစ်ဆေးသောစာရင်းစစ်အဖွှဲ့အပေါ် ဝတ္တရားကျေပြွန်မှု(လာဘ်ထိုးမှု) မရှိခဲ့သည့်
    အခြေအနေပေါ်တွင်မှီတည်ပေါ်ပေါက်ခဲ့ခြင်းသာဖြစ်ပါသည်။

    ကြီးမားကျယ်ပြန့်သောအလွဲသုံးစားမှုများရှိနေသောဝန်ကြီးဌာနများတွင်မူစစ်ဆေးသည့်စာရင်းစစ်
    အဖွဲ့အပေါ်ဝတ္တရားကျေပြွန်မှု(လာဘ်ထိုးမှု)ပမာဏကြီးမားသဖြင့်ပေါ်ပေါက်မှုမရှိခဲ့ခြင်းသာဖြစ်ပြီး၊
    တရားဝင်တင်ပြတိုင်ကြားထားသည့်သာဓကများလည်းရှိခဲ့ပါသည်။

    မြန်မာနိုင်ငံဧ။်ဂုဏ်ထူးဆောင်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးနှင့်ပါတ်သက်သည့်မန ္တလေးတိုင်း
    စာရင်းစစ်ဆေးရေးအဖွဲ့ဧ။်စာရင်းစစ်ဆေးတင်ပြမှုအပေါ်တွင်ထိန်ချန်ထားသည့်အလွဲသုံးမှုများအား
    ပြန်လည်စီစစ်ပေးနိုင်ရန်မန ္တလေးမြို့အောင်မြေသာဇံမြို့နယ်နေ အငြိမ်းစားစာရင်းစစ်ဝန်ထမ်းတစ်
    ဦးမှစာရင်းစစ်ချုပ်ထံ တာဝန်သိစွာတင်ပြတိုင်ကြားခဲ့ပြီး၊သမ္မတရုံးသို့မိတ္တူပေးပို့ခဲ့ပါသည်။

    သို့သော်လည်း၎င်းတိုင်ကြားစာမှာလိပ်မူပါဌာနသို့အရောက်ဌာနအကြီးအကဲအမိန့်ဖြင့်
    ဖျောက်ဖျက်ခြင်းခံခဲ့ရပါသည်။မိမိထံရှိ အဆိုပါစာမိတ္တူပါအကြောင်းအရာများအား စာရင်းစစ်
    ချုပ်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများသိသာအရေးယူဆောင်ရွက်နိုင်ရန်
    ပူးတွဲဖေါ်ပြလိုက်ပါသည်။
    ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးမှာမန ္တလေးတိုင်းဒေသကြီးအတွင်းတွင်တည်ရှိပြီးတရုပ်ပြည်
    သူ့သမ္မတနိုင်ငံဧ။်ချေးငွေသန်း(၂၀၀)ကျော်အားအတိုးဖြင့်ချေးငှားအသုံးပြုခဲ့ပြီး၊တရုပ်ကုမ္ပဏီများ
    ထံမှပစ္စည်းများ၊လုပ်ငန်းများအပ်နှံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အဆိုပါတရုပ်ကုမ္ပဏီများထံလုပ်ငန်း
    အပ်နှံစာချုပ်ချုပ်ဆိုရေးအတွက်ဦးအောင်သောင်းဧ။်သား ဦးနေအောင်ပိုင်ဆိုင်သော အိုင်ဂျီအီး ကုမ္ပဏီမှမြန်မာပွဲစားကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့သည်။

    တိုင်ကြားစာဧ။်အဓိကအနှစ်ချုပ်မှာ လုပ်ငန်းနှင့်ပစ္စည်းများအားတရုပ်ချေးငွေဖြင့်ဝယ်ယူ
    အပ်နှံဆောင်ရွက်ခဲ့သော်လည်း၊အဆိုပါလုပ်ငန်းများထဲမှလုပ်ငန်းအများစုအားနိုင်ငံပိုင်
    ကျပ်ငွေအားထပ်မံသုံးစွဲ၍ပြည်တွင်းကုမ္ပဏီကြီးများထံအလီလီလုပ်ငန်းအပ်နှံ၍ထုတ်ယူသုံးစွဲခြင်း၊
    တဖန်စီမံကိန်းအရာရှိများမှလည်း၎င်းလုပ်ငန်းများကိုပင်
    ခန့်မှန်းခြေစာရင်းရေးဆွဲ၍နိုင်ငံပိုင်ကျပ်ငွေအားထပ်မံထုတ်ယူသုံးစွဲထားခြင်း၊အဆိုပါလုပ်ငန်း
    အတွက်ဝန်ထမ်းလစာ၊စားရိတ်များပါထပ်မံကုန်ကျထားခြင်း စသဖြင့်တရုပ်ချေးငွေဖြင့်အပြီးအပ်နှံ
    ထားသောလုပ်ငန်းများကိုထပ်မံလုပ်ငန်းပြသုံးစွဲခဲ့သည့်အလွဲသုံးမှုများကြီးမားစွာပေါ်ပေါက်ခဲ့မှု
    ကိုစေတနာမှန်စွာဖြင့်တိုင်ကြားတင်ပြထားသည်ကိုစီစစ်တွေ့ရှိရပါသည်။

    အလားတူအခြားဝန်ကြီးဌာနများ၊စီမံကိန်းများတွင်လည်း ထိန်ချန်ထားသည့်အလွဲသုံးစား
    မှုဖြစ်ရပ်များရှိမှာသေခြာသည့်အတွက်စနစ်တကျစီစစ်ဖေါ်ထုတ်အရေးယူသင့်ပါကြောင်း
    တင်ပြလိုက်ရပါသည်။သစ်ထူးလွင်မှ copy

    Reply

  • ရွာစားကျော်

    March 17, 2012 at 8:58 pm

    ကဲဗျာ ဘယ်နှယ့်ရှိစ..
    တရားစွဲကြလေဗျာ…
    မတရားစားတဲ့ ဝန်ထမ်းတွေ အရာရှိတွေရော
    လာဘ်ယူပြီးထိန်ချန်ထားတဲ့သူတွေကိုရော

    ရဲရွာရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲ အောင်မြင်စွာဆောင်ရွက်ပြီးသွားသော်လည်း၊ သတ်မှတ်
    လျာထားသည့် (၇၉၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခြင်းမရှိပါဘဲ၊ (၂၀၀)မဂ္ဂါဝပ်ဝန်းကျင်သာ ထုတ်လုပ်နိုင်
    ခြင်း၊ စက်ရုံအစိတ်အပိုင်းတော်တော်များများ ယိုယွင်းပျက်စီးမှုများရှိနေပါသဖြင့် နိုင်ငံတော်အတွက်
    များစွာနစ်နာဆုံးရှုံးနေသည်ကို စီစစ်တွက်ချက်သိရှိရပါသည်။
    ….
    အဆိုပါတရုပ်ကုမ္ပဏီများထံလုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆိုရေးအတွက် ဦးအောင်သောင်းဧ။်သား ဦးနေအောင်ပိုင်ဆိုင်သော အိုင်ဂျီအီး ကုမ္ပဏီမှမြန်မာပွဲစားကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့သည်။

    သတ်မှတ်ချက်အတိုင်း မလုပ်ပေးနိုင်တဲ့ တရုတ်ကုမ္ပဏီများကိုုရော၊ ခရိုနီမြန်မာပွဲစားကုမ္ပဏီကိုပါ တရားစွဲကြစမ်းပါ…
    သူတို့ စားဝထားတော့ ပါးစပ်ပိတ်ပြီး အမြီးကုပ်နေတယ်..
    ခွေးသတောင်းစား အမျိုးယုတ်တွေ..

    Reply

  • Lwin Aung

    March 17, 2012 at 10:49 pm

    Myanmar people ( 50 millions ) is poor. China and Myanmar’s crook will suffer same as reaction in the future.
    At the Mining matter, U Tin Aye ( Chairman, Election Committee ), U Ohn Myint ( Former Minister ), Ivanho Co,
    and Honkong’s Company must talk real events at the Justice.

    Reply

  • ရွာစားကျော်

    March 18, 2012 at 7:11 pm

    http://www.thithtoolwin.com/2012/03/blog-post_921.html
    ကိုသစ်ထူးလွင်မှတဆင့်
    The voice ဂျာနယ်သို့
    ဟိုတစ်နေ့က အစိုးရ သတင်းစာကနေ သတ္တုတွင်းဝန်ကြီးဌာနက အဂတိလိုက်စားမှုတွေကို ဖေါ်ပြခဲ့တဲ့ The voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးက အသရေဖျက်မှုနဲ့ တစ်ရားစွဲမယ်ဆိုလို့ အမှန်တရားကို မြတ်နိုးသူ ပြည်သူတစ်ယောက်အနေနဲ့ ရယ်စရာကောင်းလွန်းလို့ ဒီစာကို ရေးလိုက်ရတာပါ။ မည်သူ့ကို နစ်နာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ပါဘူး။ အမှန်တရားကိုတော့ နိုင်ငံတော်သမတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ကြီးများ သိစေချင်လို့ ရေးလိုက်ရတာပါ။
    ကျွန်တော်တို့ မုံရွာမြို့နယ် ကြေးနီသတ္တုတွင်းမှာ ကြေးနီတန် ၃၃၈-တန် ဖျောက်ဖျက်မှုကြီးဟာ တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့ အမှုကြီးပါ။ သတ္တုတွင်းဝန်ကြီးအနေနဲ့ တစ်ကယ်မသိခဲ့ဘူးဆိုရင် လွှတ်တော်ထဲမှာ ဗြောင်ငြင်း နိုင်ပါတယ်။ ဒီအမှုကြီးကို တာဝန်သိ ဝန်ထမ်း ၄၆ ယောက်က နိုင်ငံတော်အကျိုးနဲ့ ဝန်ထမ်းတွေ အကျိုးအတွက် ဖေါ်ထုတ်ခဲ့ကြလို့ ဝန်ထမ်းအားလုံး သိသွားရတာပါ။ ဝန်ထမ်းတွေ အကျိုးအတွက်ဆိုတာကို နဲနဲ ရှင်းပြချင်ပါတယ်။ အိုင်ဗင်ဟိုး ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ အလွှဲအပြောင်းမှာ ဥပဒေကြောင်းအရ ဝန်ထမ်းများကို ပေးရန် ရှိသည့်
    လျှော်ကြေးငွေ ကြေးနီ ၅၃-တန် ရောင်းပြီး ပေးရမည့်ငွေကို ဝန်ထမ်းများကို မပေးတော့ဘဲ အလွှဲ အပြောင်း စပ်ကူးမတ်ကူးမှာ ထုတ်လုပ်လိုက်တဲ့ ကြေးနီ ၂၈၅-တန်ကိုပါ ု မထုတ်ပါဘူး ဆိုပြီး စာရင်းဇယာများ၊ ကွန်ပြူတာဒေတာများကို စံနစ်တကျ ဖျောက်ဖျက်ပြစ်ပြီး ရန်ကုန်ကို တင်ပို့ ရောင်းစားပစ်ကြပါတယ်။ ဒီလို စာရင်းဇယားတွေ စံနစ်တကျနဲ့ ဖျောက်ဖျက်နိုင်တယ် ဆိုတာကလည်း တာဝန်ရှိအရာကြီးများကသာ လုပ်နိုင်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ အောက်ခြေ ဝန်ထမ်းများ အနေနဲ့ကေတော့ ကြေး ၁ဝ သား ယူဘို့တောင် ခက်ခဲ လှပါ တယ်။ မရှိလို့ ခိုးမိတဲ့ အောက်ခြေ ဝန်ထမ်းများမှာ မိသွားရင် ချက်ချင်းဖြုတ်ပြစ်ချင်း ခံရပါတယ်။
    ယခု ဒီတိုင်ကြားမှုနဲ့ ပါတ်သက်၍ ပထမအနေနဲ့ စစ်ကိုင်းတိုင်း စာရင်းစစ်အဖွဲ့က လာရာက်စစ်ဆေးပြီး အမှုမှန်ပေါ်ပေါက်တဲ့ အတွက် အထက်ကိုဆက်လက်တင်ပြပါတယ်။
    ဒုတိယအကြိမ် သစ်တောရေးရာ ဝန်ကြီးဦးဝင်းထွန်း ခေါင်းဆောင်ပြီး၊ လာရောက်စစ်ဆေးပါတယ်။ အမှု မှန်ပေါ်သည့်အတွက် ဆားလင်းကြီးရဲဌာနမှာ အမှုဖွင့်ပြီး ရန်ကုန်ရောက်နေတဲ့ ကြေးနီ ၃၃၈-တန်ကို ပြန်သိမ်း ပါတယ်။ ကြေးနီ ၃၃၈-တန်ကို ပြန်မိတာတောင် မည်သူတစ်ဦးတစ်ယောက်မှ အရေးမယူခဲ့ပါဘူး။
    ၂၀၁၂ ဇန္နဝါရီလထဲမှာတော့ အဲဒီကြေးနီ ၃၃၈-တန်ကို နိုင်ငံတော် သမတကြီးအမိန့်နဲ့ ရောင်းချလိုက်ပြီး ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးမှာ ကင်ဆာစက်ကြီးနှစ်လုံး ဝယ်လှူလိုက်တယ်လို့ သတ္တုတွင်း ယာယီညွှန်မှူး ဦးကျော်ဆန်းမှ လာရောက်ပြောဆိုပါတယ်။ ဒီကိစ္စဟာ ဥပဒေကြောင်းအရ မဖြစ်နိုင်ဘူး သမတကြီးညွှန်ကြား တာလဲ မဖြစ်နိုင်ဘူးဆိုပြီး၊ ဝန်ထမ်း ၄၆ဝ ခန့် လက်မှတ်ရေးထိုးပြီး၊ သမတထံ ထပ်မံတင်ပြကြပါတယ်။
    အဲဒါကြောင့် စ သုံးလုံးမှ လာရောက်ပြီး တာဝန်သိ ဝန်ထမ်းတွေကိုရော ကြေးဖျောက်ဖျက်မှုမှာ ပါဝင် ပါတ်သက်သူတွေကိုရော လာရောက်စစ်ဆေးပါတယ်။ ယခုအချိန်ထိတော့ အမှုက ဆင်ကောင်ကြီးတွေ့ပြီးမှ ဆင်ခြေရာ လိုက်ရှာနေ သလားမသိပါ။ ဒီလောက်ပေါ်လွင်နေတဲ့ အမှုကို အရေးယူဘို့ရာ ဘာတွေခက်ခဲနေ သလဲ ဆိုတာလဲ မသိပါ။ လွှတ်တော်သို့ ရောက်နေပြီလို့သာ သတင်းတွေအရ သိရပါတယ်။ ဒီအမှုအား နိုင်ငံေတော်သမတကြီးနဲ့ လွှတ်တော်ကြီးတို့ မည်သို့ မည်ပုံ ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ အမှန်တရားကို မြတ်နိုးသူများအနေနဲ့ စောင့်ကြည့်လျက် ရှိနေပါတယ် The voice ဂျယ်နယ်ရေ။ နောင်ကိုလဲ စတုတ္ထမဏ္ဍိုင်ပီပီ ပြည်သူတွေသိရှိပြီး တိုင်းပြည်အတွက် ဆင်ခြင်နိုင်မဲ့ သတင်းတွေကို ရဲရဲဝင့်ဝင့်တင်ပြပေးပါဦးလို့။

    အမှန်တရားမြတ်နိုးတဲ့ ကြေးနီဝန်ထမ်းများ

    Reply

Leave a Reply

Your email address will not be published.