(၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၊ နေပြည်တော်

(၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

(၉-၃-၂၀၁၂) ဖွင့်ပွဲနေ့မှာ ပြပွဲကို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

နေပြည်တော်တွင် ဆဌမအကြိမ်မြောက်  ကျင်းပတဲ့ပြပွဲမှာ ကျောက်စိမ်းအတွဲ ၁၆၆၉ရ တွဲ၊ ကျောက်မျက်အတွဲ ၂၂ရ တွဲ၊ ပုလဲအတွဲ ၃၆ရ တွဲကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချမှာဖြစ်ပါတယ်။

ပြပွဲသို့ နိုင်ငံပေါင်း ရှစ်နိုင်ငံ၊ ပြည်ပကုမ္ပဏီ ၄၃၂ ခုမှ နိုင်ငံခြားသား ရတနာကုန်သည် ၁၉၅၁ ဦးနှင့် ပြည်တွင်းကုမ္ပဏီ ၆၄၉ ခုတို့မှ ရတနာကုန်သည် ၃၀၃ရ ဦးခန့် ရောက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ရေးသားထားပါတယ်။

ရက်အနည်းငယ်နောက်ကျနေပေမယ့် မန်းဂေဇက်ဝိုင်းတော်သားများ ဗဟုသုတအလို့ငှာ ဓတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ အားပေးကြပါဦး..။

ပုံ (၁) ဒုသမ္မတက စက်ခလုတ်နှိပ်လို့ ဖွင့်ပေးပြီး
ပုံ-၂ ရောင်စုံဘောလုံးတွေနဲ့ ဖွင့်ပွဲနေ့
ပုံ-၃ ပြပွဲကျင်းပရာခန်းမကို အဝေးတစ်နေရာမှ
ပုံ-၄ အနီးကပ် မဏိရတနာ ကျောက်စိမ်းခန်းမ
ပုံ-၅ ပြပွဲကွင်းထဲအရောက် တွေရမည့် ကမ္ဗည်းတိုင်တွေ
ပုံ-၆ ခန်းမကြီးအတွင်းဝယ်

 

ပုံ-ရ ရောင်းသူ၊ ဝယ်သူ ဈေးညှိယူ

 

ပုံ-၈ တင်ဒါအောင်တဲ့သူတွေ
ပုံ-၉ ခန်းမကြီး အပြင်မှာ ခင်းကျင်းထားတဲ့ ကျောက်တွဲများ

 

ပုံ-၁ဝ ဝစိတ်ကြိုက်လော့ စွေ့ဘီ၊ ဘီလောက်လဲ
ပုံ-၁၁ ကျောက်စိမ်းအတွဲ သေတ္တာလိုက်ပဲ
ပုံ-၁၂ ဒီကျောက်တွဲက ပိုကောင်း

 

ပုံ-၁၃ ဒါ့ကြောင့်များ ကျောက်စိမ်းလို့ခေါ်လေသလား

 

ပုံ-၁၄ လှလိုက်တဲ့ မြန်မာ့ကျောက်စိမ်း
ပုံ-၁၅ ဒီကျောက်လေးက ပုံတစ်မျိုး
ပုံ-၁၆ ကျောက်ရောင်စုံ

 

ပုံ-၁ရ ဒါက ကျောက်စိမ်းဟုတ်ဘူးဆိုပါလား

 

ပုံ-၁၈ အင်ကြင်းကျောက်
ပုံ-၁၉ လေပြိုချိန် အဲ..နေညိုချိန် အဝင်ဂိတ်လေး

 

9 comments

  • ကိုရင်မောင်

    March 14, 2012 at 3:55 pm

    ရွာစားကျော်ရေ ဗဟုသုတရတယ်ဗျို့
    ကျေးဇူးဘဲ……

    Reply

    • ရွာစားကျော်

      March 14, 2012 at 4:21 pm

      ကျနော် တင်ရကျိုးနပ်ခဲ့ပြီပေါ့ ကိုရင်မောင်ခင်များ

      Reply

  • pooch

    March 14, 2012 at 5:28 pm

    ှုီဦးထုပ်နဲ့ကျောပေးရပ်နေတာ ရွာထဲက ကျောက်ဘောသူဋ္ဌေးမောင်ပေ ထင်တာပဲ :mrgreen:

    Reply

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 12:04 am

    ပိုးစိုးပက်စက် ကျေးဇူးတင်ပါတယ် အမောင် ရွာစားကျော်။
    ကြည့်ရခဲ မြင်ရခဲ မြင်ကွင်းပါလား ဟရို့။
    ကံကောင်းလို့ မြင်ခွင့်ရတာကလား ။
    အသင် ရွာစားကျော်သည် အဝယ်တော် (သို့) ရောင်းသူ ဖြစ်မည်လော ။
    သို့တည်းမဟုတ် ကျောက်လောကသားပေလော ။

    Reply

  • padonmar

    March 15, 2012 at 12:43 am

    ရောက်ခဲမြင်ရခဲတဲ့ ပုံတွေတင်ပေးတာ ကျေးဇူးပါ။

    Reply

  • kai

    March 15, 2012 at 1:52 am

    ကျောက်မျက်တွေကို.. မြန်မာပြည်ထဲဈေးကွက်ဖြစ်အောင် လုပ်ယူနေတာ.. ဖြည်းဖြည်းချင်းအောင်မြင်လာတဲ့.. သဘောတွေ့ရပါတယ်.။

    တကယ်လည်း.. မြန်မာ့ကျောက်မျက်ဟာ.. မြန်မာ့လက်ထဲရှိသင့်တာပေါ့..
    ဂုဏ်ယူကြောင်းနဲ့..ပုံသတင်းတွေအတွက်.. ကျေးဇူးတင်ကြောင်း…။ 😆

    Reply

    • ရွာစားကျော်

      March 15, 2012 at 12:41 pm

      သူကြီးရေ
      မြန်မာပြည်ထဲဈေးကွက်ဖြစ်အောင် လုပ်ယူနေတာ.. ဖြည်းဖြည်းချင်းအောင်မြင်လာတဲ့.. သဘောတွေ့ရပါရဲ့ မြန်မာ့ကျောက်မျက်ဈေးက မြန်မာတွေလက်ထဲမှာတော့ မရှိသေးပါဗျာ..
      မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သမ္မတကြီးကြေငြာပြီး မကြာပါဘူး တရုတ်ကြီးက သူ့နိုင်ငံထဲမှာ ကျောက်စိမ်းအတွက် အခွန် ၃၀% ကောက်မယ်လို့ သတင်းထုတ်ခဲ့ပါတယ်..
      အဲဒီအခါ ပြီးခဲ့တဲ့ကျောက်မျက်ပွဲမှာ တရုတ်ပြည်က တချို့ကျောက်ပွဲစားတွေက စာရံပေးပြီးသား ပစ္စည်းတွေ လာရွေးကြတော့ပဲ စာရံပေးထားတဲ့ငွေတွေ အဆုံးခံသွားတာ ရှိကြောင်း
      ကျောက်လောကသားမိတ်ဆွေတစ်ယောက်ထံမှ ကြားသိခဲ့ရဖူးပါတယ်..

      Reply

  • Khin Latt

    March 15, 2012 at 5:26 am

    အဟမ်း … အဟမ်း .. အဟမ်း …
    သူကြီးမင်း ကိုယ်တော်တိုင် ဆင်းလာပြီး ချီးမွမ်းနေပြီ။
    ရွာသူ/သား တွေ မပြောမရှိ နဲ့။
    သူကြီးမင်း က တစ်သားတည်း ဖြစ်အောင် ကြိုးစားနေပြီ။
    မြင်တယ်နော်။ 8)

    ရွာစားကျော်ရေ – ကြည့်ရတာ မင်းက အဲဒီမှာ တာဝန်ရှိ သူ တစ်ယောက်ယောက် ထင်ရဲ့။
    ဒါမျိုး ရှေးတုန်း က သတင်းစာ မှာဘဲ တွေ့ဘူးတယ်။
    အခု လို ပြန်တွေ့ရတာ မို့ ဓာတ်ပုံလေးတွေ အတွက် ကျေးဇူးပါနော်။ 🙂
    မိုးပျံ ဘော်လုံး တွေက လှလိုက်တာ။
    ကိုင်ထားတဲ့ ကောင်မလေး တွေ ကိုရော မရိုက်ခဲ့ ဘူးလား။ (ဓာတ်ပုံ)

    Reply

  • ရွာစားကျော်

    March 15, 2012 at 9:42 am

    ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော် says:
    အသင် ရွာစားကျော်သည် အဝယ်တော် (သို့) ရောင်းသူ ဖြစ်မည်လော ။
    သို့တည်းမဟုတ် ကျောက်လောကသားပေလော ။
    Khin Latt says:
    ရွာစားကျော်ရေ – ကြည့်ရတာ မင်းက အဲဒီမှာ တာဝန်ရှိ သူ တစ်ယောက်ယောက် ထင်ရဲ့။

    အာဟိ.. မြောက်တတ်သွားဘီ :mrgreen:
    မဟောသဓာ ထုံး နှလုံးမူလျက်
    ဘယ်သူ့မှ ပြန်မပြောနဲ့.. ဒါဟာ လျှို့ဝှက်ချက် 😆

    Reply

Leave a Reply

Your email address will not be published.