ဒါက ဗေဒင်ဆရာတဲ့လား….????

Kaung Kin PyarMarch 14, 20121min031

မိုးပြာက ဗေဒင်ဝါသနာမပါပါဘူး..။ နာမည်ကြီးတယ် ဘာညာပြောလဲ မသွားဖြစ်ဘူး။ ဆရာမင်းသိင်္ခရှိတုန်းကတောင် အိမ်ကလူတွေသွားကြပေမယ့် မလိုက်သွားခဲ့ဘူး။ ဒါပေမယ့် မိုးပြာအရင်အလုပ်မှာက မိန်းခလေးများတော့ ကိုးထပ်ကြီးဘုရားက ဆရာအောင်ဇေယျာဗိုဟောတဲ့ ဗေဒင်မှန်တယ် ဘာညာပေါ့နော်။ သွားရတာလဲ လွယ်တယ်၊ ညွှန်းတဲ့သူကလဲ ညွှန်းတယ်၊ ကိုယ်တိုင်ကလဲ အလုပ်ပြောင်းချင်တာလေးရှိနေတော့ သွားတော့ မေးဦးမှပေါ့။

ဒါနဲ့ အားတဲ့တစ်ရက်မှာပဲ…မိုးပြာရဲ့ ညီမလေးကိုခေါ်ပြီး မနက်ပိုင်း ကိုးထပ်ကြီးဘုရားမှာ ဗေဒင်သွားမေးပါတယ်။ မြေနီကုန်းကနေ ဟိုဘက်ကို ကားပြန်စီးရတော့ လွယ်တာပေါ့။ မရောက်တာလဲ ကြာပြီဆိုတော့ ဘုရားလေးဘာလေး ရှိခိုးပြီး ဗေဒင်ဆိုင်ခန်းကို လိုက်ရှာပါတယ်။

ဘုရားဝင်းကလဲ သိပ်မကျယ်တော့ ကြာကြာမရှာလိုက်ရပါဘူး။ တွေ့ပါတယ်။

ဆိုင်ခန်းက မကျဉ်းမကျယ်လေးပါ။ မှန်အမည်းတွေ ကာထားတော့ အပြင်က အထဲကို မတွေ့နိုင်ပါဘူး။ မိုးပြာတို့က အစောဆုံးရောက်သွားတော့ တခြားလူ မစောင့်ရဘူး။ တန်းဝင်ပြီး ဗေဒင်မေးရုံပါပဲ။ မိုးပြာကို အရင်ဟောပါတယ်။ ဟောတာကတော့ မှန်တာရှိ မမှန်တာရှိပေါ့။ ဗေဒင်မေးသူ ဟောသူ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုပြီး ညီမကို အပြင်က စောင့်ပါတဲ့။

မိုးပြာကတော့ မကြောက်ပါဘူး။ မိုးပြာအိတ်ထဲ ဓားအမြဲဆောင်ထားတယ်။ ပုံမှန်ပဲ မေးဟောပြီးတော့ မိုးပြာညီမအလှည့်ပါ။ မိုးပြာလဲ ဒီလိုပဲ အပြင်က စောင့်တယ်။ အထဲက အသံကိုတော့ နားစွင့်နေတာပေါ့။ မိုးပြာရဲ့ ညီမလဲ သိပ်မကြာခင်ထွက်လာပါတယ်။

သူက နောက်ထပ် ထပ်လာရမယ်တဲ့။ ဒီမှာ အဆောင်ပေးမယ်လို့ပြောတယ်တဲ့။ သူ လာရမယ့်နေ့က မိုးပြာအလုပ်ရှိတဲ့နေ့ပါ။ သူကလဲ သူ့သူငယ်ချင်း ခေါ်သွားမယ်ဆိုတော့ မိုးပြာလဲ စိတ်ချလိုက်တာပေါ့နော်။

အဲ့ဒီနေ့က…

မိုးပြာရုံးတက်နေတဲ့အချိန် ညီမက ဖုန်းဆက်လာတယ်။ ငိုသံကြီးနဲ့။ သူ ငိုပြီး ပြောတာက….အစ်မ…အစ်မ…အဲ့ဒီဗေဒင်ခန်းကို မသွားနဲ့တော့..သိလား ..ဗေဒင်ဆရာက နှာဘူးကြီးတဲ့…။

မိုးပြာလေ…ရင်ကိုထိတ်သွားတာပဲ….ညီမကို ဗေဒင်ဆရာ ဘာလုပ်လိုက်တာလဲ…..

မိုးပြာအတင်းမေးတော့မှ ညီမက ပြောတယ်။ သူ့သူငယ်ချင်းမအားလို့ တစ်ယောက်တည်းသွားလိုက်တာ…..

သူ့ကို တကိုယ်လုံး ပြန်မန်းပြီး သိဒိ္ဓတင်မယ်ဆိုပြီး ဗေဒင်ဆရာက အမွှေးဆီတွေ သူ့လက်မှာလိမ်းပြီး သူ့ခန္ဓာကိုယ်ကို ပွတ်တယ်တဲ့။ တစ်ကိုယ်လုံးနီးပါးပဲတဲ့…..။ ဒါတောင် မရသေးဘူး။ နောက်နေ့ထပ်လာခဲ့ပါ။ ဒီမှာထက် ကောင်းတဲ့နေရာ ရှိတယ်လို့ ပြောနေသေးသတဲ့…။

အိုးးးးးးးးးးမိုးပြာဖြင့် မျက်လုံးတွေတောင် ပြာသွားတာပဲ။

ညီမက ငိုလဲငို၊ ကြောက်လဲကြောက်၊ ရှက်လဲ ရှက်နဲ့…..။ မိုးပြာရုံးကို အကျိုးအကြောင်း ပြောပြီး ချက်ချင်းလိုက်သွားရတယ်….။

ဒီ လူ့အယုတ်တမာကို ဘယ်လို ဆုံးမရမလဲ။ မိုးပြာ ဒါတွေကို မပြောချင်ပါဘူး။ ဒါပေမယ့် ရွာသူတွေကို သိစေချင်တယ်။ မိုးပြာတို့လို မမှားစေချင်ဘူး။ ဒီလူယုတ်မာကိုလဲ ဆုံးမချင်တယ်။ ဘယ်လိုအပြစ်နဲ့ ထိုက်တန်မလဲ သိချင်ပါတယ်။

ရွာသူတွေကိုလဲ သတိထားစေချင်တယ်။ ဗေဒင်မှာ ဒါတွေရော ရှိလို့လား…..????။

 

 

31 comments

  • water-melon

    March 14, 2012 at 9:19 am

    ဗေဒင်ဆရာတိုင်းတော့မဟုတ်လောက်ပါဘူး
    လောကမှာအဆိုးအကောင်းက ဒွန်တွဲနေတာဆိုတော့
    တရားစွဲပါလား
    စိတ်မကောင်းပါဘူး

    Reply

  • ဦးဦးပါလေရာ

    March 14, 2012 at 9:29 am

    ပြောတဲ့အတိုင်းအမှန်ဆိုရင်အဲဒီ ဗေဒင်ဆရာအမည်ကို ဒီမှာရေးတင်လိုက်လေ။
    သူ့အပြစ်နဲ့တန်တဲ့ ဆုံးမမှုမျိုး ရသွားနိုင်ပါတယ်။
    ဒီဆိုက်မှာ ကြည့်မြင်တိုင်သားနဲ့ စမ်းချောင်းသားတွေအများကြီး…။ 🙂

    မှန်အမည်း/အရောင်/အမှုန် ကာထားတယ် သို့မဟုတ် လိုက်ကာကာထားတယ်ဆိုကတည်းက ဒီဗေဒင်ဆရာမရိုးသားမှန်း ထင်ရှားပါတယ်။

    “သူ့ကို တကိုယ်လုံး ပြန်မန်းပြီး သိဒိ္ဓတင်မယ်” ဆိုကတည်းက လုံးဝမူမမှန်တော့တာလဲ ထင်ရှားပါတယ်။
    ဗေဒင်မေးတဲ့သူကလဲ သိဒ္ဓိတင်မခံသင့်ဘူး။ သူ့ဟာသူတောင် သိဒ္ဓိမပြီးလို့ သိဒ္ဓိမမြောက်လို့ ဗေဒင်ဟောစားနေတဲ့ဟာကို……။

    ဗေဒင်ဆရာနံမယ်ဖေါ်ပြရင် လက်မြန်တဲ့ကျုပ်တပြည့်မတယောက်လွှတ်လိုက်မယ်။
    အဲဒီဗေဒင်ဆရာတော့ ဒူးနဲ့တိုက်မိပြီးကျိုးသွားတဲ့ သူ့နှာခေါင်းရိုးကို နီးရာအာရှတော်ဝင်ဆေးရုံမှာ ကိုယ့်ဟာကိုယ်သိဒ္ဓိသွားတင်ဘို့ ပြင်ပေတော့…။

    Reply

    • ရွာစားကျော်

      March 14, 2012 at 11:04 am

      ကိုးထပ်ကြီးဘုရားက ဆရာအောင်ဇေယျာဗိုလို့ရေးထားပါတယ်
      အမြန်ဆုံး ဆုံးမကြစမ်းပါ..နောက်ထပ်အမျိုးကောင်းသမီးတွေ အစော်ကားမခံရအောင်..

      Reply

  • kyeemite

    March 14, 2012 at 10:00 am

    ဦးဦးပါလေရာ..ရေ..သူ့စာထဲဗေဒင်ဆရာနာမည်ပါတယ်လေ
    မှန်မမှန်တော့မသိဘူး..ကိုးထပ်ကြီးဘုရားက ဆရာအောင်ဇေယျာဗို
    ဆိုဘဲ..
    လက်မြန်တဲ့ခင်ဗျားတပြည့်မတယောက်..အမြန်လွှတ်လိုက်တော့ဗျို့..

    Reply

  • အသူရာ

    March 14, 2012 at 10:09 am

    အဲ့ဒီလို ကောင်တွေကို မှတ်လောက်သားလောက်ဖြစ်အောင်ဆုံးမသင့်နေပြီ
    ဟိုတစ်လောကလည်း မိထ္တီလာက ကောင်မလေးတစ်ယောက် ကို ဗေဒင်ဆရာလိုလို ဘိုးတော်လိမ်လိုလိုက
    သွေးသားအမြတ်ထုတ်သွားတာ ဖတ်လိုက်ရသေးတယ်

    Reply

  • ahnyartamar

    March 14, 2012 at 10:44 am

    Mostly, women are believe in astrology so that before going into astrology room, check carefully the surrounding if some doubt on it do not go inside. It is can settle the any problem rather than asking the astrology.
    ကိုးထပ်ကြီးဘုရား is very near my home & I know some monks near by so I ask to help from monks & inquire it. If something I get more specific information, I’ll come back to share the information to avoid in future.

    Reply

  • kaung kin pyar

    March 14, 2012 at 11:24 am

    ဒီ အဖြစ်အပျက်က အမှန်ပါ။ ဗေဒင်ဆရာနာမည်ကိုလဲ ရေးထားပါတယ်။ တချို့တွေကတော့ အမျိုးသမီးရေးရာတိုင်လို့ ပြောတယ်။ တချို့ကျတော့ ဂျာနယ်သမားတစ်ယောက်ယောက်ကို ပြောပါတဲ့။
    ကောင်းကင် ညီမကတော့ အဲ့ဒီနောက်ပိုင်း လူနဲ့ စိတ်မကပ်သလိုပဲ တမှိုင်မှိုင်ဖြစ်နေတာ ခုထိ မပျောက်သေးဘူး။ ဆရာဝန်ခေါ်ပြီး လိုအပ်တာအားလုံး စစ်ဆေးပြီးပါပြီ။ သူက စိတ်ကကိုဖြစ်နေတာဆိုတော့။ ကောင်းကင်ညီမက ခုမှ အသက် 17 ပဲရှိသေးတယ်။ သူ့ကို ဒီနှစ်အတွင်းမှာ ယောကျာင်္းရကိန်းမြင်တယ်ပြောလို့ ကြောက်ပြီး ထပ်သွားခဲ့တာ…။

    Reply

  • chel gyi

    March 14, 2012 at 11:30 am

    တကယ်အမှန်ပဲ ဆိုရင်တော့ တော်တော့်ကို ယုတ်မာပက်စက်တာပဲ………….
    ဘုရားမြေမှာ မကောင်းတာလုပ်နေ တာပဲ…..ကျောင်းထိုင်ဘုန်းကြီးနဲ့ ၊ဂေါပဂလူကြီး ကိုသွားတွေ့ဗျာ……

    Reply

  • minnannawar

    March 14, 2012 at 11:40 am

    မဟုတ်မဟတ်လုပ်တတ်တဲ့သူကို ရဲတိုင်အမှုဖွင့်ပြီး၊ ကိုယ်ပေါ်မှာ ကပ်ကျန်ခဲ့တဲ့ အမွှှေးဆီနဲ့ သူသုံးနေတဲ့ဆီ ကို ဓါတုဗေဒခန်းပို့စစ်ဆေး၊ အ ဖြေရရင်တရားစွဲလို့ရပါတယ်။
    ဒီလိုလူမျိုးတွေ လူတောထဲမနေနိုင်အောင် နှိပ်ကွပ်သင့်ပါတယ်။ ယုတ်မာတဲ့သူ ဒီအတိုင်းကြည့်မနေကြပါနဲ့။

    Reply

  • etone

    March 14, 2012 at 11:40 am

    ဖတ်ပြီး ဂရုဏာဒေါသလည်းဖြစ်မိပါတယ် …. ။:evil:
    ကျွန်မညီမသာဆို .. ငိုပြီး ပြန်လာလျှင် …. ကောင်းကောင်းကို ထပ်ဆူဦးမှာ .. အသေချာပါပဲ … ။
    သူကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ သူများ နှာဘူးကျတာ ခံလားပြီး .. အပြင်ရောက်မှ ရင်ဖွင့်ပြီး ငိုလည်း … တကယ်ဆို အပိုပါပဲ … ။

    မိန်းကလေးတွေ .. အဲ့ဒါဆိုးတယ် … မိမိရဲ့ .. အရှက်နဲ့ .. ဂုဏ်သိက္ခာကိုထိပါးလာတဲ့ ကိစ္စ .. ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တာ …. ပျော့ညံ့လွန်းတယ်လို့ထင်မိပါတယ် … ။ ဒီလူ တဏှာရူးဆိုလျှင် .. သူနဲ့ ထိုက်တန်တဲ့ … တစ်ခုခုတော့ .. ပြန်ပေးခဲ့ရမှာပေါ့လေ … ။ကိုးထပ်ကြီး က … ဗေဒင်ဟောခန်းလိုမျိုးက .. အလုံပိတ်မဟုတ်တဲ့အတွက် .. အသံခပ်မြင့်မြင့်ပြောလျှင်တောင် … အပြင်လူကြားနိုင်ပါတယ် …. ။ ပွဲကြမ်းခဲ့သင့်တာ …. ။

    မိုးပြာရေ .. (ခေါ်ရတာတော့တမျိုးပဲ .. ဟိုမိုးပြာဆရာတော် ကိစ္စလည်းရှိသေးသမို့) …. ညီမလေးကို … စိတ်ခွန်အား ဖြည့်ပေးဖို့ အရေးကြီးပါတယ် … ။ ဒီတစ်ခါ … နှာဘူးထတာ .. (ကာမရယူတာမဟုတ်သေးလို့) … နောက်တစ်ကြိမ် … ဘယ်သူ့ဆီကဖြစ်ဖြစ် အလားတူ ကိစ္စတွေ မဖြစ်စေဖို့ … ကိုယ်မှန်တယ်ထင်လျှင် ..ပြောရဲ ဆိုရဲ … လုပ်ရဲ တတ်ဖို့ … စိတ်ခွန်အားဖြည့်ပေးပါ … ။ ကြုံခဲ့ရတဲ့လူက ..ကိုယ်တိုင်မဟုတ်တော့လည်း .. ဘေးလူတွေက … သူ့ကို .. သတိ္တမွေးဖို့ တိုက်တွန်း ပေးရုံသာ လုပ်နိုင်မှာလေ …… ။

    ဒီပို့စ်လေးဖတ်ပြီး ..ဖြစ်နိုင်မယ်မထင်တဲ့ စိတ်ကူးရတယ် … အဲ့ဒါကတော့ ရွာသူရွာသားတွေပေါင်းပြီး .. အဲ့ဒီလို လူလိမ်တွေကို .. အကွက်ချဖော်ထုတ်တာမျိုးလေးလုပ်ပြီး …. ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို ကယ်တင်ရအောင်လေ …. … ။ အားလုံးကိုယ့်အလုပ်နဲ့ကိုယ်မို့ .. ခက်ခဲမယ်ဆိုတာ သိပါတယ် … ။ တွေးကြည့်ရုံလေးပါ … 😀

    Reply

    • Moe Z

      March 14, 2012 at 1:07 pm

      မမအိတုံရေ တစ်ခါလောက် လိုင်းကားအတူတူပတ်စီးရအောင် 😀

      Reply

      • etone

        March 14, 2012 at 2:31 pm

        ကောင်းတာပေါ့ မိုးဇက်ရေ … ။
        နေဦး .. နေဦး … ပန်ဆယ်လ် ဟီး ရယ် … ပင်အပ်တစ်ဒါဇင်ရယ် … ပြေးဝယ်လိုက်ဦးမယ် …. 😆

        Reply

  • MTY

    March 14, 2012 at 11:41 am

    အင်္ဂလိပ်လိုရေးတာအားပေးပါတယ်။
    သဒ္ဒါအသုံးအနှုံးလေးပိုကောင်းစေချင်တယ်။

    Reply

  • kaung kin pyar

    March 14, 2012 at 11:48 am

    မအိတုံ ပြောတာဟုတ်ပါတယ်။ ဒါမျိုးလူတွေကို လက်ခံထားသမျှတော့ ရှိနေဦးမှာပါပဲ။ မိုးပြာလဲ တော်တော့ကို ဆူလိုက်ပေမယ့် ကိုယ့်ညီမလဲ ဖြစ်နေတော့ သနားပြီး သိပ်မပြောဖြစ်တော့တာပါ။
    နင် လှမ်းအော်လိုက်ပါလားပြောတော့ သူ အဲ့ဒီအမွှေးဆီအနံ့တွေ ရပြီးကတည်းက ကြောင်တောင်တောင်ဖြစ်သွားပြီး အခန်းပြင်ပြန်ရောက်တာတောင် မူးနေသေးတယ်၊ ပြီးမှ အားလုုံး မှတ်မိတာပါတဲ့။
    ရွာသူတွေကို သတိထားစေချင်တာပါ။ မိုးပြာလဲ သူ့သူငယ်ချင်းပါမယ်ပြောလို့ စိတ်ချထားလိုက်မိတယ်။ လူကြီးပိုင်းတွေက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပေမယ့် ဆယ်ကျော်သက်တွေ ခံလိုက်ရတာမျိုး ဖြစ်မှာ စိုးမိတာပါ..။ ဒါကြောင့် ဂေဇက်ရွာကနေ သတိပေးလိုက်ပါတယ်။

    Reply

  • Mလုလင်

    March 14, 2012 at 12:01 pm

    အလွန် ချစ်စရာ ကောင်းတဲ့ ရွာသား၊သူ များပါပေ.. စည်းလုံးကြပါပေ့ … နဲနဲ မတူတာလေး မန့် ကြည့်မယ်နော့။
    ၁. ပိုစ့် ပိုင်ရှင် ကို ဘယ်လောက် ယုံကြည်ရပါမည်လဲ။
    ပိုစ့် ပိုင်ရှင် က အသစ်ဖြစ်နေတာရယ်။ တိကျ တဲ့ အချက်အလက် မပါတာရယ်။ ဗေဒင်ဆရာ ရဲ့ နံမည်ပါတာက (အချက်အလက် မဟုတ်ပါ။) …. အပုပ်ချ သလို ရေးထားတာရယ် ……
    ၂. ဖြစ်တာ အမှန်တကယ် သေချာတယ် ဆိုရင်ဖြင့် … ခြေရာလက်ရာ မပျက် ခင် ပြည်သူ့ ရဲ တပ်ဖွဲ့ ကို အကြောင်းကြားသင့်ပါတယ်။ အဓိက နေရာကိုထိ ရင် အားထုတ်ကြံစည်မှု အထမြောက် သွားပြီမို့ … တရားစွဲလို့ ရပြီလို့ ထင်ပါတယ်။

    လုပ်သင့်တာလေးတွေ အချိန်မှီ လုပ်ရအောင် လို့ .. တိတိကျကျ အကြံပေးနိုင်တဲ့ ဥပဒေ အရာရှိ နဲ့ ဆွေးနွေးသင့်ပါကြောင်း …. စိက်မြန်လက်မြန်.. လက်လွန်ခြေလွန် တွေ မလုပ်စေချင်ပါကြောင်း ..
    ဘာကြောင်း …… ညာကြောင်း ….. (စိတ်လျှော့ကြဘာ .. ရွာသားတို့ ရယ် …..)
    လေးစားစွာဖြင့်
    Mလုလင်

    Reply

  • kaung kin pyar

    March 14, 2012 at 12:07 pm

    အင်းးးးးးးမိုးပြာက အသစ်တော့ မဟုတ်တော့ပါဘူး။ သိပ်မမန့်ဖြစ် မရေးဖြစ်တာပါ။ ဒီလိုအပုပ်ချရအောင်လဲ မိုးပြာက ဗေဒင်ဟောစားနေတာမဟုတ်လို့ စီးပွားပြိုင်ဘက်တွေ မဟုတ်ပါဘူး။
    နောက်ပြီး သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။ စေတနာနဲ့ တခြားသူတွေ ဖြစ်မှာစိုးလို့ သတိပေးပြီး ရေးထားတာ ဒီလို ပြန်အရေးခံရတာတော့ တစ်မျိုးပဲ။
    ရွာထဲမှာ ပရဟိတလုပ်လို့ တမျိုးအရေးခံရတာတွေလဲ ဖတ်လိုက်ရပါတယ်။
    ခုတော့ မိုးပြာကိုယ်တိုင်ထိပြီ မအိတုံရေ….။

    Reply

    • Mလုလင်

      March 14, 2012 at 1:28 pm

      “အသစ်” ဆိုတာ ဒီလို ဆိုလိုခြင်း ရယ်ပါ .. ဒီလိုလေးတွေး ကြည့်ပါလား .. ကျွန်တော် က အဲ ဗေဒင် ဆရာနဲ့ ရန်ငြိုးရှိပြီဆိုပါတော့ (ကျွန်တော့ အမျိုးသမီး ကိုနင်တော့ ရာထူးတိုးတော့မယ် လို့ ဟောလိုက်တဲ့ အခါမျိုးပေါ့) ကျွန်တော် MG မှာ account လုပ်ပြီး ဟိုလိုလို ဒီလိုလို post ရေးတင် ရင် … တက်သွားမှာပါ။ ရွာထဲက ရေးအား… ရေးသက် ရှိတဲ့ သူတွေက တော့ ဒီလို မျိုး ဘယ်နည်းနဲ့ မှ လုပ်မှာ မဟုတ်လို့ ယုံကြည် ရတယ် မယုံကြည် ရဘူး ဆိုတာဖြစ်လာတာပါ။ ဒီလောက်တော့ “ဒက်” မှာပါလေဆိုပြီး .. ခပ်လွယ်လွယ် ပဲ သုံးလိုက်မိတယ့် အတွက် ဝမ်းနည်းပါတယ် နော့ .. ဆိုတော့ .. ဒီ ကေစ့်မှာ သံသယ ဖြစ်စရာလေးတွေ နဲ့မို့ သံသယ အကျိုးကို တရားခံ က ခံစားခွင့် ရှိပါတယ်။ ပိုစ့် ပိုင်ရှင် ဘက်က အလွန်သေချာတယ်၊ လုံးဝ ကိုယ့်ကိုကိုယ် ယုံကြည်တယ် ဆိုရင် ဒီထက် တိကျ တဲ့ အချက်အလက် လေးတွေ ပါလာသင့်တယ် လို့ လဲ ကျွန်တော် ထင်တယ်လေ။ ဒီလို ပစ်စာ သာသာ မျိုးကိုတော့ ဘယ်ဂျာနယ် ကမှ ထည့်ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ပိုစ့် ပိုင်ရှင် ဘက်ကသာ အလွန် သေချာတယ် ဆိုင်ဖြင့် .. အစစ အရာရာ ပြင်ဆင် ပြီး mgyinaung@gmail.com ကို ပိုစ့် ပိုင်ရှင် ရဲ့ လိပ်စာ ပေးလိုက် …ကျွန်တော် လာတွေ့မယ်။ မနစ်နာ ရအောင် ကူညီ ပေးမယ်။ ဒါပေမယ့် .. ဟိုဘက် က ပြန်ဆွဲ ရင်တော့ .. ကိုယ့်ဘာသာ ကို ခံရမယ် နော့ ……
      ရွာသား တွေ က ကူညီမယ် ဆိုလဲ အဲလို အပြတ် ကူညီ မှာ …..
      email မျှော်နေမယ့်..
      Mလုလင်

      Reply

  • kaung kin pyar

    March 14, 2012 at 12:09 pm

    ရွာထဲမှာ လူသစ်ဆိုရင် မယုံဘူးလားလို့ပါ ထပ်မေးချင်ပါတယ်။ အသစ်နဲ့အဟောင်း ခွဲခြားဆက်ဆံခံရတာလား…????

    Reply

    • etone

      March 14, 2012 at 1:15 pm

      မိုးပြာရေ … စိတ်ထဲမထားပါနဲ့ … ကို လုလင်ကလည်း … မတူတဲ့ဘက်က တွေးကြည့်တာမျိုးပါပဲ … ။ ဘာပဲဖြစ်ဖြစ် … အချိန်က သက်သေပြသွားမှာမို့ … ရေးမြဲ ၊ ဖတ်မြဲဆက်လုပ်ပါလို့ .. အကြံပေးချင်ပါတယ် …. ။ 🙂

      ရွာထဲမှာ အသစ်နဲ့ အဟောင်းခွဲခြား ဆက်ဆံမှု မရှိပါဘူး …. ။ ရွာထဲမှာ စာရေး၊ စာဖတ်နေကြတဲ့ လူတွေ .. တူရာ ၊လက်လှမ်းမှီရာ အုပ်စုလိုက်တစ်ခါ တစ်လေ ..တွေ့ဖြစ် ဆုံဖြစ်ကြပါတယ် … ။ ပါဆယ်နယ်လ်မေးလ်တွေ ၊ ချက်တင်တွေကနေ .. စကားပြောဖြစ်တယ် .. စတယ်နောက်တယ် … ဒါ့ပြင် …အကြိမ်ကြိမ်တွေ့ဖူးပြီးသား လူတွေကတော့ ..ရင်းနှီးပြီး … တစ်ယောက်နဲ့တစ်ယောက် သိနေလို့ .. ငယ်ပေါင်းကြီးဖော်တွေလို ပြောမနာ ဆိုမနာတွေတောင် ဖြစ်နေကြပါပြီ … ။ ဒါကြောင့် အသစ်အနေနဲ့ဝင်ရေးတဲ့အခါ … အတည်ပေါက်နဲ့ စတာနောက်တာကို … တမျိုးမြင်သွားတတ်ပါတယ် … ။ စာမရေးဖြစ်ဘူးဆိုပေမယ့် ..စာတွေ ဖတ်ဖြစ်တယ်ဆိုလျှင်ပဲ .. ရွာသူ/သားတွေ အလွန်အစနောက်သန်ပြီး … စည်းလုံးကြတဲ့ ဓလေ့ ၊ တတ်ညီ လက်ညီ သာတယ်နာတယ် သဘောမထားပဲ … ကူညီတတ်ကြတဲ့ ဓလေ့တွေကို … သိရှိပြီး ဖြစ်ပါလိမ့်မယ် … ။

      နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ …. အဟောင်းဆိုတာကလည်း .. တစ်ချိန်က .. အသစ်တွေပါပဲ …. ။ အချိန်တိုင်းတာတစ်ခုကြောင့်သာ ..အသစ်အဟောင်းကွာသွားပေမယ့် … စာရေး ၊ စာဖတ် ၊ ဆွေးနွေးကြတာချင်းတော့ .. အတူတူပါပဲလေ … ။

      Reply

  • inz@ghi

    March 14, 2012 at 12:22 pm

    အဲဒိလိုကိတစတော့ချဉဉ်ဉ်ဉ်ဉ်ဉ်ဉ်

    ထှာအေထှာထှောထှထ

    Reply

  • htet way

    March 14, 2012 at 1:00 pm

    ဆီပွတ်တယ်ဆိုကတည်းက အဝတ်ပေါ်က………..။(မဟုတ်ရင် မဆဲကြေး)
    ဒါက ဥပဒေပုဒ်မတပ်လို့ရတဲ့ ပြစ်မူမျိုးပဲ ကျုပ်သာ ဥပဒေအရာရှိဆို ၃၇၆/၅၁၁ပဲ။
    ကောင်းတာက ဦးဦးပါလေရာ တပည့်မကိုလွှတ်လိုက်။ နောက်တစ်ခုက
    ရာဇဝတ်မူတစ်ခုပဲ…ကောင်းကင်ပြာဆိုတဲ့ စာရေးဆရာမရေ တကယ်ရေးရင်
    တကယ်ဖြစ်တယ်နော်။ ခက်တာက ဗေဒင်ဆရာ က မဟုတ်ပါဘူး မလုပ်ပါဘူး
    အီ့အချိန်က မျက်မြင်ရှိပါသလား သူကို အသရေနွမ်းအေင်ရေးတာပါ ပုဒ်မ၅၀ဝနဲ့ စွဲရင်
    အဲ့ဒီကောင်းကင်ပြာက ဥပဒေအရ ပြန်လည်ချေပနိုင်မလား။ဒါပြောပြတာပါ။ ဖြစ်တတ်တာ ကြိုတင်ပြင်ဆင်ထားရဲရဲသာပြော မကြောက်နဲ့
    ွတကယ် ချချင်ရင် ဂျာနယ်ကိုရေး h0tnews လို
    ဂျာနယ်မျိုးမှာ အယ်ဒီတာပေးစာအနေနဲ့ရေး။ကာယကံရှင်လက်မှတ်နဲ့ အုပ်ချုပ်ရေးမှူး
    မြို့နယ်ရဲတပ်ဖွဲ့မှူးပေး ။အခုလည်း ထိရောက်တယ်နော်..
    ဒီလိုမျိုးဆိုလို့ကတော့ ချသာချ နောက်ဆုံး မလုပ်ရဲရင် ဦးဦးတပည့်ကိုခေါ်သွား
    သမာဓိမရှိဘဲ ဒါမျိုး အောက်တန်းကျလို့ကတော့ ချ…..။
    ဗေဒင်မှာ ဆီးလိမ်းတာတို့ ဘာတို့ မကြားဖူးဘူး ဘယ်နှယ် ဗေဒင်ဆရာ တွေသိက္ခာကျတယ်
    ဟုတ်တယ်နော်ကိုရင်။
    လူသစ်လူဟောင်းမခွဲခြားပါဘူး အားလုံးအတူတူပဲ၊ ဆွေမျိုးတွေပဲ ကျုပ်ကလည်း အခုပြောနေတာ ထပ်တူခံစားပြီးပြောပြတာပါ။
    အော်ကျုပ်က ဗေဒင်ဆရာမဟုတ်ပါဘူး… ဗိန်းတောဆရာပါ ။ဆီးတော့လိမ်းတယ် လက်တို့ခြေတို့
    ကျိုးရင်ပဲ့ရင်ပါ။

    Reply

  • chel gyi

    March 14, 2012 at 1:38 pm

    လူသစ် လူဟောင်းခွဲခြားတဲ့ လူ………( ၅) ပွဲပယ်ပြစ်ဒံ

    Reply

  • Wow

    March 14, 2012 at 1:47 pm

    တကယ်ဟုတ်ခဲ့ရင်တော့ ငြိမ်ခံမနေဖို့ အကြံပေးပါရစေ။ အဲဒီကိတ်စနဲ့ ဗေဒင်ဆရာတစ်ယောက် ထောင်ကျတာ ကြားဖူးပါတယ်။ ခလေးမကတော့ စိတ်ဒဏ်ရာရသွားမှာပဲ။ စိတ်မကောင်းပါဘူး။ အမျိူးသမီးတွေအတွက် သင်ခန်းစာပါ…

    Reply

  • Rose Minn

    March 14, 2012 at 2:43 pm

    မြင်ယောင်ပြီး ချဉ်ထာအေ။ (မိ ဂီမလေသံ) မသင်ကာတဲ့ပုံစံဖြစ်နေရင်။ ပါးဆွဲရိုက်လိုက်ပါလား။ အော်ဟစ်လိုက်ပေါ့။ ငိုပြန်လာရသေးတယ်။ ကြောက်ရှာမှာ ကိုယ်ချင်းတော့စာပါတယ်။ rose ဆိုဒေါသဖြစ်လိုက်မယ်ဖြစ်ခြင်း။ နစ်နစ်နာနာ လေး သာသာလေးနဲ့နာနာလေး တစ်ခုခုလုပ်ရမှာကိုကျေနပ်မှာ။

    Reply

  • မွန်မွန်

    March 14, 2012 at 2:46 pm

    ဘယ်ဗေဒင်ဆရာ ထောင်ကျတာလဲဟင်…
    ဟိုတလောက မိတ္ထီလာက ဗေဒင်ဆရာအကြောင်း ဟိုးဟိုးကျော်အောင် ကြားရပြီးတော့ ဘာမှလည်း မဖြစ်သွားဘူးမို့လား….
    အဲဒီလိုကိစ္စတွေကို အသေအချာ ဖော်ထုတ်နိုင်ရင်ကောင်းမယ်..
    ဒီလိုခေတ်ကြီးထဲမှာ မိန်းကလေးတွေက အစစအရာရာ သတိနဲ့နေမှပဲ…တို့လည်း ကြောက်တယ်…

    Reply

  • Wow

    March 14, 2012 at 3:12 pm

    အဲဒီကိတ်စကကြာဘီမွန်မွန်ရဲ့ သူငယ်ချင်းတစ်ယောက်ခေါ်သွားလို့ အဲဒီဗေဒင်ဆရာဆီရောက်ဖူးတာ ကိုယ့်ရှေ့မှာတင် အမျိုးသမီးတစ်ယောက်လက်ကို တကယ့်ကိုပယ်ပယ်နယ်နယ်ကိုင်နေတာ အဲဒါနဲ့လန့်ပြီးပြန်လာတာ နောက်မှသိရတာက ဗေဒင်လာမေးတဲ့အမျိုးသမီးတစ်ယောက်ကို အဲလိုလုပ်တော့ သူ့အမျိုးတွေက မခံနိုင်လို့တိုင်တာတဲ့။ အရင်က အဲဒီထက်ပိုဆိုးတယ်တဲ့။ ထောင်ကထွက်ခါစ မို့လို့ လက်လောက်ပဲ…. 😀
    ရန်ကုန်ကပါပဲ…

    Reply

  • Shwe Tike Soe

    March 14, 2012 at 3:47 pm

    မိန်းကလေးတွေ ဗေဒင်ယုံကျလေ.. အဲဒါ မိန်းကလေးတွေ အမှား ဘယ်ဗေဒင်မှ မယုံနဲ. ကိုယ်လုပ်ကိုယ်ရမယ်… ကိုယ်မကြိုးစားကိုယ်မရဘူးဒါပဲ…
    နေမကောင်းဖြစ်ရင် ဆေးခန်းသွား…
    အိမ်ထောင်ရေးအဆင်မပြေရင်….. အဆင်ပြေအောင်…. လင်ရယ်မယားရယ် ညှိကြပေါ့..
    ရောဂါရရင် ကိုယ်ကိုကိုယ် ဂရုစိုက် ဒါပဲ…
    ဘာယတြာမှမလိုဘူး….

    ဗေဒင်ကို ယုံပြီး ဗေဒင်ဆရာဆီ သွား အပွတ်ခံတာကတော့….. ယုံကြည့်တဲ့သူ အပြစ်ဖြစ်သွားပြီလေ…

    Reply

  • မောင်ရိုး

    February 2, 2018 at 8:11 am

    ကိုးထပ်ကြီးက ဗေဒင်ဆြာကိစ္စက လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ရှိခဲ့တာဘဲ ။
    အ့ဩဖွယ် . . .
    အဲ့ဒိတုန်းက ကောင်းကင်ပြာရဲ့ပထမဆုံးပို့စ်ဆိုတော့ ဘာမှန်းညာမှန်းမသိ မယုံခဲ့တာတော့အမှန် . .
    အခုချိန်မှာပြန်ပေါ်လာတော့မှ မယုံခဲ့တာတောင်းပန်ပါကြောင်းးးးးး

    Reply

  • manawphyulay

    February 14, 2018 at 4:51 pm

    သူ ဆီမန်းပြီး စပွတ်ထဲက အပွတ်မခံနဲ့တော့လေ…. ဪ.. ဒုက္ခ…

    Reply

  • aye.kk

    February 15, 2018 at 4:46 am

    ဗေဒင်မှာအဲဒါမျိုးတွေ
    မရှိပါဘူး။
    ကြားလည်းမကြားဖူးပါ။
    လိမ်လည်မှုပါ။
    လိမ်လည်မှုဆိုတဲ့ပုဒ်မနဲ ့ထိုက်တန်ပါတယ်။
    အဲလိုမျိုးမဟုတ်ပေမယ့်။
    ကြုံခဲ့ဘူးတာလေးပြောပြမယ်။
    ယောက္ခမကို
    ဗေဒင်ဆရာအလိမ်အညာတစ်ယောက်က
    အိမ်ပေါ်တက်ပြီးလိမ်တာပါ။
    ကျန်းမာနေတဲ့ယောက္ခမကို
    သူယတြာအတိုင်းဆောင်ရွက်ခိုင်းပါတယ်။
    သူခိုင်းတဲ့အတိုင်းမလုပ်ရင်
    အသက်အန္တရယ်တွေ ့မှာဆိုပြီးခြိမ်းခြောက်ပါတယ်။
    ဗေဒင်ဆရာအိမ်လာဟောတဲ့အချိန်က
    အန်တီကအိမ်မှာမရှိပါဘူး၊ရုံးသွားနေတာပါ။
    နေ ့ခင်းထမင်းပြန်စားတော့
    အဖြစ်စုံကြားသိရပါတယ်။
    အန်တီကိုဗေဒင်ဆရာပြောပြထားတွေပြန်ပြောပြကြတော့
    ကိုယ်ကလည်း၊ဗေဒင်ပညာကိုလေ့လာထားတော့
    ဗေဒင်ဆရာလိမ်နေပြီဆိုတာတပ်အပ်သိလိုက်ပါတယ်။
    မယုံကြည်ဖို ့အကြောင်းနဲ ့မဟုတ်မှန်ကြောင်း
    မမှန်ကန်လို ့ဗေဒင်ဆရာခိုင်းတဲ့အတိုင်းမလုပ်ဆောင်ဖို ့
    အတင်းအကြပ်ပြောယူရပါတယ်။
    ဗေဒင်ဆရာ
    ကသူခိုင်းထားတဲ့အတိုင်း၊ ဆောင်ရွက်တယ်ထင်ပြီး
    အားရဝမ်းသာစွာနဲ ့အိမ်ကိုနောက်ထပ်တစ်ခေါက်
    ထပ်မံရောက်ရှိလာပါတယ်။
    အဲဒီမှာတင် အန်တီနဲ ့တွေ ့တော့တာပါ။
    ဗေဒင်ဆရာကိုတွေ ့တော့
    ဗေဒင်ဘယ်လိုတွက်ချက်ပြီးဟောတာလည်း
    ဗေဒင်ဟောနည်းလေးသိပါရစေလို ့လည်းဆိုပြီးမေးရော။
    မဟုတ်မမှန်တာတွေဟောထားတော့
    ဗေဒင်ဆရာက၊ မပြောပြနိုင်တော့ဘူး။အကြားအမြင်ရတဲ့ပုံစံမျိုး
    ထပေ်ပြာပြန်တယ်။ အကြားအမြင်ဆိုတာအင်္ဂဝိဇ္ဇာနည်းပါဘဲ။
    ဗေဒင်ကျမ်းအရဆို
    လိုက်နာရမယ့်စည်းကမ်းတွေဆိုတာရှိပါတယ်။
    စည်းကမ်းလိုက်နာမှုမရှိပဲ၊ဗေဒင်ပညာကိုအသုံးချ၊
    အရောင်ဆောင်ပြီးရိုးသားတဲ့သူတွေဆီက၊ပိုက်ဆံကိုလိမ်လည်သွေးဆောင်
    ဖျားယောင်းပြီးယူတာပေါ်လွင်နေတာမို ့
    အန်တီကိုယ်တိုင်က၊
    ဗေဒင်ဆရာကိုလိမ်လည်မှုနဲ ့အမှုဖွင့်မှာဆိုတော့
    ဗေဒင်ဆရာလည်းတောင်းပန်ပြီး၊ကြောက်လန် ့ပြီး
    အိမ်ပေါ်ကနေဆင်းပြေးပါတော့တယ်။(အဲဒီတုန်းကအန်တီကလည်း
    ရဲဝန်ထမ်းဖြစ်နေပါတယ်)၊။
    အဲလိုလည်းကြုံခဲ့ရဘူးကြောင်းပြောပြပါရစေ။

    Reply

  • aye.kk

    February 15, 2018 at 4:57 am

    အခုဟာကကိုယ်ထိလက်ရောက်ပြုမူခံရတာပါ။
    ကိုယ်ကလည်းယုံကြည်ပြီးသူ ့ခိုင်းတဲ့အတိုင်း
    ပြုလုပ်မိတာဆိုတော့၊ဥပဒေအရ
    ဆောင်ရွက်ဖို ့အခက်ခဲဖြစ်သွားနိုင်ပါတယ်။

    Reply

Leave a Reply to မောင်ရိုး Cancel Reply

Your email address will not be published.