သဗ္ဗာန်စီးပြီး ခရီးနှင်မယ် ချောင်းကလေးထဲဝယ်

weiweiMarch 13, 20125min031

ဒီကနေ့တော့ ပူပြင်းလှတဲ့နေရောင်အောက်မှာ သဗ္ဗာန်လေးတစ်စီးနဲ့ ခရီးထွက်ဖြစ်ခဲ့တယ် … တွံတေးမြို့ကနေ ချောင်းကလေးအတိုင်း သဗ္ဗာန်စီးဖြစ်ခဲ့တဲ့ လမ်းတလျှောက် ရှုခင်းလေးတွေကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ် …

ခရီးနှင်ခဲ့ရတဲ့ သဗ္ဗာန်အဖြူလေး
နေပူထဲမှာ ဒီအတိုင်းပဲ မောင်းနေကြတာပဲ
ချောင်းကလေးထဲရောက်သွားပြီ
ကွန်ပစ်တာကိုတော့ စောင့်ရိုက်လို့မရခဲ့ဘူး
ချောင်းဘေးပတ်လည်ရှုခင်း
ချောင်းကမ်းပါးဘေးက ဘုရားတန်ဆောင်းတစ်ခု
အိမ်ကလေးတွေက နေချင်စရာ
ကားလမ်းတွေလိုပဲ လမ်းဆုံလမ်းခွတွေလဲရှိတယ်
အပင်လေးတွေက စိမ်းစိမ်းစိုစိုနဲ့
တစ်ပင်ထဲ ဒါပေမယ့် ....
ငှက်ပျောပင်တောင်မှ လှနေတယ်
ဒီအပင်လေးလဲ မဆိုးဘူး ...
ချောင်းထဲက လှေကလေး
ကားတွေလိုပဲ အပြိုင်မောင်းပြီး ကျော်တက်ကြတယ်
မှို့ပင်ကြီးက ထီးထီးမားမားကြီး
ဘဲကလေးတွေက ချစ်စရာ
ချောင်းထဲမှာ ပျော်မြူးနေတဲ့ ဘဲကလေးတွေ
ဒီပုံက ဒါ့ပုံဆရာတွေအကြိုက်
ဗေဒါပင်လေးတွေကလဲ ချောင်းနဲ့လိုက်ဖက်နေတယ်
ချောင်းကူးတံတားလေးတစ်ခု

ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် ပို့စ်ကိုလဲ အပိုင်းမခွဲချင်၊ ပုံတွေသိပ်များရင်လဲ ဖွင့်ရခက်မှာစိုးရိမ်လို့ ဒီလောက်ပဲတင်လိုက်ပါတော့တယ် …. ချောင်းထဲမှာ အသွားအပြန် နှစ်နာရီကြာအောင် စီးနေရင်း မြို့ပြနဲ့မတူတဲ့မြင်ကွင်းတွေကို လေ့လာရေးခရီးစဉ်လိုမျိုး လုပ်နိုင်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ် …

31 comments

  • weiwei

    March 13, 2012 at 10:27 pm

    ရန်ကုန်ကနေ တွံတေးကို တစ်နာရီသာသာလေးပဲ ကားနဲ့သွားရင်ရောက်ပါတယ် … ချောင်းထဲမှာ လှေစီးရင်း ရှုခင်းကြည့်တာကတော့ သွားချင်ရင် သွားချင်သလောက် လိုက်မောင်းပေးပါတယ် … အသွားအပြန် ၂ နာရီလောက်စီးခဲ့တာကို စင်းလုံးငှား တစ်သောင်းခွဲပေးရတယ် … အရမ်းနေပူလို့ ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်တဲ့ ခရီးစဉ်လေးတစ်ခုဖြစ်ပါတယ် ….

    Reply

  • MaMa

    March 13, 2012 at 10:38 pm

    ဝေဝေရေ- ဓာတ်ပုံလေးတွေကြည့်ပြီး ငယ်ငယ်က ချောင်းရိုးတလျှောက်က ရွာတွေကို စက်လှေကလေးနဲ့ သွားလည်တာကို သတိရမိတယ်။
    လှေစီးချင်တဲ့ ကိုချောတစ်ယောက် ပန်းတနော်ကို အလှူသွားရင် ပြန်မယ့်အချိန်ကိုငဲ့နေရတာနဲ့ လှေစီးဖြစ်ပါ့မလား မသိဘူး။
    မစီးဖြစ်ရင်တော့ အခု ဝေဝေသွားတဲ့ ခရီးစဉ်ကို အစားထိုးပြီး အလျှော်ပေးလို့ရမယ် အတော်ပဲ။ 😀

    Reply

  • pooch

    March 13, 2012 at 10:38 pm

    မဝေ အနားသွားယူခဲ့တာပေါ့လေ အားကျတာ ။ ကျမကတော့ နေပူထဲ သွားပါများတဲ့နေ့ဆို ခေါင်းကိုက်တတ်လို့ 🙁

    အဲ့လိုချောင်းတော့ မဟုတ်ဖူး အင်းလေးမှာတော့ စီးဖူးတယ် ၂ ခါလောက် နောက် ရွှေကျင်ချောင်းမှာ တခါ အတော်လေးတော့ စိတ်ချမ်းသာစရာကောင်းတယ်။ ဒါလည်း တမျိုးအမြင်ဆန်းတာပေါ့ ။ အားကျတယ် မဝေကို စိတ်သွားတိုင်းကိုယ်ပါလို့။

    Reply

    • weiwei

      March 13, 2012 at 10:47 pm

      နေပူမိလာတာ အသားတွေတော်တော်မဲသွားလို့ စိတ်ညစ်နေတယ် ….
      ရန်ကုန်နွေက အတော်ပူနေပြီ …

      Reply

  • တညင်သား

    March 13, 2012 at 10:39 pm

    ရှုခင်းတွေက အရမ်းမိုက်တယ်… ပန်တနော်သွားရင်ရော ဒီလိုရှုခင်းတွေ ရှိမှာပေါ့နော်

    Reply

    • weiwei

      March 13, 2012 at 10:44 pm

      ပန်းတနော်မှာ အချိန်ရရင် ချောင်းထဲမှာလှေစီးနိုင်တဲ့ အခွင့်အရေးရမယ်လေ … ရှုခင်းတွေက သိပ်မကွာဘူးလို့ထင်ပါတယ် …

      Reply

  • Khin Latt

    March 14, 2012 at 2:54 am

    ဝေဝေရေ – အဲဒါ တွံတေးချောင်း လို့ခေါ်မှာပေါ့နော်။
    ရန်ကုန် ကနေပြီး သွားတာလား?
    ဟိုရောက်မှ ငှားစီးတာလား?
    ချောင်းထဲမှာ ငါးဖမ်းနေတာ စိတ်ဝင်စားစရာဘဲ။
    မှို့ပင် ကြီး နောက် က အိမ်ကြီး ကလဲ အကြီးကြီး ဘဲ။ ဘုန်းကြီးကျောင်း လား၊ လူနေအိမ်လား မသိ။
    ရှုခင်းလေးတွေ က လှလိုက်တာ။
    မြန်မာပြည်မှာ မြေလွတ်မြေရိုင်း တွေ အများကြီး ကျန်သေးတယ် ထင်ရဲ့။
    အရီးက ရေမကူးတတ်တော့ အဲလို ခရီး ကို သွားဖို့ မရဲဘူး။

    Reply

    • weiwei

      March 14, 2012 at 9:52 am

      ရန်ကုန်ကနေ ကားနဲ့တွံတေးကိုသွားပြီးမှ လှေစီးခဲ့တာ …
      အဲဒီဘက်မှာအလုပ်ကိစ္စလေးတစ်ခုရှိလို့ သွားရင်းနဲ့ အတူသွားတဲ့နိုင်ငံခြားသားတွေက လှေစီးချင်တယ်ဆိုတာနဲ့ အတူလိုက်ပေးခဲ့ရတာ … သူတို့ကတော့ ပျော်လို့ပေါ့ … ကျွန်မကတော့ အသားတွေမဲလာလို့ စိတ်ညစ်သွားတယ် …
      ငါးမွေးမြူရေးလုပ်ငန်းတွေအများကြီးတွေ့ခဲ့ပါတယ် … ငါးတင်တဲ့စက်လှေတွေ၊ ငါးစာပို့နေတဲ့စက်လှေတွေ၊ ခရီးသည်တင်တဲ့လှေကလေးတွေနဲ့ စည်စည်ကားကားရှိတယ် … သစ်သားပဲ့ထောင်တည်ဆောက်နေတဲ့လွန်းကျင်းတစ်ခုလဲရှိတယ် … မြင်ခဲ့သမျှကတော့ အဆန်းတွေချည်းပဲမို့ အခုလိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ် …

      Reply

  • aye.kk

    March 14, 2012 at 7:47 am

    ဝေဝေရေ..
    မမြင်ဘူးတဲ့ရှူခင်းလေးတွေ၊တွေ ့ရတာရယ်..
    စေတနာနဲ့နေပူထဲမှာအပင်ပန်းခံပြီးဓါတ်ပုံတွေရိုက်ပြီးတင်ပေးထားတာကျေးဇူးပါနော်..။
    မလတ်ရေ..တတ်သည့်ပညာမနေသာလို့သိတာလေးပြောပြချင်ပါသည်။
    မလတ်ရဲ လက်ဖဝါးပြင်နှစ်ဖက်စလုံးမှာတနင်းလာဂြိုလ်ခုံလွင်ပြင်တဝိုက်သန့်ရှင်းပြီး..
    ကြက်ချေခတ်အသေးစားနဲ ့မှဲ ့အမှတ်အသားတို့မရှိပါက၊မပါထားပါကစိုးရိမ်စရာမရှိပါ..
    ရေလမ်းခရီးအတွက်(ရေမကူးတတ်လည်းကိစ္စမရှိပါဘူး)လုံးဝအန္တရာယ်မရှိနိုင်လို့ရဲရဲသွားလို့ရပါတယ်..။

    Reply

  • Ma Ei

    March 14, 2012 at 9:15 am

    နေပူပူ လေပူပူမှာ လှေစီးပြီး ခရီးသွားလို့
    ရိုက်လာပေးတဲ့ ပုံလေးတွေ အေးချမ်းစိမ်းစိုနေတာဘဲနော်..

    Reply

  • မဝေရေ
    ကျနော်က ချောင်းလေးထဲကို အဲလိုသွားချင်တာ။
    ဒီလိုလုပ်ဗျာ
    ပန်းတနော်သွားရင် ချောင်းထဲလှေစီးရအောင် ကျနော်တို့အဖွဲ့တစ်ညအိမ်ရင်မကောင်းဘူးလားလို့

    ပုံတွေလှ၏။
    သစ်ပင်လေးပုံ ပိုလှ၏။
    နေပူခံရကျိုးနပ်ပါ၏။

    Reply

    • ဆူး

      March 14, 2012 at 10:10 am

      ညအိပ်ခရီးထွက်ရင် ခရီးစဉ်ကို စိတ်အေးအေး နဲ့ လိုက်နိုင်ကြလိမ့်မယ် မထင်ဘူး။
      ပန်းတနော် သွားတဲ့ ခရီးစဉ် အနေအထား အရ.. လှေစီးဖို့ အချိန် သိပ်မရှိလှဘူး။

      Reply

  • ဦးဦးပါလေရာ

    March 14, 2012 at 9:47 am

    လှေတော့ စီးချင်သား …
    ရေကူးတတ် မကူးတတ် ကိုယ့်ကို်ယ်ကို မသေချာတော့ နဲနဲတော့ တွန့်တယ်။
    ငယ်ငယ်ကတော့ ရေကူးတတ်ပါတယ်။
    အခုက ကိုယ်အလေးချိန်က နှစ်ဆနီးပါးဖြစ်သွားပြီလေ..။
    ပလုံ ကနဲ တန်းမြုတ်သွားမှဖြင့် …….။

    Reply

  • ကြောင်ကြီး

    March 14, 2012 at 9:57 am

    အဲဒီချောင်းကို ချဲ့ခိုင်းထားလိုက်…။ ကျနော်တို့ အမေရိကန် ရေတပ်သင်္ဘောတွေ ဝင်လာရင် အဆင်သင့်ဖြစ်အောင်လို့ပါ…။

    Reply

    • weiwei

      March 14, 2012 at 10:09 am

      အဲဒီချောင်းတွေက ရေကာတာရှိတယ် … နွေရာသီမှာလဲ ရေထိန်းတံခါးတပ်ထားလို့ ရေမခန်းဘူး … လယ်ယာတွေကို ရေသွင်းစိုက်ပျိုးဖို့အတွက် ချောင်းရေကိုသုံးတယ် …
      ထူးဆန်းတာတစ်ခုက တွံတေးတူးမြောင်းထဲကို နွေရာသီမှာ ရေငံဝင်တတ်တယ်တဲ့ … အဲဒါကြောင့် ရေငံမလာခင် ရေတံခါးပိတ်ပြီး တားထားရတယ်လို့ပြောတယ် …

      အမေရိကန်ရေတပ်သင်္ဘောတွေ ဝင်လာလို့မရအောင် တွံတေးတူးမြောင်းကနေ ခံတပ်ကောင်းကောင်းလုပ်ထားတာ တပ်ချုပ်ကြောင်ကြီး မသိသေးဘူးနဲ့တူတယ် … 🙂

      Reply

  • ဆူး

    March 14, 2012 at 10:09 am

    မနေ့က သတင်းကြားတဲ့ ချောင်းကလေး ဒီနေ့တော့ ကိုယ်ထင်ပြပြီပေါ့..
    မြန်မာပြည်ရဲ့ သဘာဝကျတဲ့ ရှုခင်းမျိုးကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။
    ချောင်းကလေးနဲ့ ရေပေါ်အိမ်ကလေးကလည်း တော်တော် ချစ်စရာ ကောင်းလှတယ်။

    Reply

  • Khaing Khaing

    March 14, 2012 at 10:27 am

    နွေရာသီ နေလည်းလဲပူနေချိန် အိမ်နောက်ဖေး ချောင်းလေးလဲ ရေကုန်ပြီ မောင်ရေမြန်မြန်လာကွယ် ချောင်း ရိုးလေးတစ်လျှောက်မယ် တို့လှေကလေးစီးကြမယ် တို့လှေကလေးစီးကြမယ် …..
    လေးပေါက်ရေ ညအိပ်ခရီးတော့မလုပ်နဲ့ဗျို့ မရဘူး….. မိသားစုမပါရင် အိမ်ကမလွှတ်ပါ …..

    Reply

    • ဆူး

      March 14, 2012 at 1:51 pm

      လေးပေါက်က မဒမ် ပါတော့ ခွင့်တိုင်စရာ မလိုတော့ ညအိပ်သွားမယ် ပြောတာ..

      Reply

  • etone

    March 14, 2012 at 10:57 am

    မဝေရေ … မြင်နေကြမြင်ကွင်းမျိုးမဟုတ်ပဲ ချောင်းရိုးတစ်လျှောက်မြင်ရတော့ … ပေါ့ပေါ့ပါးပါးဖြစ်သလို ခံစားမိတယ် … ။ နှစ်နာရီလောက်တောင် ကြာခဲ့တယ်ဆိုတော့ .. ရေမကြောက်လို့ဖြစ်ရမယ် … ဟီး 😀 ..
    ညီမဆို .. ဘယ်လောက်သင်သင် .. ရေကြောက်လို့ မကူးတတ်ဘူး … ဒါကြောင့် … သဘောင်္တို့လှေတို့ဆိုလျှင် .. ကန်တော်မင်္ဂလာပန်းခြံထဲမှာတောင် … မစီးရဲဘူး .. ဟိဟိ 😀

    Reply

    • weiwei

      March 14, 2012 at 11:07 am

      ရေကအငြိမ်ဆိုတော့ ကြောက်စရာမရှိပါဘူး … ရေကလဲ တိမ်တယ်လေ …
      လှေစီးရင်း ချောင်းထဲမှာ ရပ်ထားတဲ့ ငါးတင်တဲ့စက်လှေကြီးပေါ်တက်ကြည့်ချင်သေးတယ်ဆိုလို့ လှေကလေးကို စက်လှေဘေးကပ်ပြီး တာရာကွင်းကြီးကိုခိုပြီး သင်္ဘောဝမ်းဗိုက်ထဲတောင် ဝင်ခဲ့ရသေးတယ် … ငါးတွေအစုံပဲ တင်ထားတာ .. တစ်ပိသာလောက်ရှိတဲ့ ငါးမြစ်ချင်းတွေလဲ တစ်ပုံကြီးပဲ … ငါးစက်လှေသမားက သဘောကောင်းပြီး လက်ဆောင်အတင်းပေးနေသေးတယ် … ငါးကြီးကိုကြောက်ပြီး မယူခဲ့လိုက်ဘူး …
      လတ်လတ်ဆတ်ဆတ်ငါးကို ချက်ခြင်းပြုတ်ပြီး စပါးလင်လေးခတ်သောက်ရင် အလွန်ချိုတယ်တဲ့ … ကင်စားရင်လဲ အရမ်းကောင်းတယ်လို့ပြောနေလို့ နောက်တစ်ခါ လာစားမယ်လို့ စရန်သတ်ခဲ့သေးတယ် …
      ရွာသူားတွေကို အစားနဲ့မျှားခေါ်ရင် လိုက်ကြမလားမသိ … 😛

      Reply

      • ဆူး

        March 14, 2012 at 1:52 pm

        အစားနဲ့ မျှားရင် အရင်ဆုံး စာရင်းပေးလိုက်မယ်နော်။
        တုံကင် နံပါတ် ၁ ဆူး

        Reply

      • Novy

        March 16, 2012 at 3:18 pm

        လတ်လတ်ဆတ်ဆတ်ငါးကို ချက်ခြင်းပြုတ်ပြီး စပါးလင်လေးခတ်သောက်ရင် အလွန်ချိုတယ်တဲ့ … ကင်စားရင်လဲ အရမ်းကောင်းတယ်လို့ပြောနေလို့

        ဝေဝေရေ.. အခုတောင် ချောင်းကမ်းပေးမှာ မီးလေဖိုပြီ ချက်စား ကင်စားချင်စိတ်တောင်
        ပေါက်နေပြီ
        ပြီးရင်တော့ ချောင်းထဲဆင်းရေကူးကြမယ်လေ
        နိုဗွီကတော့ ဒီအရွယ်ထိ ရေဆော့ရရင် အရမ်းပျော်

        Reply

  • ပုံလေးတွေက လှတယ် ..
    များကတော့ ရေကြောက်တယ် ..
    သွားရဲဘူး …
    တော်ကြာ အဲလိုသွားနေရင်း ဇာတ်ကားတွေထဲကလို မိကျောင်းကြီး ဝုန်းခနဲ ပေါ်လာမှဖြင့် …
    ပြီးတော့ များက ရေလည်း ကူးတတ်ဘူး … လို့ ..
    😀
    အားပေးသွားတယ်နော် …

    Reply

    • ဆူး

      March 14, 2012 at 3:10 pm

      မဟာရာဇာ အံဇာတုံး ကို ပြောတာ လူမှားပြီး နိပ်မိသွားတယ်။ ဆောတီးပါနော်။

      Reply

  • snow white

    March 14, 2012 at 3:07 pm

    အမရေပုံလေးတွေကလှပါတယ် ရေမကူးတက်ပေမယ် လှေတော့စီးချင်သားအမရေ အမလည်းပုံလှလှလေးတွေရဖို့နေပူထဲမှာ တောင်ရိုက်ထားရတာအမကိုကျေး ဇူးတင်ပါတယ်နော် နောက်ထပ်လည်းပုံကောင်းတာလေးတွေ တင်နိုင်ပါစေနော်

    Reply

    • ဆူး

      March 14, 2012 at 3:09 pm

      အဲဒါ မလက်တို ချောင်း ဖြစ်မလားတောင် မသိဘူး။
      မလက်တို ဆိုတာ ငမိုးရိပ်ကို ကြိတ်ပိုးလို့ အကိုက်ခံရပြီး လက်တိုသွားတဲ့ မိချောင်းမ မို့ မလက်တို လို့ ခေါ်တာ။

      Reply

      • အောင်မလေး …
        များက ကြောက်ပါတယ် ဆိုမှ .. ဗြဲခြောက်နေပြန်ပါပြီ ..
        တော်ပြီ .. တော်ပြီ … သွားတော့ဘူး …
        တော်ကြာ မိကျောင်း မလက်တိုနဲ့ တွေ့နေမှဖြင့် …
        ဒုက်စ …. 😀

        Reply

        • ဆူး

          March 16, 2012 at 2:55 pm

          ငမိုးရိပ်ဆိုတာ ဦးခေါင်း ၁ဝတောင် ရှိတယ် ပြောတာပဲ.. ငမိုးရိပ်ကို ကြိတ်ခိုက်တဲ့ မလက်တို ဆိုတာလည်း ငမိုးရိပ်နဲ့ သိပ်ကွာဘူး ကြားဖူးတာပဲ..
          စီးတဲ့ လှေထက်တောင် ကြီးနေအုန်းမယ်။

  • snow white

    March 14, 2012 at 3:08 pm

    အမရေပုံလေးတွေကလှပါတယ် ရေမကူးတက်ပေမယ် လှေတော့စီးချင်သားအမရေ အမလည်းပုံလှလှလေးတွေရဖို့နေပူထဲမှာ တောင်ရိုက်ထားရတာအမကိုကျေး ဇူးတင်ပါတယ်နော် နောက်ထပ်လည်းပုံကောင်းတာလေးတွေ တင်နိုင်ပါစေနော် အမကိုဆက်လက်အားပေးနေမယ်နော်

    Reply

  • blackchaw

    March 14, 2012 at 4:54 pm

    နွေရောက်နေတာတောင် ချောင်းရေက တော်တော်များတယ်နော်။
    ရေ ကူးတတ်ဘူးဗျ။
    ကမ်းခြေရောက်ရင်တောင် ဘောကွင်းပါမှ ရေထဲဆင်းရဲတာ။
    လှေသေးရင် စီးရဲဘူးဗျို့။
    😀

    Reply

  • yaungchikha

    March 16, 2012 at 1:25 pm

    ချောင်းလေးက သာယာလိုက်တာနော်၊ ပျော်ဖို့ကောင်းမှာပဲ၊ ကျနော် နားတောင်းကျချောင်းထဲ စက်လှေစီးတုန်းကစက်လှေ က ချောင်းအလည်ခေါင်ကျမှ ရပ်သွားလို့ဘုရားတလိုက် ရတာ၊ ရေလည်းမကူးတတ်ဘူးဆိုတော့လေ..

    Reply

Leave a Reply

Your email address will not be published.