လိုင်းကားများတွင် I pay ကတ်စံနစ်ကို ပါရမီနှင့် အဓိပတိအပြာလိုင်းတွင် ယခုလ ၁၅ ရက်၌ စတင်မည်ဟုဆို

အာဂMarch 13, 20121min08

လိုင်းကားများအပေါ်တွင် ၁၅-၃- ၂၀၁၂ ရက်နေ့မှစတင်၍ I pay ကတ်စံနစ်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၂ ရက်တွင် ( Kispa Nadi Express Limited )မှ သိရသည်။

ဆက်လက်၍ အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ´ငွေကိုကိုင်ပြီး ကားစီးစရာမလိုဘူး။ ဒီကတ်ရှိရင် ကိုယ်စီးမယ့်ခရိးစဉ်အတွက် ကျသင့်တဲ့ငွေကို ကတ်ထဲကနေ နှုတ်ယူသွားမှာဖြစ်တယ်။ အခုဆိုရင် ဒီစနစ်ကို သုံးဖို့အတွက် ယာဉ်နောက်တွေကို သင်တန်းတွေပေးနေပြီ။ ကတ်ကိုသုံးရင်လည်း တစ်စက္ကန့်လောက်ပဲကြာတော့ အချိန်တွေလည်းမကြန့်ကြာဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် စီစဉ်နေတာကတော့ကြာပါပြီ။ အခု ၁၅ ရက်ဆိုရင်တော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်လိုက်ရင် ခရီးသည်တွေလည်းပိုပြီးအဆင်ပြေသွားမယ်ထင်ပါတယ်။ ဒါမှ ကိုယ်က ၂၀ဝ ကျပ်ပေးရတဲ့ခရီးကို သွားမယ်ဆိုရင် စက်ကကတ်ထဲကနေ ၂၀ဝ ပဲဖြတ်သွားမှာပါ။ အခုလိုလုပ်ပေးတာအားလုံးအတွက် အဆင်ပြေသွားအောင်ပါ´ဟု ပြောကြားသည်။

အဆိုပါ I pay ကတ် အသုံးပြုမည့်စက်၏ ဆော့ဖ်ဝဲကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး စက်၏တန်ဖိုးမှာ ကျပ်လေးသိန်းခွဲဖြစ်၍ ကတ်၏တန်ဖိုးမှာ ငါးဒေါ်လာဖြစ်ကြောင်းသိရသည်။ အဆိုပါစက်ကို စတင်တပ်ဆင်သည့်အချိန်မှစ၍ နှစ်လအတွင်း အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ I pay ကတ်တစ်ကို ကျပ် ၃၀ဝ ဖြင့်ရောင်းချမည်ဖြစ်ပြီး ကတ်အတွင်းသို့ ကျပ်ငွေ ၁၀၀ဝ မှ တစ်သိန်းအထိ ထည့်သွင်းနိုင်မည်ဖြစ်ကာ ကတ်အတွင်း ငွေဖြည့်လိုပါက၊ ကစ္ဆပနဒီရုံးခွဲများရှိရာ နေရာများတွင် ထည့်သွင်းနိုင်ကြောင်းသိရသည်။ ယခုအချိန်တွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများဖြစ်သော ပါရမီ၊ အဓိပတိအပြာတို့တွင် စတင်သုံးစွဲမည်ဖြစ်ပြီး တဖြည်းဖြည်းဖြင့် မ-သ-ထ လက်အောက်ရှိ ယာဉ်လိုင်းများတွင်လည်း အဆိုပါစနစ်ကို အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ရထား၊ တက္ကစီ၊ သင်္ဘောများတွင်လည်း အဆိုပါ I pay စနစ်ကို အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ I pay ကတ်စနစ် အသုံးပြုပုံနှင့် I pay ကတ်နှင့်ပတ်သက်သည့် အကြောင်းအရာမျာကို www.ipay.com. mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရေးသားသူ ပြည့်ရည်ဖူး ပြည်မြန်မာသတင်းဂျာနယ်. ၁၃မတ်လ ၂၀၁၂

8 comments

  • Thel Nu Aye

    March 13, 2012 at 3:51 pm

    ကောင်းတာပေါ့။ ပိုက်ဆံပိုပိုပါသွားတဲ့ပြသနာ၊ အစုတ်အမ်းတဲ့ပြသနာတွေလောလော ဆယ်ဆယ်ရှင်းသွား တာပေါ့။ ရေရှည်ကတော့စောင့်ကြည့်ရမှာပဲ။ ထိန်းသိမ်းမှု့၊ ပြုပြင်မှု့ကိုပြောပါတယ်။ စပါယ်ယာမလိုတော့ ရင်ပိုကောင်းမယ်။ ပိုက်ဆံမယူရ၊ မအမ်းရတော့စပါယ်ယာကပိုသွားပြီပေါ့။ အခုတလောကားမောင်းကြမ်းနေ တာတွေကစပါယ်ယာတွေ မြှောက်မြှောက်ပေးနေတာ လဲပါတယ်။

    Reply

  • eipu

    March 13, 2012 at 3:56 pm

    အရမ်းကောင်းပါတယ်။ ပြန်အမ်းငွေ မတောင်းရတော့ ကားစပါယ်ယာတွေရဲ့ အငြူအစူရန်က ကင်းဝေးရတာပေါ့။

    Reply

  • R Ga

    March 13, 2012 at 4:16 pm

    ကျွန်တော့်စိတ်ထင် ဒီစနစ်သာအောင်မြင်သွားရင် တော့ စပရာတွေ တော့ ထမင်းငတ်တော့မယ်ထင်တယ်ဗျ..။

    Reply

  • Shwe Tike Soe

    March 13, 2012 at 4:48 pm

    အင်းဘယ်လို ကလိမ်ကကျစ်နည်းတွေ ပေါ်လာအုံးမလဲဆိုတာ သာစောင့်ကြည့်ပေတော့… ဟဟဟဟ …
    ဆောဖ်ဝဲလောက်ကတော့ တို.မြန်မာတွေ နားလှည့်ပါးရိုက်လို.ရတယ်.. ဟုတ်တယ်ဟုတ်…
    ပိုက်ဆံကဒ်မဖြတ်ပဲ စီးတဲ့သူ.. စပါယ်ယာမပါတဲ့ကား.. စပါယ်ယာတွေ အလုပ်မရှိအလုပ်ရှာလုပ်မယ့်အစီအစဉ်…
    နောက်ကဒ် Reader တွေပျက်စီး ရင် ဒီအတိုင်ပဲပြစ်ထား.. နောက်တော့ ဒုတ်ရင်းဒုတ်ရင်းပါပဲ..

    အဲယားကွန်းဘတ်စ်တွေသာကြည့်တော့ …….. ပြောချင်ပါဘူးအေ နော်.. 😀

    Reply

    • the best

      March 13, 2012 at 10:38 pm

      စောင့်ကြည့်ပါ…ဘယ်လိုမှမအောင်မြင်နို်င်ပါ…
      ၂၀ဝ တန် ခရီးကို ပိုက်ဆံကဒ်မဖြတ်ပဲ စပါယ်ယာကို ၁၀ဝ ပေးရင်ရတယ်..

      Reply

  • memeseku

    March 13, 2012 at 6:14 pm

    အဓိပတိအပြာလိုင်း………. ကြောက်စရာကြီး…. 🙂 🙂
    ဘယ်လိုမှမအောင်မြင်နို်င်ဟုထင်…
    အခြေခံကျသောလိုအပ်ချက်ဖြစ်သည်. ဘတ်စ်ကားများသာတိုးချဲ.သင်….
    စည်းကမ်းပိုင်းတင်းကျပ်ထိမ်းသိမ်းသင်.ဟုဆို

    Reply

  • htoosan

    March 13, 2012 at 8:17 pm

    သူပြထားတဲ့ စက်အရွယ်အစားအရ ဖတ်တဲ့စက်က နိုင်ငံခြားမှာလို အသေတတ်ထားမှာ မဟုတ်ဘဲ စပယ်ယာက ကိုင်ထားရမယ်ထင်ပါတယ် ။ကားခ ကိုလည်း ကိုယ်က ပြောရမယ် ။ ပုံသေကားလိုင်းတွေမှာတော့ ပြဿနာမရှိလောက်ဘူး ။ ။ ဒါမှလည်း စည်းကမ်းမရှိ တိုးတက် တိုးဆင်းတဲ့ မြန်မာပြည်သားများနှင့် ကိုက်မှာကိုး ။ စပယ်ယာတွေ အလုပ်မပြုတ်သေးပါဘူး ။

    အဲ့ဒီကုမ္မဏီကိုဘယ်သူက တာဝန်ခံပေးမှာလည်း ။
    သတိ ။ စည်းကမ်း

    15. အကယ်၍ Card တွင် ပါရှိသော ကိန်းဂဏန်းများ ၊ အချက်အလက်များ ပျောက်ဆုံးခြင်း ၊ Card ကို ဖတ်မရနိုင်ခြင်းစသည်တို့သည် Card သုံးစွဲသူ၏ ထိန်းသိမ်းခြင်းပေါ့ဆမှုအတွက် မတော်တဆကျိုးပဲ့ ပျက်စီးပြီး ချို့ယွင်းမှုဖြစ်သည်ဟုု ယူဆနိုင်ပါက Card ပိုင်ရှင်၏ တာဝန်သာဖြစ်ပါသည်။ ကုမ္ပဏီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် အချက်အလက်များကို ကူးယူခြင်း ၊ ပြန်လည်ပုံနှိပ်ခြင်းနှင့် Mail ဖြင့် ပြင်ပ ပုဂိ္ဂုလ်သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ပေးပို့ခြင်းများကို မည်သည့် ပုုဂိ္ဂုလ်သို့မဟုတ်အဖွဲ့အစည်းပင်ဖြစ်စေ၊ ပြုလုပ်ခွင့်မရှိပါ။

    16. ကုမ္ပဏီ၏ အုပ်ချုပ်မှုစနစ် ပြောင်းလဲခဲ့ပါက အဆိုပါပြောင်းလဲသည့်အုပ်ချုပ်မှုစနစ်၏ စည်းမျဉ်း စည်းကမ်း ၊ မူဝါဒများ နှင့် အညီ ဆောင်ရွက်သွားမည် ကို Card သုံးစွဲသူမှ သဘောတူညီပါသည်။ Card သုံးစွဲမှုနှင့် စပ်လျဉ်း၍ ipay Card ဝန်ဆောင်မှုပေးသူကုမ္ပဏီမှ လက်ရှိနှင့် ထပ်မံထုတ်ပြန်မည့် ညွှန်ကြားချက် ၊ စည်းမျဉ်းစည်းကမ်းများ ၊ အသိပေးစာများတွင် ဖော်ပြပါရှိချက်များအား လိုက်နာ ဆောင်ရွက်သွားရန်လည်း Card သုံးစွဲသူမှ သဘောတူညီပါသည်။
    အောက်ဖော်ပြပါပျက်စီးဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ Card ပိုင်ရှင်မှ ကုမ္ပဏီသို့ ငွေကြေး / လျော်ကြေး ၊ တစ်စုံတစ်ခုတောင်းခံခဲ့ပါက ကုမ္ပဏီနှင့် ကုမ္ပဏီရှိဝန်ထမ်းများမှ ယင်းသို့ တောင်းခံခြင်းအတွက် ပေးရန် တာဝန်မရှိပါ။

    22. အကြောင်းတစ်စုံတစ်ရာကြောင့် Card ကို ဖတ်မရခြင်း၊ ဟောင်းခြင်း၊
    23. Card ထုတ်ယူပြီး တစ်စုံတစ်ခုကြောင့် သုံးစွဲရန် နှောင့်နှေးကြန့်ကြာမှုဖြစ်ခြင်း။
    24. Card သုံးစွဲသည့် စနစ်၏ Software သို့မဟုတ် အသုံးပြုသည့် System ၏ ဆောင်ရွက်မှု သို့မဟုတ် System တွင် အသုံးပြုသည့် စက်ကိရိယာများ၏ လုပ်ဆောင်ချက် တစ်စုံတစ်ခု ချို့ယွင်းပြီး Card သုံးစွဲနိုင်မှု မရှိသည့် ကာလမျိုးဖြစ်ခြင်း။
    27. ဆက်သွယ်မှုကွန်ယက်များ သို့မဟုတ် လျှပ်စစ်ဓါတ်အားများ ရုတ်တရက်ရပ်ဆိုင်း ချို့ယွင်းခြင်း နှင့် ကွန်ပျူတာစနစ် သို့မဟုတ် ဆက်သွယ်မှုလိုင်းစနစ်များ ရပ်ဆိုင်းချို့ယွင်းခြင်း စသည့် အခြေအနေမျိုးဖြစ်ပေါ်ခြင်း။
    29. Card ကိုင်ဆောင်သူသည် ကုမ္ပဏီမှလက်ရှိနှင့် အခါအားလျော်စွာပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များအတိုင်း ပုံမှန်ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ၊ အဆိုပါ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားချက်များကို ကင်းလွတ်နိုင်ခွင့်ရှိသည်ဟု မယူဆနိုင်ပါ။ ipay Card အား ရယူအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ http://www.ipay.com.mm တွင် ဖော်ပြထားသော လိုက်နာရမည့် အချက်များ၊ စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာရန် သဘောတူပါသည်။

    ကဒ်ကို မသုံးလိုလို့ ပြန်အပ်ရင် ကဒ်တန်ဘိုးနုတ်ပြီး ကျန်ငွေပြန်အမ်းပါ့မည် ဆိုတာမျိုးလည်း မတွေ့ပါ။

    Reply

  • snow white

    March 14, 2012 at 5:31 pm

    အေးလေ အကောင်ထည်ပေါ်ရင်တော့ကောင်းတာပေါ့ လေ အထူးကားတွေ ဘယ်မှာခံလို့ ရေးထားတော့သာအထူး သူတို့ကားစီးမိရင်ပိုတောင်ဆိုးသေးတယ် ပူလည်းပူတယ် လူတွေအတင်းတင် မှတ်တိုင်ရောက်တော့တွန်းချ
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.