မမလေးတွေလှစေချင်….ဆံပင်ထိန်းသိမ်းနည်း

မမလေးတွေလှစေချင်

မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။

၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။

၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။

၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။

၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။ ၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။

၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၇။ဆံပင်ကောက်ပြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။

၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။

၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။

၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။

၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။

၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ြွကယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။

၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။

၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။

10 comments

  • a me

    March 12, 2012 at 9:23 pm

    ဟုတ်ကဲ့ပါ
    မှတ်သားထားပါမည် ကျေးဇူးတင်ပါသည်

    Reply

  • MaMa

    March 12, 2012 at 11:17 pm

    ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတာနဲ့ အတော်ပဲ။ 🙂

    Reply

  • water-melon

    March 13, 2012 at 7:07 am

    ဟွန့်
    မမလေးတွေအတွက်ဆိုတော့
    သများတို့လို့ သူတွေအတွက်မပါတော့ စိတ်ဆိုုးတယ်
    လောလောဆယ်တော့ ဆံပင်အတိုညပ်ထားတော့ မလိုသေးဘူး အရှည်ထားမှစမ်းကြည့်ရမယ်
    ကျေးဇူးချင့်

    စိန်ပေါက် မအံ မကြီးမိုက် နင်တို့ရော မှတ်ထားနော်
    နင်တို့အမွှေးတွေကတော်တော်ရှည်တယ် (ဆံပင်ပြောတာ) :mrgreen:

    Reply

  • Mon Kit

    March 13, 2012 at 12:14 pm

    ဗဟုသုတ ရတဲ့အတွက် ကျေးဇူးတင်ပါတယ်…
    လိုက်နာ ကျင့်သုံးပါမယ်……

    Reply

  • Phaung Phaung

    March 13, 2012 at 12:39 pm

    မှတ်သွားပါတယ်…ဘာမှမဆိုင်ပေမယ့် …သူကြီးတို့ကယကြပါဦး ပိုစ့်တင်တာ စာတွေတဝက်တပျက်ကျန်နေတယ်….စိတ်ညစ်တယ်။ ဂဇက်က ဘာဖြစ်နေမှန်းကိုမသိဘူး…ကိုယ်ရေးတဲ့ပို့စ်အောက်မှာပဲ ကွန်မန့်မှာဆက်ရေးမယ်ဆိုတော့လည်း ကွန်မန့်ဘောက်ကမတွေ့ဘူးဒ

    Reply

  • Khaing Khaing

    March 13, 2012 at 1:58 pm

    နည်းနည်းလေးထပ်ပြီးအကြံပေးမယ်နော် ….. ဆန်ဆေးရေဒုတိယရေကိုယူ ဒီနေ့ငှဲ့ထားတာကို မနက်ဖြန်မနက်မိုးလင်းတာနဲ့ ဦးရေပြားကိုစွတ်ပေးပါ ….. နောက်ထမင်းရည်ကိုဒီနေ့ငှဲ့ မနက်ဖြန်အထိထားပါ နေ့ခင်းလောက်ဆိုခေါင်းလျှော်ရင် ထမင်းရည်ကို shampooကို လျှော်သလိုလျှောက်ပေးပါ …… ဦးရေအေးပြီး ဆံပင်များသန်စွမ်းလာပါမယ် ….အဲဒါကိုယ့်တွေ့ပါ …….အခုချိန်မှာတော့ ဒါတွေမလုပ်ဖြစ်တော့ပါ ….. ဖြစ်နိုင်ရင် မိမိအိမ်မှာ တရော်ကင်ပွန်းကို ကိုယ်တိုင်ထုထောင်းခေါင်းလျှော်လျှင်ပိုကောင်းပါသည် …….Shampoo များဘယ်လောက်ကောင်းသည်ပဲ ပြောပြော မြန်မာ့ရိုးရာခေါင်းလျှော်ရည်ကိုမမှီပါ ……… Shampooသမား တွေတော့ သမတော့မယ် သများကို အဟိ အဟိ

    Reply

  • manawphyulay

    March 13, 2012 at 3:29 pm

    နွားနို့ကတော့ တစ်နေ့ နှစ်ခွက်မပြောနဲ့ တစ်ပတ်တစ်ခွက်တောင်မသောက်ဖြစ်ဘူး။ နောက်ပြီး ဆံပင်ပေါင်းတာလည်း မလုပ်ဖြစ်ဘူး။ အချိန်ကိုပေးနေဖို့ကို မရှိတာဆိုရင်ကော ဘယ်လိုနည်းလမ်းအဆင်ပြေနိုင်မလဲ။

    Reply

  • MTY

    March 13, 2012 at 9:48 pm

    @manawphyulay
    ကတုံးထားလိုက်ပါ။
    နောက်တာပါ။

    Reply

  • Rose Minn

    March 14, 2012 at 11:18 am

    -ထောလပတ် အရွက် သတ္တုရေကို ခေါင်းမလျှော်ခင် ဦးခေါင်းကိုစွတ်ပေး၊ ခြောက်သွားရင်ခေါင်းလျှော် ခြင်းဖြင့်လဲ ဦးရေနက်မှောင်သန်စွမ်းစေပါတယ်။ ဆံပင်ပေါင်းသလိုတစ်မျိုးပေါ့။

    -သံလွင်ဆီဖြစ်ဖြစ် အုန်းဆီဖြစ်ဖြစ်ပေါ့ တစ်ခုခုကို ညဖက်လိမ်းအိပ် နောက်နေ့လျှော်လိုက်လျှင် ပေါင်းတင်ထားသလို ဆံပင်သားအိပါတယ်။

    -ရှားစောင်းလပ်ပတ် အနှစ်ကို ဦးရေပြားမှာ ခေါင်းမလျှော်ခင်တစ်ခေါင်းလုံး လူးထားပါ။ ခြောက်သွားလျှင် ခေါင်းလျှော်ကြည့်ပါ။ ဆံပင်ပျော့ပျော့ လေးနဲ့ အိအိလေး ရလာပါမယ်။

    ဒီနည်းတွေ ကတော့ rose ရဲ့ လက်တွေ့ နည်းတွေပါ။ ကြိုက်ရာ အလွယ်သုံးနိုင်ပါတယ်။ မျှဝေပေးခြင်းဖြစ်ပါတယ်။

    Reply

  • ဆူး

    March 14, 2012 at 11:51 am

    အခုတော့ တရော ကင်ပွန်းနဲ့ လျှော်ရင်ကောင်းမလား တွေးနေတယ်။
    စိတ်ပျက်လို့.. ခေါင်းလျှော်ရည် ဘယ်လောက်ဈေးကြီးကြီး ဒီတိုင်းပါပဲ။
    သူများ ညွန်းလို့ ကောင်းတယ် ဆိုလို့ ၁ဗူး ၆သောင်းလောက်ကျတယ် ပြိးတော့ မထူးပါဘူး။
    ဝယ်ပေးဖို့ မှာရတာတောင် အားနာရသေးတယ်။
    တော်ပြီ.. တရော်ကင်ပွန်းနဲ့ အုန်းဆီပဲ လူးတော့မယ်။

    Reply

Leave a Reply to water-melon Cancel Reply

Your email address will not be published.