မြစ်ဆုံ ကိစ္စ ပြန်လည်စတင်ရန် တရုတ် company ပြောဆို

ဘဲဥMarch 12, 20121min08

သမ္မတကြီး ဦးသိန်းစိန် ၏အမိန့်ဖြင့် ရပ်နားထားခဲ့သော မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်လိုကြောင်း။မြစ်ဆုံဆည် ကို ဖြစ်နိုင်သမျှ စောလျှင်စွာပြန်လည်တည်ဆောက်လိုကြောင်း၊China Power Investment Corp မှဥက္ကဋ္ဌ Lu Qizhou ကပြောကြားခဲ့သည်။

မြန်မာ့ သတို့သမီး ဧရာဝတီမြစ်ဖျားတွင် မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ရေး တရုတ် China Power Investment Corp က ပြန်လည် ဆွေးနွေးရန် တက်ကြွနေပြီး မြစ်ဆုံဆည်ကို ဖြစ်နိုင်သမျှ စောစီးစွာ ပြန်လည် စတင်လိုကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုချက်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတကြီး ဦးသိန်းစိန် အနေနှင့် ၎င်း၏ သက်တမ်းအတွင်း ဆည်တည်ဆောက်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး တရုတ် ကုမ္ပဏီက ယင်းကိစ္စကို တရားဥပဒေကြောင်း အရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
ရပ်ဆိုင်းလိုက်သည့် စီမံကိန်းမှာ မြစ်ဆုံတွင် ဆောက်လုပ်မည့် ဆည်တစ်ခုတည်းသာ ဖြစ်ပြီး မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းရှိ ဆည်များကိုမူ ရပ်ဆိုင်းထားခြင်း မရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက The Voice Weekly သို့ ပြောကြားသည်။
” ပြန်စချင်လည်း စနိုင်တာပေါ့။ သူတို့က ဘယ်လို သဘောတူညီချက်တွေ ယူထားလဲမှ မသိတာ ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စသည့် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခု ပါဝင်ပြီး စုစုပေါင်း စက်တပ်ဆင် အင်အား ၁၈၄၉၉ မဂ္ဂါဝပ် ရှိသည်။
ကချင်ပြည်နယ် မြစ်ဆုံအနီး ခေါင်လန်ဖူး အနီးရှိ တန်ဖဲ ရွာဟောင်းတွင် နေထိုင်သူများနှင့် ဈေးရောင်းချသူ များကို ဆယ်ရက်အတွင်း ပြောင်းရွေ့ကြရန် မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး၏က မတ်လ ၆ ရက်နေ့တွင် ညွန်ကြားခဲ့ (The Voice Weekly – Vol.8/ No.13) သည်။                                                               ဧရာဝတီမြစ်ဆုံ
မှီငြမ်း/ကိုးကား  ။   ။ သစ်ထူးလွင်

8 comments

  • အသူရာ

    March 12, 2012 at 10:37 am

    တဂျီးရေ့ကူညီပါအုံး
    “အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၎င်းတို ့ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ”
    ပိုစ့်မှာ အကုန်မပေါ်ဘူးဗျ။ ဘယ်လိုလုပ်ရမလဲ ❓

    Reply

  • pyaponthu

    March 12, 2012 at 1:31 pm

    saya benci sangat cina

    Reply

    • KoNyeinChan

      March 12, 2012 at 5:49 pm

      ဖျာပုံသူရယ်…. တရုတ်ကိုမုန်းတယ်ဆိုတာ အများသိအောင် မြန်မာလိုပြောပါအေ 😉
      ဘာကြောင့်မုန်းရတာဒုံး?????? ဇာတ်လမ်းရှိခဲ့ပုံရဒယ် 🙂 🙂 🙂

      Reply

  • windtalker

    March 12, 2012 at 1:49 pm

    ဦးသိန်းစိန် ရှင်းမှ ဖြစ်တော့မှာပါ ။ သမ်မတကြီး ကျန်းမာ ချမ်းသာစွာနဲ ့ အမြန်ဆုံး ဒီကိတ်စ ကို ကျွန်တော် တို ့တိုင်းသူပြည်သူများ သဘောအတိုင်း လုပ်ဆောင်ပေးနိုင်ပါစေ ဗျား ။

    Reply

  • pyaponthu

    March 12, 2012 at 6:28 pm

    မြန်မာပြည်မှာ နေရာတကာ တရုတ်တွေ က မြန်မာပြည်ကိုလွမ်းမိုး ဒါ ရင်နာလွန်းလို့ပါ ကိုငြမ်းချမ်းရယ်

    Reply

  • အပေါ်က တရုတ် …
    အစုတ်ပလုပ် …
    အနုတ်စုတ် ဂုတ်စုတ် ..
    ဂုတ်သွေးစုပ်ချင်တဲ့ကောင်တွေ …..
    ငါတို့ပြည်က မောင်းထုတ်ရအောင်ဟေ့ …….

    Reply

  • Gipsy

    March 12, 2012 at 7:53 pm

    မောင်းထုတ်ချင်လဲ
    ထုတ်ခွင့်မရ
    ဒါ ဒို့ဘဝ
    ဟဟဟ …။

    Reply

Leave a Reply to KoNyeinChan Cancel Reply

Your email address will not be published.