ရွှေစာရံသွားလမ်း ယာဉ်ပိတ်မှု

linpin zawMarch 10, 20121min07

မတ်(၇)ရက်(တပေါင်းလပြည့်နေ့)တွင်ကျွန်တော်တို့ ရွှေစာရံဘုရားပွဲ သို့ သွားရာ မန်းလေး-ပြင်ဦးလွင်လမ်းမကြီး အုန်းချောကျေးရွာ ရွှေစာရံလမ်းခွဲတွင် နေ့လည်၂နာရီမှ ညအထိ ကားများပိတ်ကျပ်သွား ခဲ့သည်။ထိုနေ့က ဘုရားဖူးများသည် ကား၊ထော်လာဂျီ၊ဆိုင်ကယ်များ နှင့် မေမြို့သိုသွားသော ကားဆိုင်ကယ်များသည် ရွှေစာရံလမ်းခွဲတွင် တစ်စီးကိုတစ်စီး ဦးစားမပေးဘဲ ကျော်တက် ရာမှ တစ်ဖက်နှင့်တစ်ဖက် သွားလာမရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘုရားဖူးများနှင့်ခရီးသွားများထဲမှ သက်ကြီးရွယ်အိုများနှင့်ကလေးများ ကားထဲတွင်ပိတ်မိပြီး ရေငတ်ခြင်း၊မူးဝေခြင်း၊ပူလောင်ခြင်းများ ခံရကာ နီးစပ်ရာကျေးရွာဆေးခန်း များတွင်ဆေးကုသမှုခံယူပြီး မော်တော်ယာဉ် အချင်းချင်းလုမောင်း ရာမှ တိုက်မိခြင်း၊ကားပျက်ခြင်း ကြောင့်ယာဉ်များထပ်ပိတ်ရပြန်သည်။

ပုသိမ်ကြီးရဲ၊ယာဉ်ထိန်းရဲများရှင်းလင်းမှုကြောင့်ညတွင်းချင်း ယာ်ဉ်ကြောများပြန်လည်ပွင့်သွားခဲ့သည်။

7 comments

  • water-melon

    March 11, 2012 at 7:05 am

    ဟီး
    တော်သေးတာပေါ့ သများတို့မသွားလို့
    သွားလည်းမသွားချင်ပါဘူး အန္တရာယ်များလို့။

    Reply

  • TTNU

    March 11, 2012 at 2:07 pm

    တီချာတို့လည်း ပြင်ဦးလွင်ကအပြန် ပိတ်မိနေတာ(၃)နာရီကျော်ကြာတယ်။
    လူတော်တော်များများ မူးနေကြတယ်။ အော်ဟစ်နေကြတာ သင်္ကြန်လိုပဲ။
    စိတ်ညစ်စရာကောင်းလိုက်တာမှ။ဆိုင်ကယ်သမားတွေ တဝူးဝူးမောင်းကြတာ။
    ကားတွေကြားထဲတိုးဝင်ကြတာ တီချာတို့ကားကိုထိမိပြီးပွန်းမိခြစ်မိသွားပေမဲ့
    မူးနေသူတွေနဲ့ ရန်မဖြစ်ရဲလို့ တိတ်တိတ်နေခဲ့ကြရတယ်။

    တစ်ချို ့ မိန်းကလေးတွေ ဆိုင်ကယ်တွေနောက်မှာခွထိုင်လိုက်ပြီးမောင်းသူကိုခါးအတင်းဖက်
    လိုက်သွားပုံတွေ ကြည့်ပြီး ဆယ်ကျော်သက်တွေအတွက် ရင်မောမိတယ်။
    တစ်ချို ့ ကျတော့လည်း မောင်းသူအဖေ၊ အမေ၊ကလေးနှစ်ယောက်လောက်နဲ့ ဆိုင်ကယ်တစ်စီး
    လူ(၄)ယောက်လောက်စီးနေပုံကိုကြည့်ပြီး ဆပ်ကပ်ပြနေသလားထင်ရတယ်။

    ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိလို့ ဒီလိုရက်မျိုးခရီးသွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဆဲမိပါတယ်။

    Reply

  • snow white

    March 11, 2012 at 3:00 pm

    သနားစရာအဖြစ်အပျက်ပါလားနော် မတွေ့ချင်မကြားချင်ဆုံး ပါဘဲ

    Reply

  • a me

    March 11, 2012 at 4:36 pm

    တနှစ်မှ တစ်ကြိမ်ဖြစ်တာပါ သူငယ်ချင်းတို့ရယ် စိတ်ရှည်သည်းခံရမှာပေါ့ နောက်ဆို မြင်ချင်းတိုင်းမမြင်ရတော့မှ
    ဒီလိုအဖြစ်မျိူးတွေ တောင်တပါနဲ့ အဲ့ဒါ ဓလေ့တစ်ခုဖြစ်နေလို့လေ

    Reply

  • ဒါကြောင့် တပေါင်းလ ရွှေစာရံဘုရားပွဲမပြီးမချင်း မေမြိုု့ကို ယောင်လို့တော့ မသွားတာ။
    ခံရပေါင်းများဘီလေ။

    Reply

    • TTNU

      March 11, 2012 at 7:04 pm

      ကိုပေါက်ရေ..
      မာမီမသွားခင်က မင်းကိုပြောသားပဲ၊
      အဲဒီတုန်းကတော့ မင်းကသတိမှမပေးဘဲကိုးကွ။

      Reply

  • ဟုတ်ပါ့ မာမီရေ
    ကျနော်သတိပေးလိုက်ရမှာနော်။
    စိန်ပန်းပြာတွေပွင့်တာ တွေ့ခဲ့သလားမာမီ.

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.