ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သဖြင့် ရန်ကုန်မြို့ မီးအား ကျဆင်းဦးမည်

BayoteJune 8, 20101min03

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံပေါက်သွားသည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ပုံမှန်ထက် လျော့ကျမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၎င်းက “မေလ ဒုတိယပတ်ကလည်း တခါ ပိုက်ပေါက်သွားတယ်။ အဲဒီမှာ မီးတွေ ပုံမှန်ပေးနေတာ မပေးနိုင်ဖြစ်သွားတယ်။ အခုလည်း ပိုက်ပေါက်တာ ပြန်ပြင်နေတယ် မပြီးသေးဘူး၊ ပုံမှန်ထက် ကျမှာပဲ” ဟု ပြောသည်။

အဆိုပါပိုက်လိုင်းပေါက်မှုသည် ဇွန် (၂) ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း မည်သည့်ဒေသအနီး၊ မည်သည့်ကာလတွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဆိုသည်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။

ရန်ကုန်မြို့ခံများ အဆိုအရ မီးလာချိန် မမှန်သည့်အပြင် လာပါကလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

3 comments

  • yannaingech

    June 8, 2010 at 6:00 am

    ပေါက်ပဲပေါက်နိုင်လွန်း…ဗျာ။ ပလပ်စတစ်အိတ်ကို ပိုက်ချုပ်ပြီးများ သွယ်ထားလို့လား…

    Reply

  • htethtet

    June 8, 2010 at 6:24 am

    ပိုက်လိုင်းပေါက်လို့ ဘာလို့ဘဲဖြစ်ဖြစ် မဖြစ်ဖြစ်
    ကောင်းကောင်း မကောင်းကောင်း
    မီးလာလာ မလာလာ…
    ပေါ်လစီအရ.. မပေးရေးချ..မပေးပါ-
    ကောင်းလည်းမပေး ပါ၊
    ဒီနည်းက ပြည်သူတွေကို ဒုက်ခ ပေးလို့
    အကောင်းဆုံးဘဲ ချက်ကောင်းကြ အမှတ်ယူ မှာ

    Reply

  • intro

    June 8, 2010 at 1:08 pm

    ပြည်သူတွေအတွက်ဆို ဘယ်တုန်းကများ ကောင်းအောင် လုပ်ဖူးလို့လဲ… Project တစ်ခု ချပေးလိုက်… ရတဲ့လူတွေကလည်း မြိုဆို့ဖို့ပဲ စဉ်းစားလိုက်၊ Quality မမှီတာတွေနဲ့ လုပ်လိုက်၊ လမ်းခင်းတဲ့နေရာ တွေဆို ပိုတောင် သိသာသေးတယ်… ပြည်သူတွေအတွက်ဆို ဘယ်တုန်းကများ စေတနာကောင်းကောင်းနဲ့ ကောင်းအောင် လုပ်ဖူးလို့လဲ

    Reply

Leave a Reply

Your email address will not be published.