“ဆောင်းအကြွင်း နွေအဝင် သဘာဝပန်းချီ ညနေခင်း”

1 ဆောင်းအကြွင်း ညနေခင်းမှာတွေ့ရသော တိမ်ရောင်စုံ အခင်းအကျင်း
2 ဝင်လုဆဲဆဲ နေလုံးနီနီ တိမ်အရိပ်တွေက ရေပြင်မှာထင်ကျန်
3က အရောင်ဖျော့သွားတဲ့ ညနေခင်းလေး
3ခ ထန်းပင်ညိုညို နေအိုအို
4 ကျယ်ပြန့်သော လယ်ကွင်းကနေတွေ့ရတဲ့ တိမ်ရောင်စုံညနေခင်း နေလုံ့းကတော့ ပျောက်သွားပါပြီ
5 တိမ်ပန်းချီဆေးခြယ် မှီနိုင်ဘွယ် မမြင်တဲ့ သဘာဝရဲ့ အခင်းအကျင်း
6 ခဏလေးအတွင်းအရောင်ပြောင်းတဲ့ ညနေခင်းတိမ်
7 ခဲသားရောင် နုတ်ဆက်ကောင်းကင်
8 စိုလက်တောက်ပနေသော ကောင်းကင် ကတိမ်ထောင်ထု လွမ်းစေ၏
9အရွှှေဘက်ကို ကြည့်လိုက်တော့ တပေါင်းလပြည့်ညရဲ့ အရှင်သခင်လမင်းကို မြင်လိုက်ရပါတယ်။

 

10 အပြာရောင် ကောင်းကင်နဲ့လမင်း
11အရောင်ရင့်သွားတဲ့ ကောင်းကင်နဲ့လမင်း
12 အရောင်စုံ တိမ် ပန်းချီ
14 အရောင့်ရင့်ရင့်
15 တိမ်ရောင်စုံ ဒီပုံလေးကို ဖေစ်ဘုတ်မှာတင်ဘူးပါတယ်
           “ဆောင်းအကြွင်း နွေအဝင် သဘာဝပန်းချီ ညနေခင်း”

 

(7-3-2012) တပေါင်းလပြည့်နေ့ရတော့ ကျနော်အတွက် ခရီးယာယီများတဲ့ရက်လို့ပြောနိုင်ပါတယ်။

မနက်ထုံးစံအတိုင်းလမ်းလျှောက်ရင်းကနေ တောင်သမန်အင်းကို သွားချင်စိတ်ပေါက်တာနဲ့

မနက်ခြောက်နာရီခွဲလောက် တောင်သမန်အင်းဘက်ထွက်လာလိုက်ပါတယ်။

8နာရီကျော်ကျော်လောက်တော့ ပြန်လာ။

ရေမိုးချိုး ကိုးနာရီလောက်ရောက်တော့ မရောက်တာကြာတဲ့ ပေါ်တော်မူဘက်ကိုရောက်သွားပါတယ်။

အဲဒီကနေ နေ့လည် ဆယ်နှစ်နာရီလောက်ပြန်လာ.။

အိမ်ရောက်ထမင်းစား အင်တာနက်ဆိုင်သွားလို့ ဓါတ်ပုံတွေကို ပြန်ကူးရပါတယ်။

ဘာဘဲပြောပြော အတော်စိတ်တိုင်းကျတဲ့ဓါတ်ပုံလေးကို ရလိုက်ပါတယ်။

ညနေစောင်းရောက်တော့ မြို့သစ်ဘက်သွားမလို့ ထွက်အလာ

အနောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ ကမ္ဘာမြေကြီးကို နုတ်ဆက်နေတဲ့တပေါင်းလရဲ့

ဝင်လုဆဲနေမင်းကို ရင်သပ်ရူ့မောဘွယ်ရာတွေ့လိုက်ရပါတယ်။

ထန်းပင်စုစု၊ရေနည်းနေတဲ့တက်သိမ်းအင်း၊အပင်စုစု နဲ့

တိမ်ရောင်စုံခြယ်သလို့ ထားတဲ့ကောင်းကင် အင်မတန်လိုက်ဖက်လှပါတယ်။

အဲဒီမှာခဏရပ်ကြည့်နေရင်း သွားစရာရှိတဲ့ မြို့သစ်ဘက်ကကို ဆက်သွားပါတယ်။

သိပ္ပံလမ်းကနေဆိုင်ကယ်မောင်းလာရင်း 73လမ်းအရောက်တောင်ဘက်ကိုကွေ့လို်က်ပါတယ်။

တောအုပ်ကလေးလို သစ်ပင်တွေနဲ့အုံ့ဆိုင်းနေတဲ့လမ်းလေးအတိုင်းစီးလာရင်းက

အနောက်ဘက်ကောင်းကင်ကိုလှမ်းအကြည့် အင်မတန်မှလှပသောမြင်ကွင်းကိုတွေ့ရပါတယ်။

ရောင်စုံဖြာယှက်နေတဲ့တိမ်ပန်းချီကောင်းကင်ကို မြင်လိုက်ရတာပါ။

ခဏလေးအတွင်းမှာဘဲ ဆလိုက်ထိုးပြသလို့ တိမ်တွေအရောင်ပြာင်းပြောင်းသွားပါတယ်။

အရှေ့ဘက်ကို လှမ်းကြည့်လိုက်တော့ တပေါင်းလပြည့်ညရဲ့ အရှင် လမင်းကလဲ ကောင်းကင်မှာ

ထွန်းလင်းလို့လာပါတယ်။

ကြည်နူးစရာကောင်းသောမြင်ကွင်းလေးကို ခံစားနိုင်အောင်မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့ အတွေးပါးပါး

(10-3-2012)

 

24 comments

  • water-melon

    March 11, 2012 at 8:56 am

    လေးပေါက်ရေ
    ပန်းချီတစ်ချပ်ကိုကြည့်လိုက်သလိုပါဘဲ
    လေးပေါက်လိုရိုက်နိုင်အောင် ( တုတ်နဲ့ 😆 ) ကြိုးစားရအုန်းမယ်။

    Reply

  • နေဝင်ချိန် ပန်းချီကားလေးများ …
    လွမ်းမောစရာ တကယ်ကောင်းပါလား ..
    ဘာများကို လွမ်းနေမိပါ့ …
    မသိဘူး …
    တစ်ခုခုကတော့ ရင်ထဲမှာ စူးစူးရှရှ …..
    လေးပေါက်ရေ … ပန်းချီ ဆန်ဆန် ပုံလေးတွေကို ကဗျာလေးနဲ့ ခံစားသွားတယ်နော့ …

    Reply

  • TTNU

    March 11, 2012 at 1:56 pm

    ကိုပေါက်ရေ..
    ဒီတစ်ခေါက်ပုံတွေ သိပ်ကောင်းလွန်းလို့
    ဘယ်လွမ်းရမှန်းတောင်မသိတော့ဘူး။
    အရောင်တွေလည်းလှတယ်။
    တော်တယ်။
    လူတွေကို လွမ်းအောင်ချည်းမလုပ်နေနဲ့၊ ပျော်အောင်လည်းလုပ်ဦးနော်။

    Reply

  • MaMa

    March 11, 2012 at 2:40 pm

    ကိုပေါက်ရေ-ပန်းတနော်သွားရင် ကိုပေါက်မြင်နေကျ မဟုတ်တဲ့ မြစ်ဝကျွန်းပေါ်ရှု့ခင်းတွေကို စိတ်တိုင်းကျ ရိုက်နိုင်မယ်နော်။

    Reply

  • a me

    March 11, 2012 at 3:20 pm

    မိုက်တယ် ပုံလေးတွေက. သယာလိုက်တာ တပေါင်းလပြည့်နေမှာပျော်ရွှင်ခဲ့လား ဦးဦး

    Reply

  • aye.kk

    March 11, 2012 at 4:08 pm

    တိမ်ပန်းချီ
    စိန်စီတဲ့ညချမ်း
    ထုံလွှမ်းအောင်လှ..
    စေတနာလှစ်ခါပြ..
    လေးပေါက်လက်ရာ…အံ့ဩရ..။

    Reply

  • မမရေ
    မင်မိုရီကဒ် အသစ်တွေဝယ်ထားပါတယ်။
    တပေါင်းလပြည်နေ့က မနက်အစောတောင်သမန် မနက်ခင်း ပေါ်တော်မူ ညနေ တိမ်လှလှပုံတွေရ
    အတော်ကို စိတ်ကျေနပ်စရာကောင်းတဲ့နေ့ပါ။

    Reply

  • surmi

    March 12, 2012 at 12:21 am

    မဲဇာရောက်နေလို. အိမ်ကိုသတိယပါတယ်ဆိုမှ
    နေအိုအို ညနေခင်းနဲ. တိမ်ညိုညို အလွမ်းတွေဆင်.လေတော.
    အလွမ်းပေါ်အလွမ်းဆင်. အလွမ်းရင်.ရင်.တွေနဲ.
    ကိုပေါက်ရေ ……ဒီမှာသေတော.မယ်ဗျ ။

    Reply

  • ဝေးခဲ့ပေါ့ ဌာနေတို့တိုင်းပြည်
    ခြုံလွှာထွေးမလုံသေးပေ
    မွန်းတည့်နေခြည်ဖြာမှနွေး
    …………………………………………
    အဲဒါ လက်ဝဲသုန္ဒရ အမတ်ကြီးရောက်ခဲ့တဲ့မဲဇာဘဲဗျာ။

    Reply

  • tree

    March 12, 2012 at 8:32 am

    လှလိုက်တာ ကျေးဇူးတင်ပါတယ်

    Reply

  • yaungchikha

    March 12, 2012 at 10:04 am

    တောင်သမန်အင်းဘက်က နေညိုချိန်ကို မရောက်ဘူးဘူး၊ ပုံလေးတွေကြည့်ပြီး ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိတယ်… 🙂

    Reply

  • Shwe Tike Soe

    March 12, 2012 at 11:00 am

    အော်လေးပေါက်ရိုက်တဲ့ ညနေခင်းလေးမှာ ချစ်သူလက်ကိုဆွဲပြီး နှစ်ယောက်အတူတူ လမ်းလျှောက် ပြီး ညနေနေဝင်ချိန်ကို ကုန်ဆုံးချင်စိတ်ဖြစ်မိသဗျာ……
    ဗျို.လေးပေါက် မင်္ဂလာမြန်မြန်ဆောင်ပေးတော့… အဟင့်..(ကိုယ်ဟာကိုနေတာကို လွမ်းအောင်လာလုပ်တယ်)

    Reply

  • Mon Kit

    March 12, 2012 at 11:01 am

    သိပ်လှတဲ့ ရိုက်ချက်တွေပါဘဲ..
    လွမ်းမောဘွယ်ရာ ပြောရမလား…
    သာမောဘွယ်ရာ ပြောရမလား…
    ပုံလေးတွေ ကြည့်ပီး မောတော့ မောသွားတယ်..
    အညာသူမ မွန်ကစ် အညာမြေကို သတိယသွားလို့ပါ..
    ရိုက်ချက်တော်တဲ့ ကိုပေါက်ကို ကျေးဇူးတင်ရှိရင်း အားပေးပါတယ်..

    Reply

  • snow white

    March 12, 2012 at 3:23 pm

    ရိုက်ချက်တွေကအရမ်းကောင်းပါတယ် လက်ဆော့ပြီးရိုက် တာတောင်တော်တော်ကောင်းတဲ့ရှုခင်းလေး တွေတွေ့ရတယ် တကယ်သေချာရိုက်မယ်ဆို ပိုကောင်းတဲ့ပုံလေးတွေ ရမှာသေချာတယ်နော်

    Reply

  • Ma Ei

    March 12, 2012 at 4:16 pm

    ပုံ 4 မှာ နေကြာပန်းခင်းကြီးများလား…
    နောက်တစ်ခေါက်ရောက်ရင် ရိုက်ခဲ့ပါနော်…

    Reply

  • (ရိုက်ချက်တွေကအရမ်းကောင်းပါတယ် လက်ဆော့ပြီးရိုက် တာတောင်တော်တော်ကောင်းတဲ့ရှုခင်းလေး တွေတွေ့ရတယ် တကယ်သေချာရိုက်မယ်ဆို ပိုကောင်းတဲ့ပုံလေးတွေ ရမှာသေချာတယ်နော်)

    မထင်နဲ့ ဒါအာဏာကုန်ဘဲ။

    Reply

  • ဟုတ်တယ်ဗျ နေကြာခင်းကြီး ။
    အစကသွားမလို့ရယ်။
    ခွေးတစ်ကောင်က မာန်ဖီပြနေတာရယ် အဲဒီနားက အိမ်တွေက ကျူးအိမ်တွေဆိုတော့
    သူတို့စိတ်ထဲတမျိုးထင်မှာစိုးလို့။
    ဒါပေမယ့်နောက်ရက် စောစောသွားပြီးရိုက်ပါအုံးမယ်။
    ကျနော်လဲ နေကြာပန်းခင်းကို မရိုက်ဘူးသေးဘူးလို့ပါ.

    Reply

    • Ma Ei

      February 22, 2013 at 1:24 pm

      ပုံလေးများကို စောင့်မျှော်နေပါ့မယ်…
      သတိတရ ရိုက်ပေးလို့ ကျေးဇူးတင်ပါကြောင်းနော်…

      Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.