နောက်တစ်ပွဲအတွက်ပြင်သာထား..မြစ်ဆုံအရေး ရင်လေးရအုံးမှာလား!!!

တလောလေးကပဲ မြစ်ဆုံကိစ္စ ဆက်လုပ်ဆောင်ဖို့

2011 ကုန်ခါနီးမှာ အစည်းအဝေး လုပ်သွားသလိုလို

အင်တာနက်မှာ ဖတ်လိုက်ရပါတယ်..မသေချာတဲ့ဟာလို့ ထင်တဲ့အတွက်

ပို့စ်မတင်ဖြစ်ခဲ့ပါဘူး

ဧရာဝတီမြစ်ဆုံအရေး သမ္မတကြီးက ရပ်ဆိုင်းထားမယ်ဆိုတော့

ဆရာ ဟာဂျူလီ(ကသာ) က ဒီလို ကာတွန်းလေးဆွဲထားခဲ့ဖူးတယ်

တိတ်တိတ် ကြုံးဝါးနေတဲ့ အသံ၊ ကြားအောင်နားထောင်နော်

နောက်တစ်ကြိမ် ဗိုလ်လုပွဲ ရှိလာအုံးမယ်ဆိုတာ ကြိုပြောထားတယ်။ သူတို့ဘက်က အားလုံး ပုံစံမပျက်ရှိနေတယ်ထင်တယ်နော်။ ခဏရပ်ပြီး နောက်ပွဲ စောင့်နေတဲ့သဘော။ ကျွန်တော်တို့လည်း ကြိုပြင်ထားရပါအုံးမယ်။

ဟော.. ကြည့်၊ တွေ့နေရပါပြီဗျာ..

ဒီမိုဝေယံဝိုင်းတော်သားတွေ ညောင်မြစ်တူးထားတယ်၊ မျက်ခြေပြတ်ကျန်ခဲ့လို့မဖြစ်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြစ်ဆုံဆည်.. တန်ဖဲကျေးရွာကို ပြန်လည် ပြောင်းရွှေ့ ရောက်ရှိလာတဲ့ တန်ဖဲရွာသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြန်ပို့တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်..။ အရင်းစစ်တော့ အမြစ်မြေကြီးမှာ ဆိုသလို ဒီမိုဝေယံ ဝိုင်းတော်သားများ ရရှိထားတဲ့ သတင်းဓာတ်ပုံများအရ မြစ်ဆုံဆည် စီမံကိန်းထဲမှာ ကိုယ်တော်ချောတွေ ရောက်ရှိနေပြီး ၂လပိုင်း ၂၅ရက်နေ့က မြစ်ဆုံစီမံကိန်း ဝင်းထဲမှာ တရုတ်နှစ်သစ်ကူးပါ ကျင်းပပြုလုပ်တဲ့ သတင်း၊ ဓာတ်ပုံများ ရရှိထားပါတယ်…။ နောက်ဆုံးအနေနဲ့ ယခုလ ၄ရက်နေ့က စီမံကိန်းဝင်းအတွင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများလည်း ရရှိထားပါတယ်..။င်္စမံကိန်း ရပ်ဆိုင်းတယ်ဆိုပြီး ဘာကြောင့် ယခုထက်တိုင်ရှိနေသေးလဲ ဆိုတာနဲ့ ယခင်အခြေချ နေထိုင်သူ တန်ဖဲရွာသားတွေကို ပြန်လည် နေထိုင်ခွင့် မပေးလဲ ဆိုတာ စဉ်းစာ စရာပါ… ဒီသတင်းမဟုတ်ဘူးလို့ ထပ်ငြင်းပါ အထောက်အထားတွေ ထပ်ပြပါမယ်…။
အထက်က လင့်ခ် မှာ ဖတ်ကြည့်ကြပါတော့ဗျာ..
၂၀၁၁ခုနှစ်၄လပိုင်း ၁၄ရက်နေ့က မြစ်ဆုံ စီမံကိန်းအတွင်း တိုင်းမှူး၊ တပ်မမှူးတွေ တက်ရောက် ပျှော်ရွှင်ခဲ့တဲ့ မြစ်ဆုံ သင်္ကြန်ပွဲသတင်းပုံတွေကိုလည်း တင်ပြထားပါတယ်.
ဒီမိုဝေယံ ဖေ့စ်ဘွတ်က အထက်ပါပို့စ်ကို မန့်ထားတာတချို့
Aung Myint Zaw TA YOKE ARE DANCING WITH GIRLS , WHILE ALL MYANMAR GUYS HAVE BEEN WATCHING.. WHAT IS OUR FUTURE..?
Ko Htike ကျွန်တော်တို့ သတိထားရမှာ တစ်ခုက … မြစ်ဆုံ ကိစ္စက ဖျက်သိမ်းတာ မဟုတ်သေးဘူး။ ခေတ္တရပ်ဆိုင်း ထားတယ်ဆိုတာသာ ဖြစ်နေတော့ .. တရုတ်တွေက သူတို့ ကုမ္ပဏီက မြေတွေကို ဆည်သာ ဆက်ဆောင့်ခွင့် မရှိသေးပေမယ့် .. ဝင်ထွက်၊ သွားလာခွင့်ရှိနေပြီး၊ ရွာသားတွေကို ပြန်လည်နေရာ ချထားခွင့် မရှိသေးတာ ဖြစ်ဖို့ များပါတယ်။ … ကျွန်တော်တို့ အတွက် ဒုတိယမြောက် ဖြစ်ဆုံ တိုက်ပွဲဟာ ၂၀၁၅ အပြီး ကာလမှာ နောက်တပွဲ ဆက်နွဲဖို့ တတိုင်းပြည်လို့ သတိ ရှိနေဖို့ပါပဲ။

Aung Myint Zaw THEY ARE DOING LIKE NE WIN `S ERA.. TIME IS CHANGING.. NOW 21 ST CENTURY.

Hla Myat U အိန္ဒိယ တောင်ပိုင်းက Siang  ့မြစ်မှာလဲ ရေစီးအားကျသွားတာမို ့ ဆန်းစစ်သုံးသပ်ကြည့်လိုက်တော့ Siang မြစ်ရယ်လို ့ ဖြစ်မလာခင် Yang Tpasou မြစ် နာမည်နဲ ့ တရုတ်ပြည်က စီးဆင်းလာတာပြီး India ရောက်မှ Siang ရယ်လို ့ နာမည် ပေးခံခဲ့ရတာ တွေ ့ရတယ်…. ပြောချင်တာက တရုတ်တွေဟာ မြန်မာပြည်က ဧရာဝတီကို ဒုက္ခပေးရုံတင် မကပါဘူး…. သူတို ့ အကျိုးအတွက် အိန္ဒိယကိုလည်း ( ဖြစ်နိုင်ချေ ၉၉% ရှိတဲ့ ရေလမ်းကြောင်း လွှဲယူခြင်းဖြင့် ) ဒုက္ခပေးနေပါတယ်….. { ဒီမှာ ကွာခြားတာက အိန္ဒိယ အစိုးရက တရားဝင် ကန် ့ကွက်၊ အထောက်အထားတွေ နိုင်ငံတကာကို ဖော်ထုတ် လုပ်နေချိန်မှာ } ကျနော်တို ့ နဝတ တဖြစ်လဲ ဇာတ်ပေါင်းစု မင်းသားကြီးများ ကြီးစိုးတဲ့ လက်ရှိ အစိုးရဆိုတဲ့ သူများက မြစ်ဆုံဆည် ရပ်တန် ့လိုက်ပြီ၊ ပြောင်းရွှေ ့ခံရတဲ့ ဒေသခံတွေ မူရင်း အရပ်ကို ပြန်နေထိုင်ခွင့်ပြုပြီ ဆိုပြီး ကရွတ်ခွေနဲ ့ မုန် ့ကြိုးလိမ်က စပ်ကျတဲ့ သားသမီးများလို လှလှပပကြီး လိမ်ပြနေကြတာပါဘဲ……. ခု သူတို ့ကို ချီးကျူး အသိအမှတ်ပြုနေတဲ့ နိုင်ငံတကာ အစိုးရ၊ အဖွဲ ့အစည်းများရဲ ့ လက်ထဲကို ရောက်အောင် ဒီအထောက်အထားတွေကို ပို ့ပေးနိုင်အောင် ကြိုးစားကြစေလိုပါတယ်…..

( ယာယီ)ရပ်ဆိုင်းတာလို ့ ခဏလေးပြည်သူတွေဆီက ယုံကြည်မှုယူထား၊ ချွေးသိပ်ထားပြီး နောက်ကွယ်မှာ ဆက်လုပ်ဖို့ ဆွေးနွေးညှိနှိုင်း၊ အကျိုးအမြတ်ရထားတဲ့ လူတွေ တိတ်တိတ်စည်းဝေးတိုင်ပင်၊ မြစ်ဆုံ စီမံကိန်း ဝင်းထဲမှာလည်း တရုတ်တွေကျ ပျော်ပါးလှုပ်ရှားနေပြီး ဒေသခံရွာသားတွေကျ ဖင်ပေါင်စားတဲ့ကောင်တွေက ဖမ်းနေတာ ဘာသဘောများပါလဲ…

ဒါလားကွ အမျိုးသား အကျိုးစီးပွား

ဒါလား clean government–good governance?

 

credit for cartoons:  http://www.facebook.com/herjulekatha

12 comments

  • water-melon

    March 9, 2012 at 3:02 pm

    ကဲ နောက်တစ်ပွဲအတွက်ပြင်ဆင်ထားပါပြီ။
    လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားမွေးလိုက်အုန်းမယ်။

    Reply

  • laypai

    March 9, 2012 at 3:27 pm

    မဖြစ်မနေ ရအောင် တားဖို့ က ဒို့ ပြည်သူတွေ ရဲ့ အလုပ်လို့ သဘောထားပြီး ပြင်ဆင်ထားပါတယ်။

    Reply

  • kai

    March 9, 2012 at 4:31 pm

    မြစ်ဆုံက..ဘာလည်းတော့မသိ.. အဲဒီကမြေကြီးတွေကိုတော့.. တရုတ်ပြည်ထဲကားနဲ့သယ်ထုတ်နေတယ်လို့.. သိဖူးတယ်..။
    မြေကြီးထဲများ ဓါတ်သတ္တုတမျိုးမျိုးရှိနေသလားတော့ မသိ…

    စကားအတင်းစပ်..
    မှီငြမ်းပြီး ဆွေးနွေးသွားပုံလေးကြိုက်တယ်… 😆

    Reply

    • သူကြီးရေ ………အဲဒါရွှေကြောတွေ ့လို ့သယ်နေကြတာလို ့ ဆရာမောင်သာချိုက
      စာပေဟောပြောပွဲမှာ ပြောဖူးတယ်ဗျ။တကယ်တော့ မြစ်ဆုံစီမံကိန်းက မရပ်ဆိုင်း
      သေးပါဘူး။ဆက်လုပ်နေကြတုန်းလေ။မြစ်ဆုံရဲ ့အထက်မှာရော၊အလယ်မှာရော…

      အမျိုးသားအကျိုးစီးပွားမဟုတ်ပါ အမျိုးအဆွေအကျိုးစီးပွားပါဗျ။

      Reply

      • ရွာစားကျော်

        March 9, 2012 at 6:49 pm

        ရွှေနဲ့ by-product အနေနဲ့ တွေ့ရတတ်တဲ့ တန်ဖိုးမြင့် သတ္တုတွေလည်း အများသားကလား
        အစတော့ထုတ်မိဘီ.. အကုတ်ခံရတော့မှာပဲ
        ပြေးပြီဗျို့ ဒက်ဂလောက်.. ဒက်ဂလောက်

        Reply

  • ရွာစားကျော်

    March 9, 2012 at 5:04 pm

    ဖရဲ နဲ့ laypai တို့ရေ
    အလဲထိုး၊ အကွဲထိုး ဒိုင်ပွဲရပ်လောက်နဲ့တော့ နောက်ပွဲတွေ ထပ်ထိုးနေရအုံးမှာပဲ
    အသေထိုးနိုင်လောက်တဲ့ အားမျိုးမွေးထားရမှာနော် ဒါမှ ပွဲပြတ်မှာ..

    တဂျီးရေ
    မြစ်ဆုံက တချို့သဲတွေက အတော်ကိုလေးဟု ကြားဖူးသဗျ
    တဂျီးလက်တံနဲ့ စမ်းရင်မမှီလောက်ဘူးလား..

    Reply

  • windtalker

    March 9, 2012 at 8:34 pm

    ဒေသခံ တစ်ဦးရဲ ့၊ သူ ့ကိုယ်တွေ ့ပြောစကားလေး ကို ပြန်ပြောပြရရင်
    မြစ်ဆုံစီမံကိန်း လုံးဝပိတ်သိမ်းတောင် အပြုံးမပျက်တော့ဘူး..တဲ့ ။ ဘာလို ့လဲ ဆိုတော့ ၊ အဲဒီမှာ စလုပ်တုန်းက ဘက်ဖိုးတွေနဲ ့၂၄နာရီအပြည့်နီးပါး ကော်ကြတာ ၊ ဘာများပါလိမ့်လို ့သေချာကြည့်တော့ ၊ ကော်သမျှထဲမှာ ရွှေ က 3/4 ပါနေလို ့ပါ သတဲ့ ခင်ဗျာ ။
    ကောင်းကြသေးရဲ ့ လားလို ့။

    Reply

  • ရွာစားကျော်

    March 9, 2012 at 8:58 pm

    Yangon Press International
    မြစ်ဆုံရွာသားများအား နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးပြီး ထွက်ခွာရန် ၁ဝ ရက်အချိန်ပေး

    မြစ်ကြီးနား၊ မတ်လ (၇) ရက်၊ ၂၀၁၂

    ယမန်နေ့ ညနေပိုင်းက လာရောက်ခေါ် ဆောင်သွားခြင်းခံရသည့် မြစ်ဆုံ တန်ဖဲရွာသား ၂၅ ဦးအား ခေါ်သွားပြီး ၄ နာရီအကြာ ည ၈ နာရီဝန်းကျင်တွင် ပြန်လွှတ်ပေးလိုက်သော်လည်း မြစ်ဆုံဒေသ တန်ဖဲကျေးရွာမှ လာမည့် ၁ရ ရက်နေ့ နောက်ဆုံးထားပြန်လည် ထွက်ခွာပေးရန် သတိပေးခဲ့သည်ဟု မြစ်ဆုံဒေသ မှ ကျေးရွာသား တဦးကပြောသည်။

    မတ်လ ၆ ရက်နေ့ညနေ ၄ နာရီတွင် လာရောက်ခေါ်ဆောင်သွားပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဒုသမ္မတထံမှ အမိန့်စာကိုပြကာ နေထိုင်ခွင့် မရှိကြောင်းနှင့် မတ်လ ၁ရ ရက်နေ့ နောက်ဆုံးထား ပြန်လည်ထွက်ခွာပေးရန် အသိပေးခဲ့သည်။

    ကျေးရွာသားများအား ပြောရာတွင် မြစ်ဆုံဒေသမှ ပြောင်းရွှေ့သွားသူများအား ကုမ္ပဏီမှ လျော်ကြေး ပေးထားပြီးဖြစ်၍ နေထိုင်ခွင့်မရှိတော့ကြောင်း ပြောဆိုသည်ဟုလည်း ယင်း ကျေးရွာသားက ပြောသည်။

    မြစ်ဆုံဒေသတွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်တည်ဆောက်ရန်အတွက် ကျေးရွာသား တသောင်းကျော်ကို ယမန်နှစ် မတ်လက ပြောင်းရွှေ့စေခဲ့သည်။ ယင်းနောက် မြစ်ဆုံစီမံကိန်းကို လူထုလူတန်းစား အသီးသီးက ဝိုင်းဝန်းကန့်ကွက်ကြသည့်နောက် ယမန်နှစ် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် သမ္မတ အမိန့်ဖြင့် ယာယီရပ်ဆိုင်းစေခဲ့သည်။ ။

    Reply

  • တွတ်ပီ

    March 10, 2012 at 1:27 am

    ဒီမိုကရေစီ ဆိုတာ ဒါလား……

    Reply

  • အာဖျံကွေး

    March 10, 2012 at 8:25 am

    အင်ပေါ့ မောင်လေးရယ် ခွိခွိ
    သဒို့ဂ သများတို့ထက် လည်သလေလေ လည်သလေလေ ပေါ့ကွယ်
    မွဲသာဝါဒ ကို အတင်းကျင့်သုံးတဲ့ စေးခွစ် စ် တွေ ။

    Reply

  • ရွာစားကျော်

    March 12, 2012 at 10:01 am

    မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိ်ုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။

    မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
    စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
    သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။
    တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ… စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
    အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
    RFA

    Reply

  • inz@ghi

    March 12, 2012 at 10:12 am

    ဟိုတယောက်ပြောတော့ တီလုပ်ကြီး ကောင်းတယ်ဆို ….
    တီလုပ်ကြီးကို အားမထားရင် နားကားသွားမှာ ဆို ….

    အဟတ် ….အဟတ်…


    「なせばなる、なさねばならぬ、何事も
    ならぬは人のなさぬなりけりだ」

    ချဉ်ပါတယ်သဂျီးရယ်….

    Reply

Leave a Reply to အာဖျံကွေး Cancel Reply

Your email address will not be published.