ချစ်ခြင်းမေတ္တာဆိုတာဘာလဲ?

ပုိင္ေလးMarch 8, 20121min08

ခုတလော fbမှာ ဒီပုံလေးပျံ့နေတာကို တွေ့ကြလိမ့်မယ်ထင်ပါတယ်။ ထိုင်ဝမ်ဆေးရုံတစ်ရုံမှာ ဒီပုံကိုရိုက်ခဲ့သူက fbပေါ် ဓာတ်ပုံတင်လိုက်တော့ လူတိုင်းက အမေကို ဒီလောက်ဂရုစိုက်ချစ်တဲ့လူဟာ ဘယ်သူလဲဆိုတာကို သိချင်လာခဲ့ကြတယ်။ ဒီလိုနဲ့ သတင်းဌာနတစ်ခုက ဆေးရုံမှာတပ်ဆင်ထားတဲ့ ဗီဒီယိုကင်မရာကတဆင့် ဒီလူကိုစုံစမ်းခဲ့တယ်။ ဒီလူက အသက်(၆၂)အရွယ် အငြိမ်းစားယူထားတဲ့ စုံစမ်းစစ်ဆေးရေးဌာနာက ဝန်ထမ်းတစ်ဦးပါ။ သူဟာတစ်ဦးတည်းသော သားဖြစ်တာေြ…ကာင့် အမေအိုကိုပြုစုဖို့ လွန်ခဲ့တဲ့ ၅နှစ်မှာ အလုပ်ကနုတ်ထွက်ခဲ့သူဖြစ်တယ်။ သတင်းဌာနာကလူတွေ သူ့ကိုအင်တာဗျူးဖို့သွားတော့ အတွေ့မခံခဲ့ပါဘူး။ လဲကျပြီးခြေတစ်ဖက်ကျိုးနေတဲ့ လေဖြတ်နေတဲ့ သူ့အမေအိုကို လက်တွန်းလှည်းပေါ်တင်ရင် ပိုနာကျင်မှာစိုးလို့ ကျောပိုးပြီး သူဆေးရုံပို့ခဲ့တယ်လို့ပဲ ပြန်ဖြေပါတယ်။ သူဟာ အမေအိုကို ချစ်တတ်၊ ဂရုစိုက်တတ်ရုံမက တာဝန်ထမ်းဆောင်စဉ်မှာလည်း ရာထူးအာဏာကို မမက်မောခဲ့ပါဘူး။  တနယ်တကျေးပြောင်းပြီး ရာထူးတိုးပေးတာကို ငြင်းပယ်ခဲ့သူပါ။ အကြောင်းက အမေအိုကို သူကိုယ်တိုင်စောင့်ရှောက်ချင်ပြီး မိန်းမအပေါ် ဝန်မပိုစေချင်လို့ပါတဲ့။ သူဟာလက်အောက်ငယ်သားအပေါ် ညှာတာစာနာတတ်ပြီး လာဘ်ပေးလာဘ်ယူတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ သူသွားရောက်စုံစမ်းတဲ့အိမ်ကကျွေးတဲ့ ထမင်းကိုတောင် ပိုက်ဆံပေးပြီး စားသူဖြစ်ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက်ကြားမှာ သတင်းမွှေးသူဖြစ်ပါတယ်။ တင်ထားတဲ့ fbဓာတ်ပုံပေါ်မှာ လာရောက်ရေးသားကြတဲ့စာတွေက “ချစ်ခြင်းမေတ္တာဆိုတာဘာလဲ? မခွဲမခွာဆိုတာ ဘာလဲ? ငယ်ငယ်တုန်းက ကိုယ့်ကိုအမေ ပွေ့ဖက်ပြီးကြီးလာခဲ့တယ်။ ကိုယ်ကြီးလာတဲ့အချိန်  အမေက ကိုယ်ပြန်ပွေ့ဖက်တတ်သေးလား?”တဲ့။ တချို့ကလည်း “သူ့နေရာမှာ သင်ဆိုရင် အမေကို သူ့လို သင်ပွေ့ဖက်တတ်မလား”တဲ့။ ငယ်ငယ်တုန်းက ကိုယ့်ကို အမေကရင်ခွင်ထဲ ထွေးပွေ့ယုယခဲ့တယ်။ အမေအိုမင်းလို့ ဖျားနာပြီဆို အမေကို ကိုယ်ပြန်ပွေ့ဖက်ဖို့ မမေ့ပါနဲ့တဲ့… သတင်းလင့်လေးပါ.. http://www.youtube.com/watch?v=KYKxxwHh8T4&feature=player_embedded  
အင်တာနက်ပေါ်တွေ့မြင်ခဲ့ရသော ပုံများဖြစ်ပြီး အားလုံး ပြုံးပျော်ကြည်နူးနိုင်စေရန် ထပ်ဆင့်ဝေမျှ ခံစားပါသည်။ ကြိုက်နှစ်သက်သည့်ပုံများ ရှိခဲ့ပါလျှင် ခွင့်မတောင်းဘဲ လွတ်လွတ်လပ်လပ် မျှဝေနိုင်ပါသည်။

8 comments

  • Burmese or Chinese

    March 8, 2012 at 12:19 pm

    ဆန်ရေ……

    Reply

  • Khaing Khaing

    March 8, 2012 at 2:19 pm

    ကိုမြန်မာ(သို့) တရုတ်ရေ ပုံလေးကိုကြည့်ပြီး စကားစုလေးတစ်ခုကိုမှတ်မိနေပါတယ် …ငါအိုသွားသောအခါ ဆိုတဲ့စာလေးထဲကပေ့ါ…
    ငါအိုသွားသောအခါ ဆိုတဲ့စာလေးတွေကို ဖတ်မိတိုင်းရင်ထဲမှာ ဝမ်းနည်းသလိုခံစားမိတယ်……

    Reply

  • pooch

    March 8, 2012 at 4:54 pm

    ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အကြောင်းအမျိုးမျိုးကြောင့် လူတွေရဲ့ အကျင့်စာရိတ္တတွေ ကိုယ်ချင်းစာတရားတွေ အသိတရားတွေ ခေါင်းပါးလာတဲ့ ဆုတ်ကပ်ကြီးမှာ ဒီလို မိဘကို သိတတ်တဲ့ သားသမီးတွေ ရှိနေသေးတာ မင်္ဂလာတစ်ပါးပါ။

    “သား” ကြီးတော့ ” အား “ဆိုတာ ဒီလိုလူကို ခေါ်တယ်ထင်ပါတယ်။

    Reply

  • bluerose

    March 8, 2012 at 5:03 pm

    ပုံမမြင်ရဘူး

    Reply

  • ချစ်ခြင်းမေတ္တာဆိုတာဘာလဲ? မခွဲမခွာဆိုတာ ဘာလဲ? ငယ်ငယ်တုန်းက ကိုယ့်ကိုအမေ ပွေ့ဖက်ပြီးကြီးလာခဲ့တယ်။
    ကိုယ်ကြီးလာတဲ့အချိန်  အမေက ကိုယ်ပြန်ပွေ့ဖက်တတ်သေးလား?”တဲ့။ တချို့ကလည်း “သူ့နေရာမှာ သင်ဆိုရင်
    အမေကို သူ့လို သင်ပွေ့ဖက်တတ်မလား”တဲ့။ ငယ်ငယ်တုန်းက ကိုယ့်ကို အမေကရင်ခွင်ထဲ ထွေးပွေ့ယုယခဲ့တယ်။
    အမေအိုမင်းလို့ ဖျားနာပြီဆို အမေကို ကိုယ်ပြန်ပွေ့ဖက်ဖို့ မမေ့ပါနဲ့တဲ့…
    ………….
    Burmese or Chinese ရေ ခုလိုဝေငှပေးလို ့ကျေးဇူးဘဲနော်။အမေ……….အမေ…..။

    Reply

  • water-melon

    March 8, 2012 at 7:20 pm

    အမေ
    ကျန်းမာပါစေ
    ချမ်းသာပါစေ
    ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။
    ချစ်တဲ့သား ဖရဲ။

    Reply

  • a me

    March 8, 2012 at 9:05 pm

    အေမီကတော့ အမေ ကို အမြဲကလန်ကဆန် လုပ်နေမိတော့ အဲ့လိုမျိူးတွေတွေ့ရတော့ အေမီ ရှက်တယ်

    Reply

  • thetnaingoo myanaung

    March 9, 2012 at 1:09 pm

    ဘိုဖြူဆိုခဲ့တဲ့ သီချင်းလိုဘဲ ဆန်ရေဆိုတာကြုံရခဲတယ်တဲ့။အခုလို မိဘကျေးဇူးကို သိတတ်တဲ့သူ အင်မတန်ရှားပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။ အခုလို ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။ နောက်နောင်လည်း ဒီလိုဝေမျှပေးပါဦး။

    Reply

Leave a Reply

Your email address will not be published.