Drogba ကမာ္ဘ့ဖလားအတွက်မကျိန်းသေ

wailynnooJune 7, 20101min00

Drogba ဟာ သောကြာနေ့က Japan နဲ့ချစ်ကြည်ရေးပွဲမှာ တတောင်စစ်ရိုးကျိုးသွားခဲ့ပါတယ်။ Ivory Coast ဘောလုံးအဖွဲ့ချုပ်နဲ့ ဆေးအဖွဲ့ကတော့ အမြန်ပြန်ကောင်းလာအောင် ကြိုးစားနေကြပါတယ်။ ခွဲစိတ်မှုကတော့အောင်မြင်ခဲ့ပါတယ်။ ဘယ်လောက်အနားယူရမယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။
Drogba အတွက်ပါဝင် နိုင်ဖို့အခွင့်ရေးတော့ ရှိနေပါသေးတယ်။ Ivory Coast အသင်းဟာ Portugal နဲ့ 15 June, Brazil နဲ့ 20 June, North Korea နဲ့ 25 June တို့မှာယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာသူတွေ ကတော့ ဒီအုပ်စု ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ သတ်မှတ်ထား ပါတယ်။
Drogba မပါဝင်နိုင်ဘူးဆိုရင်တော့ အုပ်စုကြပ် ခက်ခက်ခဲခဲရုံးကန်ရနိုင်ပါတယ်။ Drogba ဟာ နိုင်ငံအသင်းအတွက် 69 ပွဲမှာ 44 ဂိုးတောင် သွင်းပေးထားတာပါ။ Premier League ရဲ့ ဂိုးသွင်းဘုရင်ဆုကိုလဲ ရရှိထားသူပါ။

Ref: bbc.co.uk