ထွက်ခွာသူ

တောပြောတောင်ပြောနဲ့

မောနေပါမယ်

ဘာမှလာ စောဒကမတက်ပါနဲ့

ထောမှတွဲချင်တဲ့

နင့်အကြောကို သိပြီးသားပါ

ဘာမှမရှိတဲ့ ငါ့ဘဝထဲ

အရင် လာငြိခဲ့တာနင်ပါ

ထင်တာတွေလွဲသွားလို့

မကြင်နာချင်လည်းနေပါ

မနှင်ပါဘူး

ရူးခဲ့မိတာ ဝန်ခံပါတယ်

ထူးတော့ မထူးပါဘူး

နင်မရှိလည်း နေလို့ဖြစ်ပါတယ်…။   ။

(ကာရန်တွေကို လိုက်ချိတ်ရင်းနဲ့ ကဗျာလေးတစ်ပုဒ် ထွက်လာခဲ့ပါတယ်။  ကိုယ်တွေ့ဖြစ်ရပ်တော့ မဟုတ်ပေမယ့် မိန်းမလေးဘက်က ခံစားချက်ကို ရေးထားတာပါ။)

9 comments

  • နွေဦး

    March 6, 2012 at 3:47 pm

    ဟိုတယောက်ကတော့ မောင်ပြန်မလာလို့တဲ့
    ဒီတယောက်ကျတော့ နင်မရှိလဲ နေလို့ဖြစ်တယ်တဲ့
    အိမ်က မဟေသီကတော့ ဝေးလေ ကောင်းလေ တဲ့

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 6, 2012 at 5:42 pm

    မှန်ရာသာပြောခဲ့သည် ရင်နင့်အောင်ချစ်ခဲ့သည်
    အမုန်းတို့သာရခဲ့သည် အလွမ်းများသာဖြစ်ခဲ့သည်
    ရင်ထဲမှာပွင့်သော ပန်းသစ္စာဖူး
    ချစ်ဦးသူတွက်သာ ရည်ရွယ်ခဲ့သည်
    တောပြောလည်းမပြောပါ တောင်ပြောလည်းမပြောပါ
    ဖြေရှင်းခွင့်လည်းမရှိပါ စောဒကတက်တယ်
    စွပ်စွဲဖို့တော့ စကားများဆွံ့အနေဆဲပါ
    တောထဲမှာတွဲပေမယ့် စန္ဒကူးလိုတစ်တောလုံးမှ တစ်ပင်ထဲ
    သဇင်နဲ့ထပ်တူတပ်မျှချစ်ခဲ့ပါသည်။
    မနှင်ခဲ့ပေမယ် ထွက်ခွာခဲ့သူတစ်ဦးအပေါ်
    စွန့်ပစ်သွားတယ်လို့တော့ အပြစ်ရယ်မမြင်ပါနဲ့
    မနီးစပ်နိုင်တဲ့ဘဝတစ်ခုမို့ ချစ်ရတာကိုယ့်သေတွင်းကိုယ်တူးမိသလိုဖြစ်ခဲ့ပါတယ်။
    နင်မရှိလဲနေလို့ဖြစ်ပေမယ့် နင်ရှိခြင်းတောင်မခံခဲ့ရတဲ့
    မနုဿတစ်ယောက်အတွက် ကမာ္ဘကြီးကမလည်ပတ်
    နာရီမိနစ်စက္ကန့်တွေကရပ် သေလောက်အောင်နာကျင်ခံစားရင်း
    ကွဲသွားတဲ့အသဲကိုဆက်ဖို့အတွက် မဖြစ်နိုင်ခဲ့သမို့
    သေရာပါဒဏ်ရာဒဏ်ချက်တွေ တစ်ပွေ့တစ်ပိုက်
    လူမိုက်လို့ပြောချင်ပြော တစ်သက်မှာတစ်ခါသာချစ်ခဲ့ပြီ
    နားလည်ပါစေတော့ကြင်နာသူ……………….
    ကျွန်တော်မြင်ရတဲ့တစ်ဘက်ခြမ်းကနေ
    ခံစားပြီးရေးပေးထားတာမို့မှားယွင်းမှုများရှိရင်ခွင့်လွှတ်ပါ။
    ရှမ်းပြည်သား(တောင်ပိုင်း)

    Reply

  • htet way

    March 6, 2012 at 7:23 pm

    မိန်းမဘက်က ခံစားချက်လား အင်း သင်းတို့က မချစ်တတ်ပါဘူး
    တို့ကတော့ ………

    Reply

  • windtalker

    March 6, 2012 at 9:36 pm

    ထောမှတွဲ
    တောကငနဲ
    အပြောကရဲ
    လောကထဲ
    မောဟဆွဲ
    ပြောပြမနဲ
    အောချမြဲ ။
    ဘုံ…မေပေါင် ( အမည်လဲသိ ၊ အားလုံးသိ )

    Reply

  • ကြောင်ကြီး

    March 7, 2012 at 9:37 am

    ဟေ့..မွန်ကြောင်မ
    တွန်လှောင်မပြနဲ့
    ဖွန်တကောင်မက
    စွံတဲ့ဦးကြောင်
    ထောလည်းတွဲ
    ချောလည်းတွဲ
    ပေါဆဲအမြဲ
    တောထဲကဲ
    ဟောဟဲဆွဲ
    သေကာမှလျှော့၏ 😎
    စကားကြွင်း။ နင်ရူးသလို…ငါလည်းဗူးမိဒယ်..ကြေဘီ..။

    Reply

  • water-melon

    March 7, 2012 at 10:22 am

    ကာရံတွေချိတ်
    ကဗျာတွေကို
    ဖိတ်တဲ့ကို မွန်မွန်ကို
    မန်းလေးမှ ဖရဲက
    အလှမ်းမဝေး ကမ်းဝေးပြီ
    ကြိုဆိုလိုက်ပါရစေ။

    Reply

    • windtalker

      March 8, 2012 at 11:28 am

      ကမ်းကြီး ခေါ် ကမ်းဝေး ကတော့ ၊ သူ ့ရွာသားမှတ်ပုံတင်ပျောက်သွားလို ့
      မာဘယ်လ်ကွန်မင့် နဲ ့ဆက်လက်လှုပ်ရှားနေတယ် ဟ

      Reply

Leave a Reply to မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ Cancel Reply

Your email address will not be published.