ပုံနှိပ်ကြော်ငြာများက အွန်လိုင်း သို့မဟုတ် ရုပ်သံကြော်ငြာများထက်ပို၍ ထိရောက်မှုရှိကြောင်း မိုက်ခရိုဆော့ဖ်က လေ့လာတွေ့ရှိ

DaveJanuary 18, 20101min01

အကြီးစားဖြန့်ချိရေးလုပ်ငန်းများအတွက် ပုံနှိပ်ကြော်ငြာများက အွန်လိုင်းကြော်ငြာများထက်နှစ်ဆကျော်ပို၍ ထိရောက်မှုရှိကြောင်း မိုက်ခရိုဆော့ဖ်ကြော်ငြာအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်ဟု တနင်္လာနေ့ထုတ် တိုင်းမ်စ် တွင် ဖော်ပြထားသည်။ရုပ်သံနှင့်အွန်လိုင်းများပေါ်တွင်ကြော်ငြာသည့်လုပ်ငန်းများမှ ရရှိသည့်အခွန်သည် ၂.၁၅ မှ ၃.၄၄ စတာလင် ပေါင်သာရှိသော်လည်း ပုံနှိပ်ကြော်ငြာများမှ ရရှိသည့်အခွန်သည် ၁စတာလင် ပေါင်မှ ၅စတာလင်ပေါင်အကြားရရှိသည်ကို တွေ့ရကြောင်း ယင်းစစ်တမ်းတွင်ပါရှိသည်။

အဆိုပါစစ်တမ်းတွင်ပါဝင်သော အကြီးစားဖြန့်ချိရေးလုပ်ငန်းများကို အမည်ဖော်ပြထားခြင်းမရှိသော်လည်း ဗြိတိန်နိုင်ငံမှ ဖက်ရှင်ဖြန့်ချိရေးလုပ်ငန်းများ၊ ကုန်တိုက်ကြီးများ၊ လူသုံးကုန်ပစ္စည်း ဖြန့်ချိရေး လုပ်ငန်းများ နှင့် အဝတ်အထည်စတိုးဆိုင်ကြီးများ ပါဝင်ကြောင်းသိရသည်။တိုင်းမ်စ်၏အလိုအရ ပါဝင်ကြသော လုပ်ငန်း ၂၄ခုသည် ဗြိတိန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ ၁၀ဝစာရင်းဝင်များဖြစ်သည်ဟု ဆိုသည်။ ပုံနှိပ်နှင့် အွန်လိုင်း မီဒီယာများ၏ ကြော်ငြာလုပ်ငန်းဆိုင်ရာ ငွေကြေးသုံးစွဲမှုပမာဏသည် ၁ဝရာခိုင်နှုန်းတိုးမြှင့်သင့်သည့်တိုင် ရုပ်သံကြော်ငြာများတွင်မူ အလားတူပမာဏကို လျှော့ချပစ်သင့်သည်ဟု စစ်တမ်း ထဲတွင် အကြံပြုထားသည်။

၂၀၀၃ခုနှစ်အတွင်း မိုဘိုင်းဖုန်းများမှတစ်ဆင့်ပေးပို့ကြော်ငြာသော အင်တာနက်ကြော်ငြာလုပ်ငန်းများမှ ကြော်ငြာခ ပမာဏသည် အမေရိကန်ဒေါ်လာ၁၂.၆ဘီလျံရှိခဲ့သည်ဟု Pricewaterhouse Coopers and SFN’s World Digital Media Trends ၏ ၂၀၀၉ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။ အင်တာနက် ကြော်ငြာလုပ်ငန်းများမှ ဝင်ငွေပမာဏသည် လာမည့်၂၀၁၂ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၀.၄ဘီလျံ အထိရောက်ရှိလာနိုင်သည်ဟု Pricewaterhouse Coopersက ခန့်မှန်းထားသည်။ သတင်းစာကြော်ငြာ များမှရသည့် ဝင်ငွေထက်လျော့နည်းနေသော်လည်း သတင်းစာများမှရသည့်အစု ၂၁.၆ရာခိုင်နှုန်းကို ထည့်တွက်လျှင် ၂၀၁၂ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ၁၃၆.၈ဘီလျံအထိရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားသည်။

ကျွမ်းကျင်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့်Deloitteက ၂၀၁၂ခုနှစ်တွင် တစ်ကမ ္ဘာလုံး၌ အွန်လိုင်း ကြော်ငြာဝင်ငွေသည် ၁ဝရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း တိုင်းမ်စ်တွင် ရေးသားဖော်ပြသည်။ဘဏ္ဍာရေးအကြပ်အတည်းကာလအတွင်း အွန်လိုင်းကြော်ငြာဝင်ငွေသည် ၅ရာခိုင်နှုန်းအထိပင် ထိုးကျခဲ့သော်လည်း အခြားကြော်ငြာများနှင့် နှိုင်းစာကြည့်လျှင် အလွန် လျော့နည်းနေသည်ကို တွေ့ရသည်ဟု ထိုကုမ္ပဏီအစီရင်ခံစာတွင်ပါရှိကြောင်း သိရသည်။

One comment

  • cum min

    June 21, 2012 at 9:20 am

    အော် ဟုတ်တာပေါ့ဗျ…

    Reply

Leave a Reply

Your email address will not be published.