ကျွန်တော် ကော်ပီတွေနဲ့ ပျော်နေပါသည်

yawaiMarch 1, 20121min07

ကော်ပီ အကြောင်း မပြောရခင် ကျွန်တော်အကြောင်း အရင်ပြောပါရစေ။ ကျွန်တော်က
ဂီတကိုလဲ သဘောကျတယ် အထူးသဖြင့် ကျွန်တော် Hip Hop အရမ်းကြိုက်တယ် အဲ့တော့
ထွက်သမျှ Hip Hop အခွေအကုန်လုံး မဟုတ်တောင် တော်တော်များများ ဝယ်ဖြစ်တယ်
Master ခွေပေါ့။ အဲ့ဒီမှာပဲ ပြဿနာက တက်ပါတယ်။ တခွေကိုကို ၁၆၅ဝပါ။
ဒီနှစ်ဦးပိုင်းမှာ ကျွန်တော် ဝယ်ထားဖြစ်တာက ဂျောက်ဂျက် အမ်တီဗီ၊
ကျော်ထွဋ်ဆွေရပ်ကွက်ထဲက အရူး၊ ဇေရဲရဲ့ လေးစားမှု ဒီသုံးခွေ ဝယ်ဖြစ်ပါတယ်။
အဲ့ဒီ့အခွေတွေထဲမှာ ပါတဲ့ သီးချင်းအားလုံးရဲ့ တစ်ဝက်လောက်က UG
အနေနဲ့ထွက်သားပြီးထားပါ။ ဒီတော့ အဲ့အခွေတွေ ဝယ်ရတဲ့ အခါမှာ ကျွန်တော်
အရမ်းနှမျောတယ်။ သီချင်းတွေကိုလဲ အကုန်မကြိုက် ဒီကြားထဲ
နားထောင်ပြီးသားတွေကလဲ ပါတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျွန်တော့်
ချစ်တဲ့ Hip Hop ဂီတသမားတွေ ရေရှည် ရပ်တည်နိုင်အောင် အားပေးတဲ့သဘောပါ။
နောက် နိုင်ငံခြားခွေတွေထဲကဆို Billboard vol တွေနဲ့ Today’s Hit vol
တွေကို လတိုင်းဝယ်တယ်။ အင်္ဂလိပ်ကားဆိုလဲ အခွေသစ်ထွက်တိုင်း
ဝယ်ကြည့်ဖြစ်တယ်။ ကျွန်တော့်လိုင်း မဟုတ်တဲ့ ပန့်တွေ ရော့ခ်တွေကျတော့
ကော်ပီပဲ အားပေးသဗျ။ ခု Love and Hate အခွေနှစ်ခွေ အမ်တီဗီထွက်နေပါတယ်။
မနေ့က J8 ကိုရောက်မှတွေ့တာ ဇာတ်လမ်းခွေသွားဝယ်ရင်းပေါ့။ CD ဆို တစ်ခွေ
၁၆၅ဝဆိုတော့ ၂ခွေဆိုရင် ၃၃၀ဝ ကျပါတယ်။ ဒီဗီဒီက ၂၀၀ဝပါ ၂ခွေဆို ၄၀၀ဝပါ။
ကျွန်တော် ပိုက်ဆံမပါလို့ မဝယ်ခဲ့ရပါဘူး။ နောက်ပြီး ဝယ်ဖို့
စဉ်းစားမိတိုင်း တွန့်ဆုတ်နေမိတယ်။ ဒီအခွေ ၂ ခွေဝယ်လိုက်မိရင်
ငါ့တစ်ရက်စာ အသုံးစရိတ်မက ကုန်နေပါလားလို့ပေါ့။ တကယ်ပါ ကျွန်တော်
တချို့ရက်တွေဆို အသုံးစရိတ် ၃၀၀ဝတောင်မကုန်ပါဘူး။
ကျွန်တော် ဆက်ပြောမယ့် ကော်ပီအကြောင်းက ဒီမှာ စပါပြီ။ ကော်ပီခွေက
စီဒီတစ်ခွေမှ ၂၅ဝ ခုဏက နှစ်ခွေကို ကော်ပီ ဝယ်လိုက်ရင် ၅၀ဝပဲကျမယ်။
စုပေါင်း ဒီဗီဒီအခွေဝယ်မယ်ဆိုရင် တစ်ခွေမှ ၄၀၀။ ဒီတော့
သာမာန်လက်လုပ်လက်စားတွေက ကော်ပီပဲ ဝယ်ပါတော့တယ်။ ဟုတ်တယ်လေ
တစ်နေ့လုံးလုပ်လို့မှ ၃၀၀ဝ မရတဲ့ လူတွေရန်ကုန်မှာ အများကြီးပါ။ ဒါအပြင်
၃၀၀ဝဆိုတာ သာမန်မိသားစု တစ်နေ့စာ စားစရိတ်ထက်တောင် ကြီးနေပါသေးတယ်။
ဒီတော့ ဒီ မာစတာအခွေတွေ ဘယ်ဝယ်တော့မလဲ ကော်ပီပဲ ဝယ်တော့တာပေါ့။ နောက်ပြီး
စာပေဟောပြောပွဲတွေက ကော်ပီခွေထွက်တာ။ မာစတာခွေမှ မထွက်ပဲ ကော်ပီပဲ
အားပေးရတာပေါ့။ ကိုယ်မှ စာပေဟောပြောပွဲတွေ လိုက်နားမထောင်နိုင်တာလေ။
အဆိုတော်တွေကလဲ တစ်ပတ် တခွေတောင် မကဘူး ထွက်လိုက်ကြတာမှ သောက်သောက်လဲပဲ။
အကုန်လုံး မာစကာခွေ ဘယ်အားပေးနိုင်တော့မလဲ။ အငြိမ့်တွေ အထူးသဖြင့် 5star
အငြိမ့်တွေက တရားဝင်မှ မထွက်တာ ကော်ပီဝယ်အားပေးတာ အပြစ်လား။
မြန်မာဇာတ်လမ်းခွေ ကော်ပီကူးတာကတော့ တွေ့ရခဲပါတယ်။ အခွေငှားဆိုင်က
ငှားကြည့်လိုက် တခါငှားမှ ၁၅ဝ ၂၀ဝပဲရှိတာ ငှားပဲကြည့်ကြတာပေါ့။
လမ်းဘေးမှာ ၄ခွေ တစ်ထောင် ၅ခွေတစ်ထောင်နဲ့ ရောင်းတာက အခွေဆိုင်က
ဆိုင်ရှင်းထုတ်လိုက်တဲ့ အခွေဟောင်းတွေပါ။ နိုင်ငံခြားကားတွေက
ကော်ပီဆိုင်မှာ ဝယ်ရင် ၂၅ဝပါ ဒီကြားထဲ အခွေငှားဆိုင်တွေမှာ ငှားခွင့်ကလဲ
ပိတ်ထားတော့ ကော်ပီကိုပဲ အားပေးကြတာပေါ့။ ကျွန်တော်ကတော့ Subtitle
အင်္ဂလိပ်လို ဖတ်ချင်လို့ ၅၀ဝတန် တရုတ်ကော်ပီခွေလေးတွေ အားပေးပါတယ်။ ဂီတနဲ့
ရုပ်ရှင်ဆိုတာက လူတန်းစား အလွှာပေါင်းစုံ ခံစားနိုင်ပါတယ်။ ဒီတော့
မာစတာခွေတွေက ၁၆၀ဝ ၂၀၀ဝ ဖြစ်နေသရွေ့ လူတန်းစားပေါင်းစုံကို ခံစားခွင့်
ပိတ်ပင်ထားသလိုဖြစ်နေပြီး ကော်ပီ(ဝါ) ခိုးကူးတွေက
သာမန်အောက်ခြေပြည်သူတွေရဲ့ အနုပညာကျေးဇူးရှင်ကြီးတွေ အဖြစ်
လမ်းဆုံတိုင်းမှာ မခန့်မညားနဲ့ လူစီနေပါတယ်။ တစ်ကယ်လို့သာ သီချင်းခွေ
မာစတာခွေတွေရဲ့ ဈေးကို ၇၀ဝလောက်ထိ ချကြည့်ပါလား။ ၂၅ကျပ်တန်
အိတ်ထဲထည့်ထားတဲ့ ၂၅ဝတန် ခိုးကူးခွေးအစား ရောင်စုံ ကာဗာဗူးနဲ့ ၇၀ဝတန်
မာစတာခွေပဲ ဝယ်ကြမှာပါ။ ဆိုလိုတာက ကော်ပီခွေတွေ ပြန့်နေခြင်းဟာ
ခိုးကူးသမားတွေရဲ့ အပြစ်ဆိုတာထက် ထုတ်လုပ်သူတွေမှာ ပိုပြီးတာဝန်ရှိပါတယ်။
တစ်ခွေ ၅၀ဝမြတ်မဲ့နေရာမှာ ၂၅ဝ မြတ်အောင်ပဲ လုပ်ရောင်းမယ်။ နောက်ပြီး
ဆင်ဆာဋ္ဌာနကလဲ ဆင်ဆာကြေး အများကြီး မယူတော့ဘူးဆိုရင် ခုဏပြောတဲ့ ဈေးက
မဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို
ကိုယ်တိုင်သရုပ်ဆောင်နေတဲ့ အခွေတစ်ခွေကို ၁၆၀ဝ ၂၀၀ဝ ဝယ်ကြည့်နေရတာကတော့
တော်တော့်ကို မတန်တာပါ။ သိကြတဲ့ အတိုင်း မြန်မာပြည်ရဲ့
၇ဝရာခိုင်နှုန်းလောက်က လက်လုပ်လက်စားနဲ့ မချမ်းသာသူတွေပါ
(ဆင်းရဲနေကြတယ်လို့ မဆိုလိုပါ)။ ဒီတော့ ဒီမာစတာဆိုတာကြီးက ကျန်တဲ့
၃ဝရာခိုင်နှုန်းကိုပဲ ဦးတည်သလား ၁၀၀ရာခိုင်နှုန်းကိုပဲ ဦးတည်နေလား
ကိုယ့်ဖာသာကို စဉ်းစားကြည့်ကြပေါ့။ ထုတ်လုပ်သူတွေနဲ့ကလဲ ကိုယ်က
ချမ်းသာလို့ ၁၆၀ဝ ၂၀၀ဝ ဆိုတာ ဘာမှမဟုတ်ပေမယ့် ကိုယ့်အခွေဝယ်ကြမယ့်
ပရိတ်သတ်တွေအများစုက ၁၆၀ဝ ၂၀၀ဝကို မနည်းကြိုးစားရှာထားရတယ်ဆိုတာလေးသိနေကြဖို့လိုပါတယ်။ ၃ဝရာခိုင်နှုန်း ဝယ်ယူသူတွေဆီက
၁၀ဝရာခိုင်နှုန်းအမြတ်ယူမယ့် အစား ၁၀ဝရာခိုင်နှုန်း ဝယ်ယူသူတွေဆီက
၅ဝရာခိုင်နှုန်းအမြတ်ယူတာမှာ ဘယ်ဟာက ပိုမြတ်မလဲ ထုတ်လုပ်သူတွေ စဉ်းစာမိရင်
သိပ်ကောင်းပါမယ်။ ကျွန်တော်ဆို အခွေဖိုးနဲ့ တစ်လ ၁သောင်းခွဲ ၂သောင်းလောက်
ပုံမှန်ကုန်တယ်။ တကယ်လို့သာ အခွေဈေးထက်ဝက်ကျသွားမယ်ဆို တခြား
ဂီတအမျိုးစားတွေလဲ ကျွန်တော် မာစတာခွေ ဝယ်ကောင်း ဝယ်နိုင်ပါတယ်။
ကျွန်တော်လို လူမျိုး အများကြီးပါ မာစတာဝယ်ချင်သော်လည်း
မတတ်နိုင်သူတွေပေါ့။ နောက်ပြီး နိုင်ငံခြားဇာတ်လမ်း အခွေတွေ။ ပြောတော့သာ
တရားမဝင်ဘူးတဲ့ City Mart မှာ စိန်ဂေဟာမှာ တရားဝင် ဝယ်နေကြတာပဲ။
(တရုတ်ကော်ပီများကို ပြောတာပါ) တရုတ်ကော်ပီ ၅၀၀/၁၁၀၀/၁၆၀ဝ ဝယ်မယ့်အစား
လမ်းဘေးက ခိုးကူးမြန်မာကော်ပီ ၂၅ဝ ၃၅ဝ ၅၀ဝတန်ပဲ ဝယ်ကြည့်တော့မှာပေါ့။
နိုင်ငံခြားခွေတွေကိုလဲ ဆင်ဆာပေး လုပ်ပိုင်ခွင့်ပေးပြီး
တရားဝင်အငှားဆိုင်ဖွင့်လိုက်ပြီဆိုရင် နိုင်ငံခြားခိုးကူးခွေတွေ
တဖြည်းဖြည်းပပျောက်သွားမှာပါ။ ဆင်ဆာဆိုတာကြီးကိုလဲ ပြောပြချင်ပါတယ်။
နှုတ်ခမ်းခြင်းနမ်းတာ ကုတင်ပေါ်မှာ လှိမ့်ပြနေတာနဲ့ပဲ ဆင်ဆာငြိရပြီလား။
နိုင်ငံခြားကားတွေကို အရင်ကြည့်မနေပါနဲ့ ကန်ဘောင်လေး ခဏလောက်သွားကြည့်ပါ
ညနေဘက် မှောင်ရီပျိုးချိန်မှာ လူမြင်ကွင်းမှာတောင် နိုင်ငံခြားကားတွေထက်
ပိုဆိုးနေပါတယ်။ ဒီတော့ ခိုးကူးကိစ္စ နိုင်ငံတော်ကိုပဲ လုပ်ပေးပါ
လုပ်ပေးပါ တစာစာအော်မနေပါနဲ့။ ကိုယ့်အားကိုကိုးကြပါဦး ထုတ်လုပ်သူများနဲ့
အနုပညာရှင်များခင်ဗျား။ ခုတော့ ကျွန်တော်တို့ ပြည်သူကို တဖက်တစ်လမ်းက
အထောက်အကူပြုနေတဲ့ ခိုးကူးတွေကိုပဲ အပြစ်တင်နေတာတွေ ကို
လျော့လိုက်ပါ။ကျွန်တော်တို့ကတော့ ကော်ပီနဲ့ ပျော်နေကြဦးမှာပဲ။

written by YaWai(ပိုင်စိုးသူ)

7 comments

  • inz@ghi

    March 1, 2012 at 2:25 pm

    bookmark လုပ်ထားပါတယ်
    အားတဲ့အခါ ပြန်လာ အားပေးပါ့မယ်

    😀

    ခင်တဲ့

    Reply

  • Thel Nu Aye

    March 1, 2012 at 2:45 pm

    သူတို့ကလဲပဲဘာနဲ့တူနေလဲဆိုတော့ GSM ဖုန်းလိုဖြစ်နေပြီ။ စားရမှာလဲသဲတရှပ်ရှပ်။ ပြစ်ရမှာလဲဆီ တဝင်းဝင်းဖြစ်နေတော့ဂွကျနေတာပေါ့။ လျှော့လို့ရသော်ငြားလဲစို့စို့ပို့ပို့လေးမြတ်ချင်တဲ့ အရင်းရှင်စိတ် ကမပျောက်သေးတော့ ဝေစားမျှစားဆိုတဲ့စကားကိုနားမလည်သေးသမျှတော့ အခွေပဲဖြစ်ဖြစ် ၊ဖုန်း ပဲဖြစ်ဖြစ်ဈေးကြီးနေအုံးမှာပါပဲ။
    စကားအတင်းစပ်။ နောက်ရေးလို့ရှိရင်စာလုံးကြီးကြီးလေးရေးပေးပါ။ ဖတ်လဲပြီးရောမျက်ရိုးတွေကိုက်သွား လို့ပါ။ မနဲဖြဲဖတ်ရတယ်။

    Reply

  • windtalker

    March 1, 2012 at 2:49 pm

    အလွန်အင်မတန် ဖြစ်သင့်သော သဘောတရားများပေပါတကား ။ လက်၁ဝချောင်းထောင် အားပေးပါ၏။

    Reply

  • yawai

    March 1, 2012 at 3:08 pm

    ကျွန်တော့်ရဲ့ ပထမဆုံး ဒီ Web Page အတွက် POST ပါ။ ကျွန်တော့်ဘလော့မှာ ရေးတုန်းကတော့ ကြီးတယ်လို့ ဝိုင်းပြောကြလို့ သေးလိုက်မိတာပါ။ ကြိုးစားပါဦးမည်။

    Reply

  • kai

    March 1, 2012 at 4:44 pm

    ဖေါင့်ဆိုဒ်… ပြင်ပေးလိုက်ပါတယ်..။
    ဒီပို့စ်ကို ..ဂီဂီရေးထားတာနဲ့.. တွဲဖတ်သင့်ပါတယ်..။

    http://myanmargazette.net/101916/computers-technology

    Reply

  • နိုင်ငံခြားခွေတွေကိုလဲ ဆင်ဆာပေး လုပ်ပိုင်ခွင့်ပေးပြီး
    တရားဝင်အငှားဆိုင်ဖွင့်လိုက်ပြီဆိုရင် နိုင်ငံခြားခိုးကူးခွေတွေ
    တဖြည်းဖြည်းပပျောက်သွားမှာပါ။ ဆင်ဆာဆိုတာကြီးကိုလဲ ပြောပြချင်ပါတယ်။
    နှုတ်ခမ်းခြင်းနမ်းတာ ကုတင်ပေါ်မှာ လှိမ့်ပြနေတာနဲ့ပဲ ဆင်ဆာငြိရပြီလား။
    နိုင်ငံခြားကားတွေကို အရင်ကြည့်မနေပါနဲ့ ကန်ဘောင်လေး ခဏလောက်သွားကြည့်ပါ
    ညနေဘက် မှောင်ရီပျိုးချိန်မှာ လူမြင်ကွင်းမှာတောင် နိုင်ငံခြားကားတွေထက်
    ပိုဆိုးနေပါတယ်။
    __________________

    အကယ်ဒမီရမင်းသားကတော့ စင်ပေါ်ကနေအော်သွားလေရဲ ့ဗျာ။ရှက်စရာနော်……

    Reply

  • TITAN

    March 1, 2012 at 10:38 pm

    မာစတာခွေကရော ကွာလတီဘယ်လောက်ကောင်းသလဲ ဆိုတဲ့အချက်ပေါ်မူတည်ပါတယ်။
    ဈေးကြီးပေးရပြီးတော့ သုံးလေးခါလောက်ပြန်ကြည့်ရင်ကို ခွေကထစ်ချင်နေပြီ။
    ကွာလတီမကောင်းရင်တော့ ဈေးချိုတဲ့ ခိုးကူးခွေတွေကို ပပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.