မြစ်

               မြစ်

 

အိမ်မက်တွေပြောင်းပြန်စီး သိပ် ခရီးမတွင်ခဲ့တဲ့မြစ်

သူသူငါငါ ဇကာချ အညစ်အကြေးတွေဆေးကြောခဲ့တဲ့မြစ်

ခေတ်အလာ ကြပ်ခိုး တိတ်တခိုး မျိုချ ခဲ့ရတဲ့မြစ်

နေအပြောက် တိမ်တောက်တယ်ဆိုတာလဲ တုံဏာဘာဝိ သူမသိရတဲ့မြစ်

သူမသိငါမသိ ဒုက္ခသည်တွေတပြုံတမ( ငုံ မ) ထားတဲ့မြစ်

ဓါတုရည်တွေ ကြုံသလို ဝင်နှောက်လဲ ချောင်းငယ်ထင် ခါးထစ်ခွင်နေရတဲ့မြစ်

အဲဒီမြစ်

မြစ်ဟာမြစ်လိုနေရင်း စီးဆင်း

အခင်းအကျင်းတွေ လက်သိပ်ထို းတတ်ခဲ့။

မြစ်တစ်စင်းရဲ့ မာယာ သူ ခဝါ ချတတ်ခဲ့။

အချိန်တန် အိမ်ပြန် တဲ့ အကြော သူ သဘောကျ နေတတ်ခဲ့။

မျောနေတဲ့ ဒိုက် နဲ့  ဝေ့ဝိုက် ရင်း သူ စိတ်ကောက်နေတတ်ခဲ့။

ဒီလိုနဲ့

မြစ်ဟာ မြစ်လိုနေ ရင်း…သူ… စီးဆင်းနေတော့တယ်။    ။

 

 

 

 

 

 

 

 

 

 

9 comments

  • ခပ် KING ကင်း

    February 25, 2012 at 10:15 pm

    မြစ် ……….
    ……………………..
    အချစ် ……………………..
    …………………………………….
    စစ်………………………………………….
    …………………………………………………….
    ခန့်မှန်းလို့မရသလို
    အတိအကျဖော်ညွှန်းဖို့လည်းခက်သဗျာ …..
    ကို အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး ဟူးးးးးးးးးးးးးး
    မောတယ်ဗျာ ဆက်လက်စောင့်ဖတ်နေမယ်ဗျ ….

    Reply

  • pooch

    February 26, 2012 at 12:09 am

    ဆယ်လ်မွန်ငါးတို့……….. ပျော်ခဲ့ကြတဲ့မြစ်…………
    ကိုတံငါတို့ …………………….ပျော်ခဲ့ကြတဲ့မြစ်…………..
    ကူးလူးသွားလာလူအများ……………..မျှော်ခဲ့ကြတဲ့မြစ်………………
    အိုးတွေ သစ်တွေ စုန်ဆန်သွား ………………သယ်ပေးခဲ့တဲ့မြစ်……………
    ကြွေးကြော်သံတွေ ညံစွာထား………………………..ကယ်ခဲ့ရတဲ့မြစ်…………………

    ခုတော့ အရောင်တွေပြောင်း ………
    လမ်းကြောင်းတွေပြောင်း……………….
    သောင်တွေဖောင်း……………………………
    ညစ်ထေးလှတဲ့ မြစ်…………………………………..

    အပြစ်ကင်းတဲ့ ချစ်ခြင်းအပြည့်နဲ့ သန့်စင်လှတဲ့မြစ် …………
    ဘယ်အချိန်များပြန်ရောက်လာမလဲလို့ ……………………………..မျှော်ရင်း။

    Reply

    • windtalker

      February 27, 2012 at 12:59 am

      နှလုံးသားတွေ ပေါင်းစည်းရမယ့် မြစ်
      အချစ်ဆိုတာကို ရဖို ့ဟန်ဆောင်မှု မျက်နှာဖုံးတွေ ဖယ်ရှားပေးမယ့်မြစ်

      Reply

  • အချစ်ဟာ မြစ် ..
    မြစ် ဟာ အချစ် …
    အဲဒီလို တင်စားရင်းက
    သတိတစ်ခုရ ..
    အော် .. အချစ်နဲ့ မြစ်ဟာ
    ကွေ့ကောက်တာချင်း တူနေပါပေါ့လား …………

    Reply

  • မြစ်……မြစ်…….
    တခါတရံမှာ ညင်သာစွာစီးဆင်းနေလို ့……
    တခါတရံ မာန်တက်တေတဲ့ဆင်ရိုင်းလို တဝုန်းဝုန်း စီးဆင်းလို ့….
    နွေအခါညင်သာသလောက်….
    မိုးတွင်းဆိုအရောင်ပြောင်း၊အသွင်ပြောင်းတဲ့မြစ်….:

    Reply

  • Gipsy

    February 26, 2012 at 2:04 pm

    မိုးအတိတ်မှာ
    စိုးထိတ်ခဲ့တဲ့
    ရွာ ခဲ့ မိုးရေ
    ဆောင်းအကူးမှာ
    မပြောင်းဘူးလို့ပဲ
    … ငြင်းခဲ့ ငြင်းခဲ့
    နွေအရောက်မှာ
    ဗွေဖောက်ခဲ့တဲ့
    မင်းရဲ့ခမ်းခြောက်မှု
    ခြေဦးတည်စရာမရှိ
    အခုတော့လည်း
    လန်းဆန်းမှု
    ကွယ်ပျောက်ခဲ့ပြီလား..။

    Reply

  • memeseku

    February 26, 2012 at 9:12 pm

    ပဲမြစ်

    Reply

  • kyeemite

    February 27, 2012 at 11:28 am

    အော်..မြစ် မြစ်..မူးမြစ်..
    သောက်ရင်းသောက်ရင်းမူး
    မူးရင်းမူးရင်း ကွေ့ကောက်
    ကွေ့ကောက်ရင်း..သွေ့ချောက်
    သွေ့ချောက်ရင်း ..မေ့ပျောက်ကြတော့မဲ့မြစ်
    မမေ့ပျောက်အောင်..ရှေ့လျှောက်
    စောင့်ရှောက်ရမဲ့မြစ်။
    မူးမြစ်ရေသောက်ပြီး မူးနေတဲ့..
    ကြီးမိုက်။

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.