မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

guestktyJune 5, 20101min01

မြန်မာအနေနဲ့ အရေးကြီးဆုံးသော အချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင် ဖြစ်ပါသည်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံနှုန်း သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါသည်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက် ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံတွင် နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝ မရှိပါဟု ကြေငြာခဲ့ပါသည်။ IAEA မှ လက်ခံခဲ့သော ထိုကြေငြာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝ မရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများ ရှိပါသည်။ ထို grant money မှ အချို့အား မြန်မာ နျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါ ဟူ၍ ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရ ဆိုလျှင် ယူရေနီယမ်များတူးဖော်နေခြင်း တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါသည်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလဲ လုံလောက်သော ဆင်ခြေပေးရန် မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိ နည်းပညာအားဖြင့် အလှမ်းဝေးသော အရာများ ဖြစ်ပါသည်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်ပါသည်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန် ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည် ဆိုလျှင်၊ IAEA ကို မိမိဆန္ဒအလျောက် အကြေားကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိ ပွဲစားများမှ တစ်ဆင့် လက်နက်များ ထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ဝယ်ယူခဲ့ခြင်း၊ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ဝယ်ယူစဉ်က ခေါင်းစဉ်အဖြစ် သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်း၊ ထိုစက်များကို အမည်ခံကာ ဝယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနျူမြူစွမ်းအင်ဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ဆက်စပ်နေခြင်း၊ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူ အပေါင်းတို့အား လက်နက် ထုတ်လုပ်နိုင်သော ပစ္စည်းများ မဝယ်ယူနိုင်အောင် ပိတ်ဆို့ တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။

What is the state of Burma’s nuclear program?

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်း ယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓါတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါသည်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်း အစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါသည်။ ဒီအစိတ်အပိုင်းတွေ ထုတ်ဖို့သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလဲ အတော်လေး ဆိုးပါသည်။ တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန် ရှုပ်ထွေးတိကျလှတဲ့ စက်များ လိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်က ကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်သည်၊ ဒါမှမဟုတ်လဲ မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေ ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အခု တွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများ အခြေအနေအရ သူတို့ အောင်မြင် အောင်လုပ်နိုင်ဖို့တော့ အလှမ်း ဝေးနေပါသေးသည်။

ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေပါသည်၊ တူးဖောက်ရတာတွေကို ဓါတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေသည်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေပါသည်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါသည်။ အကယ်၍ သူတို့ရဲ့ တရားမဝင် စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခု သူတို့လုပ်နေတာတွေဟာ နျူလက်နက် မပျံ့ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါသည်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါသည်။ ဤစွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် ဤကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ် မထိုးလျှင် လုပ်ဆောင်နိုင်ဖို့ မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည် မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ ကြိုးစားနေပါသည်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့် ထိုစကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိက ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေး အတွေးအခေါ်ထက် လောဘများသာ ရှိကြတဲ့သူတစ်စု ဖြစ်ပါသည်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓါတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစ်စုကောင်းစားရေးအတွက်ပဲ ဦးစားပေးလုပ်နေသူတွေ ဖြစ်ပါသည်။ သူတို့ရဲ့ နည်းပေးလမ်းပြဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောက်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်း ဟူသည့် ဒိုင်းဖြင့် အကာအကွယ် ယူကာ သူတို့ အတွက် လုံခြုံနေရေးပင် ဖြစ်ပါသည်။

Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.

ဘာသာပြန်ကြားချက်အား www.photayokeking.org မှ ပြန်လည် တင်ဆက် ဖော်ပြပေးပါသည်။

ဘာသာပြန်- အောင်ဆန်းမန်း

အကယ်၍ မူရင်းဆောင်းပါးပါ အချက်အလက်များနှင့် ကွဲလွဲပါက ကျနော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။

One comment

  • maungmoenyo

    June 9, 2010 at 1:50 am

    မှန်ပါတယ်။ မြန်မာအစိုးရအနေနဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်ဘို့အလွန်အလှမ်းဝေးပါသေးတယ်။ သေချာတာတခုကတော့ မိမိအာဏာတည်မြဲရေးနဲ့လက်တဆုတ်စားတို့ကြွယ်ဝရေးကိုသာဦးစားပေးလေ့ရှိတဲ့စစ်ဗိုလ်ချုပ်များက နိုင်ငံတကာနဲ့အိမ်နီးချင်းနိုင်ငံတွေကိုယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်လိုတဲ့ဆန္ဒသာရှိပါတယ်။ ဒါပေမဲ့နျူးကလီးယားမဟုတ်တဲ့ လက်နက်ကြီးတွေကိုတော့၊ ဘယ်နည်းနဲ့၇ရထုတ်နိုင်အောင်ကြိုးစားနေမှာအမှန်ပါဘဲ။ IAEA နဲ့ US/Europe ကနှာခေါင်းအနံ့ခံရာမှာချေလှမ်းသွက်ပါတယ်။ လောက်လောက်လားလားပြစရာသက်သေမရှိတဲ့အပြင်စကားအသွားအလာနဲ့ ထောက်လှမ်းရေးသတင်းတွေက အထင်ကြီးလောက်စရာရှိပုံမရပါဘူး။ နိုင်ငံတကာဆက်ဆံရေး protocol အရမပြောသာပေမဲ့ရီစရာကိစ္စဖြစ်နေပါတယ်။ ဒါပေမဲ့အနောက်နိုင်ငံတွေကတော့အဖြူအမဲသံသဲကွဲကွဲပြောဘို့အစီအစဉ်မရှိပါဘူး။ သူတို့တတွေမလှုပ်သေးသရွေ့၊ မြန်မာကNuclear Technology ရဘို့ဆိုတဲ့ချေလှမ်းမတွေ့ပါဘူး။ စစ်အစိုးရအဖွဲ့မှာကောက်ကျစ်တဲ့ကက်ဘိနက်ဝင်တစ်ဦးရှိပါတယ်။ ဦးသောင်း (ယခင်အမေရိကန်သံအမတ်ဟောင်း) ပါ။ သူနဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ဗိုလ်ချုပ်မှူးကြီး၏အနီးကပ်) တို့ကဒီကိစ္စကိုကိုင်တွယ်နေပါတယ်။ အရင်က directorate of defense (ဗိုလ်မှူးကြီး/ချုပ်) အဆင့်လောက်ကိုဦးစီအရာရှိချုပ ်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မြှင့်ထားပါတယ်။ အဓိကကအခြားလက်နက်တွေထုတ်ဘို့ကိစ္စပါဘဲ။ လက်တဆုတ်စာသာရှိတော်တဲ့သောင်းကြမ်းသူတွေကိုအပြီးအပြတ်တိုက်ဖို့နေနေသာသာ၊ ရိုက်သတ်လို့မကုန်တဲ့ ဗိုလ်ချုပ်/ဗိုလ်မှူးချုပ်တွေကဒီနေ့အထိကိုယ့်လိုရာကိုဆွဲဆောင်နိုင်ခြင်းမရှိသေးတာကိုကြည့်ရင် မြန်မာစစ်တပ်ရဲ့နိမ့်ကျလှသေးတဲ့အရေအသွေးကိုသိနိုင်ပါတယ်။ တိုတိုပြော၇ရင် foreseeable future အတွင်းမှာ မြန်မာက Nuclear Technology လက်ကိုင်ပြုနိုင်မဲ့အလားအလာလုံးဝ (လုံးဝ)မမြင်ကြောင်းပါခင်ဗျား။

    Reply

Leave a Reply

Your email address will not be published.