၂၀၁၆ ဥရောပဖလားဘောလုံးပြိုင်ပွဲ (ယူရို-၂၀၁၆ ပြိုင်ပွဲ) အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး မဲခွဲဆုံးဖြတ်သည့် အခမ်းအနားကို မေလ ၂၈ ရက်နေ့က ဥရောပဘောလုံးအဖွဲ့ချုပ် ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ပြုလုပ်ခဲ့ရာ ပြင်သစ်နိုင်ငံက ပြိုင်ဘက်တူရကီနိုင်ငံထက် မဲတစ်မဲအသာရပြီး အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသွားခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံသည် ယူရို ၂၀၁၆ ပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေးအတွက် တူရကီ၊ အီတလီတို့နှင့် အဓိကယှဉ်ပြိုင်ခဲ့ရပြီး အီတလီမှာ ပထမအဆင့် ယှဉ်ပြိုင်စဉ်ကတည်းက ရှုံးနိမ့်ခဲ့သဖြင့် တူရကီနှင့်ပြင်သစ်တို့ သာ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ဒုတိယအဆင့် မဲခွဲဆုံးဖြတ်မှုတွင် ပြင်သစ်နိုင်ငံက ခုနစ်မဲရရှိပြီး တူရကီနိုင်ငံက ခြောက်မဲသာ ရရှိခဲ့သဖြင့် ယူရို- ၂၀၁၆ ပြိုင
်ပွဲအား အိမ်ရှင်အဖြစ်ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံသည် ဥရောပဖလား စတင်ကျင်းပသည့် ၁၉၆ဝ ပြည့်နှစ်ပြိုင်ပွဲ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့ဖူးပြီး ၁၉၈၄ ခုနှစ်ကလည်း ဒုတိယအကြိမ်ကျင်းပခဲ့ဖူးရာ ယခုတစ်ကြိမ်မှာ တတိယအကြိမ်မြောက် ကျင်းပခွင့်ရရှိခြင်းလည်း ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ယူရို-၂၀၁၆ ပြိုင်ပွဲအား မြို့ကြီး ၁၂ မြို့ရှိ အားကစားကွင်း ၁၂ ကွင်းတွင် ကျင်းပရန် အဆိုတင်သွင်းထားကြောင်း သိရသည်။

အခုမှကမ္ဘာ့ဖလားတောင် မစရသေးဘူး။ လောလိုက်ကြတာ..