Rose MinnFebruary 24, 2012 at 3:42 pm ချစ်သူသိစေ (၂) မိုးတိမ်တိုက်တွေလာ ညိုမှိုင်းသော်ငြား လေပြေလည်းတိုက် ချစ်အေးသော်ငြား ရွှေမိုးသည်းထန်ရွာသွန်းသော်ငြား ငါ့ရင်ထဲတွင် မီးသို့ပမာလောင်မြိုက်နေသည်………….., ချစ်သူ မြူတွေမှိုင်းလို့ မှုန်ရီဝေလာ နှင်းတွေကျလို့ ခိုက်ခိုက်တုန်ငြား ချမ်းအေးရာသီ ရောက်ခဲ့သော်ငြား ရင်ထဲခံစား ခံစားချက်များ အက်စစ်ပမာ ပူပြင်းလှသည်……………..,ချစ်သူ နွေသို့ရောက်၍ ရော်ရွက်ဝါကြွေ ရေတွေခန်းခြောက် ငါ့ရင်ထဲက ခံစားချက်က ပြင်းပျလှသည် မင်းကို လွမ်းလို့ မနေတက်ပြီ ချစ်သူပြန်လာရန် မြတ်ဘုရားထန် ဆုတောင်းဖန်ဖန် ရှိခိုးတောင်းပန် ရှိပါသော်ငြား ချစ်သူပြန်မလာ ရှောင်ပုန်းခါပြေး ဝေးရပြီလား………………,ချစ်သူရယ် တင်လိုက်တာ ဝေဝေဝါးဝါးဖြစ်သွားလို့ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ဝေဖန်ကြပါအုံးနော်။ Reply
FattyCatFebruary 24, 2012 at 3:51 pm လှိုင်းထန်တဲ့ပင်လယ်မှာ လှေငယ်ကို ရွက်လွှင့်လို့ မင်းထံပြန်လာတုန်း ဗြုန်းဆို..ကိုရွှေမုန်တိုင်းက လေလှိုင်းလှီးလွှဲ ငါမိုးသည်းထဲမှာ လမ်းပျောက်ခဲ့တယ်… ခရောင်းလမ်းကို ပြေးဖြတ်ကျော်လို့ မင်းထံပြန်လာတုန်း ဗြုန်းဆို…သဲမုန်တိုင်းက လမ်းကြောင်းလှီးလွှဲ ကန္ဓာရထဲမှ ငါလမ်းပျောက်ခဲ့တယ်… မိုးသက်ကောင်းကင် တိမ်တိုက်ဆင်လို့ မင်းထံပြန်လာတုန်း ဗြုန်းဆို…လျှပ်မိုးကြိုးက လမ်းကြောင်းလှီးလွှဲ တိမ်တောင်တွေထဲ ငါလမ်းပျောက်ခဲ့တယ်… ကျန်ရစ်ခန္ဓာ၊ တည်မြဲနေသမျှ ပျောက်တဲ့လမ်းတွေ၊ ဝေဝါးနေလဲ… ငါ့ရဲ့ဝိဉာဏ်၊ ဤခန္ဓာမှ မကွာသ၍၊ ချစ်သူမင်းထံ ခစားဝင်ရန်၊ ငါလေဖြတ်လို့ ပြန်ခဲ့မည်…. ခံစားတဲ့- ကြောင်ဝတုတ် Reply
thuyazaw21451February 24, 2012 at 4:10 pm ကော်နက်ရှင်ကြောင့် ဘာမှပါသွားဘူး ကြောင်ဝတုတ်ကဗျာ တကယ်မိုက် လည်လိုက်တဲ့ငါ လှိုင်းလေကိုအန်တု ရန်ပြုလိုလျှင် သင်သာလျှင် ဘဝတုံး တစ်ဘဝလုံးမရှုံးခင်လှည့်ပြန် သင့်ချစ်သူ ချစ်သက်လျာအား သူရဇော် တာဝန်ယူမည် ဇွဲလျှော့ ချစ်သား……………..ဟားဟား Reply
စိန်ပေါက်ပေါက်February 24, 2012 at 3:56 pm ကွန်နက်ရှင်ကောင်းလို ့ ဝင်ဖတ်နိုင်ရင် ချစ်သူသိမှာပါ အားမငယ်ပါနဲ ့ 😀 လဂါးပြောတာပါ.. ခံစားသွားပါတယ်..ဗျို ့ Reply
Rose MinnFebruary 24, 2012 at 4:01 pm ကျေးဇူးမယ်ပေါက်။ မယ်ပေါက်လဲ ခံစားတက်တယ်လား။ ဟီးဟီးစတာနော်။ Reply
Rose MinnFebruary 24, 2012 at 3:57 pm ကိုဖက် ကပ်ရေ ကျေးဇူးတင်လို့ မဆုံးဘူး။ တစ်ဖက်သူဘက်မှခံစားချက်တွေကိုရေးပေးတာ။ Reply
FattyCatFebruary 24, 2012 at 4:20 pm တာဝန်ယူလို့ကျေးဇူးတင် သားသည်မိခင်အား တွယ်တာလို့ သံယောဇဉ်ပြ ငယ်တူသူ သူငယ့်ချင်းမိန်းမ တွေးဆလို့ ဖေးကူ ရင်သွေးတွေ တစ်သီကြီးနှင့်မို့ မင်းဘဝ ခါးသည်းမှာစိုးသော်ငြားလဲ ဝမ်းသာလို့ ပုခုံးထိုးခံ မင်းအကြံ နင်မြောက်အောင်… ပြေးပြီ…ငါ့သား Reply
thuyazaw21451February 24, 2012 at 4:25 pm ဒီလိုတော့ ဘယ်ရ လည်လှတဲ့ငါ နင်အကြံတွေ အကုန်သိလို့ ရွှေတိုက်ကို အိမ်ကိုဖိတ် နင်ပေးတဲ့ တသီတသန်းကို လက်လွှဲကာပေးအပ် ပြေးထွက်ခဲ့ပြီ……… နင်လဲလေ လူလည်ကြီးမို့ ရွှေတိုက်ကို ငါသနားတယ် ပြေးပြီ…..ဖေ့သား………. Reply
Shwe Tike SoeFebruary 24, 2012 at 7:26 pm နင်လွှဲအပ်တဲ့ တသီတသန်းကို ဘောကန်ရန် ငါလေအသင်းဖွဲ. နင်သနားတဲ့ ငါ…. ရွှေတိုက်ကို စိုးပါလို. ပိုးလိုက်မယ် တူရညီမ အတူထ က ကမယ်… ခိုးကြမယ်ဗျ ဒီည ဒီည တူရညီမ…. ကိုဖက်ကပ် နောက်တော်ပိုး ခိုးတဲ့ည ထမိန်ထုပ်ထမ်းကာ လှမ်းကြွမယ့် လေးးးးးးးးးးးးးးးးးးးးးးးးးး ကဲမှတ်ကရောဟာ……. 😀 Reply
thuyazaw21451February 25, 2012 at 9:18 am ဒီမယ်ရွှေတိုက် ဘောလုံးကိုခုတုံးလုပ် နှမကိုပိုးမယ်ကြံ ပိုး မလွယ်ပြန်သကိုး……. သူရမှာ နှမမရှိတော့ အဒေါ်လုပ်သူ မုဆိုးမကို နင်ယူလျှင် ငါခေါ်ပေးမယ် တစ်မျိုးတော့နင်ကြံ ထိုအဒေါ်မုဆိုးမမှာ ကလေးတွေတသီတတန်းနဲ့ ဘောကန်ရန် ထိုအဒေါ်ကြီးကို ခိုးယူရန် နင်မလိုတော့ပီ ဒိုးတော့တစ်ဖန်…………….
Khaing KhaingFebruary 24, 2012 at 4:24 pm သူတင်ထားတဲ့ကဗျာလေးကိုဖတ်ပြီ ကိုယ်တောင်မှ ချစ်သူကိုလွမ်းလာပြီ မျှော်မှန်းရော်ရမ်း ွလွမ်းနေပေမယ့် ချစ်သူမလာ မင်းရင်ခွင်မှာ ဗလာသက်သက် အချစ်တွက်ကြောင့် မျက်ရည်စက်လက် ငိုနေရပြီ ချစ်တဲ့သူရေ မြင်လှည့်ပါတော့ငါ့ရင်ခွင်….အကယ်ဒမီပေးပွဲက စမိုင်းကိုမြင်…… Reply
Rose MinnFebruary 24, 2012 at 4:34 pm အခိုင်တို့ ခံစားပုံများ မျက်ရည်တောင်စက်လက်တဲ့။ နှပ်ချီးပါထွက်လို်က်ပါအုံးလား။ ဟိုနှစ်ယောက်မလဲ ဘော်လီဘောပုတ်နေကြတယ်။ နောက်ဆုံးတော့တိုက်တိုက်ခဗျာ တိုးလို့တွဲလောင်းနဲ့ အလဲသယ် လိုလို၊ ကလေးတသိုက်နဲ့ ရောက်နေပုံများ မြင်ယောင်မိပါတယ် Reply
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူFebruary 24, 2012 at 7:14 pm ကိုနှင်းဆီမင်းရေ….ကျနော့်မလဲထိုတိုင်းပါဘဲလားဗျာ။ခံစားသွားပါတယ်နော်။ ချစ်သူပြန်မလာ ရှောင်ပုန်းခါပြေး ဝေးရပြီလား………………,ချစ်သူရယ် Reply
Khin LattFebruary 24, 2012 at 7:16 pm Rose Minn ရေ – သမီး ကဗျာလေး ကို ဝင်အားပေးခဲ့ပါတယ်။ အရီးက ကဗျာ တွေကို ချစ်ပေမဲ့ မစပ်တတ်လို့ သူများ ရေးတာကို ဘဲ အားကျစွာ ဖတ်ရတယ်။ တင်တဲ့ Post တိုင်း ကို ကြိုးစားဖတ်ပေမဲ့ အားလုံးကို ဝင် မမန့်နိုင်တာ မို့ တိတ်တိတ် လေး ဘဲ ဝင်ဖတ် ခဲ့ရတာပါ။ အခု ဝင်မန့် တာက သမီး ကဗျာ မှာ ဝင် အားဖြည့် ခဲ့ တဲ့ ကြောင်ဝ လေး ရဲ့ ကဗျာ ကို ဖတ်အပြီး စားနေတဲ့ အစာတောင် သီး သွားလို့ သတင်း ဝင်ပေးတာပါ။ ~~~ မကွာသ၍၊ ချစ်သူမင်းထံ ခစားဝင်ရန်၊ ငါ လေဖြတ် လို့ ပြန်ခဲ့မည်….~~~~ အမ်း – ” လေဖြတ်” ဆို ရာမှာ တစ်ခြား စကားလုံး သုံးလို့ ရ/မရ။ 🙄 မရီရပေမဲ့ အူနာအောင်ရီမိလို့ စောဒီး။ စိတ်မချိုးနဲ့ နော်။ နောက်တာ။ 😉 Reply
Rose MinnFebruary 25, 2012 at 10:05 am ဟုတ်တယ် အရီးလတ်ရေ သူများ မျက်ရည်ဆက်လက်နဲ့ခံစားတာကို မကြည့်ရက်လို့ ဇာတ်ပါ ပေါင်းပေးပါမယ်တဲ့။ သူတို့တွေ အပေါင်းကောင်းလို့ လူကြီးတွေတောင် အစာစားရင် သီးရတယ်လို့။ သမီးကပဲတောင်းပန်ပါတယ်။ Reply
aye.kkFebruary 24, 2012 at 7:57 pm “ဆိုခဲမြဲစေ” ကမ္ဘာမြေထု.. ပြိုလုပျက်သုံး.. ချစ်ထုံးမပြယ်.. ကျိန်တွယ်ဆိုပြ.. မိုးမြေမျှထိ.. စကားသစ္စာ.. ထားခါဆိုခဲမြဲစေမည်..။ Reply
Rose MinnFebruary 25, 2012 at 10:08 am aye.kk ရေ ကဗျာလေးအတွက်ကျေးဇူးတင်တယ်နော်။ လောကမှာ aye လိုလူတွေအများကြီးရှိနိုင်ပါစေ။ Reply
အဲ မိုFebruary 24, 2012 at 11:06 pm ကြိုပြောပါစေ အဲမိုရေးတာဟုတ်ဘူးနော် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာလေးပါ… မမေ့တတ်ချင် ပူနွေးရှိန်းမြ ၊ ပန်းနုလရောင် ရှတခံစား ၊ မှန်တံခါးဖြတ် အိပ်ရာလပ်ပေါ်၊ ဪ….သူမရှိပြီ သူ၏ကိုယ်ငွေ့ ၊ နွေးပျံဝေ့ဆဲ ထင်နေဆဲကွယ်…. ကြေကွဲသောက ၊ ဖန်မှန်စ နှယ် ဖယ်ခက်စူးနစ် ၊ တင်းကျပ်ရစ်ချည် ဝမ်းနည်းသည်ဆို ၊ မငိုရဘဲ မျက်ရည်ရွှဲလျှင် ၊ ရင်ထဲဆူးနစ် ခံစား၏။ ဖက်တွယ်လက်ပြေ ၊ နှမဝေငှ သောကတရား ၊ မွကြေဖိတ်စဉ် ပျော်ရိပ်ပျော်ယောင် ၊ စိတ်ကူးတောင်ပြို ပူလောင်ကျွမ်းမြည့် ၊ လွမ်း၍ တမ်းတ ပန်းလျဆွတ်ကျင် ၊ ခံစားရင်ခုန် သခင်သွားရာ၊ ကိုယ်မပါ၍ လပ်ဟာအထီးကျန်ခဲ့သည်။ ရင်ခုန်ခြင်းသည် ဆင်းရဲစရာ ဘာသာဖြေသိ၊ နေမချိသူ နှလုံးပူနွေး ၊ သွေးကြောလှည့်ပတ် မတန့်ရပ်မီ ၊ မေ့တတ်ခြင်းကို မလိုလားသေး ၊ မီးနီစွေးမှာ ပြေးဖြတ်ဝင်တိုး ၊ ပိုးဖလံလို သံသရာ၌ ၊ ငါပျော်ပိုက်သည် မိုက်မဲစွာပင် ၊ချစ်တတ်တကား…..။ မနှင်းဆီမင်းရေ အဲမိုလည်းခံစားသွား ပါတယ်နော် (အဲအဲ..ရင်ဘက်ကြီးနဲ့) .. အင်း…ဘော်လီဘောပုတ်တဲ့လူတွေရော၊ ဘောလုံးအသင်းထောင်မဲ့လူရော ရည်ရွယ်ချက်တွေပြည့်ဝကြပါစေ… Reply
အဲ မိုFebruary 24, 2012 at 11:12 pm အင်း စာရေးရင် စာကျန်တတ်တဲ့ သူငယ်တန်းကတည်းက အကျင့် ခုထိပျောက်သေးဘူး… ကျေးဇူးပြုပြီးနားလည်းပေးကြပါ အရပ်ကတို့ရယ်… ဂေဇက်မှာ ပထမဆုံးရေးတာလည်းဖြစ်နေလို့ပါနော်.. Reply
Rose MinnFebruary 25, 2012 at 10:53 am လောကမှာ ချစ်တဲ့သူနဲ့သာဆုံစည်းစေချင်ပါတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလက်ဆောင်ပေးတဲ့ အဲမိုကိုလည်း thank you ပါ။ နာဂရလဲ ချစ်တဲ့သူက ပြန်လာပြီး ဆုံးစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျန်ရစ်ခဲ့သူ မဖြစ်ချင်သလို၊ ထားခဲ့တဲ့ရက်စက်သူကြီးမဖြစ်လိုပါ။ ချစ်တဲ့သူတိုင်း သံသယ ကင်းကင်း ချစ်နိုင်ပြီး။ စွယ်တော်ပမာ မခွဲခွာပဲပေါင်းစည်းနိုင်ကြပါစေ။ ဇာတ်ပေါင်းပေးတဲ့သူရ။ ဖက်ကပ်။ ဘောလုံးအသင်း ထောင်မယ့်ရွှေတိုက် FC ကိုလဲမျှော်နေမယ်နော်။ 😛 Reply
ကိုပေါက်(မန္တလေး)February 25, 2012 at 1:02 pm ကောင်းကင်ညိုမိူင်း တိမ်တွေဆိုင်း စွေမစဲတသဲသဲရွာ မိုးတွင်းဆိုပေမယ့် ရင်မှာမအေး။ ဆောင်းနှင်းမြူမူံ ခိုက်ခိုက်တုံ ထွေးမလုံအောင်ချမ်းပေမယ့် ရင်ထဲကအပူ ယူမသွားသလိုပါဘဲ။ နွေရွက်ကြွေအပူကဲ ကိုယ့်ရင်နဲ့ ပြိုင်ပွဲဝင် နိုင်ချင်လို့မရ။ စိန္တေထံဆုပန်သပေမယ့် တွေ့ဆုံရန်ခက်ခဲ လွမ်းလို့နေမြဲ……………. Reply
venus layFebruary 25, 2012 at 7:10 pm လန်းတယ်…လန်းတယ်..အရမ်းလန်းတယ်..ဘုရားစင်ကပန်းကိုပြောတာပါ:D Reply
23 comments
Rose Minn
February 24, 2012 at 3:42 pm
ချစ်သူသိစေ (၂)
မိုးတိမ်တိုက်တွေလာ
ညိုမှိုင်းသော်ငြား
လေပြေလည်းတိုက်
ချစ်အေးသော်ငြား
ရွှေမိုးသည်းထန်ရွာသွန်းသော်ငြား
ငါ့ရင်ထဲတွင်
မီးသို့ပမာလောင်မြိုက်နေသည်………….., ချစ်သူ
မြူတွေမှိုင်းလို့
မှုန်ရီဝေလာ
နှင်းတွေကျလို့
ခိုက်ခိုက်တုန်ငြား
ချမ်းအေးရာသီ
ရောက်ခဲ့သော်ငြား
ရင်ထဲခံစား ခံစားချက်များ
အက်စစ်ပမာ ပူပြင်းလှသည်……………..,ချစ်သူ
နွေသို့ရောက်၍
ရော်ရွက်ဝါကြွေ
ရေတွေခန်းခြောက်
ငါ့ရင်ထဲက ခံစားချက်က
ပြင်းပျလှသည်
မင်းကို လွမ်းလို့
မနေတက်ပြီ
ချစ်သူပြန်လာရန်
မြတ်ဘုရားထန်
ဆုတောင်းဖန်ဖန်
ရှိခိုးတောင်းပန်
ရှိပါသော်ငြား
ချစ်သူပြန်မလာ
ရှောင်ပုန်းခါပြေး
ဝေးရပြီလား………………,ချစ်သူရယ်
တင်လိုက်တာ ဝေဝေဝါးဝါးဖြစ်သွားလို့ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ဝေဖန်ကြပါအုံးနော်။
FattyCat
February 24, 2012 at 3:51 pm
လှိုင်းထန်တဲ့ပင်လယ်မှာ
လှေငယ်ကို ရွက်လွှင့်လို့
မင်းထံပြန်လာတုန်း
ဗြုန်းဆို..ကိုရွှေမုန်တိုင်းက
လေလှိုင်းလှီးလွှဲ
ငါမိုးသည်းထဲမှာ
လမ်းပျောက်ခဲ့တယ်…
ခရောင်းလမ်းကို
ပြေးဖြတ်ကျော်လို့
မင်းထံပြန်လာတုန်း
ဗြုန်းဆို…သဲမုန်တိုင်းက
လမ်းကြောင်းလှီးလွှဲ
ကန္ဓာရထဲမှ
ငါလမ်းပျောက်ခဲ့တယ်…
မိုးသက်ကောင်းကင်
တိမ်တိုက်ဆင်လို့
မင်းထံပြန်လာတုန်း
ဗြုန်းဆို…လျှပ်မိုးကြိုးက
လမ်းကြောင်းလှီးလွှဲ
တိမ်တောင်တွေထဲ
ငါလမ်းပျောက်ခဲ့တယ်…
ကျန်ရစ်ခန္ဓာ၊ တည်မြဲနေသမျှ
ပျောက်တဲ့လမ်းတွေ၊ ဝေဝါးနေလဲ…
ငါ့ရဲ့ဝိဉာဏ်၊ ဤခန္ဓာမှ
မကွာသ၍၊ ချစ်သူမင်းထံ
ခစားဝင်ရန်၊ ငါလေဖြတ်လို့ ပြန်ခဲ့မည်….
ခံစားတဲ့-
ကြောင်ဝတုတ်
thuyazaw21451
February 24, 2012 at 4:08 pm
ကြောင်ဝတုတ်စားတကယ်ဟေ့…………ဟားဟား
thuyazaw21451
February 24, 2012 at 4:10 pm
ကော်နက်ရှင်ကြောင့် ဘာမှပါသွားဘူး
ကြောင်ဝတုတ်ကဗျာ တကယ်မိုက်
လည်လိုက်တဲ့ငါ
လှိုင်းလေကိုအန်တု ရန်ပြုလိုလျှင်
သင်သာလျှင် ဘဝတုံး
တစ်ဘဝလုံးမရှုံးခင်လှည့်ပြန်
သင့်ချစ်သူ ချစ်သက်လျာအား
သူရဇော် တာဝန်ယူမည်
ဇွဲလျှော့ ချစ်သား……………..ဟားဟား
စိန်ပေါက်ပေါက်
February 24, 2012 at 3:56 pm
ကွန်နက်ရှင်ကောင်းလို ့ ဝင်ဖတ်နိုင်ရင် ချစ်သူသိမှာပါ
အားမငယ်ပါနဲ ့ 😀
လဂါးပြောတာပါ..
ခံစားသွားပါတယ်..ဗျို ့
Rose Minn
February 24, 2012 at 4:01 pm
ကျေးဇူးမယ်ပေါက်။ မယ်ပေါက်လဲ ခံစားတက်တယ်လား။ ဟီးဟီးစတာနော်။
Rose Minn
February 24, 2012 at 3:57 pm
ကိုဖက် ကပ်ရေ ကျေးဇူးတင်လို့ မဆုံးဘူး။ တစ်ဖက်သူဘက်မှခံစားချက်တွေကိုရေးပေးတာ။
FattyCat
February 24, 2012 at 4:20 pm
တာဝန်ယူလို့ကျေးဇူးတင်
သားသည်မိခင်အား
တွယ်တာလို့ သံယောဇဉ်ပြ
ငယ်တူသူ သူငယ့်ချင်းမိန်းမ
တွေးဆလို့ ဖေးကူ
ရင်သွေးတွေ တစ်သီကြီးနှင့်မို့
မင်းဘဝ ခါးသည်းမှာစိုးသော်ငြားလဲ
ဝမ်းသာလို့ ပုခုံးထိုးခံ
မင်းအကြံ နင်မြောက်အောင်…
ပြေးပြီ…ငါ့သား
thuyazaw21451
February 24, 2012 at 4:25 pm
ဒီလိုတော့ ဘယ်ရ
လည်လှတဲ့ငါ
နင်အကြံတွေ အကုန်သိလို့
ရွှေတိုက်ကို အိမ်ကိုဖိတ်
နင်ပေးတဲ့ တသီတသန်းကို
လက်လွှဲကာပေးအပ်
ပြေးထွက်ခဲ့ပြီ………
နင်လဲလေ လူလည်ကြီးမို့
ရွှေတိုက်ကို ငါသနားတယ်
ပြေးပြီ…..ဖေ့သား……….
Shwe Tike Soe
February 24, 2012 at 7:26 pm
နင်လွှဲအပ်တဲ့ တသီတသန်းကို
ဘောကန်ရန် ငါလေအသင်းဖွဲ.
နင်သနားတဲ့ ငါ…. ရွှေတိုက်ကို စိုးပါလို.
ပိုးလိုက်မယ် တူရညီမ
အတူထ က ကမယ်…
ခိုးကြမယ်ဗျ ဒီည ဒီည တူရညီမ….
ကိုဖက်ကပ် နောက်တော်ပိုး
ခိုးတဲ့ည ထမိန်ထုပ်ထမ်းကာ
လှမ်းကြွမယ့် လေးးးးးးးးးးးးးးးးးးးးးးးးးး
ကဲမှတ်ကရောဟာ……. 😀
thuyazaw21451
February 25, 2012 at 9:18 am
ဒီမယ်ရွှေတိုက်
ဘောလုံးကိုခုတုံးလုပ် နှမကိုပိုးမယ်ကြံ
ပိုး မလွယ်ပြန်သကိုး…….
သူရမှာ နှမမရှိတော့ အဒေါ်လုပ်သူ မုဆိုးမကို
နင်ယူလျှင် ငါခေါ်ပေးမယ် တစ်မျိုးတော့နင်ကြံ
ထိုအဒေါ်မုဆိုးမမှာ ကလေးတွေတသီတတန်းနဲ့
ဘောကန်ရန် ထိုအဒေါ်ကြီးကို
ခိုးယူရန် နင်မလိုတော့ပီ
ဒိုးတော့တစ်ဖန်…………….
Khaing Khaing
February 24, 2012 at 4:24 pm
သူတင်ထားတဲ့ကဗျာလေးကိုဖတ်ပြီ ကိုယ်တောင်မှ ချစ်သူကိုလွမ်းလာပြီ
မျှော်မှန်းရော်ရမ်း
ွလွမ်းနေပေမယ့်
ချစ်သူမလာ
မင်းရင်ခွင်မှာ ဗလာသက်သက်
အချစ်တွက်ကြောင့် မျက်ရည်စက်လက် ငိုနေရပြီ
ချစ်တဲ့သူရေ မြင်လှည့်ပါတော့ငါ့ရင်ခွင်….အကယ်ဒမီပေးပွဲက စမိုင်းကိုမြင်……
Rose Minn
February 24, 2012 at 4:34 pm
အခိုင်တို့ ခံစားပုံများ မျက်ရည်တောင်စက်လက်တဲ့။ နှပ်ချီးပါထွက်လို်က်ပါအုံးလား။ ဟိုနှစ်ယောက်မလဲ ဘော်လီဘောပုတ်နေကြတယ်။ နောက်ဆုံးတော့တိုက်တိုက်ခဗျာ တိုးလို့တွဲလောင်းနဲ့ အလဲသယ် လိုလို၊ ကလေးတသိုက်နဲ့ ရောက်နေပုံများ မြင်ယောင်မိပါတယ်
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 24, 2012 at 7:14 pm
ကိုနှင်းဆီမင်းရေ….ကျနော့်မလဲထိုတိုင်းပါဘဲလားဗျာ။ခံစားသွားပါတယ်နော်။
ချစ်သူပြန်မလာ
ရှောင်ပုန်းခါပြေး
ဝေးရပြီလား………………,ချစ်သူရယ်
Khin Latt
February 24, 2012 at 7:16 pm
Rose Minn ရေ –
သမီး ကဗျာလေး ကို ဝင်အားပေးခဲ့ပါတယ်။
အရီးက ကဗျာ တွေကို ချစ်ပေမဲ့ မစပ်တတ်လို့ သူများ ရေးတာကို ဘဲ အားကျစွာ ဖတ်ရတယ်။
တင်တဲ့ Post တိုင်း ကို ကြိုးစားဖတ်ပေမဲ့ အားလုံးကို ဝင် မမန့်နိုင်တာ မို့ တိတ်တိတ် လေး ဘဲ ဝင်ဖတ် ခဲ့ရတာပါ။
အခု ဝင်မန့် တာက သမီး ကဗျာ မှာ ဝင် အားဖြည့် ခဲ့ တဲ့ ကြောင်ဝ လေး ရဲ့ ကဗျာ ကို ဖတ်အပြီး
စားနေတဲ့ အစာတောင် သီး သွားလို့ သတင်း ဝင်ပေးတာပါ။
~~~ မကွာသ၍၊ ချစ်သူမင်းထံ ခစားဝင်ရန်၊ ငါ လေဖြတ် လို့ ပြန်ခဲ့မည်….~~~~
အမ်း – ” လေဖြတ်” ဆို ရာမှာ တစ်ခြား စကားလုံး သုံးလို့ ရ/မရ။ 🙄
မရီရပေမဲ့ အူနာအောင်ရီမိလို့ စောဒီး။ စိတ်မချိုးနဲ့ နော်။ နောက်တာ။ 😉
Rose Minn
February 25, 2012 at 10:05 am
ဟုတ်တယ် အရီးလတ်ရေ သူများ မျက်ရည်ဆက်လက်နဲ့ခံစားတာကို မကြည့်ရက်လို့ ဇာတ်ပါ ပေါင်းပေးပါမယ်တဲ့။ သူတို့တွေ အပေါင်းကောင်းလို့ လူကြီးတွေတောင် အစာစားရင် သီးရတယ်လို့။ သမီးကပဲတောင်းပန်ပါတယ်။
aye.kk
February 24, 2012 at 7:57 pm
“ဆိုခဲမြဲစေ”
ကမ္ဘာမြေထု..
ပြိုလုပျက်သုံး..
ချစ်ထုံးမပြယ်..
ကျိန်တွယ်ဆိုပြ..
မိုးမြေမျှထိ..
စကားသစ္စာ..
ထားခါဆိုခဲမြဲစေမည်..။
Rose Minn
February 25, 2012 at 10:08 am
aye.kk ရေ ကဗျာလေးအတွက်ကျေးဇူးတင်တယ်နော်။ လောကမှာ aye လိုလူတွေအများကြီးရှိနိုင်ပါစေ။
အဲ မို
February 24, 2012 at 11:06 pm
ကြိုပြောပါစေ အဲမိုရေးတာဟုတ်ဘူးနော် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာလေးပါ…
မမေ့တတ်ချင်
ပူနွေးရှိန်းမြ ၊ ပန်းနုလရောင်
ရှတခံစား ၊ မှန်တံခါးဖြတ်
အိပ်ရာလပ်ပေါ်၊ ဪ….သူမရှိပြီ
သူ၏ကိုယ်ငွေ့ ၊ နွေးပျံဝေ့ဆဲ
ထင်နေဆဲကွယ်….
ကြေကွဲသောက ၊ ဖန်မှန်စ နှယ်
ဖယ်ခက်စူးနစ် ၊ တင်းကျပ်ရစ်ချည်
ဝမ်းနည်းသည်ဆို ၊ မငိုရဘဲ
မျက်ရည်ရွှဲလျှင် ၊ ရင်ထဲဆူးနစ် ခံစား၏။
ဖက်တွယ်လက်ပြေ ၊ နှမဝေငှ
သောကတရား ၊ မွကြေဖိတ်စဉ်
ပျော်ရိပ်ပျော်ယောင် ၊ စိတ်ကူးတောင်ပြို
ပူလောင်ကျွမ်းမြည့် ၊ လွမ်း၍ တမ်းတ
ပန်းလျဆွတ်ကျင် ၊ ခံစားရင်ခုန်
သခင်သွားရာ၊ ကိုယ်မပါ၍
လပ်ဟာအထီးကျန်ခဲ့သည်။
ရင်ခုန်ခြင်းသည် ဆင်းရဲစရာ
ဘာသာဖြေသိ၊ နေမချိသူ
နှလုံးပူနွေး ၊ သွေးကြောလှည့်ပတ်
မတန့်ရပ်မီ ၊ မေ့တတ်ခြင်းကို
မလိုလားသေး ၊ မီးနီစွေးမှာ
ပြေးဖြတ်ဝင်တိုး ၊ ပိုးဖလံလို
သံသရာ၌ ၊ ငါပျော်ပိုက်သည်
မိုက်မဲစွာပင် ၊ချစ်တတ်တကား…..။
မနှင်းဆီမင်းရေ အဲမိုလည်းခံစားသွား ပါတယ်နော် (အဲအဲ..ရင်ဘက်ကြီးနဲ့) ..
အင်း…ဘော်လီဘောပုတ်တဲ့လူတွေရော၊ ဘောလုံးအသင်းထောင်မဲ့လူရော ရည်ရွယ်ချက်တွေပြည့်ဝကြပါစေ…
အဲ မို
February 24, 2012 at 11:12 pm
အင်း စာရေးရင် စာကျန်တတ်တဲ့ သူငယ်တန်းကတည်းက အကျင့် ခုထိပျောက်သေးဘူး…
ကျေးဇူးပြုပြီးနားလည်းပေးကြပါ အရပ်ကတို့ရယ်… ဂေဇက်မှာ ပထမဆုံးရေးတာလည်းဖြစ်နေလို့ပါနော်..
Rose Minn
February 25, 2012 at 10:53 am
လောကမှာ ချစ်တဲ့သူနဲ့သာဆုံစည်းစေချင်ပါတယ်။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလက်ဆောင်ပေးတဲ့ အဲမိုကိုလည်း thank you ပါ။
နာဂရလဲ ချစ်တဲ့သူက ပြန်လာပြီး ဆုံးစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျန်ရစ်ခဲ့သူ မဖြစ်ချင်သလို၊ ထားခဲ့တဲ့ရက်စက်သူကြီးမဖြစ်လိုပါ။ ချစ်တဲ့သူတိုင်း သံသယ ကင်းကင်း ချစ်နိုင်ပြီး။ စွယ်တော်ပမာ မခွဲခွာပဲပေါင်းစည်းနိုင်ကြပါစေ။
ဇာတ်ပေါင်းပေးတဲ့သူရ။ ဖက်ကပ်။ ဘောလုံးအသင်း ထောင်မယ့်ရွှေတိုက် FC ကိုလဲမျှော်နေမယ်နော်။ 😛
ကိုပေါက်(မန္တလေး)
February 25, 2012 at 1:02 pm
ကောင်းကင်ညိုမိူင်း
တိမ်တွေဆိုင်း
စွေမစဲတသဲသဲရွာ
မိုးတွင်းဆိုပေမယ့်
ရင်မှာမအေး။
ဆောင်းနှင်းမြူမူံ
ခိုက်ခိုက်တုံ
ထွေးမလုံအောင်ချမ်းပေမယ့်
ရင်ထဲကအပူ ယူမသွားသလိုပါဘဲ။
နွေရွက်ကြွေအပူကဲ
ကိုယ့်ရင်နဲ့ ပြိုင်ပွဲဝင်
နိုင်ချင်လို့မရ။
စိန္တေထံဆုပန်သပေမယ့်
တွေ့ဆုံရန်ခက်ခဲ
လွမ်းလို့နေမြဲ…………….
venus lay
February 25, 2012 at 7:10 pm
လန်းတယ်…လန်းတယ်..အရမ်းလန်းတယ်..ဘုရားစင်ကပန်းကိုပြောတာပါ:D