ပြောင်းလဲသင့်ပါပြီ

မြသဲ ( 17082011 )February 24, 20121min011

အခုတလောရွာထဲမှာကျောင်းကိစ္စတွေ ဆူနေတာနဲ့ ဒီပိုစ့်ကလေးကိုရေးဖြစ်တာပါ။ ကျွန်မတို့ငယ်ငယ်တုန်းက အစိုးရကျောင်း ဆိုတာဘာရှော့မှမရှိခဲ့ပါဘူး။ ရှိသူကော၊ မရှိသူကော သာတူညီမျှစိတ်အေးချမ်းသာတက်ခဲ့ရတာပါ။ တခြားရွေးချယ်စရာလဲ မရှိခဲ့ပေမဲ့ရှိခဲ့ရင်လဲ အစိုးရကျောင်းကိုပစ်ပယ်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ခေတ်ကဆရာ၊ ဆရာမတွေဟာ တကယ်ကို နာသုံးနာနဲ့ပြည့်ဝကြပါတယ်။ အသပြာ ဆရာ၊ ဆရာမတွေ မရှိဘူးလို့တော့ပြောလို့မရပေမဲ့ အင်မတန်နဲ ပါးသော ရေအတွက်ပါ။ တယောက်စ၊ နှစ်ယောက်စပါ။ အဲဒီဆရာမတွေဟာမြို့မှာနာမည်ပျက်ပါတယ်။ နယ်မြို့ဆိုတော့ပိုဆိုးပါတယ်။ သူတို့ကလဲ စီးပွားကတော့သတ် သတ်ရှာတာ၊ နာမည်တော့ပျက်မခံဘူးဆိုပြီးကျူရှင်မသင်တဲ့ဆရာမတွေထက်မနိမ့်တဲ့စေတ နာနဲ့သင်ကြပါတယ်။ ကျွန်မ စတိတ်ကျောင်းသူဘဝမှာ ကျူရှင်ဆိုတာ ၉ တန်းရောက်မှာစယူတာပါ။ ကျွန်မတို့တုန်းက ၈ တန်းမှာ ဝိဇ္ဇာ ၊ သိပံ္ပခွဲတဲ့စနစ်ဆိုတော့ သိပံ္ပတွဲပါလို့ကျူရှင်ယူရတာပါ။ ကျွန်မတို့ကလေးဘဝက နွေရာသီဆိုလဲ ၃ လလုံး အ ပြည့်အဝနားရပါတယ်။ မေလကုန်ခါနီးကျောင်းအပ်မှ စာဆိုတာခေါင်းထဲရောက်တာပါ။ အကြိုကျူရှင်၊ ဘာသင်တန်း၊ ညာ သင်တန်းဘာမှမရှိပါဘူး။ တကယ့်ကိုဖိစီးမှု့ ကင်းကင်းနဲ့တက်ခဲ့ရတာပါ။ အဲလိုအချိန်တုန်းက အစိုးရကျောင်းကိုယုံကြည် အားကိုးမှု့အပြည်နဲ့တက်ခဲ့ကြတာပါ။ ဘာသံသယမှမရှိခဲ့ပါဘူး။ ဘာဂုဏ်တုဂုဏ်ပြိုင် မှလဲမ ရှိခဲ့ပါဘူး။ သာတူညီမျှပါ။ ပေးနိုင် လို့၊ မပေးနိုင်လို့ဆိုတဲ့ပြသနာတွေလဲမရှိပါဘူး။ အစိုးရကျောင်းအင်မတန်ကောင်းခဲ့တဲ့အချိန်ပေါ့။ နောက်ကျွန်မတို့ တက္ကသိုလ် ရောက် တဲ့ အချိန်မှာတော့ ၆ လတတန်းနဲ့တိုးပြီး ၉၆ အရေးအခင်းတတိယနှစ်မှာကျောင်းပိတ်သွားပါလေရော။ နောက်နှစ်မှ အဲဒီမဖြေလိုက်ရတဲ့စာမေးပွဲကို ကိုယ့်မြို့က အထက် တန်းကျောင်းမှာဖြေပြီးတတိယနှစ်အောင်ခဲ့ရပါတယ်။ နောက်ဆုံးနှစ်က တော့ နယ်နှင်ခံရတဲ့ထဲပါသွားပြီး ဒဂုံ တက္ကသိုလ် ဗွက်တောထဲမှ ဒုက္ခတွေနဲ့ ဘွဲ့ရခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသူဘဝဆို တာဘာမှန်းမသိပဲပြီးခဲ့ရတာပါ။ အဲဒီနောက် ဘိုကျောင်းမှာအလုပ်ဝင်ရင်း အခက်အခဲပေါင်းစုံနဲ့ လက်မြှောက်အရှုံးပေးခဲ့ရပါ တယ်။ အဲတော့ကျွန် မရဲ့မြန်မာကျောင်းအတွေ့အကြုံ၊ ဘိုကျောင်းအတွေ့အကြုံတွေပေါင်းတင်ပြချင်ပါတယ်။ မြန်မာကျောင်း ရဲ့ ပညာရေးစနစ်က ၂၀၀ဝ ခုနှစ်နောက်ပိုင်း မှာ တောက်လျှောက် ထိုးဆင်းလာတာတွေ့ရပါတယ်။ ခေတ်စနစ်ကအများကြီး ပြောင်းတာမဟုတ်ပေမဲ့ဆရာမတွေရဲ့ငွေအပေါ်ကြည့်တဲ့အကြည့်တွေဟာရဲတင်းလာတာတွေ့ရပါတယ်။ အဲဒီအ ချိန်မှာပဲ ဘို ကျောင်းတွေကလဲစတင်မိတ်ဆက်လာပါတယ်။ ဒါကလဲမြန်မာကျောင်းနဲ့ ဘိုကျောင်းကိုမိဘတွေနှိုင်းယှဉ်စရာ အခွင့်တခု ဖြစ် ခဲ့ရပါတယ်။ ဒါပေမဲ့လဲ ရှေးရိုး စွဲအသိ၊ ငွေကြေး၊ ရှေ့အလားအလာတွေကိုတွေးပြီး ဘိုကျောင်းတွေဟာ အခွင့်ထူးခံ လူတန်း စားများ၊ ငွေထုပ်ဖင်ခုထိုင်သူများ၊ celebrity သားသမီးများအတွက် ပဲဖြစ်နေပါသေးတယ်။ ဈေးနှုန်းကမြင့်မားတော့ မြန်မာ သာမာန် မိသားစုတွေနဲ့ကတော့အလှမ်းဝေးနေဆဲပါ။ ဒါပေမဲ့မြန်မာကျောင်းမိသားစုက ကလေးတွေ ဘက် မှာတော့ အတန်းထဲ မှာ အဆင့်ရရေး အတွက် မိဘများ ကလဲ စပြီးပြိုင်ဆိုင် လာကြပါတယ်။ အတန်းပိုင်ဆီမှာကျူရှင်ထားရင် ၁ ကနေ ၁ဝ တွင်း ဝင်တယ်။ စာတော့မ တတ်ဘူး။ အဲတော့မိဘတွေက အပြင်မှာ ကျူရှင်ထပ်ထား။ ကလေးတွေမှာ ကျူရှင်ပြီးကျူရှင်နဲ့ လွတ် လပ်ခွင့်တွေ တဖြည်းဖြည်း ဆုံးရှုံးလာတာပေါ့။ ပိတ်ရက်တွေဆို ကားပေါ်မှာထမင်းစား၊ မနက် ၆၊ ည ၆ တွေဖြစ်လာတော့ တာပဲ။ အဲလိုကနေ တဖြည်းဖြည်းဘိုကျောင်းတွေများလာပြီး special English class တွေကိုမြန်မာကျောင်း ကကလေးတွေ အတွက်ရည်ရွယ်ပြီး ဖွင့်လိုက်တော့ မြန်မာမိဘများခမျာကိုယ့်သားသမီး English စာပိုတတ်ရေးအတွက် ထားကြပြန်ရော။ အဲ တော့ကလေးတွေ ကဘာဖြစ်လဲဆိုတော့ အချိန်ပိုသူတို့အတွက် လုံးဝမရှိတော့ဘူးပေါ့။ ကျွန်မတူနဲ့တူမဆိုရင် တနေ့လုံး ကျောင်းတက်၊ ပြန်လာရင် ကျူရှင်တက်၊ ညကျတော့အိမ်စာလုပ်၊ ညအိပ်။ ဒါတပတ်လုံးနော်။ စနေ၊ တနင်္ဂနွေဆိုရင် မနက်ကျူရှင်၊ နေ့ခင်း အင်္ဂလိပ် ကျောင်း၊ ညနေပြန်လာတော့ ဂိုက်။ ကုန်ပြန်ရောတနေ့ လုံး။ နောက်နွေရာသီကျောင်း ပိတ် ရက်ကျတော့လဲ Summer School တွေ ၃ လလုံးတက်ရပြန်ရော။ နောက်စာသင်နှစ်အတွက် စာကြိုသင်ရပြန်ရော။ အဲလို နဲ့မြန်မာကျောင်းကလေးတွေက တနှစ်မှာ ၃၆၅ ရက် စာသင်နေရတဲ့သဘောဖြစ်တာပေါ့။ အဲဒီအချိန်မှာပဲ တန်ဖိုးသင့်တင့် သော ဘိုကျောင်းများပေါ်လာခြင်း၊ နိုင်ငံခြားတွင် ဆက်လက်ပညာသင်ကြား ရန်မခက်ခဲတော့ခြင်းစတဲ့အခွင့်အလမ်းတွေပေါ် လာပါတယ်။ အဲဒီအချိန်မှာပဲမြန်မာကျောင်းက ကလေးတွေဘက်ကလဲ ၁ဝ တန်းလဲအောင်ရော IELTS တို့ TOFEL တို့ဖြေပြီး နိုင်ငံခြားကကျောင်းတွေသွားတက်တဲ့ ယဉ်ကျေးမှု့တခုဖြစ်လာပါတယ်။ မိဘတွေနိုင်ရာနိုင်ရာ BKK, S’pore, UK, USA အစ ရှိသဖြင့်သွားကြပါတယ်။ အဲတော့ ကလေးငယ်ရှိပြီး ငွေအတော်အတန်တတ်နိုင်တဲ့မိဘ ( အခုဘိုကျောင်းတွေက လူလတ် တန်းစားထားနိုင်တဲ့ကျောင်းတွေလဲရှိလာပါပြီ ) တွေကတွေး လာပါ တယ်။ ၁ဝ တန်း အောင်ပြီးရင် နိုင်ငံခြားကကျောင်းတွေ သွားတက်တဲ့ ယဉ်ကျေးမှု့အရ ငါတို့သားသမီးတွေလဲသွားမှာပဲ။ အဲတော့တခါတည်း အင်္ဂလိပ်စာကိုအခြေခံ ပိုင်နိုင်အောင် အစထဲကဘိုကျောင်းပဲထားတော့မယ်လို့ တွေးတဲ့မိဘတွေလဲရှိပါတယ်။ မြန်မာကျောင်းတက်ပြီး ဘိုကျောင်းလဲမလွတ်မဲ့အ တူတူ တခါတည်းဘိုကျောင်း ပဲထားလိုက်တော့မယ်ဆိုတဲ့ မိဘတွေများလာပါတယ်။ မြန်မာကျောင်းတက်လက်စကနေ ၁ဝ တန်းမှာအမှတ်မကောင်းနိုင်ဘူးလို့ ယူဆတဲ့ကလေးတွေကလဲ ရိုးရိုး ဘွဲ့တော့မယူတော့ဘူး။ နိုင်ငံခြားမှာပဲ ဆက်တက်ရ တော့မယ့်အတူတူ အခုထဲကထွက်ပြီး ဘိုကျောင်းတက်တော့မယ်ဆိုပြီ ၈ တန်း ၉ တန်းရောက် မှ မြန် မာကျောင်း ကထွက်တဲ့ ကလေးတွေလဲ ကျွန်မပတ်ဝန်းကျင်မှာတွေ့နေရပါတယ်။ ဆိုလိုချင်တာကတော့ မြန်မာကျောင်းကိုစွန့်ပစ်ပြီး ဘိုကျောင်း ရွေးရတဲ့အကြောင်းကတော့ မိဘတွေမော်ကြွားချင်တာထက် ခေတ်စနစ်ရဲ့တောင်းဆိုမှု့အရကြောင့်လို့ပြောချင်ပါတယ်။ မြန် မာကျောင်းဟာ ခေတ်အဆက်ဆက်ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာခဲ့ပေ မဲ့ ခေတ်စနစ်ဆိုးအောက် မှာသိက္ခာမဲ့ခဲ့ရတာကြောင့် ပါ။ ၁ဝ တန်းမှာ အမှတ်ကောင်းကောင်းမရရင် ဒီနိုင်ငံမှာလုပ်စားလို့မ ရလောက်အောင်ဖြစ်ခဲ့ တာလဲ နိုင်ငံခြား ကိုအဖေခေါ် ဖို့ ဖြစ်လာတာပါပဲ။ နောက်မိဘတွေရဲ့လောဘကြောင့် ကလေးတွေနားချိန်မရရာကနေ ဘိုကျောင်းကိုအားကိုးဖို့ဖြစ်လာတာ ပါပဲ။ နောက်ငွေမျက်နှာ ကိုရဲရဲတင်းတင်းကြည့်ရင်း ခွဲခြားဆက်ဆံတတ်လာတဲ့ အသပြာဆရာမတွေကြောင့်လဲ ဘိုကျောင်း ရွေးဖို့ဖြစ်လာတာပါပဲ။ ဒီလိုအချက်တွေပြင်မယ်။ ဘယ်လိုဘွဲ့မျိုး နဲ့မဆိုထိုက်တန်တဲ့၊ ထမင်းဝတဲ့အလုပ်တခုရမယ်ဆိုရင်ဘို ကျောင်းတွေပျောက်ပြီး အစိုးရကျောင်းကိုအရင်လိုပြန်အားကိုးလာမှာသေချာပါတယ်။ ဘိုကျောင်းတွေ ရဲ့အားသာချက်က တော့ ကလေးတွေအချိန်ပိုရပါတယ်။ တခြား activity လေးတွေလုပ် ခွင့်ရပါတယ်။ နောက်အလွတ်ကျက်စနစ်ကနေ တွေး ခေါ် တတ်တဲ့အကျင့် ကိုရစေပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု့ရစေပါတယ်။ ပညာရေးကို လွတ်လွတ်လပ်လပ်သင် ယူခွင့်ရ ပါတယ်။ ဒါသင်ဒါကျက်မဟုတ်ပဲ မိမိအမြင်ကိုဖြေဆိုခွင့်ရှိပါတယ်။ အင်္ဂလိပ်စကားကတော့ပြောစရာမလိုအောင် ကောင်း ပါတယ်။ ဒါသူ့အားသာချက်ပါ။ အားနည်းချက်ကတော့ ပိုက်ဆံအာမခံရှိဖို့လိုပါတယ်။ မြန်မာကျောင်းကတော့ ပိုက်ဆံကို အဲ လောက်ပူဖို့မလိုပါဘူး။ အင်္ဂလိပ်ကျောင်း၊ ကျူရှင်ကပိုက်ဆံရှိမှထား၊ မရှိလဲမထားလဲရ ပါတယ်။ ဘိုကျောင်းကတော့ ပိုက်ဆံ ရှိကိုရှိရမှာ ပါ။ မြန်မာစာ ကတော့အားနည်းပါတယ်။ ဆရာခေါ်သင်ရင်တော့ ရေးတတ်ဖတ်တတ်အဆင့်တော့ရပါတယ်။ မြန်မာ ကျောင်းကလေးတွေလိုတော့ မသွက်နိုင်ပါဘူး။ တခြားလူမှု ့ရေးဆိုင်ရာကျင့်ဝတ်တွေကို မြန်မာကျောင်းကလေး တွေထက် ပိုသင်ယူခွင့်ရပေမဲ့ မြန်မာယဉ်ကျေးမှု့ကတော့အားနည်းပါတယ်။ အိမ်မှာမိဘကဂရု စိုက်သင်ပေးဖို့တော့ လိုပါတယ်။ ဘို ကျောင်း တွေကဆရာတွေဟာ သင်တတ်သူရှိသလို မသင်တတ်သူတွေလဲရှိတာမို့ ကလေးစာကိုတော့ မိဘကအမြဲ ဂရု စိုက်ပြီး ဆရာမသင်ကြားမှု့ မကောင်း တာနဲ့ ကျောင်းကိုအကြောင်းကြားပြီး ဆရာကိုပြုပြင်ခိုင်းခြင်း၊ ဆရာပြောင်းခိုင်းခြင်းများ ကိုတော့ ဘိုကျောင်းမှာလုပ်လို့ရပါတယ်။ မြန် မာကျောင်းမှာတော့ ဆရာမ မကောင်းလဲအပြင်မှာ ကျူရှင်ထားတာ ကလွဲလို့ Complain တက်လို့မရပါဘူး။ ခြုံပြောရရင်တော့ မြန်မာကျောင်း၊ ဘိုကျောင်းအားသာချက်အား နည်းချက်တွေ ကိုယ်စီရှိပေမဲ့ ရွေးချယ်စရာဖြစ်သွားတဲ့ အဓိကအချက်ကတော့ ခိုင်မာစိတ်ချရမှု့မရှိတဲ့အခုခေတ်မြန်မာ့ပညာရေး စနစ်ကြောင့်သာ ဘို ကျောင်းတွေနေရာရလာတာပါ။ မိဘများအနေနဲ့လဲ မြန်မာပညာရေးစနစ်ဟာ ခိုင်မာမှု့ရှိမယ်။ တရားမျှတမှု့ရှိမယ်။ ကလေး တွေသက်တောင့်သက်သာ ရှိမယ်ဆိုရင် မြန်မာကျောင်းကိုသာအား ကိုးချင်ကြ ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်ဆိုတာထက် ( တချို့ မိဘတွေလဲရှိကောင်းရှိမှာပါ ) ကိုယ့်ကလေး အနာဂတ်အာမခံချက်ပိုများတယ်လို့ ယူဆလို့ဘိုကျောင်းထားတယ်လို့တော့ ကျွန်မမြင်ပါတယ်။ ဒါကျွန်မတယောက်ထဲရဲ့အမြင်မို့တခြားသူတွေနဲ့လဲ အမြင်ကွဲလွဲချင်ကွဲလွဲနို်င်ပါတယ်။ အစိုးရကျောင်းတွေ သာပြုပြင်ပြောင်းလဲမှု့တွေလုပ်လိုက် မယ်ဆို ရင်တော့ မြန်မာကျောင်းဟာ ဘာနဲ့မှမလဲနိုင်အောင်ကောင်းသွားမှာပါ။ ယနေ့ ခေတ် အရှေ့တောင်အာရှကကျားဆိုတဲ့ စင်္ကာပူ ဆိုတာတချိန်ကမြန်မာတွေ တည်ထောင်ပေးခဲ့ရတာပါ။ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေကို မြန်မာပညာရှင်တွေကသွားပြီးရေးဆွဲပေးခဲ့ရတာပါ။ ဒီပညာရှင်တွေ အားလုံးဟာ မြန်မာအစိုး ရကျောင်း ထွက်တွေချည်းပါ။ မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ မြန်မာ့ဂုဏ်ကို မြန်မာ့ပညာနဲ့ဆောင် ချင်တယ်ဆိုရင် တော့ ယိုယွင်းကျဆင်းနေတဲ့ မြန်မာ့ ပညာရေး စနစ်ကိုအမြစ်ကနေလှန်ပြစ်ဖို့လိုလိမ့်လို့ကျွန်မထင်ပါတယ်။

 

 

 

11 comments

  • စိန်ပေါက်ပေါက်

    February 24, 2012 at 11:02 am

    များတို ့တော့ ကျူရှင်ခဆိုပြီး လက်ဘက်ရည်သောက်၊ဟိုသုံးဒီဘုန်းနဲ ့ ကျူရှင်တောင် ကောင်းကောင်းမသင်ခဲ့ပါဘူးတော်
    အန်တီပြောသလို ဘိုကျောင်းတွေပေါ်လာတာ အစိုးရကျောင်းက ပညာရေးထိုးကျသွားလို ့ ဖြစ်မယ်ထင်တယ်..
    ကျနော်တို ့ မူလတန်းအဆင့်မှာ ဆရာဆရာမတွေက သေချာသင်ပေး.ကိုယ်ကလဲ သေချာလိုက်လုပ်..ပါတယ်
    မူလတန်းရောက်တော့ ဆရာမတွေက မုန် ့ရောင်းလိုက်..ကစားစရာရောင်းလိုက် ကျူရှင်သင်လိုက်နဲ ့ အဲမှ စပျက်စီးချင်နေပြီ
    အထက်တန်းရောက်တော့ ဘောလုံးကန်လိုက် ကျောင်းပြေးလိုက် အတန်းလစ်လိုက်နဲ ့ သွားပါကော..
    ကန်ကောင်းလို ့ ဆယ်တန်း ဆွမ်းကြီးလောင်းအသုတ်နဲ ့ရောအောင်လာတာ.
    ကျောင်းမှာ စာမှ ကောင်းကောင်းမသင်ပဲဗျာ..ကျူရှင်ပဲ..အတင်းတက်စေချင်နေတာကလား..
    ဆက်ဆွေးနွေးကြပါ..
    အီးထွက်တော့မယ်..တစ်ကယ်ထွက်တော့မယ်…ကော်ရည်ခေါက်ဆွဲ ငါးပိတွေများကြီး ထည့်ပြီး ဆွဲထားတာ..
    ဘလွတ်.ဗဒစ်..ဗျစ်..ဘလော..

    Reply

  • Harumoto

    February 24, 2012 at 11:31 am

    ဟုတ်ပါတယ် ခင်ဗျား
    နောက်တခုမြင်တာလေးက ဆရာ တပည့် ဆက်ဆံရေးပါ။
    ဆရာဆိုတာ တပည့်တွေရဲ့ ထာဝရ စံပြပါ။တပည့်တွေ အမြဲလေးစားရပါတယ်။
    ကျွန်တော်တို့ခလေးဘဝ လမ်းမှာ ဆရာတွေ့ရင် မဟုတ်တာမလုပ်ပေမဲ့ ကြောက်ကြပါတယ်။
    သွားမဲ့လမ်းမှာ ဆရာတယောက်ယောက် ရပ်နေမယ် ဆိုရင် အဲသည်လမ်း ဆက်မသွားရဲဘူး။
    အဲသလောက်ကို ကြောက်တာ၊ရိုသေတာ၊လေးစားတာလို့ ။
    ဒီတော့ ဆရာသင်တဲ့စာ မသိမှာ မရမှာ မတတ်မှာ သိပ်ကြောက်တယ်။
    ဆရာစာမေးတဲ့အခါ မဖြေနိုင်မှာကြောက်တော့ စာကို ရအောင်ကျက်ရပါတယ်။
    ဒါ့ကြောင့် စာရတယ် စာတတ်တယ် လို့ အတိုချုပ် ပြောလို့ ရပါတယ်။
    ဆရာတွေကို ဘာလို့ ဒီလောက် ကြောက်ရလဲ လို့ မေးစရာ ရှိပါတယ်။
    ကျွန်တော်တို့ ဆရာတွေဟာ တည်ကြည်တယ် ဖြောင့်မတ်တယ် သိက္ခာရှိတယ်။
    ပြီးတော့ ကျွန်တော်တို့ရဲ့ မိဘတွေ ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ ဆရာတွေကို လေးစားကြတယ်။
    ကျွန်တော်တို့ရဲ့ အဆိုးအကောင်းတွေ ကို မိဘတွေနဲ့ တွေ့ တိုင်း ပြောပြ တိုင်ပင် ပြီး ကျွန်တော်တို့ကို
    ပြုပြင်ပေးကြတယ်။မကောင်းကောင်းအောင်ပြင်တယ်၊မတတ်တတ်အောင် သင်တယ်။ဒီတော့ ကျွန်တော်တို့
    အသက်အရွယ်ကြီးတဲ့အထိ ဆရာတွေကို ရိုသေ လေးစားကြတယ်။ကျွန်တော်တင်မကဘူး တပည့်အားလုံး
    ဆရာကိုကြောက်ရွံ့ ရိုသေ ကြတာပါ။
    ခုတော့ ဘယ်အချိန်က ပြောင်းလဲသွားလဲ ကျွန်တော် မသိမှီ လိုက်တော့ဘူး။
    ဆရာမရဲ့စာ ဖတ်ရတော့မှ ကျွန်တော်တို့ရဲ့ ဆရာ ဆရာမ တွေကို သတိရနေပြီး ကျေးဇူးတင်နေတော့တယ်။
    ဆရာမရဲ့ဒီ post အတွက် အထူးကျေးဇူးတင်ပါတယ်။
    ခင်မင်လေးစားလျှက် …
    Harumoto…

    Reply

    • Thel Nu Aye

      February 24, 2012 at 11:47 am

      ဟုတ်ပါတယ်ရှင်။ ကျွန်မတို့ငယ်ငယ်တုန်းက အတန်းထဲမှာစာမရလို့ဆရာများဆူလိုက်ပြီဆိုရင် ရှက်လိုက်တာမပြောပါနဲ့။ နောက်နေ့အဲလိုမဖြစ်ရအောင် အတင်းစာရအောင်လုပ်တော့တာပဲ။ အခုကျွန်မတူနဲ့တူမကိုမေးကြည့်တယ်။ သူတို့ကဘာပြောလဲဆိုတော့ သူတို့အတန်းပိုင် က ငွေမျက် နှာပဲကြည့်တယ်။ ငွေသိပ်မက်တာ။ သူ့ဆီကျူရှင်ယူရင်ရပြီတဲ့။ ဆရာမကိုပမာမခန့် ့ပဲပြောနေတာ။ အရိုသေတန်အောင်လုပ်ထား လို့ဒီလိုပြောရဲတာလို့ပဲကျွန်မယူဆပါတယ်။

      Reply

  • Swal Taw Ywet

    February 24, 2012 at 12:06 pm

    Bravo, sister,
    One thumb UP for you.
    There are so many barriers in future of Myanmar.
    Especially for Education system which is the main root of all others’ defects.
    Please save your energy ( collecting with other villagers’ ) to try our best for our mother land.
    Go ahead as you believed.
    ( I will come again by Myanmar font. )
    With respect,
    Swal Taw Ywet.

    Reply

  • hnin phyu

    February 24, 2012 at 1:45 pm

    မသဲနုပြောတာကအမှန်ပါရှင်။ကျမကလေးကိုmdyကအထက၁၆မှာထားတာပါ။ကျောင်းတွေဖွင့်တဲ့အချိန်မှာ
    ကျမခရီးလွန်လို့အတန်းပိုင်ကိုမကန်တော့လိုက်ရဘူးရှင့်။ သားလေးကကျမကိုလာကြိုရင်းမေမေသားကိုကျောင်း
    ပြောင်းပေးပါတဲ့။ ဘာလို့လဲဆိုတော့သူ့ဆံပင်လေးနဲ့ဖုံးထားတဲ့နပမ်းဆံကအနာလေးကိုပြပါတယ်။ကျမစိတ်မကောင်း
    ဖြစ်သွားတယ်။နောက်ရက်မှာပဲကျောင်းလိုက်ပြီးခင်နေတဲ့တခြားဆရာမတွေကိုမေးကြည့်တော့ကလေးကစာလိုက်နိုင်
    ရဲ့သားနဲ့ဒီလိုလုပ်ရင်ကျောင်းအုပ်ကိုတက်ပြောတဲ့။ကိုယ့်ပြောလိုက်လို့သူ့ကိုကျောင်းအုပ်ကငေါက်လဲကိုယ့်ကလေးကသူ့အတန်းမှာ
    ပြသနာလဲမတက်ချင်တာနဲံ(ကန်တော့ရင်လဲကိုယ်ကြိုက်တာယူလို့မရ. ဆန်အိတ်ဆိုလို့ဆန်အိတ်). International. School. ပြောင်း
    ထားလိုက်တော့တာ။

    Reply

    • Thel Nu Aye

      February 24, 2012 at 5:06 pm

      hnin phyu မို့ကျောင်းပြောင်းရုံတင်ပြောင်းတယ်။ ကျွန်မသာဆိုကျောင်းပြောင်းလက်စနဲ့ အဲဒီဆရာမကိုကောင်းကောင်းကိုအပေါ်ကိုတိုင်ပစ်ခဲ့တယ်။ မှတ်သွားအောင်။

      Reply

    • Thel Nu Aye

      February 24, 2012 at 5:11 pm

      hnin phyu မို့ကျောင်းပြောင်းရုံတင်ပြောင်းတယ်။ ကျွန်မသာဆိုကျောင်းပြောင်းလက်စနဲ့ အဲဒီဆရာမကိုကောင်းကောင်းကိုအပေါ်ကိုတိုင်ပစ်ခဲ့မယ်။ မှတ်သွားအောင်။

      Reply

  • Khaing Khaing

    February 24, 2012 at 2:11 pm

    အမှန်ပြောရရင်တော့ မြန်မာပြည်မှာနေပြီး ကလေးတွေမြန်မာကျောင်းပဲထားချင်ပါတယ်… international schoolတွေက ပိုက်ဆံကုန်တယ် ဒါပေမယ့် ပညာတကယ်တတ်တယ် မြန်မာကျောင်းတွေက 10တန်းသာ အောင်တာ ပညာမတတ်တဲ့ကလေးတွေ ဒုနဲ့ဒေးရှိပါတယ်…မြန်မာပြည်10တန်းအောင်ရင်ဘာမှ အသုံးမဝင် ပါဘူး …international school 10 တန်း levelအဆင့်လောက်ဆိုရင် ကလေးတွေက တော်တော့်ကို အသိဉာဏ်ကြွယ်နေပါပြီ…အဖြစ်အပျက်ကလေးတစ်ခုပြောပြပါဦးမယ်…တစ်နေ့ ကလေးမိဘတစ်ယောက်ကပြောတယ် ကျောင်းထားဖို့ဘယ်ကျောင်းအပ်ရင်ကောင်းမလဲ ညတိုင်းအိပ်ရေးပျက်ရတယ်တဲ့ ကျောင်း2ကျောင်းဘယ်ကျောင်းပိုကောင်းမလဲလို့ စဉ်းစားရတာတဲ့ မြန်မာကျောင်းပေါ့…. တစ်ကျောင်းက ဗိုလ်ချုပ်ရွာထဲမှာရှိတယ် သူကတော့ အမြင့်ဆုံး2ထပ်ကျောင်းတဲ့ တစ်ကျောင်းကတော့ အထပ်မြင့်ကျောင်းတဲ့ အထပ်မြင့်ကျောင်းကို ကလေးကတက်မယ်ဆို အမြင့်ကိုတက်ဖို့ ကလေးလွယ်အိပ်ကိုသယ်ဖို့ သယ်ခပေးရတယ်တဲ့… အစိုးရကျောင်းတွေက လခတော့နည်းတယ် မသိတဲ့စရိတ်တွေကများတယ်…. အမသဲနုအေးပြောသလို ပညာရေးစနစ်တွေပြင်လိုက်ရင်ကောင်းမယ်….

    Reply

    • Thel Nu Aye

      February 24, 2012 at 2:24 pm

      ဟုတ်ပါတယ်။ ကျွန်မတူနဲ့တူမက ၆ ထပ်ကျောင်းမှာမို့သန့်ရှင်းရေးကိုသူ့အမေကလခပေးထား ရပါတယ်။ လွယ်အိပ်နဲ့ထမင်းချိုင့်သယ်ပေးဖို့ပါ။

      Reply

  • Moe Z

    February 24, 2012 at 3:54 pm

    မမသဲနုအေးရေ ဖတ်သွားတယ်လို့သတင်းပို့တာပါ
    နောက်အချိန်ရမှ ထပ်မန့်ပါ့မယ်
    တော်သေးရဲ့ ဝင်ကြေးမပေးရလို့ ..

    Reply

  • ဒါပေမဲ့မြန်မာကျောင်းမိသားစုက ကလေးတွေ ဘက် မှာတော့ အတန်းထဲ မှာ အဆင့်ရရေး အတွက်
    မိဘများ ကလဲ စပြီးပြိုင်ဆိုင် လာကြပါတယ်။ အတန်းပိုင်ဆီမှာကျူရှင်ထားရင် ၁ ကနေ ၁ဝ တွင်း
    ဝင်တယ်။ စာတော့မ တတ်ဘူး။ အဲတော့မိဘတွေက အပြင်မှာ ကျူရှင်ထပ်ထား။ ကလေးတွေမှာ
    ကျူရှင်ပြီးကျူရှင်နဲ့ လွတ် လပ်ခွင့်တွေ တဖြည်းဖြည်း ဆုံးရှုံးလာတာပေါ့။
    ________________
    မမသဲနုအေးခင်များ…ဒီကိစ္စဟာ တကယ်ကိုမှန်နေတဲ့ ကိစ္စမို ့ကျနော်ကထောက်ခံပါတယ်။နိုင်ငံလုံး
    မှာ ခုလိုပြဿနာတွေ တစ်ပုံစံတည်းဖြစ်နေတာကို မသိချင်ယောင်နေတဲ့ လူကြီးတွေကို မုန်းလိုက်တာ။
    သူတို ့သားသမီးတွေဆို……

    Reply

Leave a Reply

Your email address will not be published.