Weekly Eleven News No.34 Vol 5 june 2 2010

မေး ခွန်းမေးတဲ့နေရာမှာ မေးပုံမေးနည်း နှစ်စားဂှိပါတယ်။ ဘယ်လိုအကြောင်းအရာကိုတော့မေးရမယ် ဘယ်လိုအကြောင်းအရာကိုတော့ မမေးရဘူး ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့မေးဖြေ လုပ်တာမျိုးနဲ့ သတ်မှတ်ချက်မဂှိပဲ မေးဖြေလုပ်တာ ဆိုပြီး ဂှိပါတယ်။ ဒါတင်မက အမေးခံရသူက ဒါတော့ အလွတ် သဘောပြောတာပါ ထည့်မရေးပါနဲ့ လို့ တောင်းဆိုခွင့်ဂှိတယ်။ အဲဒလို တောင်းဆိုလာရင် သတင်းထောက်က စောင့်ထိန်းရပါတယ်။ လုံးဝထည့်မရေးရ့ါဘူးဖြေသမျှတစ်လုံးမကျန် ရေးပေးမယ်ဆိုတဲ့ ထုံးစံလဲမဂှိပါဘူး။ ကိုယ်ပေးနိုင်တဲ့စာမျက်နှာပေါ် မူတည်ပြီး လိုအပ်သလိုတည်းတာဖြတ်တာလုပ်ရပါတယ်။ ဒါတင်မကပဲ ဖြေတဲ့သူရဲ့ စကားတွေထဲက ဖော်ပြဖို့ မသင့်တော်တာတွေကို လည်း တည်းရဖြတ်ရပါတယ်။ သူမပြောခဲ့တာကို အပြောလုပ်ပြီး ထည့်ရေးတာ ဖြည့်စွတ်တာ သူ့စကားကို ပြင်တာ မလုပ်ရပေမဲ့ တည်းတာဖြတ်တာ ဖြုတ်တာကတော့ စိတ်ကြိုက်လုပ်နိုင်ပါတယ်. သတင်းထောက်က မတည်းဖြတ်လဲ အယ်ဒီတာက တည်းဖြတ်မှာပဲ

ပုဂ္ဂိုလ်ရေးဆိုင်ရာတွေပါခဲ့ရင်တောင် တော်ရုံသင့်ရုံဆိုသည်းခံနိုင်ရမယ်။ ဘာလို့လဲဆိုတော့ စာရေးဆရာ နိုင်ငံရေးသမား ရုပ်ဂှင်မင်းသားမင်းသမီး အဆိုတော် ဆိုတာ အများပြည်သူနဲ့ ဆက်စပ်နေရလို့ အများနဲ့ဆိုင်တဲ့ကိစ္စနဲ့ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စဆိုပြီး မျဉ်းသား ခွဲခြားထားဖို့ အင်မတန်ခက်လို့ပါ

ရေးတဲ့နေရာမှာ ဆင်ခြင်ရေးရပေမဲ့ မေးတဲ့နေရာမှာတော့ ကြိုက်သလိုမေးခွင့်ရှိပါတယ်။ လှည့်ပတ်မေးနည်း အစ်အောက်မေးနည်း ဆွမေးနည်း မြှောက်ပင့်မေးနည်း ချောင်ပိတ်မေးနည်း စတဲ့ နည်းမျိုးစုံသုံးမေးကြရစမြဲပါပဲ ဆိုဗီယက် ဝန်ကြီးချုပ် ခရုဂှော့ကို သတင်းထောက်နှစ်ယောက်က လေးနာရီကြားအောင် မေခွန်းတွေမေးခဲ့ပေမဲ့ မဂ္ဂဇင်းထဲမှာ နှစ်မျက်နှာပဲပါလာပါတယ်။ အဲဒါလောက် ရေးစရာရအောင် ခရုဂှော့ကို အထက်က နည်းတွေနဲ့ မနည်းညှစ်ထုတ်ခဲ့ရတာပါ။ အဲဒါကြောင့် သတင်းထောက်အနေနဲ့ မမေးရတဲ့မေးခွန်း မမေး အပ်တဲ့ မေးခွန်းမဂှိပဲ မရေးအပ်တဲ့အကြောင်း မရေးသင့်တဲ့အကြောင်းဆိုတာပဲဂှိပါတယ်။

Larry King Live တွင် Paris Hiton နှင့် မေးမြန်းစဉ်
*ကျွန်တော် Weekly Eleven News မှာဖတ်ရတာကို Facebook မှာတင်ပြီး ဒီမှာ ထပ်မျှလိုက်တာပါ*

This Post Has 2 Comments

  1. wailynnoo

    အခုလို တိုက်ရိုက်ကူးပြီးတင်တာ point ရပါသလားခင်ဗျား?

  2. zayarsan

    sure….
    that’s show to the all of journalist policy.

Leave a Reply