ပြည်သူ့ရင်ပြင် တရားအလှူ

ပုိင္ေလးFebruary 23, 20121min07

ပြည်သူ့ရင်ပြင် တရားအလှူ

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသက တရားဟောကြားနေသည်ကို နာကြားနေကြသော ဧည့်ပရိသတ်များ။မြတ်ဗုဒ္ဓသာသနာတော်နှစ်(၂၆၀၀)ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁ရ ရက်မှ ၂၁ ရက်အထိ ငါးညတိုင် တရားပွဲကျင်းပခဲ့သည်။ ယောဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ သီတဂူဆရာတော်၊ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ| ဒေါက်တာအရှင်ကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)  တို့က ပရိသတ်များကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေး  တရားဟောကြား ခဲ့ပြီး ဖြစ်သည်။

My Facebook မှ……..

7 comments

  • Burmese or Chinese

    February 23, 2012 at 10:56 am

    သာဓု…သာဓု…သာဓု…

    Reply

  • ဆူး

    February 23, 2012 at 11:13 am

    တရားပွဲက ပြီးသွားပါပြီ။
    အသံဖိုင်ရနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။
    ခံငြင်းနေတဲ့ သဂျီး သို့မဟုတ် ရုပ်ဝါဒီ ဝါတာကာလာ ဂိုဏ်းချုပ်ကြီး ကို မျှဝေချင်လို့ပါ။

    Reply

    • kai

      February 23, 2012 at 1:09 pm

      သမိုင်းပညာရှင်ထက်… ဘုန်းကြီးက.. သမိုင်းရေးရာပိုသိတယ်လို့.. လက်ခံမိရက်သား..ဖြစ်နေတယ်လား….
      ဪ….

      အနိစ္စ..။ ဒုက္ခ၊ အနတ္တ…။ :mrgreen:

      Reply

      • ဆူး

        February 23, 2012 at 1:27 pm

        ဝါတာကာလာ ဂိုဏ်းချုပ်ဆိုတော့ ငါ ငါ ဆိုတဲ့ အစွဲ တော်တော် နဲ့ မာန်မကျဘူး ဆိုတာ သဘောပေါက်တယ်။
        သို့သော်.. အရင် နားထောင်ကြည့်လိုက်အုန်း။
        ဆရာတော်ကြီးမှာ လည်း ကျမ်းအကိုးအကားနဲ့ နှစ်တွေ နဲ့ ခုနှစ်တွေ သေချာ ပြောပြ (ဟော) သွားတယ်။

        အနိစ္စ နဲ့ ဒုက္ခ ကို လက်ဝဲ လက်ယာ တပည့် အဖြစ်ခေါ်ထားလိုက်ရင်တော့ ဂိုဏ်းရှုပ်ကြီး အနတ္တ ဖြစ်သွားမယ် ဘာမှတ်နေလဲ။

        Reply

        • နှူးဘာဂိုဏ်းချုပ်

          February 23, 2012 at 2:25 pm

          ကာဗွန်သက်တမ်း တွက်မယ့်လူနဲ့ ..
          ဘုန်းကြီး ကျမ်းကို ရီဖား လုပ်တဲ့လူနဲ့ ..
          မငြင်းကြပါနဲ့ ကွယ်တို့ ….
          (အကွက်ကလေးဝင်တုန်း …ဟီဟိ..နှိပ်မှ)
          😀
          ဟုတ်တော့ကော ဘာဖြစ်သတုန်း
          မဟုတ်တော့ကော ဘာဖြစ်သတုန်…

          ဘာလို့ သိပ်သိချင်ကြတာတုန်း …
          မသိရလို့ကော ဘာဖြစ်မှာ မို့လို့တုန်း …

          မသိလို့ မဖြစ် ဖြစ်နေတဲ့အခြေအနေမို့လို့လား..
          တခုခု ကွဲကွဲပြားပြား သိပြီးရင်ကော ဘာဖြစ်လာမတုန်း ..

          တခါတခါ သိခြင်းနဲ့ မသိခြင်းကြားမှာ ဘာမှ ဆုပ်ကိုင်မထားဘဲ
          လွတ်မြောက်နေရတာ အရသာရှိပါတယ်ဗျာ …(မောင်ဂီ ပိုင်သကွာ ….)
          😀 😀 😀

          အင်း …ဆက်စပ်တွေးခေါ်ရရင်တော့….
          အချစ်လိုပေါ့ဗျာ ..အချစ် အချစ် …

          ယုံလို့ချစ်တာလား ချစ်လို့ ယုံတာလား …
          အော်. …. ရယ် ….ချစ်ထှာ ….
          အချစ်မှာ အကြောင်းပြချက် မရှိဘူးပြောသလို
          အကြောင်းပြချက်တခုကြောင့်လည်း ချစ်လို့ရတာပဲ မဟုတ်လား ….
          အချစ်ဟာ ချစ်နေဖို့ဘဲ လိုတဲ့ အချစ်ရယ်ပါ …

          ယုံကြည်မှုနဲ့ တည်ဆောက်မှ ခိုင်မာမယ်ဆိုရင် ….
          ကိုယ့်အချစ်နန်းတော် ပြိုကျတာ ကြာခဲ့ပြီကွယ် ….
          သည်လိုပြောလို့ မယုံကြည်ဘူး လို့ ဆိုလိုတာမဟုတ်ပါဘူးကွယ် …

          လောကကြီးမှာလေ ..လောလောပြီးသာ ကလိုက်ချင်တော့တာပဲ ဆူး-ခိုင် ရယ်…
          ယုံကြည်မှ ခိုင်မာတာဟေ့ …သံသယနဲ့ မှတ်ကျောက်တိုက်မှ ပြည့်စုံတာကွ …
          ဒါတွေ လျှော့လိုက်ပါတော့ …..အင်္ဂလန်ကို ရှုံးတဲ့ ဂျာမနီက အင်္ဂလန် ရှုံးခဲ့တဲ့ ဘရာဇီးကို
          ဖလာ တီး ချင်တီးတတ်ကြသေးတဲ့ ဘောလောက ကိုပဲ ကြည့်ပါကွယ် ….

          ဒီပွဲမှာ မက်စီ သာပေမယ့် ဟိုပွဲမှာ ဒိုလေး ဂိုးပို သွင်း သလို
          နောက်ပွဲကျ ရူနီ ကို လက်မြှောက်လိုက်ရတဲ့အဖြစ်မျိုးဒွေလည်း ကြုံဖူးရဲ့

          အချစ် နဲ့ ဘော တောင် စောကျော လို့ မရစကောင်းတဲ့ ဟောသည့် လောကဂျီးမှာ
          လိုက်မမီတဲ့အရာဒွေ အများဟားဟားဟားဂျီး …

          ဘာကိုမှ ဆုပ်ကိုင်မထားတဲ့
          နှူးဘာဂိုဏ်းချုပ်
          မိုးတိမ်ဂီ

  • ကြောင်ကြီး

    February 24, 2012 at 12:17 pm

    သဂျီးရေ..ရောက်ရာအရပ်က သာဓုခေါ်ပါ….။

    Reply

    • Burmese or Chinese

      February 25, 2012 at 12:54 pm

      သာဓု…သာဓု…သာဓု…
      ပုံ/သဂျီး

      Reply

Leave a Reply to Burmese or Chinese Cancel Reply

Your email address will not be published.