လူမသိသူမသိ မျက်ရည် ကျဖူးတဲ့ နန်းဆု…

lu ta loneJune 5, 20101min05

News Pic

* အခုတလော နန်းဆုကားတွေ ထွက်တာနည်းနည်းကျဲနေသလားလို့။

ရုပ်ရှင်ကားကြီး ဆက်တိုက်ရိုက်ဖြစ် နေပြီး နယ်ရှိုးပွဲတွေ လည်း ရှိတော့ ရန်ကုန်မှာမရှိလို့ပါ။ အခုစီးပွားရေးကလည်း လုပ်နေတော့ ဒီနောက်ပိုင်း ကားရိုက်ကို ပြန်အချိန်ပေးဖြစ်ပါမယ်။

* ‘မိုးမမြင်လေမမြင်’ ဗီစီဒီကဘယ်တော့လောက်ကြည့်ရမလဲ။

နန်းဆုလောလောဆယ် အဲဒီဘက် မလှည့်နိုင်သေးဘူး။ပြီးသလောက် တော့ ရှိသွားပါပြီ။ ဘယ်အချိန်ထွက်ရင် ကောင်းမလဲ ဆိုပြီး စောင့်နေ တာပါ။

* စိုင်းစိုင်းရဲ့ ‘ခင်ကြီးကျယ်’ သီချင်းမှာ နန်းဆုသရုပ်ဆောင်တာကို ပရိ သတ်တွေက ပီပြင်လိုက်တာလို့ပြောတယ်။

ကိုစိုင်းက အဲဒီ သီချင်း ရိုက်မယ်ပြော တော့ သီချင်းရဲ့ rhyme တွေကို လည်း သဘောကျတယ်။ သူနဲ့လည်းခင်နေတော့ အမှတ်တရလေး ဖြစ် အောင် ရိုက်ဖြစ် သွားတာပါ။ အိုက်တင်တွေ၊ အဝတ်အစားပိုင်း တွေက လည်း သူလိုချင်တဲ့အတိုင်း အဆင်ပြေအောင် စီစဉ်နိုင်မယ်ထင်လို့ ရိုက် ခဲ့တာပါ။

* နန်းဆုကို အပြင်မှာရော အဲဒီလိုပဲ ကြီးကျယ်မလားဆိုပြီး ထင်ကြမှာ မစိုးရိမ်ဘူးလား။

အဲဒါကတော့ကိုစိုင်းလည်း ပြောပါတယ်။ အဲဒီလိုအထင်မှားမှာစိုးလို့ အရင်တုန်းကဒါမျိုးမရိုက်ခဲ့ပါဘူး။ အခုပရိသတ်ကအထင်မမှားတဲ့ အပြင် သရုပ်ဆောင်တာပီပြင်တယ်။ ကြည့်ရတာ ပျော်စရာကောင်း တယ်လို့ ပြောကြပါတယ်။ နန်းဆု မကြီးကျယ်ဘူးဆိုတာပရိသတ် တွေ သိကြပါတယ်။

* နန်းဆုက accessory တွေ ကြိုက် တယ်ထင်တယ်နော်။ အများကြီး ဝတ်တာတွေ့ရတယ်။ အဲလိုအများကြီး ဝတ်တဲ့အခါ ပရိသတ် တွေ အမြင်မှာ အိုဗာဖြစ်သွားမှာ မစိုးရိမ်ဘူးလား။

မစိုးရိမ်ပါဘူး။ လူဆိုတာ ကိုယ့်ဖက်ရှင်နဲ့ ကိုယ်ပဲလေ။ ကိုယ့်စတိုင်နဲ့ကိုယ် ကြိုက်တာလုပ်ကြတာ။ ဒါပေမယ့် လူ အများနှစ်သက်မယ့် ဖက်ရှင်မျိုးပေါ့။ ဥပမာဆိုရင် တချို့က အနောက်တိုင်း ဖက်ရှင်တွေကို အတုခိုးတာမျိုးရှိတယ်။ နန်းဆုကျတော့ အရှေ့တိုင်းဘက်များ များလေးပိုယူထားတယ်။ ကိုယ်တိုင် လည်း အဲဒီလိုနဲ့လိုက်ဖက်တယ်လို့ ထင်တယ်။ နန်းဆုဝတ်တာ ပိုနေသလိုဖြစ် နေပေမယ့် ကိုယ် နဲ့ လိုက်ဖက်လား၊ မလိုက်ဘူးလားဆိုတာ ပြန်ရွေးရမှာပေါ့။ အနုပညာရှင်တစ်ယောက်ဖြစ်နေတော့ အမြဲတမ်းအတွက်တော့ ရိုးရိုးကြီး သွားမှာမဟုတ်ဘူး။ အမြင်မတူ၊ အကြိုက် ချင်းမတူတဲ့ပရိသတ်အတွက် အမြဲတမ်း လိုုလိုပြောင်းဖြစ်နေမှာပဲ။ဆန်းသစ်တဲ့ ပစ္စည်းတွေ လည်း ပြဖြစ်နေမှာပဲလေ။

* ကောလာဟလတို့၊ အတိုက်အခိုက်တို့အပေါ်မှာ ခံနိုင်ရည်ရှိလာပြီလား။

ကောလာဟလနဲ့ပတ်သက်ပြီးတော့ အရင်တုန်းကတော့ခံနိုင်ရည်မရှိပါဘူး။ အတိုက်အခိုက်အနှောင့်အယှက်တွေကြောင့် ငိုခဲ့ရတာမျိုး တွေလည်း ရှိပါတယ်။ ဒါကတော့ လူမသိ သူမသိ ကျခဲ့ရတဲ့ မျက်ရည်တွေပေါ့။

* အချစ်ရေးကရော။ အပျိုကြီးတော့ မလုပ်ပါဘူးနော်။

အချစ်ရေးက ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေလို့ အဲဒီဘက်ကို မစဉ်းစားနိုင်ပါဘူး။ အပျိုကြီးတော့မလုပ်ပါဘူး။ နန်းဆုက ဖူးစာရှင်တို့၊ ရေစက်တို့ကို ယုံပါတယ်။ သူက အလိုလိုဖြစ်လာပါလိမ့်မယ်။

5 comments

  • crazy ng

    June 27, 2010 at 10:26 am

    နန်းဆုကတော့ကြီးကျယ်မှာပါ……

    Reply

  • moehtet

    June 27, 2010 at 11:59 am

    awwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwwww

    Reply

  • Unnamed

    June 27, 2010 at 1:55 pm

    ယုံလိုက်ပြီ။

    Reply

  • marnat

    July 12, 2010 at 6:12 am

    ယုံလိုက်တော့မယ် ဒေါ်နန်းဆု

    Reply

  • cruz

    October 11, 2010 at 6:22 pm

    လူမသိ သူမသိတဲ့လား…. လူသိ သူသိလေးကျတာရောချိဘူးလားဟ

    Reply

Leave a Reply

Your email address will not be published.