ဇာတ်သိမ်းပိုင်းရိုက်ကူးရခြင်းအပေါ် Harry Potter စတားနှစ်ဦး စိတ်ထိခိုက်ခံစားရ

introJune 5, 20101min03

မှော်ကဝေလေး ဟယ်ရီပေါတာအဖြစ် သရုပ်ဆောင်သည့် ဒင်နီရယ်လ်ရော စုန်းမလေး ဟယ်မီရွန်ဂရိန်ဂျာအဖြစ် သရုပ်ဆောင်ခဲ့သည့် အီမာပါ

ယခုသီတင်းပါတ်အတွင်း ဟယ်ရီပေါ်တာ နောက်ဆုံးအဆုံးသတ် ဇာတ်သိမ်းခန်း ပါဝင်ရိုက်ကူးနေရခြင်းအတွက် ဝမ်းနည်းမိကြောင်း ပြောကြား

ဟယ်ရီပေါ်တာ ဇာတ်ကားများမှ အဓိကသရုပ်ဆောင်များဖြစ်သည့် အီမာဝပ်ဆန်နှင့် ဒင်နီရယ်လ် ရက်ကလစ်ဖ်တို့က ဇာတ်ကား၏ နောက်ဆုံးပိုင်း ရိုက်ကူးနေရခြင်းအပေါ် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးက ငယ်ဘဝကတည်းက စတင်ပါဝင်ခဲ့သော အဆိုပါ ဇာတ်လမ်းတစ်ခုလုံး အဆုံးသတ်မသွားစေလိုသေးဟုဆိုသည်။

မှော်ကဝေလေး ဟယ်ရီပေါတာအဖြစ် သရုပ်ဆောင်သည့် ဒင်နီရယ်လ်ရော၊ စုန်းမလေး ဟယ်မီရွန်ဂရိန်ဂျာအဖြစ် သရုပ်ဆောင်ခဲ့သည့် အီမာပါ ယခုသီတင်းပါတ်အတွင်း ဟယ်ရီပေါ်တာ နောက်ဆုံးအဆုံးသတ် ဇာတ်သိမ်းခန်း ပါဝင်ရိုက်ကူးနေရခြင်းအတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ဟတ်ဖို့ရှိုင်းယားတွင် ရိုက်ကူးနေသည့် သတ္တမမြောက် ဟယ်ရီပေါ်တာဇာတ်ကား ပြီးဆုံးသွားတော့မည်ဆိုသော အသိက သူမနှင့်ရင်းနှီးသူတစ်ဦး ကွယ်လွန်သွားသလို ခံစားနေရကြောင်း အီမာကဆိုသည်။

သူမတို့နှစ်ဦး၏ သူငယ်ချင်းရွန်အဖြစ် သရုပ်ဆောင်သော ရူးပတ်ဂရန့်တ်မှာလည်း အတူတွဲ သရုပ်ဆောင်ခဲ့ရသည့် သူငယ်ချင်းများနှင့် ဆက်လက် မတွဲရတော့သည်ကို စိတ်မကောင်းဖြစ်နေသည်။ ယင်းတို့(၃)ဦးသည် ယခုအခါ အသက်(၂၀)ကျော် အရွယ်များ ရောက်နေကြပြီဖြစ်ပြီး အသက်(၉)နှစ်၊ (၁၀)နှစ်ကတည်းက ဟယ်ရီပေါ်တာ ဇာတ်ကားများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ ဇာတ်ကား(၇)ခုမှ ရရှိသော ဝင်ငွေများကြောင့် ဒင်နီရယ်လ်ရော၊ အီမာပါ ဟောလီးဝုဒ်တွင် ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်များအဖြစ် ငယ်ငယ်ရွယ်ရွယ်နှင့် ရပ်တည်နေနိုင်သည်။ ဟယ်ရီပေါ်တာ ဇာတ်ကားများသည် ရုံတင်ပြီးသော အပိုင်း(၆)ခုမှ ဒေါ်လာ(၃.၇)ဘီလျံ ရရှိထားရာ ဝင်ငွေအမြင့်ဆုံး ဇာတ်လမ်းတွဲအဖြစ် စံချိန်တင်ထားသလို အီမာတို့(၃)ဦးသည်လည်း ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယခုအပြီးသတ် ရိုက်ကူးနေသည့် ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်ကားကို (၂၀၁၁)ခုနှစ်လယ်ခန့်တွင် ရုံတင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

Source: Forward Mail

3 comments

  • yannaingech

    June 5, 2010 at 8:17 am

    ၂၀၁၁ နှစ်လည်ဆို တော့ အဝေးကြီးလိုပါသေးလား…ကြည့်ချင်လှပြီ

    Reply

  • Onyx

    May 2, 2012 at 11:41 am

    အင်းလေ ဖြစ်သင့်တာပဲ

    Reply

  • k19

    June 14, 2012 at 4:35 pm

    သူတို့က9နှစ်ကနေရိုက်လာတာတော်ပြီးပေါ့..
    နာဆို..တခါမှာရိုက်ရသေးဘူး

    Reply

Leave a Reply

Your email address will not be published.