ကြိုက်မှယူပါ…

Ko out of...February 20, 20121min04

– English ၊ဂျာမန်၊ပြင်သစ် စသည့်ဘာသာစကား ကိုပြောတတ်အောင် ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက ဘာသာခြားတွေဆီသွားထားကြည့်ပါလား။ အဲဒီ Eng၊ ဂျာမန် စသည့် ဘာသာစကား ကိုတတ်မှာဘဲ။ စကားပြောတတ်ရုံနဲ့ ပညာရှိ ဖြစ်ပြီလား… ထို့အတူ ဘာသာရပ်တခုကို အလွတ်ဆိုတတ်ရုံနဲ့ ပညာတတ် တကယ်ဟုတ်ပြီလား…

– တစ်ယောက်တည်း ငုပ်တုတ်ထိုင်ပြီး ဘာမှမလှုပ်မရှားဘဲနေနိုင်တာကို အိန္ဒြေ ရတယ်လို့ ပြောမလား… ကိုယ့်ခြေကိုယ့်လက် အမူအရာကို နိုင်နိုင်နှင်းနှင်းထိန်းနိုင်တာ၊ အစိုးရတာကို အိန္ဒြေ ရတယ်လို့ ခေါ်တာလား…

– ယခင်က ကောင်းခဲ့လို့ ယခုကောင်းတယ် ယခုကောင်းရင် နောင်လည်းကောင်းပါလိမ့်မည်ဆိုရင်..
ယခုကောင်းတာဟာ ယခင်ကကောင်းခဲ့တဲ့ အကျိုးဆိုရင် ယခုကောင်းတာဖျက်လို့ မရဘူးဖြစ်ရမယ်..
ယခုချမ်းသာတဲ့ ကိုယ့်ရဲ့စည်းစိမ်တွေ ဖျက်လို့ မရဘူးဖြစ်ရမယ်။သူခိုးခိုး လို့ မရဘူးဖြစ်ရမယ်။ ဘာဖြစ်လို့ အမျိုးမျိုးကာကွယ်နေရလဲ..

– ယခင်ဘဝကသီလ အားကောင်းခဲ့ လို့ ယခုဘဝ အသက်ရှည် ကျန်းမာချမ်းသာနေတယ်ဆိုရင် ယခုဖြစ်သလိုနေထိုင်စားသောက်လည်း ဘာမှမဖြစ်ဘူး ဖြစ်ရမယ်…ဥစ္စာ ကံစောင့် အသက်ဉာဏ်စောင့် လို့ပြောတာရှိတယ်ဆိုရင် မိမိရှာထား တဲ့ဥစ္စာ က အရင်ကံကြောင့်ဘဲ မဟုတ်လား.အရင်ကရှာထားတာ ဉာဏ်မပါဘူးလား…

– ပြုလုပ်ချင်တိုင်းတဏှာဆိုရင် ထမင်းစားချင်၊ အိမ်သာသွားချင်၊စီးပွါးကြီးပွါးတိုးတက်ချင် စသည်အရာတွေဟာ တဏှာဖြစ်မှာပေါ့။ အဲဒီ ချင် ကို မလုပ်တော့ရင်ကော ဒုက(ဒုတ်ခ)က တကယ်လွတ်ပြီလား..

– ဒီရုပ်ကို မုန်းပေမဲ့ ဒီရုပ်ကိုဘဲ အသုံးချနေရတာဘဲ။ ရုပ်ကိုမုန်းတာသိရုံနဲ့ ဒုက္ခ ကလွတ်ပြီလား..ရောဂါခံစားနေရသူတွေ ရုပ်ကိုမုန်းလွန်းလို့ သူတို့ ဒုက္ခ ကလွတ်ပြီလား..

– မစဉ်းစား၊မတွေးတော့ရင် ဒုက္ခမရောက်ဘူးဆိုရင် မစဉ်းစားမတွေးဘဲ နေလိုက်တာ တကယ်ဘဲ ဒုက္ခ လွတ်ပြီလား…

– မောင်းကောင်းလို့ နာမည် မည့် လိုက်ရုံနဲ့ လူကောင်းဖြစ်ပြီလား… မောင်ခွေးလို့ ခေါ်လိုက် ရုံနဲ့ ကိုယ်က ခွေးဖြစ်သွားလို့လား..အကောင်းအဆိုးဟာ နာမည်ပေါ်မှာလား ကံ သုံးပါးမှာလား…

– ရုပ်နာမ်ဖြစ်ပျက်ကိုမြင်ရင် တစ်ရက်နေရလဲ မြတ်တယ်ဆိုရင် အသေးဆုံးဓါတ်ပရမတ် သဘောကိုမြင် တဲ့ လူတွေ လူမြတ်ဖြစ်နေကြပြီလား..ဘုရားပြောတဲ့ ဖြစ်ပျက်ဆိုတာ ဘဘာဝ ဖြစ်ပျက်လား.. အစွဲခန္ဓာ ဖြစ်ပျက်လား…

– ဖြစ်ပြီးရင်ပျက်တယ်ဆိုရင် ကိုယ်မုန်းတဲ့ လူနဲ့ ပြန်တွေ့ရင် ဘာဖြစ်လို့ စိတ်တိုနေရလဲ. ဖြစ်ပြီးရင်ပျက်သွားပြီ မဟုတ်လား…

– လူကိုခွဲ ထုတ်ရင် ဓါတ်ပရမတ်ဘဲကျန်တယ်ဆိုရင် အဲဒီဓါတ် ပရမတ်(ပထဝီ၊အာပေါ၊ဝါယော၊တေဇော)ကို ဓါးနဲ့ခုတ်ရင် ဘာဖြစ်လို့ အမှု ဖြစ်လဲ…

4 comments

  • pyaponthu

    February 20, 2012 at 1:13 pm

    လောကီ နဲ့ ဲလောကုတ္တရား မရောနဲ့လေ။ လူဘဲ ဒေါသ မောဟ လောဘရှိတယ်။ လောကီ ဘယ်သူမှ မကင်းသ၍ လူက လူဘဲ။

    Reply

  • K- Red

    February 20, 2012 at 3:45 pm

    ကျွန်တော်နားလည် သလို ကြိုးစားပြီးဖြေပေးကြည့်ပါ့မယ်…

    ဲလောကုတ္တရာဆိုတာ… လောက ကနေလွန်မြောက်ခြင်း…လို့နားလည်မိပါတယ်…

    လောက ကလူဆိုရင်…လောဘ၊ဒေါသ..စသည်တရားတွေက ရောဂါနဲ့ တူတယ်ဆိုပါတော့….

    ဥပမာ..ဆေးဆရာတစ်ယောက် ရောဂါကုသတာ… လူကိုကုသတာ မဟုတ်ပါဘူး…ရောဂါကို ကုတာပါ..

    လူကြီးရှိနေမှတော့… လူကို မကုသရင်ဘာကုသ မလဲလို့မေးရင်..

    လူကိုကုသတာမှန်ရင်….ရောဂါပျောက်ရင်လူလည်းပျောက်ရမှာပေါ့နော်…

    အခုတော့ ရောဂါပိုးကိုတွေ့လို့ … အဲဒီရောဂါပိုးကို

    တိုက်ခိုက်နှိမ်နှင်းနိုင်တဲ့ ဆေးနဲ့တွေ့ရော…. ရောဂါပျောက်သွားတယ်..လူတော့ ကျန်ခဲ့တယ် မဟုတ်လား..

    ထိုနည်း၎င်းဘဲ.. လောဘ၊ဒေါသ ဆိုတဲ့ ရောဂါပိုးဟာ လူကိုပေါ်မှာ ဖြစ်ပေမဲ့ …လူမဟုတ်ဘူး…ဧည့်သည်(parasite) ကပ်ပါးကောင်ဘဲ။ ဘုရားဖေါ်ဆပ်တဲ့ ဆေးနဲ့တွေ့ရော… လောဘ၊ဒေါသ မရှိ ရောဂါပျောက်.. ဘုရား၊ ရဟနာ ဆိုတဲ့ လူ ကျန်ခဲ့တယ်.. ဒါလုံးဝ လွတ်မြောက်တဲ့လူ…ဒါလောကုတ္တရ ကနေလွန်မြောက်သူတွေပေါ့…

    တနည်းအားဖြင့်..လူရှိပြီးရောဂါမရှိ မှတန်ဖိုးရှိပါတယ်… လူလည်းမရှိရောဂါလည်း မရှိဟာ တန်ဖိုးမရှိပါဘူး…

    ဒါဖြင့် ကျွန်တော်တို့ လောဘ၊ဒေါသ မရှိတော့ဘူလား… ရှိပါတယ်..ဘုရားတရားမှာတော့… သောတာပန်..သကဒါကမ် စသည် စသည် အရိယာ အဆင့်တွေဟာ သူပယ်တဲ့ ကိလေသာ အဆင့်တွေ ရှိပါတယ်… ကျန်တဲ့ လူတွေက သင်ခန်းစာ …မပြီးဆုံးသေးတဲ့ လူတွေပေါ့…..ကျေးဇူး..

    Reply

  • aye.kk

    February 20, 2012 at 6:03 pm

    ကျမခင်တဲ့ကြီးကြီးစာအုပ်ထဲက..
    မှတ်သားစရာလေးပါ..
    ဗုဒ္ဓရှင်တော်၊မပွင့်ပေါ်က..
    လူတော်အများ၊စိတ်ကောင်းထားလည်း..
    ဤကားကုသိုလ်၊အကုသိုလ်ဟု..
    ထိုထိုဘဝမသိရ၊များလှအပြစ်တွေ။
    ဗုဒ္ဓရှင်တော်၊ပွင့်တော်ပေါ်၍
    ဟောဖော်ညွန်ကြား၊မြတ်တရားကြောင့်
    ဤကားကုသိုလ်၊အကုသိုလ်ဟု
    ထိုထိုဘဝသိကြရ၊များလှကျေးဇူးတွေ..။

    Reply

  • kotun winlatt

    February 20, 2012 at 6:56 pm

    စိတ်ထားးးးးးတတ်ဘို့ လိုတယ်လို့ပဲ ပြောပါရစေဗျာ…

    Reply

Leave a Reply to aye.kk Cancel Reply

Your email address will not be published.