ပဒုမ္မာဆေးခဲ့သော အိမ်သာများ(၂)

padonmarFebruary 23, 20121min022

ကျွန်မတို့ငယ်ငယ်က တစ်မြို့လုံးမှာ ပြေးကြည့်လို့မှ ကား၃စီးပဲရှိတဲ့ နယ်မြို့လေးမှာနေပါတယ်။

တစ်စီးက ဘုရားလှည့်ရင်သုံးတဲ့ ဘုရားကားပါ

။နောက်တစ်စီးက မီးသတ်ကားပါ

၊နောက်ဆုံးတစ်စီးက မိလ္လာသိမ်းတဲ့ -ျီးကားပါ။

ဟုတ်ပါတယ်။ကျွန်မတို့မြို့မှာ အိမ်သာတွေက ပုံးအိမ်သာလို့ခေါ်ပါတယ်။

အခုခေတ်ကလေးတွေတော့ မြင်ဖူးမယ်မထင်ဘူး။

သစ်သားဇလားတွေကို အိမ်သာအောက်မှာထားပါတယ်။

နှစ်ရက်သုံးရက် တစ်ခါလောက် မိလ္လာကျုံးတဲ့သူဟာ

ပုဆိုးခါးတောင်းကျိုက်၊ဦးထုပ်ငိုက်ငိုက်ဆောင်း

၊မျက်နှာမှာ ပုဆိုးပိုင်းကို နှာခေါင်းပါးစပ်လုံအောင်အုပြ်ပီး

ပေါက်တူးတစ်လက်၊လက်ဆွဲပုံးတစ်လုံးနဲ့

အိမ်ကြားကနေ အိမ်နောက်ဖေးဝင် အိမ်သာအောက်ဇလားထဲက အညစ်အကြေးတွေကို လက်ဆွဲပုံးထဲထည့်ပါတယ်။

အခု ဆရာတော်ကြီးတွေရဲ့ အဋ္ဌကထာမြန်မာပြန်တွေမှာပါတဲ့

ပန်းမှိုက်သွန် ဘင်ကျုံးသမားသည် ရလာမည့် အခကြေးငွေကို မျှော်မှန်း၍

အညစ်အကြေးသိမ်းခြင်းကို ဝမ်းမြောက်ဝမ်းသာလုပ်သကဲ့သို့

ဆိုတဲ့ဥပမာဟာ

ကျွန်မလိုတောသူအတွက်တော့ ကွက်ကွက်ကွင်းကွင်းပါပဲ။

အဲဒီပုံးထဲက မိလ္လာတွေကို မိလ္လာကားပေါ်က ပုံးကြီးတွေထဲထည့်ပြီး

ကားက မြို့ပတ်သိမ်းပါတယ်။ပြီးမှမြို့ပြင်ကတွင်းထဲ သွားသွန်ပါတယ်။

ညနေစောင်း အဲဒီကားကြီးမြို့ပတ်ရင်

ကိုယ့်အိမ်နားအဖြတ်မှာ နှာခေါင်းတွေပိတ်ထားကြတာပေါ့။

ကိုယ့်ပစ္စည်းမပါတာကျနေတာပဲ။

တခါတလေ မိလ္လာကားမလာတာရက်ကြာရင်

အိမ်သာအောက်က ဇလားထဲမှာ လောက်တွေ တဖွေးဖွေးမြင်ရတတ်ပါတယ်။

အိမ်သာထဲက လောက်ကိုကြည့်ပြီး ပထမဈာန်ရ

နောက်ဘဝမှာ ဗြဟ္မာ့ပြည်ရောက်သွားတဲ့

(ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုပ်ရှုပ် ဇာတ်လမ်းထဲက ဝက်မလေး)

သုမနမင်းသမီးလို လူတော်မဟုတ်တော့ မျက်စိလွှဲနှာခေါင်းပိတ်

အိမ်သာတက်ရုံကလွဲလို့ ပဒုမ္မာတော့ ဈာန်နဲ့ အဝေးကြီးပါရှင်။

မိလ္လာကျုံးတဲ့သူလာတဲ့အခါ အပေါ်က ရေလောင်းဆေးပေးရင်

သူကအောက်ကနေ သန့်ရှင်းရေးလုပ်ပေးပါတယ်။သူ့ကို မုန့်ဖိုးပေးရတာပေါ့။

အဲဒီအခါ ကျွန်မတို့ကတော့ ဆေးပေးရမှာစိုးလို့ ဝေးဝေးရှောင်ကြပါတယ်။

အမေက နာမည်တပ်ခေါ်ပြီး လုပ်ခိုင်းမှ ဆေးဖြစ်ခဲ့ပါတယ်။

ကျွန်မလေးတန်းလောက်ရောက်တော့ ခေတ်မီတဲ့အဖေက ရေလောင်းအိမ်သာဆောက်ပေးပါတယ်၊

အဲဒီအခါ ကျွန်မတို့မိလ္လာကားလာတာ ဂရုစိုက်စရာမလိုတော့တဲ့ ဘဝရောက်ရပါတယ်။

ဒါပေမယ့် ရေလောင်းအိမ်သာလေး သန့်ရှင်းရေးအလှည့်ကျလုပ်ဖို့တော့

ညီအမတတွေ သူ့လွှဲချ ငါ့လွှဲချပေါ့။

ကျွန်မ ၈တန်းလောက်မှာ ကျွန်မတို့တစ်မြို့လုံးနီးပါး

ရေလောင်းအိမ်သာတွေချည်း ဖြစ်သွားပါတယ်။

အဲဒီကတည်းက ပန်းမှိုက်သွန် ဘင်ကျုံးသမားနဲ့

မိလ္လာကားကြီး မတွေ့ရတော့ပါဘူး။

နောက်ထပ် မှတ်မှတ်ရရ ဆေးဖြစ်ခဲ့တဲ့ အိမ်သာလေးကတော့

လက်ခုပ်ကုန်းဘုန်းကြီးကျောင်းက အိမ်သာဖြစ်ပါတယ်။

22 comments

  • padonmar

    February 23, 2012 at 11:14 pm

    ကိုးနတ်ရှင် ဖေဗာ မပေးလို့ ဂေဇက်ရွာနဲ့ဝေးပြီး အပိုင်း၂၊၃၊၄ တွေ ဆက်မတင်နိုင်ဘူး။
    ကိုယ့်ဖာသာတောင် ဖီလင်ပျောက်ပြီး ဆက်ဖတ်ချင်စိတ် မရှိတော့ပါဘူး။
    အားလုံးကို တောင်းပန်ပါတယ်။

    Reply

  • surmi

    February 23, 2012 at 11:51 pm

    အမတို.မြို.ကပခုက္ကူဘက်လို.ထင်တယ် ။ အဲဒီက ကျွန်တော်ရောက်ဖူးတဲ. အိမ်သာလဲဒီလိုဘဲ ။
    ဟိုတချိန် မဖွံ.ဖြိုးခင်က တော်တော်လေးလဲဆိုးပါတယ်ဗျာ ။ ရွာတွေမှာဆို အိမ်သာတောင်မရှိဘူး ။

    Reply

  • ဦးဦးပါလေရာ

    February 23, 2012 at 11:59 pm

    ဒီလောက်တက်လာတာ တော်သေးတာပေါ့ မပဒုမ္မာရဲ့…
    ကျွန်တော့မှာ ဖတ်ရတာတောင် အနိုင်နိုင်..။

    မပဒုမ္မာပြောတဲ့အတိုင်းဆို အိမ်သာကိုဇလားနဲ့သုံးတာဆိုတော့
    မြေလတ်ပိုင်းသူလို့ထင်မိပါတယ်။

    ကျွန်တော့်ဇာတိမှာတော့ ရေလောင်းအိမ်သာမတိုင်ခင်တုံးက တွင်းအိမ်သာပဲသုံးကြတယ်။
    မိုးတွင်း ရေလွှမ်းပြီဆိုမှဖြင့် အကုန်ထွက်လာကြတာပေါ့။

    ခေတ်မီအောင်ကြိုးစားထားပါတယ်ဆိုတဲ့ စံပြအထက်တန်းကျောင်းကြီးမှာတောင်
    ပလုံစတန်းပေါ်လာဆစ်ထ် အိမ်သာတွဲကြီးပဲရှိတာ မှတ်မိသေးတော့တယ်။ 😛

    Reply

    • Thel Nu Aye

      February 24, 2012 at 8:48 am

      တွင်းအိမ်သာဆိုလို့။ ကျွန်မငယ်ငယ်ကအဘွားတို့ရွာသွားလည်ရင် တွင်းအိမ်သာတွေပဲရှိတာ။ တွင်းထဲကျမှာကြောက်လို့မတက်ရဲဘဲ အိမ်သာသွားခါနီးတိုင်း အပြင်ကနေလက်ကိုင်ပေးမဲ့လူရှာရ တာအမောပဲ။ လူတွေကကျွန်မကိုစပြီးမလိုက်ရင်ငိုရတာအမော။ ပြန်တွေးရင်ရီချင်မိပါတယ်။

      Reply

  • padonmar

    February 24, 2012 at 12:34 am

    အပေါ်က ပဟေဠိဖြေတဲ့ မောင်လေး ၂ယောက်လုံးမှားပါတယ်။
    ပခုက္ကူ လည်း မဟုတ် မြေလတ်လည်း မဟုတ်ပါ ၊:D

    Reply

  • aye.kk

    February 24, 2012 at 12:53 am

    မပဒုမ္မာ..
    စိတ်ထားလှသူဖြစ်လို့အားကျမိပါတယ်..
    ဒီဘဝမှာလည်းလှ၊နောင်ဘဝမှာလည်းလှ..
    ဘဝဆက်တိုင်းလှနေမှာကအမှန်ပါဘဲ။

    Reply

  • padonmar

    February 24, 2012 at 1:13 am

    အေးကေကေ ရေ
    ပဒုမ္မာ စိတ်ပုပ်တာ ကိုယ့်အကြောင်းကိုယ်ရေးတော့ ဘယ်ပါမလဲ၊
    ကောင်းတယ်လို့ သူများမြင်အောင် ရေးတာပေါ့နော။
    ရုပ်ကလည်း မလှပါဘူး၊တစ်သက်လုံး အကျည်းတန်သော ဘဲကလေးဖြစ်လာတာပါ။
    ဂေဇက်ရောက်မှ ချစ်သောမျက်စိနဲ့ ကြည့်ကြလို့ပါ။

    Reply

    • Khin Latt

      February 24, 2012 at 6:07 am

      No ….. I don’t think you are ugly.
      You look so sweet. 🙂

      Reply

  • Khin Latt

    February 24, 2012 at 6:02 am

    အစ်မ ပဒုမ္မာ
    ရန်ကုန် မှာလဲ ကျွန်မတို့ ရပ်ကွက် တွေမှာ အဲလို ဇလားအိမ်သာတွေ ရှိတာဘဲ။
    အဲဒီလိုဘဲ ညည သိမ်းကျုံးရေး လုပ်သားတွေ လာပြီး နောက်ဖေးမီး ဖွင့်ပါဗျို့ လို့ အော်ပြီး ရောက်လာကြတာ။
    နောက်မှ တဖြေးဖြေး ချင်း ရေလောင်းအိမ်သာ တွေပြောင်းကုန်တာ။
    ဒါပေမဲ့ တစ်ခြားတိုင်းပြည် တွေလို စနစ်ကျတဲ့ ရေပုတ်ထုတ်ပိုက်လိုင်းကြီးတွေ၊ မိလ္လာထုတ် ပိုက်လိုင်းကြီးတွေ ဖြစ်လာဖို့ အချိန်ဘယ်လောက်ယူဦးမယ် မသိ။
    ဒီအတွင်း မှာတော့ – မိလ္လာကြွင်းပြည့်ရင် ကားနဲ့လာပြီး စုတ်ချိန် နံတဲ့ အနံ့ကိုခံကြရဦးမှာပေါ့။
    ကျွန်မလဲ ဒီမှာ နောက်တစ်ခါ ဘုန်းကြီးကျောင်း သွားရင် အိမ်သာဆေးပြီး ကုသိုလ်ယူမယ် လို့ ဆုံးဖြတ်ထားတယ်။ 😉
    အသိကောင်းလေးဝင်ဖို့ ရေးထားတာလေးမို့ ကျေးဇူးပါ။

    Reply

  • water-melon

    February 24, 2012 at 7:46 am

    ဦးကြာရေ
    ဦးကြာရဲ့ရုပ်ကတည်ကြည်မယ်လို့ထင်မိတယ်ဗျ
    ကိုးနတ်ရှင်ကြောင့် ဆက်မတင်ဖြစ်တာကိုဝမ်းနည်းမိတယ်
    ဦးကြာ အားမငယ်ပါနဲ့ ကျွန်တော်အိမ်ကနေ ကိုးနတ်ရှင်ကို ကြက်ကင်၊ဘီအီး နဲ့ ပူဇော်ပသလိုက်ပါမယ်။

    Reply

  • thureinmaung

    February 24, 2012 at 9:37 am

    နာဂစ်ဒါဏ်ခံစားခဲ့ရတဲ့ဖျာပုံနဲ့ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့
    တချို့ကျေးရွာကရွာသူရွာသားတွေပြောပြတာရှိတယ်
    သူတို့ရွာကအိမ်တွေကမြစ်၊ချောင်းကမ်းဘေးမှာရှိတော့အိမ်သာတက်ယင်
    အဲဒီမြစ်၊ချောင်းရေဘက်ကိုထိုးတားတဲ့သစ်သား/ဝါးတံတားလေးကနေသွား
    ပြီးယင်ရေထဲကိုပလုံပလုံဆိုပြီးစွန့်တာပေါ့၊သူတို့ကအိမ်သာတက်ယင်
    ယက်သဲ့ဖြစ်ဖြစ်၊ဇလုံလိုမျိုးဇကာဖြစ်ဖြစ်တစ်ခုခုတော့ယူသွားတယ်တဲ့၊
    ဘာဖြစ်လို့လဲဆိုတော့၊ဒီလိုထိုင်ပြီးအီအီးတွေစွန့်နေတဲ့အချိန်မှာရေထဲက
    ငါးတွေကရောက်လာပြီးအလုအယက်ပွဲတော်တည်ကြပါသတဲ့၊
    ထိုင်တဲ့နေရာနဲ့ရေမျက်နှာပြင်နဲ့ကအကွာအဝေးကသိပ်မမြင့်တော့ထိုင်နေယင်း
    လက်နဲ့အဲဒီပါလာတဲ့ယက်သဲ့ဒါမှမဟုတ်ဇကာနဲ့ခပ်ယူတာငါးတွေမှဖွေးဖွေးလှုပ်
    ပါဘဲတဲ့၊အဲဒီအထဲမှာငါးဇင်ရိုင်းကအများဆုံးဘဲတဲ့၊
    ဒီလိုစားထားပြီးတဲ့ငါးတွေကိုအလေးချိန်စီးလို့ဈေးထဲသွားရောင်းတော့ငွေပိုရတယ်တဲ့။
    အဲဒါနာဂစ်အလွန်project evaluation လုပ်ခဲ့တဲ့ဆရာတွေကိုယ်တွေ့ကြားခဲ့ရတဲ့
    အကြောင်းအရာပါ။

    Reply

  • htet way

    February 24, 2012 at 9:45 am

    ဗေဒင်နည်းအရ
    အိမ်သာဆေးတာဟာ အညံ့ပြေကြောင်း စနေဂြိုလ်ရောက်သူတွေ ဂြိုလ်ညံ့
    ထဲရောက်နေသူက ပြုရင် အကောင်းဖြစ်တယ်လို့ သူငယ်ချင်းဗေဒင်ဆရာက
    ပြောဖူးပါတယ်။
    ဒေါက်တာကတော့ ဖြူစင်တဲ့ စိတ်နဲ့ သန့်ရှင်းစေတဲ့ စိတ်နဲ့ပါ
    ကျွန်တော်ကကြုံလို့ သိတာလေးပြောတာပါ

    Reply

  • weiwei

    February 24, 2012 at 9:46 am

    ကျွန်မတို့ ငယ်ငယ်တုန်းက အဲဒီလိုအိမ်သာမျိုး သုံးခဲ့ရပါတယ် … လမ်းတွေမှာ နောက်ဖေးလမ်းဆိုပြီး သီးသန့် ၁ဝ ပေ လောက်ရှိပါတယ် … ခြံတွေက နောက်ဖေးခြံစည်းရိုးချင်း မကပ်နေပါဘူး … နောက်ဖေးလမ်းဘက်ကိုဖြတ်သွားလို့ရတဲ့ ဖြတ်လမ်းလေးတွေလဲ ထားကြပါတယ် …

    Reply

  • amatmin

    February 24, 2012 at 9:58 am

    ဘိုကလေးသားဆိုတော့ ကိုယ့်နယ်ကအိမ်သာအကြောင်းလေးဖောက်သည်ချဦးမှ..
    ကျနော်တို့ဆီမှာတော့ ကျန်ခဲ့တဲ့ ၄ နှစ်လောက်အထိကအိမ်သာကို ချောင်းစပ်တွေမှာ ဆောက်ကြတာပဲ..
    ကိစ္စပြီးသွားရင် ရှင်းဖို့ကျတော့ အုန်းလက်အစိုကို တုတ်ချောင်းလေးတွေဖြစ်အောင် အချောသပ်ပေးထားတယ်လေ.
    သူတို့ အဖို့တော့ ၃ ချောင်းလောက်သုံးရင်ကို ကိစ္စပြတ်ပဲ..
    အခုတော့ အများစုကရေလောင်းအိမ်သာသုံးပေမဲ့ တချို့ကတော့ တုတ်ချောင်းမှတုတ်ချောင်းပဲ..
    ပြောရရင်တောရွာတွေကအနေအစားပြီးဆင်းရဲဖြစ်သလိုသာနေကြတာဗျ.ရေလောင်းပြီးဆေးဖို့ကျတော့ အင်မတန်ရွံတတ်ပ..
    ပြောင်းလဲနေတဲ့ ရွာ့စရိုက်တွေကြားက မပြောင်းလဲနိုင်သေးတဲ့ အကြောင်းလေးတွေပေါ့…
    စကားအတင်းစပ်…ကျနော်လည်း အိမ်သာလုပ်အားပေးဝါသနာအပြည့်ပါပဲ. 😆

    Reply

  • nozomi

    February 24, 2012 at 10:33 am

    အန်တီလေး နေတဲ့မြို့ ကျွန်တော်သိတယ် ဟိုမြို့လေ လူတွေ နေတဲ့မြို့
    ဟုတ်တယ် မို့လား

    အဲဒီအိမ်သာမျိုး ကျော်သူ့ ရုပ်ရှင်ထဲမှာ မြင်ဘူးတယ်
    ကျော်သူက တုတ်ကြီးထမ်း မီးအိမ်ကိုင်ထားတဲ့ကားပဲ
    ရုပ်ရှင်နာမည်တော့ မေ့နေတယ်

    ကျွန်တော်လဲ ရွာထဲရောက်ပြီး ကိုချော တို့ ပေါက်ဖော်တို့နဲ့ ပေါင်းမိပြီးမှ ကောင်မလေး ချောချော နာမည်က လွဲလို့ ကျန်တာမေ့မေ့နေတယ် ၊ အန်တီလေးပဒုမ္မာတောင် ချောလို့မှတ်မိနေတာ

    Reply

  • စိန်ပေါက်ပေါက်

    February 24, 2012 at 10:51 am

    ကိုကြာရေ
    ဒေါ်မှိုပြောတာ မယုံနဲ ့အလဂါး လျှောက်ပြောနေတာ
    ဂယ်တော့ ဒေါ်မှိုနဲ ့ ဟိုကမှောင်ချောနဲ ့များကို ဖျက်စီးနေကြတာ ဂယ်ပြောတာ. 😀

    ကျနော်ကတော့ ကိုယ့်အီးတောင် သိပ်ဆေးချင်တာမဟုတ်ဘူးဗျာ
    သူများအီးဆေးဖို ့ဆိုတာ ဝေးကော..
    ဒါပေမဲ့
    သိစိတ်လေးနဲ ့ ထိန်းပြီး ဪ..ဒါလုပ်သင့်ပါကလား ဆိုပြီးတော့ လုပ်ခဲ့ပါတယ်..
    ဘုန်းကြီးကျောင်း အိမ်သာဆို လိုလိုလားလားကို ဆေးပါတယ်ဗျာ..
    အပြင်က အများသုံးဟာတော့ သန် ့တာလေးရွေးပြီး သွားပါတယ်..
    ဟီး..ဟီး..

    Reply

  • Harumoto

    February 24, 2012 at 10:55 am

    ရွာထဲမလဲ e- ဋီကာ အကျယ်ဖွင့်နေပါပေါ့လား..
    ဟိုတယောက် “e- သံစဉ်” ရောက်ခဲ့တဲ့နေရာလဲ
    ဒုတိယတွဲ မထွက်သေးလို့
    စောင့်နေပါတယ်လို့..
    ခုရက် အစားအသောက်ပျက်တော့
    ဒီစာလေးတွေ ဖတ်ပြီး
    အဆင်ပြေအောင် မျှောချနေရတာ…..ဂွီးးးးးးးး။

    Reply

  • Shwe Tike Soe

    February 24, 2012 at 11:10 am

    အစ်မ ပြောမှ အဲလိုမျိုးရှိတာသိတော့တယ်… ကျွန်တော်တို.မမှီလိုက်လို.နေမှာပါ…..
    မျက်စိထဲကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ရေးလဲ ရေးတတ်ပ အစ်မရယ်…. ဟဟဟ ဖတ်ရင်နဲ. နံတောင်လာတယ်.. ဟီးဟီး 😀

    Reply

    • နွယ်ပင်

      February 24, 2012 at 11:26 am

      ရွှေတိုက်စိုးတို့များ သူအသက်ငယ်ကြောင်း ကြံဖန်ပြီး ကြွားလိုက်သေးတယ် 🙂
      အန်တီ ပဒုမ္မာ ရေးထားတာ တကယ့်ကို ကွက်ကွက်ကွင်းကွင်းပါပဲ
      အဲလိုမျိုးအိမ်သာရှိမှန်းမသိတဲ့ နွယ်ပင်တို့တောင် မျက်လုံးထဲပေါ်တယ် ဟိ 😀

      Reply

  • ကြောင်ကြီး

    February 24, 2012 at 11:42 am

    အိမ်သာလို့ ဘာကြောင့်ခေါ်သလဲ သိကြလားဟင်….။

    Reply

  • pooch

    February 24, 2012 at 1:48 pm

    တမြို့ တဂါထာဆန်းတယ်။ ဟိုးအရင် သွားလည်ဖူးတဲ့ နာမ့်ခမ်းမြို့လေးမှာတော့ အိမ်သာကတော့ ရေလောင်းအိမ်သာပဲ ။ ဒါပေမဲ့တွင်းတူးလို့မရဘူး။ ရေထွက်လို့တဲ့ ။ အဲ့ဒါနဲ့ ချောင်းလို လုပ်ထားပြီး အဲ့ဒီအိမ်သာချောင်းက တမြို့လုံး ပတ်ပြီး စီးနေတာတဲ့။ တွင်းမရှိဘူး။

    ခုတော့ မပြောတတ်ဖူး။ သွားလည်ခဲ့ဖူးတာလည်း တော်တော်လေး ကြာနေပြီဆိုတော့။

    Reply

  • ဆူး

    February 24, 2012 at 2:33 pm

    အဘိုးအဘွားအိမ်မှာ ငယ်ငယ်တုန်းက သတိထားမိတာ.. ဝါးပိုးဝါး အခြမ်း ကို ရေတံလျှောက်လို လုပ်ထားတာ.. သူ့ဟာသူ လျော…. ကျသွားတယ် တွင်းထဲကို.. ရေကတော့ စဉ့်အိုးလေးနဲ့ မပြတ်ထည့်ထားတယ်။
    မိုးတွင်းရေတက်ရင် အိမ်အောက်ကို ရေက ဒူးလောက် တက်တော့ သူ့ဟာသူ အဆင်ပြေသွားကော.. ဟိဟိ..
    အခုတော့ မိလ္လာကျင်းနဲ့ ဘိုထိုင် နဲ့တောင် ဖြစ်နေပြီ အနံတွေလည်း လုံခြုံအောင် လုပ်ထားပြီ။ အများကြီး တိုးတက်ပြောင်းလဲနေပြီ။

    Reply

Leave a Reply to nozomi Cancel Reply

Your email address will not be published.