ရန်ကုန်မြို့ကြီး ၂၄ နာရီ မီးလာဖို့အချိန်တန်ပြီ…

khinmintatthuJune 4, 20101min06

ကျွန်တော်တို့ လက်ရှိ မှီတင်းနေထိုင်နေတဲ့ ရန်ကုန်မြို့တော်ကြီးဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အချက်အချာကျတဲ့ ရန်ကုန်မြို့ကြီးမှာ မီးလာဖို့လိုအပ်လျက်ရှိပါတယ်….တစ်ယောက်စကား တစ်ယောက်နားဆိုသလို ၂၄ နာရီ မီးပြန်လာတော့မယ်ဆိုတဲ့ သတင်းကို ကြားနေရပါတယ်…. ယခု ဇွန်လ  ဒုတိယပတ်မှာ အစောဆုံးဖြစ်သလို တတိယပတ်မှာ နောက်ဆုံးအနေနဲ့ မီးပြန်လာမယ်လို့ ကြားသိရပါတယ်…..ကျွန်တော်တို့ ရန်ကုန်သူရန်ကုန်သားတို့အတွက် ပျော်စရာတစ်ခုပေါ့…..အတိုင်းအဆမရှိ ဝမ်းသာမိပါတယ်….တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့….. ဖြစ်မဖြစ်ကိုတော့ ဖြစ်လာတဲ့အထိလေးတော့ စောင့်ကြည့်ရဦးမှာပေါ့…..

6 comments

  • htethtet

    June 5, 2010 at 4:59 pm

    ၂၄ လက်မ ပိုက်လိုင်းလည်းပြီးရော…
    တစ်နေ့ကို ၆းဝဝ နာရီပေးနေတာကနေ ၃းဝဝ နာရီတောင် ပြောင်းပေးအုံးမှာ-
    ၄၈ လက်မ ပိုက်လိုင်းများတတ်မိရင်တော့ ၄.၈ မိနစ်ပေးရင်
    ပီးပါလေရောဘဲ

  • rat

    June 11, 2010 at 3:22 pm

    ၂၄ နာရီ လျှပ်စစ်မီးနဲ.နေချင်ရင် ရန်ကုန်မှာမနေနဲ.
    နေပြည်တော်မှာသွားနေ ….. မယုံရင်သွားကြည့်လိုက် …
    ကွန်နရှင်ကလဲ သောက်ရမ်းကိုကောင်းတယ် ။ ရန်ကုန်က
    နေပူရင် မီးပျက်တယ် …. မိုးရွာရင်ရေမြုပ်မယ် ….
    ဒါရန်ကုန်ရဲ. သင်္ကေတပဲ ….. ခြင်ကိုက်တာတို. … လမ်းတွေမကောင်းတာတို.
    မီးပွိုင့်တွေအလုပ်မလုပ်တာတို. ဒါတွေမပြောတော့ပါဘူး ……….
    ရန်ကုန်မှာနေတဲ့ပြည်သူတွေကျိန်စာများသင့်နေသလားမပြောတတ်ပါဘူးဗျာ……..
    မီးလေးမှန်မယ်ကြံလိုက်ရင် ထရန်စဖော်မာ ပေါက်တာတို. ကြိုးပြတ်ကျတာတို. နဲ.ဘယ်တော့မှ
    လျှပ်စစ်မီး ၁ ပတ်ပြည့်အောင်မခံစားဘူး ဘူး ………..

  • winne

    July 16, 2010 at 9:25 am

    မီးဆိုတာ ၂၄နာရီ မှန်မှန် လာတတ်တဲ့ အရာ ဆိုတာ ဟုတ်ရဲ့လားလို့ မေးရမလို ဖြစ်နေပြီ

  • Yin Nyine Nway

    July 16, 2010 at 10:30 am

    ဟုတ်ပါ့
    နေတာကြာပေါ့
    လုပ်ပါအုန်း မီး လာတာမြင်ချင်လို့ပါ

  • char too lan

    July 28, 2010 at 8:13 am

    ၂ ရက် ၄ နာရီပဲနေမှာပါ ၂၄ နာရီတော့မဖြစ်နိုင်ဘူးထင်တရ်
    ရန်ကုန်ရဲ ့ရာဇဝင်ကိုမဖျက်ချင်ပါနဲ့ မီးတွေလင်းထိန်နေရင် ကြပ်ကုန်းနဲ့
    မှားနေကြအုံးမယ်

Leave a Reply