မြန်မာနိုင်ငံမှပို့မော်ဒန်စာရေးဆရာတစ်ဦးရွေးကောက်ပွဲ ဝင်မည်

naykhanaingJune 4, 20101min01

မြန်မာနိုင်ငံမှစာရေးဆရာတစ်ဦးဖြစ်သောကိုဝေမှုးသွင်သည်မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ ၏ အထွေထွေ အတွင်း ရေးမှုး  အနေဖြင့်ရွေးကောက်ပွဲသို့ဝင်ရောက်မည်ဟုသိရသည်။ မြန်မာ ဒီမိုကရေစီ ကွန်ဂရက် ပါတီ သည်ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားပြီး ၎င်းတို ့ပါတီ၏ မဲဆွယ်မှု ကိစ္စ တွင် သုံးမည် ့ ပါတီ ရံပုံငွေ များ အတွက် ရံပုံငွေ ကောက်ခံမှု လည်းပြုမည် ဖြစ်သလို ၊ပါတီဝင် အချို ့က ၎င်းတို ့ ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း များ ကို ပါတီ ပိုင် စီးပွားရေး လုပ်ငန်း အဖြစ် အသွင်း ပြောင်းးလိမ့် မည် ဟု ပြောသည်။စာရေးဆရာ ဝေမှုးသွင် သည် ၁၉၉၆၊၁၉၉၈ ခုနှစ် နှင့် ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး များတွင် ပါဝင် ခဲ့သူတစ်ယောက် လည်းဖြစ်ပြီး ၎င်း၏ ပါတီဝင် အချို ့သည် လည်း မြန်မာ နိုင်ငံရေး လှုပ်ရှားမှု တွင် နှစ်ရှည်လများ ပါဝင် ဆောင်ရွက် ခဲ့သူ များ ဖြစ်သည် ဟု ပါတီဝင် တစ်ဦးက ပြောသည်။လူငယ် စာရေးဆရာ ဝေမှုးသွင် က မြန်မာ့ နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည် သည် ယခင်ကလည်းဆက်လက်ရှိနေဆဲ ဖြစ်ပြီး ယခုလည်း ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ခံယူချက် ယုံကြည်ချက် များ ကို အသိအမှတ် ပြုကြောင်း ပြောကြားသွားသည်။မြန်မာ ဒီမိုကရေစီ ပါတီ သည် ရေပြတ်လပ်မှု နှင့် ကြုံတွေ ့နေရသည့် မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသများသို ့မကြာခင် သွားရောက် ကူညီမည် ဟု Freedom News Group ၏သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

One comment

  • zayarsan

    June 4, 2010 at 2:29 pm

    ရွေးကောက်ပွဲ ဝင်မဲ.သူကနားကပ်နဲ ဟုတ်တော့ဟုတ်နေပြီ

    Reply

Leave a Reply

Your email address will not be published.