ယနေ့ခေတ် နတ်ဆိုးလေး

နတ္ဆိုးေလးFebruary 17, 20122min019

ယနေ့ခေတ်

  • လမ်းလျှောက်ထီးထမ်း လူသရမ်း ငမ်းငမ်းကြိုက်တဲ့ခေတ်။

  • လူကြီးနှင့်အပျိုစင် တွဲလျှောက်ယှဉ် ပွဲသဘင်ကတဲ့ခေတ်။

  • အဟွာလုပ်ပြီး စီးပွားရှာ ပျိုကညာတို့ အတုခိုးတဲ့ခေတ်။

  • တစ်ဦးဥစ္စာ ပြည့်စုံရာ မနာလိုတဲ့ခေတ်။

  • ပေါင်းဖော်သားချင်း မေတ္တာကင်း အတင်းပြောတဲ့ခေတ်။

  • မယားကြီးရှိပြန် တကယ်အမှန် အငယ်ခံတဲ့ခေတ်။

  • လင်ကြီးရှိပြန် တကယ်အမှန် လင်ငယ်ရှာတဲ့ခေတ်။

  • လူငယ်လူကြီး ပြောဆိုနည်း လူကြီးရှုံးတဲ့ခေတ်။

  • အရွယ်မရောက် အပျိုပေါက် လင်နောက်လိုက်တဲ့ခေတ်။

  • ဥပုသ်သည်များ ကျောင်းကိုသွား ပါဝါကြွားတဲ့ခေတ်။

  • ဘုန်းကြီးများထံ သီလခံ ဆူညံနေတဲ့ခေတ်။

  • ရွှေငွေဝတ်ဆင် လူပေါ်ခင် ဂုဏ်အင်ကြီးတဲ့ခေတ်။

  • လူကြီးရှေ့မှောက် မရှက်မကြောက် နောက်ပြောင်ကျီစယ်နေတဲ့ခေတ်။

  • လပြည့်လကွယ် ဥပုသ်သည် အောင်သွယ်စကားပြောတဲ့ခေတ်။

  • ရှေ့ကွဲနောက်ကွဲဝတ်ဆင်ရဲ အသည်းယားစရာကောင်းတဲ့ခေတ်။

  • ကိုယ်ကပ်လည်ဟိုက် ဝတ်ဆင်စိုက် စိတ်မိုက်ဝင်တဲ့ခေတ်။

  • သားရေးသမီးရေး ပေါင်းဖော်ရေး မစဉ်းစားဘဲ ပေးတဲ့ခေတ်။

  • မိန်းမယောက်ျား သွင်မခြား ခွဲခြားမရတဲ့ခေတ်။

  • ကျောင်းသူကျောင်းသား စာသင်သွား ရည်းစားထားတဲ့ခေတ်။

  • ဆရာ၊ဆရာမ စာသင်ပြ စိတ်မချရတဲ့ခေတ်။

  • ခေတ်ကိုလိုက်စား ငမိုက်သား အပါယ်လားတဲ့ခေတ်။

  • ခွေးသေဝက်သေ သေမဲ့ခေတ်။

 ဟုတ်ကဲ့ သိသမျှ မှတ်သမျှ ဖတ်ဘူးသမျှ အား တင်ထားခြင်းဖြစ်ပါသည်။ အမှားပါက ခွင့်လွတ်ကြပါကုန်…..ထို့နောက် နတ်ဆိုးလေးအားခွင့်လွှတ်ကြပါကုန်…. အားလုံးသော ရွာအတွင်းထဲရှိကြကုန်သော ရွာသူရွာသားများ နတ်ဆိုးလေးအားစောင့်ရှောက်ကြပါကုန်…..ကုန်…ကုန်…ကုန်…နဲ့ဘာမှ မကျန်တော့မှာတော့ စိုးသဗျာ…

19 comments

  • စိန်ပေါက်ပေါက်

    February 17, 2012 at 4:24 pm

    ကိုတိုင်ရေးထားတာဆို ဦးနှောက်ကို ရွှေချထားသင့်တယ်..
    ရေးတတ်..တွေးတတ်လွန်းလို ့..
    အာဟ.အာဟ

  • နတ်ဆိုးလေး

    February 17, 2012 at 4:30 pm

    ဟုတ်ကဲ့ ကိုစိန်ရေ ဖတ်ဘူးမှတ်ဘူးသမျှကနေ နတ်ဆိုးလေး ထုတ်နုတ်ပေးထားတာပါ

  • blackchaw

    February 17, 2012 at 4:36 pm

    မိုက်တယ်ဗျာ။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 4:48 pm

    ဗူးစုံပုလင်းစုံ တံဆိပ်စုံ အလွယ်မူးနိုင်တဲ့ခေတ်
    ရှက်နေကြောက်နေ အိုတစေ လှုပ်မှ စားရတဲ့ ခေတ်
    တဝီဝီ..တကျွီကျွီ ပေတရာမြည် အတိုက်များတဲ့ခေတ်
    ဟိုပေါ်ဒီထွက် အသစ်တက် အတုများတဲ့ခေတ်
    ဟိုခုတ်ဒီခုတ် အကုန်ခုတ် နတ်ဘုံပျောက်တဲ့ခေတ်
    ဟိုလှန်ဒီပြ မဒီဘဝ ဈာန်အလွယ်လျှောစေတဲ့ခေတ်
    ရွာသူရွာသား လေသိပ်ထွား..သဂျီးနားကားတဲ့ခေတ်
    တိတော့ဘူးဂျာ
    ဒါဗျဲ

    • water-melon

      February 17, 2012 at 5:11 pm

      လန်းလှချိလား
      ညည်းကဗျာထုတ်တော့
      အကုန်နောက်မဲ့ မော်ဒယ်စိန်ပေါက်ပေါက် 😀

  • aungnng87

    February 17, 2012 at 4:49 pm

    အားပါး…တယ်ကောင်းပါလားဝေ…ကဗျာပြောမလား။စာချိုးပြောမလား။သိဘူး။

  • နတ်ဆိုးလေး

    February 17, 2012 at 5:13 pm

    ကိုပေါက်ကတော့ စဖွင့်ကတည်းက လက်ထဲက ကိုင်ထားတဲ့ ပုလင်းအကြောင်းက စတော့တာဘဲနော့်….အော် ဝါသနာ…ဝါသနာ
    ဟိုညောင်း ဒီညောင်း အကုန်ညောင်း မာဆပ်ကြီးဘဲ သွားတဲ့ခေတ်
    ဟိုပြ ဒီပြ အကုန်ပြ သွားငမ်းရတဲ့ စင်တင်ခေတ်
    ဟိိုday ဒီday တdayday တည်းခိုခန်းတွေပျော်တဲ့ခေတ်
    ဟိုဘီယာ ဒီဘီယာ အကုန်လာ စိန်ပေါက်ပေါက်တို့ ကြိုက်တဲ့ခေတ်
    ဟိုဟာမဝယ်နိုင် ဒီဟာမဝယ်နိုင် သူတို့ သုံးသမျှကြည့်တဲ့ခေတ်
    ဟိုမျှော် ဒီမျှော် အကုန်မျှော် လည်ပင်းရှည်မဲ့ ဒီနေ့ခေတ်

    • စိန်ပေါက်ပေါက်

      February 17, 2012 at 5:42 pm

      ဟိုဖျက်ဒီပျက် တော်တော်နဲ ့မတက် ကွန်နက်ရှင်မကောင်းတဲ့ခေတ်
      ဟိုပိတ်ဒီဘန်း ပညာစမ်း ချက်ကြီးအစွမ်းတွေ မကြည့်ရတဲ့ခေတ်
      ဟိုကျာ်ဒီခွ အကျော်သည်ဘဝ ဘီဂင်နာ ခေါင်းခြောက်စေတဲ့ခေတ်
      ချေးပြီးပြန်မဆပ် ဘဝပျက် အရူးကွက်တွေနင်းကြတဲ့ခေတ်
      အရှက်မရှိ မြန်မာ့ငပိ ဖင်ဖော်မှ ခေတ်မီတယ်ထင်တဲ့ခေတ်
      ယူပြီးမေ့အောင် သတိပေးတောင် စပယ်ယာဆီက အကြွေပြန်မရတဲ့ခေတ်
      သူခိုးကိုယ်ခိုး အပြန်အလှန်ခိုး ကြောင်သူတော်ပေါတဲ့ခေတ်
      ငယ်ရွယ်ပျက်စီး ဟိုဂေါက်သီး ဘိုးအေအားကိုးနဲ ့ မိုက်နိုင်တဲ့ခေတ်
      အော်ကြီးဟစ်ကျယ်လူတွင်ကျယ် ကိုယ်တိုင်စည်းကမ်းမရှိတဲ့ခေတ်
      ဟိုတယ်မိုတယ် စည်စည်ဝယ် ကင်မရာရန်ကြောက်ရတဲ့ခေတ်
      အထီးအမ မမျှတ တစ်ကားစီစီးနေရတဲ့ခေတ်
      ဟိုဖုန်းဒီဖုန်း အပေါဆုံးဖုန်း ရိတ်လို ့ဝမှ ထုတ်ပေးကြမဲ့ခေတ်
      ဟိုပွဒီဖွ မြေဈေးကြွ ကြားထဲက ပွဲစားကြီးပွားသွားတဲ့ခေတ်
      ုဒုတ်ပြဖုတ်ပြ ကြော်ငြာလှ များမကြည့်ရဲတဲ့ခေတ်

      တိတော့ဘူးဂျာ
      ဒါဗျဲ

  • နတ်ဆိုးလေး

    February 17, 2012 at 5:20 pm

    ကိုပေါက်ရေ စိတ်ချိုးနဲ့နော် နတ်ဆိုးလေး စတတ်တယ်ဂျ :mrgreen:

  • လူကြီးနှင့်အပျိုစင် တွဲလျှောက်ယှဉ် ပွဲသဘင်ကတဲ့ခေတ်။
    အဟွာလုပ်ပြီး စီးပွားရှာ ပျိုကညာတို့ အတုခိုးတဲ့ခေတ်။

    လက်တွေ ့ကွက်တိအမှန်တွေပါလားဗျာ။ကျေးဇူးဘဲဗျ။

  • venus lay

    February 17, 2012 at 7:24 pm

    မကြီးစိန်ပေါက်ပေါက်ရေ..ခုလိုကျတော့လည်း ရင်ထဲကခံစားချက်တွေထွက်လာလို့လားတိဝူး..
    ကောင်းလိုက်တဲ့ကဗျာလေး.တကယ်ကိုချီးကျူးပါတယ်နော်…

  • နတ်ဆိုးလေး

    February 17, 2012 at 7:36 pm

    ကျေးဇူးပါ ကိုသန်းထွဋ်ဦး နဲ့ ကိုစိန်ပေါက်ပေါက် ရေ နတ်ဆိုးလေး ဒီရွာ ကိုအရင်တုန်းက လည်
    ခဲ့ဘူးပါတယ်…ဒါပေမဲ့ အခုမှ ပိုစ့်တင်ဘူးတာပါ facebook မှာတော့ တင်ပါတယ်….ကျေးဇူးပါဗျာ
    အခုလိုဝိုင်းဝန်း ပြောပေးကြတဲ့ အတွက်

  • zar ni

    February 17, 2012 at 7:46 pm

    မစိန်ပေါက်ရေနင့်ကဗျာတွေကလက်ရာမြောက်လှချည်လား
    ငါ့ကိုရောင်းပါလား…စာအုပ်ထုတ်ရောင်းပြီးအကျိုးအမြတ်တစ်ယောက်တစ်ဝက်ပေါ့

  • နတ်ဆိုးလေး

    February 17, 2012 at 7:48 pm

    ကျေးဇူးပါ ကိုသန်းထွဋ်ဦး နဲ့ ကိုစိန်ပေါက်ပေါက် ရေ နတ်ဆိုးလေး ဒီရွာ ကိုအရင်တုန်းက လည်
    ခဲ့ဘူးပါတယ်…ဒါပေမဲ့ အခုမှ ပိုစ့်တင်ဘူးတာပါ ….ကျေးဇူးပါဗျာ
    အခုလိုဝိုင်းဝန်း ပြောပေးကြတဲ့ အတွက် ကိုစိန်ပေါက်ကိုလည်းကျေးကျေးပါ အခုလိုပြန်စပ်ပေးတဲ့အတွက်

  • ခေတ်နဲ့ အံဝင်တဲ့ ကဗျာလေးပါလားဗျ ..
    မိုက်သဗျို့ ….
    ကွက်တိနဲ့ ဒက်ထိ ဆိုတာ ဒါမျိုးနေမှာ …..
    နတ်ဆိုးရဲ့ ခေတ်နဲ့ စိန်ပေါက်ပေါက်ရဲ့ ခေတ်ကို ပေါင်းပြီး ဖတ်လိုက်ရတော့ ……
    ပိုပြီး ရှယ်ဖြစ်သွားတာပေါ့ဗျာ …

  • htoosan

    February 17, 2012 at 9:46 pm

    သင်္ကြန်မှာ မန်းဂေဇက် ကားထွက်လို့ရပြီ……… 😀 😀

  • kyeemite

    February 18, 2012 at 9:57 am

    မိစိန်ပေါက် ရွှေဉာဏ်တော်စူးရောက်ထားတာရော..မောင်ဆေတန်တင်ထားတာရော
    သဘောကျသချင့်..

  • windtalker

    February 18, 2012 at 1:22 pm

    မောင်ဆေးတန် ဆိုတော့ ၊ ဖေ့ဘုတ် က ကျုပ် အမြဲ အားပေးနေကြ မောင်စေတန် များလား သိချင်စမ်းပါဘိ

  • ကြောင်ကြီး

    February 18, 2012 at 9:45 pm

    ချီးပေါသေးပေါ လွန်စွာပေါ လေသာပေါတဲ့ခေတ်…
    ရွှေတက်မြေတက် အကုန်တက် အဘနှပ်တဲ့ခေတ်…
    ဆီရှားဆန်ရှား ရေမီးရှား နိုင်ငံခြားသားခေတ်…
    မိုးပြောဂျိုးပြော ခူးခလော လွှတ်တောဆိုတဲ့ခေတ်…
    ရပ်ကြစဲကြ သွားဖြဲပြ ခဏနားတဲ့ခေတ်…
    ဟိုရောင်းဒီရောင်း ဗိုက်ဟောင်းလောင်း ပြောတော့မြန်မာရွှေခေတ်…။

Leave a Reply