မြန်မာ GSM ဖုန်းများ မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ တွင် အသုံးပြု နိုင်ရန် စီစဉ်နေ

BayoteJune 4, 20101min05

အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ ထိ မြန်မာ GSM ဖုန်းများ ယူဆောင် အသုံးပြု နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ် အတွင်း စီစဉ်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အမည် မဖော်လိုသူ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဟံသာဝတီ သို့ ပြောသည်။ မြန်မာနိုင်ငံ ပြင်ပမှာ သုံးနိုင်အောင် စမ်းသပ် နေတာ မှန်ပါတယ်။ ဒီနှစ်ထဲမှာ စပြီးတော့ အကောင် အထည် ဖော်မှာပါဟု ၎င်းက ဆိုသည်။ လက်ရှိ ပြည်တွင်း၌ အသုံးပြု နေသော GSM ဖုန်း များကို မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံ များသို့ ယူဆောင် သုံးစွဲ နိုင်ရန် စတင် စမ်းသပ် မှုများ ပြုလုပ် နေကြောင်း GSM ဖုန်း များသည် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ အရေ အတွက် အများဆုံး ချထား ပေးသောကြောင့် မြန်မာနိုင်ငံ ပြင်ပ တွင် အသုံးပြု နိုင်ရန် စီစဉ် နေကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်း ထံက သိရသည်။

အခု မိုဘိုင်းဖုန်း ဈေးကွက်မှာ GSM ၊ WCDMA ၊ ဆယ်လူလာ အခုဆို ငါးသိန်းတန်ဖုန်း၊ ကတ်ဖုန်းတွေ ရှိလာတယ်။ မိုဘိုင်း ဖုန်းတွေ အပြိုင် ရှိလာတော့ ဈေးတွေလည်း ကျလာတယ်။ အဲဒီထဲမှာ GSM ဖုန်းတွေက တော့ ထင် သလောက်ဈေး မကျဘူး။ ပြည်ပထိ အသုံးပြုလို့ ရလာမယ် ဆိုရင်တော့ ဈေး ဒီထက် ပိုကောင်းလာနိုင် တယ် ပြီးတော့ GSM ဖုန်း အများဆုံး ဝယ်ယူ စုဆောင်း ထားတဲ့ တာက စစ်အစိုးရက လူတွေ နဲ့ သူတို့နဲ့ နီးစပ်သူတွေ ဖြစ်တဲ့ အတွက် GSM ဖုန်း အရင်ကလို ဈေးကောင်း ပြန်ရအောင် ဒီပြည်ပ ခေါ်ဆိုတဲ့ စနစ်ကို ပြုလုပ်တာဟု ယုဇန ပလာဇာ ရှိ ဖုန်းအရောင်ဆိုင် များမှ သုံးသပ် ပြောဆို ပါသည်။

ရန်ကုန်မြို့တွင် ဂျီအက်စ်အမ် ရေဒီယို စခန်းသစ် ၃၃ ခု တည် ဆောက်ပြီး လိုင်း ၈၀ဝ၀ဝ တိုးချဲ့မည် ဖြစ်ကြောင်း ၊ အဆိုပါ လိုင်းသစ်များ တိုးချဲခြင်း အပြင် GSM ဖုန်း လိုင်းဆွဲ အားများ ကောင်းမွန် စေရေး အတွက် MCS ဆက်သွယ်ရေး ပင်မ စခန်း ခံနိုင် ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခု တပ်ဆင်ခြင်း နှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။ မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်မီ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၂၄၅ ခု ရှိရာ ယခုတွင် အိတ်ချိန်းပေါင်း ၈၈ရ ခု ရှိပြီး အော်တိုတယ်လီဖုန်း၊ လက်သံ တယ်လီဖုန်း နှင့် မိုဘိုင်းဖုန်း အရေအတွက် ၇၃၄၂၁၉ လိုင်း ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

5 comments

  • etone

    June 18, 2010 at 10:11 am

    ဟုတ်မှလည်းလုပ်ပါကွာ …. ဒီနိုင်ငံတွင်းတောင် ဆက်သွယ်မှူဧရိယာပြင်ပရောက်နေတာ ဟဲဟဲ တခြားဆိုရင်တော့ ….. 😀

    Reply

  • Shwemannmay

    June 26, 2010 at 4:10 am

    အင်း တကယ်ကြီးရရင်တော့ ကောင်းတာပေါ့ ။

    Reply

  • Unnamed

    June 26, 2010 at 5:15 pm

    စိတ်ညစ်လိုက်တာနော်…ဒီနိုင်ငံကလည်း ဖုန်းနဲ့တော်တော်လေး ရေဝင်အောင်လုပ်နေပါလား…15သိန်းကျော်ဆိုတဲ့ တန်ဖိုးကလည်း မကျနိုင်တော့ဘူးထင်ပါတယ်။

    Reply

  • Khin Thida Soe

    August 21, 2010 at 6:45 am

    ဖုန်း နှစ်လုံး ကို မျက်နှာချင်းဆိုင် ခေါ်တာတောင် လူကြီးမင်းနဲ့တွေ့ နေရတယ်

    လူကြီး မင်းက တချိန်လုံး ဖုန်းထဲ မှာ ထိုင်နေတာလား မသိဘူး 😛 😛

    Reply

  • leo

    October 22, 2010 at 5:04 am

    ဟုတ်မှလုပ်ပါ …… ဟိုနေ့က လမ်းသွားရင်းနဲ့သူငယ်ချင်းဖုန်းကိုခေါ်တာ နောက်ဆုံးသူငယ်ချင်းအိမ်သာရောက်သွားတာ ဖုန်းကခေါ်လို့မဝင်သေးဘူး …… ကိုယ့်နိုင်ငံကိုယ့်မြို့ပေါ်မှာတောင် လိုင်းကဒီလောက်ချာတူးလန်နေတာ ဒါကိုများ ဟွန့် …….

    Reply

Leave a Reply

Your email address will not be published.