“နံနက်ခင်းလင်းစ မန်းလေးတောင်နေအခ ……………….”

1 နေရောင်လာခါနီးမှာ မြူတွေကြားက မြင်ရတဲ့မန်းလေးတောင် ဒီပုံကို ကျနော်အရမ်းနှစ်သက်ပါတယ်။
2နေရောင်အခမှာ စုိုစိမ်းနေတဲ့သစ်ပင်များကြားက မြင်ရတဲ့ အဝေးက နန်းတော်ရူ့ခင်း(ပထမတင်တဲ့ပိုစ်ကပုံနဲ့ တူတယ်ထင်ရပေမယ့်မတူပါဘူး)
3 အလင်းရောင်လာခါစ မှာမြင်ရတဲ့မန်းလေးတောင် အရှေ့ဘက်ခြမ်း
4 မန်းတောင်ပေါ်က ဓါတ်တော်တိုက်က မှန်စီရွှေချ တိုင်ပေါ်ကို နေအခ
5 သစ်ကိုင်းရူပ်ရူပ်ထွေးထွေးကြားက ဓါတ်တော်တိုက်
6 ရှင်းလင်းစွာဖူးမြင်ရတဲ့ ဓါတ်တော်တိုက်(မန်းလေးမြို့ရဲသင်္ကေတ)
7 တောင်အတက်လမ်းက စေတီ ဒီနားမှာ လုလင်က ကျနော်ကိုဓါတ်ပုံတွေရိုက်ပေးသေးတယ်။
8 မန်းလေးတောင်ပေါ်က မြင်ရတဲ့ အရင်က နိုဗိုတယ် အခု မန်းလေးရီဆော့
9တောင်အဆင်းလမ်း မြူမူံရီရီ
10 တောင်အောက်ရောက်တော့ မြင်ရတဲ့ ထန်းသုံးပင်နဲပကျောက်တော်ကြီး
11 စန္ဒာမုုနိဘုရားကိုနေအခ
12 သစ်ကိုင်းအကြားက မြင်ရတဲ့ စန္ဒာမုုနိ

 

13 ကျနော်အကြိုက်ဆုံးပုုံ ဓါတ်တော်တိုက်မြင်ကွင်း

“နေအခမှာမြင်ရတဲ့ မန်းလေးတောင်”

 

မန်းလေးတောင်ပေါ်ကို အရှေ့ဘက်စောင်းတန်းက နေတက်တဲ့သူနည်းပါတယ်။

လူပြတ်တာကြောင့်ပါ။

နောက်မန်းလေးတောင်တက်မယ်ဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်ဘက်က နေတက်မယ်ဆိုရင်

လမ်းမှာဝင်ဖူးစရာ ဘုရားတွေက အများကြီး။

အရှေ့ဘက်ကတက်မယ်ဆိုရင်တော့ ဓါတ်တော်တိုက်မရောက်ခင်မှာသာ

ဖူးစရာဘုရားတစ်ဆူထဲဘဲရှိပါမယ်။

 

ဒါပေမယ့် အရှေ့ဘက်စောင်းတန်းက ကြည့်မယ်ဆိုရင်ရှမ်းရိုးမအလှ၊

ကုသိုလ်တော်၊စန္ဒာမုနိ၊ ရွှေကျောင်းကြီး၊အရှေ့ဘက်ကျုံးအလှတွေကို

အားရပါးရမြင်ရပါတယ်။

မန်းလေးတောင်ဓါတ်တော်တိုက်ကတော့ အဝေးကနေမြင်နေရတဲ့

မန်းလေးမြို့ရဲ့ အမှတ်အသားတစ်ခုလို့ပြောရင်ရပါတယ်။

ဒီပုံလေးတွေက နေထွက်ပြီးစမှာမြင်ရတဲ့မန်းလေးတောင်နဲ့ပါတ်ဝန်းကျင်က မြင်ကွင်းလေးတွေပါ။

နှစ်သက်ကြမယ်လို့ထင်ပါတယ်။

နောက်ရက်တော့ မန်းလေးတောင်ပေါ်က ကားလမ်းကနေ ဆိုင်ကယ်နဲ့

သွားပြီးအ နောက်ဘက်ခြမ်းက မြင်ကွင်းတွေကို ခံစားကြရအောင်လေ။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(16-2-2012)

 

16 comments

  • water-melon

    February 18, 2012 at 8:46 am

    လေးပေါက်ရေ ကိုယ်တိုင်ဆိုရင်တော့ တစ်လနေလို့ တစ်ခေါက်မရောက်ဖြစ်ဘူးဗျ
    လေးပေါက် ကျေးဇူးကြောင့် မန်းလေးမြို့ရဲ့ နေရာတော်တော်များများကိုသိရပြီနော့
    ကျေးဇူးတင်ပါတယ်ရှင့်။

    Reply

  • ခြေထောက်မှာဗွေပေါက်တော့လဲရောက်တာပေါ့။
    ရောက်တော့လဲလက်ဆော့တာပေါ့။
    လက်ဆော့တော့လဲပုံတွေရတာပေါ့။
    ပုံတွေရတော့လဲ ပြန်ငှတာပေါ့။
    ငှတော့လဲကြည့်ရတာပေါ့။
    ဟုတ်တယ်ဟုတ်။

    Reply

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:19 am

    အပေါ်ဆုံးပုံက ချွန်ချွန်လေးတွေက ဘာတုန်း အူးပေါက်ရဲ့

    Reply

  • သီချင်းလေးနဲ့ဘဲဖြေမယ်နော်
    မသိလို့မေးတာလား…………………
    သိရဲ့နဲ့မေးတာလား…………………………………
    မင်းအကြောင်းကိုဒို့ဘဲအသိဆုံးပါ…………………………..
    မင်းက မသိသလိုနေရင်တော့…………………………………………………

    Reply

  • blackchaw

    February 18, 2012 at 12:14 pm

    ကိုပေါက်ရေ။
    ပုံ ၁ ကို ကျွန်တော် ကောင်းကောင်း မှတ်မိတယ်။
    ပဟေဌိ မေးတုန်းက ပုံတွေထဲမှာပါတယ်လေဗျာ။
    အဲဒီပုံလေး ကျွန်တော်လည်း ကြိုက်တယ်ဗျ။

    Reply

    • စိန်ပေါက်ပေါက်

      February 18, 2012 at 12:19 pm

      ကြိုက်ရင် လက်မထောင်ခဲ့လေ
      များတောင် ခိုက်လို ့ လက်မထောင်ပြီးပြီ
      ကတောင်!…

      Reply

  • blackchaw

    February 18, 2012 at 12:25 pm

    နင့် ဂျီးဒေါ် လက်မတွေက
    မှောင်ရိပ်ခိုနေတယ် ငပေါက်ဖေါ် ရဲ့။
    ထောင်ချင်ပါတယ်ဆိုတာတောင်
    လက်မရှာလို့ မတွေ့ရတဲ့ ဘဝ…။

    Reply

  • ကျနော်က တစ်နေရာထဲမှာကို ပုံအများကြီးရိုက်ထားတတ်တာ။
    တစ်ပုံနဲ့တစ်ပုံစက္ကန့်ပိုင်းဘဲကွာတယ်လေ။

    Reply

    • windtalker

      February 18, 2012 at 12:57 pm

      အပေါ်မှာ တွေ ့ရတာကတော့ တစ်ပုံနဲ ့တစ်ပုံ ကြားမှာ စာလေးတွေ ပါတယ် ခင်ဗျ

      Reply

  • ကုိုပေ မြင်ရတာက ကျနော်ကြိုက်တာရွေးပြီးတင်ထားတဲ့ပုံ။
    ကျနော်ဆိုလိုတာက ကျနော်ကွန်ပြူတာထဲမှာသိမ်းထားတဲ့ပုံ။

    Reply

  • MaMa

    February 19, 2012 at 1:10 am

    နံပါတ်၁ နဲ့ နံပါတ်၂ ကို အကြိုက်ဆုံးပဲ။
    ပန်းချီကားနဲ့တူလို့ 🙂

    Reply

  • kotun winlatt

    February 19, 2012 at 1:22 am

    လေးပေါက်ရေ..ကျနော်သင်္ကြန်နီးးရင် မန်းးဒလေးးကိုလာမယ်ဗျ…
    လိုက်ပို့ပေးနော်….ဟီးးးးပြောသာပြောနေရတယ်…
    ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မသိသေးးးဘူးးး
    ဆြာသမားကလည်းးးလာသာလာပါ ပြောနေတာ..
    ဘယ်ကိုဆက်သွယ်ပါလို့လည်းးးပြောဝူးးးးးး

    Reply

  • အ ချက်ကတော့
    အီးတုန်းရဲ့အလှူလုပ်မယ်ဆိုတဲ့ပို့စ်ထဲမှာ ပေါက်ပေပုအသင်းက ဖုန်းနံပါတ်ပါတယ်။
    ဆက်လိုက်ရင်ရပြီကွယ်။

    Reply

  • kotun winlatt

    February 19, 2012 at 9:27 am

    အီ…..ကျနော်ရွာထဲမရောက်ဖြစ်တာကြာပီ..
    လေးးပေါက်ရ… အဲ့ပို့စ်မတွေ့ဖြစ်ဘူးးးးး
    ဒါဆို ပေါက်ပေပုနောက်က ခပ်ပိန်းပိန်းးးတစ်ယောက်ဖြစ်တဲ့
    ကျနော့်ကိုပါပေါင်းပီးးး
    ပေါက်ပေပုပိန်းးးအသင်းးးလို့ပြောင်းးလိုက်ပါလားးးဗျ…

    Reply

  • Mလုလင်

    February 20, 2012 at 11:09 am

    ဒီပိုစ့် က Collection ဖြစ်မယ် ထင်တယ်…..
    1,2,3,4 ပုံတွေကို မှတ်မိ နေတုန်းပဲ ဦးပေါက်ရေ ..
    လေးစားစွာဖြင့်
    Mလုလင်

    Reply

  • မှတ်မိတာပေါ့လုလင်ရယ်
    အုတ်တံတိုင်းပေါ်ငါတက်ရိုက်တော့
    လေးပေါက်လိမ့်ကျမယ်နော်လို့ မင်းသတိပေးနေရင်းက ဆော်ခဲ့နှက်ခဲ့တဲ့ပုံလေးတွေပါ။
    မန်းလေးတောင်မနက်ခင်းကတော့ အမြဲအမှတ်တရပါကွာ။
    နေထွက်ချိန်မမှီမှာစိုးလို့အပြေးအလွားတက်ပြီး အပေါ်ရောက်ခါနီးမှာမျအမောဆို့နေတာလေးကို။

    Reply

Leave a Reply to water-melon Cancel Reply

Your email address will not be published.