အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ ဘားကမ့်ရန်ကုန်

manawphyulayFebruary 15, 20121min02

2012 ဘားကမ့်ရန်ကုန်ပွဲကို တက်ရောက်ခဲ့တာ လူဦးရေ ၅၀၀ဝ ကျော် များပြားလှပါတယ်။ ပွဲမှာ ပြောချင်တဲ့သူတွေ ရင်ဖွင့်စရာ နေရာအဖြစ် အခန်းများ စီစဉ်ထားရှိပေးခြင်းမှာလည်း အတော်ပင် အားရစရာ ကောင်းလှပါတယ်။ ပြည်သူချစ် ဒေါ်စုကလည်း အချိန်မအားမလပ်တဲ့အတွင်း လာရောက်ဖွင့်လှစ်ပြီး လူငယ်များနဲ့ တစ်ရင်းတနှီးပြောကြားသွားခြင်းဖြင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်ဖို့ အားရှိသွားပါတယ်။


((တတိယအကြိမ်မြောက်ဘားကမ့်ရန်ကုန်တွင် ပြောကြားခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမိန် ့ခွန်း ကောက်နှုတ်ချက်))

ဘားကမ့်ရဲ ့ အခြေခံသဘောတရားက အများကနေ လွတ်လပ်စွာနဲ ့ပါဝင်ဆွေးနွေးလို ့ရတယ်။

ကိုယ်သိတဲ့ ဗဟုသုတတွေကိုမျှဝေချင်တယ်။ နောက်ဆုံးအရေးအကြီးဆုံးအချက်က တစ်ဦးနဲ ့တစ်ဦးမျှဝေပေးရမယ်။
ကျွန်မတို ့မြန်မာတွေမှာ စကားပုံတစ်ခုရှိပါတယ်။ ဆရာစားချန်တယ်ဆိုတာလေ။
အမှန်က အဲဒီစိတ်ဓာတ်ကကောင်းတာမဟုတ်ဘူး။ ဒီစိတ်ဓာတ်တွေကို ကျွန်မတို ့ဖယ်ရှားပေးရမယ်။

မီးထွန်းထားတဲ့ ဖယောင်းတိုင်ကနေ တခြားဖယောင်းတိုင်တွေကို မီးထွန်းညှိလိုက်တဲ့ အခါ ပင်ကိုယ်ဖယောင်းတိုင်မှာ ကိုယ်ပိုင် မီးအလင်းရောင်လျော့မသွားတဲ့ အပြင် အလင်းရောင်တွေက ပိုထွန်းလင်းလာတယ်။

ကိုယ်ကမျှဝေလို ့ ကိုယ်ပညာတွေလျှော့သွားတာမဟုတ်ဘူး။ ပညာတွေက တိုးပွားလာတာပေါ့။

ပညာဆိုတာ အလင်းရောင်ပဲ။ အဲဒီအလင်းရောင်ကိုလည်း ကျွန်မတို ့လောကကြီးတွက်သုံးကြပါလို ့တိုက်တွန်းလိုပါတယ်။

ဘားကမ့်က အစကတည်းက စံချိန်ချိူးခဲ့ပါတယ်။ ဒီနှစ်မှာလည ်းစံချိန်ချိူးနိင်မယ်လို ့မျှော်လင့်ပါတယ်။

ကျွန်မဘာဖြစ်စေချင်လဲဆိုတော့ နောင်လာမဲ့.ခေတ်အဆက်ဆက်မှာ မြန်မာနိင်ငံကလူငယ်တွေဟာစံချိန်တွေကောင်းတဲ့နည်းနဲ ့အကြိမ်ကြိမ်ချိူးနိင်ပါစေလို ့ကျွန်မဒီလိုဆုတောင်းပါတယ်။

ကျွန်မတို ့မြန်မာနိင်ငံဟာ ပြည်ပနိင်ငံတွေနဲ ့စာရင် နောက်မှာကျန်ခဲ့တယ်ဆိုတာကလည်း ဘယ်သူမှငြင်းလို ့မရပါဘူး။ ၁၉၈ဝ ပြည့်ကျွန်မအင်္ဂလန်မှာနေတုန်းက အင်္ဂလန်မှာရှိတဲ့
အောက်စဖို ့တက္ကသိုလ်မှာ မြေအောက်အခန်းရှိတယ်။ အဲဒီအခန်းမှာ ကွန်ပျူတာနှစ်လုံးရှိတယ်။

အဲဒီအခန်းကိုမည်သူမဆိုဝင်ရောက်ပြီးလေ့လာလို ့ရတယ်။ဒါပေမယ့်စိတ်ဝင်စားပြီးလေ့လာတယ်ဆိုတာနည်းတယ်။အဲဒီတုန်းက ခုခေတ်လို Laptopတို ့ဘာတို ့မရှိသေးဘူး။

လူတွေစိတ်ဝင်စားမှုနည်းတယ်။ ဒီပစ္စည်းက ဘယ်လောက်ထိ အသုံးဝင်တယ်ဆိုတ မသိသေးဘူး။

နောက်ပိုင်း နည်းပညာတွေ မြင့်မားလာတော. ကွန်ပျူတာက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာသိလာကြတယ်။
ကျွန်မတို ့က လူကြီးပိုင်းကိုရောက်နေပါပြီ။ အရင်တုန်းကထက်စာရင် နှစ်၃ဝအတွင်းမှာ အများကြီးပြောင်းလဲလာပါတယ်။ နောင်နှစ်၃ဝမှာဒီထက်ပြောင်းလဲဖို ့ဆိုတာ ဒီမှာရှိတဲ့လူငယ်တွေအားလုံးအပေါ်မှာမူတည်ပါတယ်။ အနာဂတ်ရှေ ့ပြေးဖြစ်နေတဲ့ နည်းပညာကို သင်တဲ့လူငယ်တွေဟာ အတိတ်ကိုမမေ့ဖို ့လိုပါတယ်။ သမိုင်းကိုလည်းသိဖို ့လိုပါတယ်။

သမိုင်းကိုသိမှ နောင်အနာဂတ်အတွက် မှန်ကန်တဲ့အလုပ်တွေလုပ်နိုုင်မှာပါ။ အခုလူငယ်တွေဟာ အတိတ်နဲ ့အနာဂတ်ကိုချိတ်ဆက်ပေးနေတဲ့ ပစ္စုပ္ပန်နဲ ့တက်ကြွတဲ့အင်အားတွေဖြစ်ပါစေလို ့ဆန္ဒပြုရင်း
ကျွန်မနိဂုံးချူပ်လိုက်ရပါတယ်။

ဘယ်သူတွေ ဘာတွေပြောကြလဲ

ဘာပဲဖြစ်ဖြစ် နည်းပညာဆိုင်ရာ အွန်လိုင်းကော အော့လိုင်းကော ဥပဒေပြဠာန်းနိုင်အောင် ပြုလုပ်မည်ဆိုတော့ နောင်အတွက် အလွန်ကောင်းတဲ့အစီအစဉ်လည်း ဖြစ်ပါတယ်။

ပိတ်ပွဲအခမ်းအနားတွင် ကံစမ်းမဲဖောက်ပေးနေပုံ

2 comments

  • manawphyulay

    February 15, 2012 at 5:56 pm

    လွှတ်တော်မှာ နည်းပညာ ဥပဒေများ ပြဠာန်းပေးရင် ပိုမည် ထင်သလော…….

    Reply

  • snow white

    February 28, 2012 at 6:05 pm

    အမေစုပုံ ရုပ်ထုတဲ့လူ တော်တော်တော်တယ်နော် အမေစုနဲ့တပုံစံထဲဘဲ အမြဲပြုံးနေတယ်

    Reply

Leave a Reply

Your email address will not be published.