ရှေးဟောင်းအမွေအနစ်မို ့ ထိန်းသိမ်းသင့်ပါတယ်

ရှေးဟောင်းအမွေအနစ်တစ်ခုဆိုတာ ကိုမပျောက်ပျက်ရလေအောင် ထိန်းသိမ်းရမယ့် တာဝန်ဟာ ကျနော်တို ့လူငယ်တွေ နဲ ့ရော လူကြီးတွေနဲ ့ပါဆိုင်ပါတယ်။သံတွဲမြို ့ဈေးကို တဈေးလုံးပြာကျစေခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ ့ လောင်ကျွမ်း  ခဲ့ သော  အမျိုးအမည်မသိရသောမီးလောင်ကျွမ်းမှုတွင်အဆောက်အအုံတစ်ခုကျန်ရှိနေခဲ့ပါတယ်။သမိုင်းကြောင်းက ကျနော်သိသလောက်ပြောပြမယ်ဗျာ။အင်္ဂလိပ်တွေ ရခိုင်နဲ ့တနင်္သာရီမှာ ခြေကုပ်ယူထားပြီးချိန်ဖြစ်တဲ့၁၈၂၄-၁၈၅ဝ ကြားမှာတည်ဆောက်ခဲ့တဲ့ အဆောက်အဦးဖြစ်ပါတယ်။မူလတည်ဆောက်ခဲ့စဉ်က အင်္ဂလိပ်တို ့ ၏အကျဉ်းထောင်ဖြစ်ပြီး ကျွန်ုပ် တို ့၏တိုင်းရင်းသားများကို နှိပ်စက်ခဲ့ရာနေရာဖြစ်၍ ရှေးဟောင်းအမွေအနစ်အဖြစ် ရခိုင်တမျိုးသားလုံးပိုင်(သို့ မ ဟုတ်) နိုင်ငံပိုင်အမွေအနစ်ဖြစ်ပါသည်။
၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလ၁၁ ရက်နေ ့မီးတွင်ယခုမြင်တွေ ့ နေရသောအဆောက်အအုံ တလုံးသာမီးထဲ မပါသွားဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဈေးအဖြစ်သုံးလာရာနှစ်ပေါင်း၁၀ဝကျော်ရှိနေပြီဖြစ်ပြီး၊ယခု အဆောက်အဦးနှင့် ပုံစံတူ၊အရွယ်ငယ် (၄)လုံး အပါအဝင် ကြိုးတိုက်ပါ မီးထဲပါသွားခဲ့လေပြီ။ရန်ကုန်တက္ကသိုလ်ထက်ပင်ရှေး
ကျသော၊ရခိုင်အမျိုးသားတို ့၏သမိုင်းအမွေအနစ်ဖြစ်သော ဤအဆောက်အဦးကိုဖယ်ရှား၍ဈေးသစ်ဆောက်မည်ဆိုသည်မှာ  စဉ်းစားစရာဖြစ်ပါသည်။ယခုအဆောက်
အဦးမှာရှေးဟောင်းနိုင်ငံပိုင်ဖြစ်၍ နိုင်ငံခြားများကိုဆွဲဆောင်နိုင်သောအရာ၊လာလည်
သူနိုင်ငံခြားသားမှန်သမျှ အမြတ်တနိုးတန်ဖိုးထားဓါတ်ပုံရိုက်ယူသွားကြသည်။
“ရွာဘုရား ရွာသား မကြည်ညို”“ရွာနားမြက် ရွာနွားမစား”တော့မဖြစ်သင့်ပါဘူးဗျာ။
နောင်လဲရှိသင့်ပြီး အနာဂတ်သမိုင်းသက်သေ အဖြစ်ချန်ထားစေချင်တဲ့ အတွက် ကျနော်က campaign တစ်ခုလုပ်ချင်မိတယ်။
ထို ့ကြောင့် ရှေးဟောင်းသုသေသနမှ(renovation) ပြန်လည်မွန်းမံ၍ အမှတ်တရ ပြည်သူများအတွက်အမှတ်သညာ ဖြစ်စေရန် ထိန်းသိမ်းသင့်ပါတယ်။
ယခုမူ ၎င်းကို ဖြိုဖျက်ရန် ကြိုးစားနေ၍ ရှေးဟောင်းအမွေအနစ်တစ်ခုဆုံးရှုံးတော့မည်
သက်ဆိုင်ရာဖြစ်တဲ့စည်ပင်အပါအဝင်၊ရှေးဟောင်းအမွေအနစ်ထိန်းသိမ်းစောင့်ရှော
က်ရေးအဖွဲ ့မှလဲစဉ်းစားပေးစေလိုပါတယ်။ပြည်နယ်အစိုးရအဖွဲမှစဉ်းစားစောင့်ရှောက်ပါ
ရန် တောင်းဆိုထားပါတယ်။
ဖျက်စီးလိုက်တာ လွယ်သလောက် ပြန်လည်ရယူဖို ့ခက်သွားပါလိမ့်မယ်။
မနက်မှာ လေလံပြစ်တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါ။ကြမ်းခင်းဈေးသိန်း(၅၀)ကျပ်ခေါ်ထားပါတယ်။တကယ်တော့ငွေသိန်း(၅၀)ဆိုတာ ဘာမှမရှိသလို၊ခုလိုအဆောက်အအုံမျိုးအတွက်တော့ နည်းလွန်းပါတယ်။ဖျက်စီးဝံ့တဲ့ ဉာဏ်နည်းတဲ့ အစိုးရအဖွဲ ့အပေါ်ယုံကြည်မှုလျော့ရဲလိုက်တာ။


ဓါတ်ပုံတွေတင်မလို ့ပါ။လိုင်းမကောင်းလို ့တွဲမတင်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ဒီအဆောက်အဦးမှာ သုံးထားတဲ့

အုတ်ပြားတွေမှာ ဝိတိုရိယ ဘုရင်မကြီးရဲ ့သရဖူတံဆိပ်ပါရှိပါတယ်။အုတ်ခဲတွေမှာ SJ နဲ ့M အက္ခရာ ရိုက်နှိပ်ထားပါတယ်။SJ(Sandoway Jail)ဖြစ်ပါတယ်။Sandoway ဆိုတာအင်္ဂလိပ်ခေတ်က သံတွဲကိုခေါ်တာဖြစ်ပါ။

4 comments

  • koyinmaung

    February 15, 2012 at 11:32 am

    ဓါတ်ပုံတင်ပါအုံးဗျာ
    စိတ်ဝင်စားစရာပါ…

    Reply

  • minyanag

    February 15, 2012 at 12:06 pm

    15.2.2012 ဒီနေ့မနက်ခင်းလေးမှာ အဲဒီ မီးဘေး ကြွင်းကျန် အဆောက်အဦးကို လေလံဆွဲ
    ပြီးစီးသွားပြီး ဖြစ်ပါတယ် ။
    သိန်း ၁၁ဝ နဲ့ ဖျက်ဆီး ရောင်းချခွင့် ရရှိသွားပါကြောင်း ။

    Reply

  • kanjosan

    February 15, 2012 at 3:55 pm

    အဲဒီအဆောက်အဦးက ကောင်းသေးရင် ချန်ပြီးဆောက်လောက်ပေါ့… နည်းနည်းပြင်ပြီးတော့ ဈေးအဖြစ်ဆက်ထားလိုက်ပေါ့… ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ မိမိတို့ရဲ့ ခံယူချက်ကို တင်ပြတောင်းဆိုပေါ့.. ရခိုင်ကရှေးဟောင်းဘုရားတွေ နေပြည်တော်ပိုမလို့တောင် ဝိုင်းတောင်းဆိုတာနဲ့ မပိုဖြစ်ဘူးမလား.. လူညီရင်ရပါတယ်…

    Reply

  • အမှန်က ဒီအဆောက်အအုံကို ပြတိုက်လုပ်မယ် ဆိုရင်လဲ မဆိုးပါဘူး။
    ခုတေ့ သိန်း ၁၁ဝ နဲ ့လေလံအောင်သွားခဲ့ပါပီ။ဘာဆက်လုပ်မယ်ဆိုတာ မကြားရ
    သေးပေမယ့် တပတ်အတွင်းဖျက်ပေးရမယ်လည်းကြားထားပါတယ်။ဘာဆက်လုပ်
    ရပေါ့မလဲ။

    Reply

Leave a Reply to kanjosan Cancel Reply

Your email address will not be published.