သစ်မွှေး အဆီခဲဖြစ်တည်ခြင်း နှင့် ပေါင်းခံအဆီထုတ်ခြင်း အပိုင်း(၂)

Wai Aung Chan MyoFebruary 10, 20121min00

သစ်မွှေးပင် အဆီခဲ ဖြစ်တည်ခြင်း နှင့် ပေါင်းခံအဆီထုတ်ခြင်း

— သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင် ၁ဝပင်လျှင်၁ပင်သာ အဆီခဲ ဖြစ်တည်နိုင်သည်။ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်း အနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ စတင်ဖြစ်တည်နိုင်သည်။

— သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။

— ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။

— တတိယအနေဖြင့် ထိုစွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်းက ခုခံတိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင်မှ ပဋိပစ္စည်းတို့ အချင်းချင်းတိုက်ခိုက်ရာမှ) သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲများဖြစ်တည်လာသည်။

— ထိုအဆီခဲများကို ပေါင်းခံချက်လုပ်ရာမှ အဖိုးတန်သစ်မွှေးဆီကို ရရှိသည်။ ကမ႓ာကျော် အဖိုးတန်ရေမွှေးများ အနံ့ချုပ်ရာတွင် ထို သစ်မွှေးပေါင်းခံဆီ အနည်းငယ်မျှထည့်ပေးရုံဖြင့် အဖိုးတန်ရေမွှေးအဖြစ်သို့ ရောက်ရှိသွားသည်။

— သဘာဝအားဖြင့် သူ့အလိုလို အဆီခဲဖြစ်တည်နေခြင်းကို သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိပြီးနောက်  (Artificial Infection)ခေါ် သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်း ကို စမ်းသပ်လေ့လာခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

— ယခုအခါ ထို(Artificial Infection) ကို ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသောနိုင်ငံများတွင် ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

— မြန်မာနိုင်ငံတွင်လည်း ထိုနည်းပညာများကို လက်တွေ့အကောင်အထည် ဖော်လျက်ရှိရာ ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရသည်။

— (Artificial Infection)မှာ အကြမ်းအားဖြင့် သစ်မွှေးပင်၏ အသားထဲသို့ လွန်ကို ၃ဝဒီဂရီ၊ ၄၅ဒီဂရီ စသဖြင့်စောင်းပြီးမှိုဆေးထိုးထည့်ကာ ၁နှစ်ခွဲ၊ ၂နှစ်ခန့်အကြာတွင် သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲဖြစ်တည်သည်။

— (Artificial Infection) သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်းကို အနည်း ဆုံး အပင်လုံးပတ် 3cm (DBH) (၂နှစ်သားမှ ၃နှစ်အတွင်း) ခန့်မှ စတင်ထိုးသွင်းနိုင်ပါသည်။ ဆေးထိုးပြီးနောက် ၁၈လ(တနှစ်ခွဲ)ကြာလျှင် အပင်ခုတ်လှဲ၍ အဆီထုတ်ယူနိုင်ပါသည်။

— သစ်မွှေးတစ်ပင်ချင်းစိ၏ အဆီထွက်နှုန်းမှာ ဆေးထိုးသွင်းမှုနည်းစနစ်ကျမှု၊ အပင်ကြီးထွားမှု တို့ပေါ်မူတည်နေပါသဖြင့် အဆီထွက်နှုန်း အကောင်းဆုံးအရွယ်မှာ ရနှစ်၊ ၈နှစ်သားအရွယ် ဖြစ်သည်။ အကောင်းဆုံးအကြံပြုလိုသည်မှာ စိုက်ပျိုးထားသောအပင်၏ ၁၀-၂၀%ကို ၄နှစ် သားအရွယ်တွင် ဆေးထိုးရောင်းပြီး ကျန် ၈၀-၉၀%ကို ၈နှစ်သားအရွယ်မှသာ ဆေးထိုး၊ အဆီထုတ်ရောင်းဖို့ အကြံပြုလိုပါသည်။

— ပြည်တွင်းကုမ္ပဏီတော်တော်များများမှ ဆေးထိုးခြင်းကို ဆောင်ရွက်နေနိုင်ပြီဆိုသော်ငြား အများစုမှာဈေးမသက်သာပေ။ ထိုcompany များနှင့် ဆက်သွယ်ပြီး မိမိအပင်ကိုဆေးထိုး ပြီးပါက ဆေးထိုးခကို ၁ပင်ကို ၃၀၀ဝကျပ်မှ ၆၀၀ဝကျပ် လောက်ယူပြီး နောက်ပိုင်း အပင်ရောင်းရရင် ၎င်းတို့ကို ၃ပင်လျှင် ၁ပင်နှုန်း(သို့မဟုတ်) ၄ပင်လျှင် ၁ပင်နှုန်း ပေးရတတ်သည်(၎င်းတို့သည် စာချုပ်သဘောချုပ်ဆိုပြီး အပင်ရောင်းရသောအခါမှ ပေးရသောသဘောဖြစ်သည်)။ တချို့ companyများက ပုပ်ပြတ်အနေဖြင့် ဆေးထိုးခကို အပြီးအစီး ၁ပင် ကို ၃သိန်းတောင်းသည်။

— ၎င်းတို့ထဲမှ တချို့သော company များက ဈေးအတော်အသင့် သက်သာပြီး ၁ပင်ကို ၅သောင်းကနေ ၁သိန်းလောက်ပဲ တောင်း၏။သို့သော်၎င်းတို့က ထိုးသင့်သည့်မှိုဆေး ပမာဏကို လျော့ထိုးသောကြောင့် အဆီထွက်နှုန်းနည်းမှုကို ကြုံရတတ်သည်။

— အမှန်တကယ် ဈေးကွက်အရ သစ်မွှေးပင်အဆီထွက်စေရန် ထိုးသွင်းရသောမှိုဆေးရည် ၁လီတာလျှင် ၃သောင်းမှ ၅သောင်းခန့်(ကျပ်)ရှိပြီး အပင်ကြီးထွားမှုပေါ်မူတည်၍ သစ်မွှေး ၁ပင်လျှင်၁လီတာမှ၂လီတာခန့်ထည့်ရပြီး ဆေးထိုးသွင်းရာတွင် နည်းစနစ်မှန်ကန်မှုရှိခြင်း သည် အထူးအရေးပါသည်။

ထို့ကြောင့် ဆေးထိုးလျှင် ပစ္စည်းမှန်၊ ဈေးနှုန်းလည်းသင့်တင့်ပြီး နည်းပညာပါကျွမ်းကျင်ဖို့ လိုအပ်သောကြောင့် ဆေးမထိုးမီသေသေချာချာစုံစမ်းစစ်ဆေးပြီးမှ ပြုလုပ်သင့်ပါကြောင်း စေတနာကောင်းနှင့် သတင်းကောင်းပါးအပ်ပါသည်။

ကိုဝေအောင် (သစ်မွှေးချစ်သူ)
0949348896, 095136753, 0949275907, 0973070035
email: waiaungchanmyo@gmail.com,

အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- အမှတ်(၁၅၃၆)၊ ထူပါရုံ (၁၆)လမ်းအရှေ့၊ (၁) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

သစ်မွှေးခြံလိပ်စာ- ပျဉ်ထောင်းချောင်းကျေးရွာ၊ နတ်စင်ကုန်းမှတ်တိုင်၊ (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်၊ ထမလုံမရောက်ခင် ၂မှတ်တိုင်အလို)၊ ( ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ သန်လျင်-ကျောက်တန်းကားလမ်းမကြီးမှ နတ်စင်ကုန်းမှတ်တိုင်တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

Leave a Reply

Your email address will not be published.