အင်တာနက်ပေါ်က သူများရဲ့ပုံတွေကို တင်ချင်ရင်

ကျွန်တော်တို့ သူများ ရေးထားတဲ့ ပို့စ်ကို ယူသုံးချင်ရင် ပို့စ်ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းရပါလိမ့်မယ်။ သူက ခွင့်ပြုတယ် ဆိုမှသာ တရားဝင် ကော်ပီ ဖြစ်မှာပါ။ ခရက်ဒစ် ပေးပြီး ယူသုံးရင်လည်း ရနိုင်ပါတယ်။ ခွင့်ပြုချက်လည်း မတောင်း၊ ခရက်ဒစ်လည်း မပေးဘဲနဲ့ ကိုယ်တိုင်ရေးထားတာလိုလို ခပ်တည်တည် ယူသုံးလိုက်ရင်တော့ ခိုးယူခြင်း ပြစ်မှု မြောက်ပါတယ်။ ဒါကတော့ ပို့စ်ကော်ပီယူခြင်း အကြောင်းပါ။

ပို့စ်တွေကို ယူသုံးသလိုပဲ အခြားဆိုက်တစ်ခုခုမှာ တင်ထားတဲ့ ပုံတွေကို ယူသုံးချင်တယ် ဆိုရင်လည်း ခရက်ဒစ်ပေးပြီး သုံးကြရမှာပါ။ ဒီထက် ပိုကောင်းတာကတော့ ပုံရဲ့ URL ကို တိုက်ရိုက် ယူသုံးလိုက်တာပါပဲ။

ကျွန်တော်တို့ အင်တာနက်ပေါ်က ပုံတွေကို ယူသုံးချင်တဲ့အခါ အဲဒီပုံကို Download ချ၊ ပြီးရင် ကိုယ့်ဆိုက်မှာ upload တင်ပြီး သုံးလိုက်တယ် ဆိုပါစို့။ ဒါဟာ ပုံကို ခိုးယူပြီး သုံးစွဲခြင်းလို့ ဆိုကောင်း ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အင်တာနက်ပေါ်က ပုံတွေကို ကိုယ့်ဆိုက်မှာ ယူသုံးချင်တဲ့အခါ ဒီလို နည်းလမ်းမျိုး မသုံးမိအောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ ဒါဖြင့် ဘယ်လို ယူသုံးရမလဲဆိုရင် ကိုယ်ယူသုံးချင်တဲ့ ပုံရဲ့ Location ကို တိုက်ရိုက်ယူသုံးလိုက်ရုံ ပါပဲ။

လုပ်ရမယ့် အဆင့်တွေက ကျွန်တော်တို့ ရိုးရိုး ပုံတွေ Upload တင်သလိုပါပဲ။ ပြောင်းသွားတဲ့ အချက်လေးတွေကိုတော့ ပုံမှာ ပြထားပါတယ်။

ဒါကတော့ ကျွန်တော် တတ်သလောက်၊ မှတ်သလောက်၊ တွေးမိသလောက်ကို တင်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ …….. ။

ခင်မင်စွာဖြင့်
အံစာတုံး

9 comments

  • စိန်ပေါက်ပေါက်

    February 9, 2012 at 5:48 pm

    ကောင်းပါတယ် အမရေ
    မသိသေးတဲ့လူတွေအတွက် အထောက်အကူဖြစ်မှာပါ..

    နောက်လဲ ခုလိုလေးတွေ..ရေးပေးပါဦး..
    အားလုံး အကျိုးမယုတ်ပါဘူး..
    တိုင်းကျူး..ဘဲထီးမတ်ချ်

    Reply

    • ကိုပေါက်ဖော်ရေ …
      မှန်တဲ့အတိုင်း ဝန်ခံရရင် ဒီနေ့ မနောတင်ထားတဲ့ ဇာဂနာနဲ့ ကလင်တန်ပုံကို ကြည့်မိပြီး ဒီပို့စ်ကို ရေးမိသွားခဲ့တာပါ။ အဲဒီပုံက အခြားဆိုက်ကနေ ယူပြီး၊ ဂေဇက်မှာ upload တင်တာလို့ ကျွန်တော် မြင်မိပါတယ်။ အဲဒီလို တင်တော့ ကျွန်တော့်တို့ ဂေဇက်ရဲ့ မူပိုင်လိုလို ဖြစ်သွားတာပေါ့။ အဲဒီပုံက ကျွန်တော့်တို့ ဆိုက်အတွက် သိပ်ပြီး ပြဿနာ မရှိပေမယ့်၊ ကျွန်တော်တို့ ပြည်တွင်းက ဝက်ဘ်ဆိုက်တွေက ပုံတွေကိုသာ ဒီလို ကိုယ်ပိုင်သဘောမျိုးနဲ့ တင်တာဆိုရင် လူပြောစရာ ဖြစ်လာမှာ စိုးလို့ သတိပေးတဲ့အနေနဲ့ ကျွန်တော် ရေးပြီး တင်လိုက်တာပါပဲ ကိုပေါက်ဖော်ရေ … ။
      မနောကို အပြစ်ပြောတာ မဟုတ်ပါဘူးဗျာ။ သူက စေတနာနဲ့ သိစေချင်လို့တင်တာ။ သူ တင်တတ်သလို တင်လိုက်တာ မဟုတ်လား။ ကျွန်တော်ကလည်း မထင်မှတ်ဘဲနဲ့ ပုံရဲ့ Location ကို ကြည့်မိသွားလို့ပါဗျာ။ အောက်က ပုံများဖြစ်နေမလားလို့။ တစ်ချက်လောက် ကြည့်ပေးပါဦး။
      http://www.state.gov/img/12/47707/S_shaking_hands_with_Zarganar_600_1.jpg
      http://www.state.gov/r/pa/ei/pix/2012/02/183607.htm

      Reply

      • စိန်ပေါက်ပေါက်

        February 10, 2012 at 1:47 pm

        အင်း..ဗျ
        ဒေါင်းလုပ် ပြီး အပ်လုဒ် လုပ်တဲ့အခါကြတော့ ကိုယ့်မူပိုင်လို ဖြစ်ဖြစ်သွားတာပေါ့နော
        တစ်ကယ်ဆို Credit ပေးသင့်ပါတယ်..
        url ပဲ ယူယူ Save and upload ပဲလုပ်လုပ်..ပေါ့…
        ဒီပြဿနာက ဖြေရှင်းဖို ့တော့ မလွယ်ပါဘူး..

        Reply

  • water-melon

    February 9, 2012 at 5:51 pm

    ကျေးဇူးပါ ဗဟုသုတရပါတယ်
    ကွန်ပြူတာထဲ ထည့်ချင်ရင် save image as ပေါ့နော့

    Reply

  • koaung

    February 9, 2012 at 5:55 pm

    ဟုက်ကဲ့ပါမှတ်သားသွားပါတယ်

    Reply

  • ကောင်းလိုက်တဲ့ လမ်းညွှန်မှုလေးပါလား ကိုအံစာတုံးရာ။
    Xie Xie
    မှတ်သားလိုက်နာပေါ့မယ်နော်။

    Reply

  • padonmar

    February 10, 2012 at 1:08 am

    လက်မလေးထောင်ပြချင်တာ မတွေ့လို့ စာနဲ့ပဲ ထောက်ခံသွားပါတယ်။
    မသိတာလေးပြောပြလို့ ကျေးဇူးပါ။

    Reply

  • windtalker

    February 10, 2012 at 8:26 pm

    ဘိုအံ ရေ ၊ အထူးဝမ်းသာမိတယ်ဗျာ ။
    သူများပုံ ကို မတင်ဖူးဘူးရယ်တော့ မဟုတ်ပါဘူး ၊ ရှားပါတယ်
    သို ့ပေသည့် ၊ ဘိုအံ အခုလို ရေးတင်မှ ၊ ဘယ်လို လုပ်ရမယ် ဆိုတာ သိရတာပါ

    Reply

  • စေပိုင်ထွဋ် (ပုသိမ်)

    February 10, 2012 at 8:57 pm

    အော် ဗဟုသုတ
    ဗဟုသုတ

    Reply

Leave a Reply

Your email address will not be published.