ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးကအဆိုတင်သွင်းသတဲ့လား..

amatminFebruary 9, 20121min09

၇.၂.၂၀၁၂နေ့ညကပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဦးရွှေမန်းက

ဝန်ထမ်းတွေလစာတိုးပေးဖို့နဲ့သက်ဆိုင်တဲ့ဆွေးနွေးချက်(အဆို)တခုကိုတင်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒီပို့စ်မှာ ကျနော်ပြောချင်တာကတင်သွင်းတဲ့အဆိုမှာပါဝင်တဲ့ အကြောင်းအရာကိုမဟုတ်ဘဲ အဆိုတင်သွင်းခွင့်ရှိ.မရှိဆိုတာကိုပါ။

ကျနော်နားလည်မိတာက လွှတ်တော်ဥက္ကဋ္ဌနဲ့သဘာပတိ အစရှိတဲ့သူတွေဟာ

ကိုယ်တိုင်အဆိုတင်သွင်းစရာမလိုဘဲ..အဆိုနဲ့ပက်သက်တဲ့ပြောဆိုဆွေးနွေးမှုတွေကိုပဲလုပ်ပိုင်ခွင့်နဲ့အညီဆုံးဖြတ်ပေးရမယ်။

ပြီးတော့လည်း လွှတ်တော်ဥက္ကဋ္ဌဆိုတာ ကြားလူအဖြစ်နေရပြီးတော့

သူ့အနေနဲ့ဆွေးနွေးချက် /အဆိုတခုအပေါ်မှာလည်းမဲပေးဖို့မလိုဘဲ လွှတ်တော်အမတ်တွေမဲခွဲတဲ့အချိန်တွင်း..

ဘက်နှစ်ဖက်အရေအတွက်တူညီသည့်အချိန်မျိုးတွင်သာ အနိုင်မဲပေးခွင့်ရှိသည်။

ဆိုတော့ကာ..အခုသတင်းတွေမှာပါတဲ ့လွှတ်တော်ဥက္ကဋ္ဌကြီးကတင်သွင်းတဲ့အရေးကြီးအဆို(ဆွေးနွေးချက်)ကို

လွှတ်တော်အမတ်တွေကထောက်ခံ.ပြည်ထောင်စုလွှတ်တော်ကလက်ခံအတည်ပြုပြီး

အစိုးရကိုတိုက်တွန်းတယ်ဆိုတာကြီးကို ကြည့်လိုက်တော့ တမျိုးကြီးဖြစ်နေလားလို့…

လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးကိုယ်တိုင် ဆိုင်ရာအဆိုတင်သွင်းလည်းရလောက်တယ်ထင်တာပဲ..

ပြောရရင်အဆိုကတော့ လူကြိုက်များချင်စရာအဆိုဖြစ်ပေမဲ့.လုပ်ထုံးလုပ်နည်းတွေအရဆိုရင်

လွှတ်တော်ဥက္ကဋ္ဌကြီးတွေအနေနဲ့ ကိုယ်တိုင်အဆိုတွေတင်ခွင့်ရှိမရှိ နားလည်တဲ့ရွာသူားတွေရှင်းပြပေးကြပါလို့..

PS. အဆိုကိုဝေဖန်ခြင်းမဟုတ်ဘဲ အဆိုတင်ခွင့်အပေါ်သိလိုခြင်းမျှသာဖြစ်ပါကြောင်း…

(၈.၂.၂၀၁၂) ရက်နေ့ သတင်းစာပါကောက်နှုတ်ချက်တစိတ်တပိုင်း….

“အရေးကြီးအဆိုအဖြစ် ဇေယျာသီရိမဲနယ်မှပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း
အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးဆွေးနွေးခြင်းကို…….”

9 comments

  • amatmin

    February 9, 2012 at 12:12 am

    သဂျီးခင်ဗျ..
    ကိုယ့်ပို့စ်မှာ အရင်ဆုံးပြန်မန့်မိတာတော့ ခွင့်လွှတ်ပါ..
    copy / paste ကြီးဖြုတ်ပေးပါဦး.. 🙁

    လေးစားမှုဖြင့်

    Reply

  • maungmoenyo

    February 9, 2012 at 10:30 am

    လွှတ်တော်ဥက္ကဌကြီးက အဆိုတင်တာမဟုတ်ပါဘူး။ အမတ်မင်းများဆွေးနွေးစေချင်တဲ့ ကိစ္စကို..ခင်ဗျားတို့လွတ်လွတ်လပ်လပ်ဆွေးနွေးပြီး၊ အကြံလေးတွေပေးကြအုံးလေ…လို့ ခွင့်ပြုမိန့်ချတာလေ။ အမတ်မင်းတွေက လစာမလောက်တာတော့သိတယ်။ ဘယ်လိုဖြေရှင်းလို့ ဘယ်လိုအထောက်အထား တွက်ချက်ခန့်မှန်းမှုတွေမတင်နိုင်ကြလို့လေ။ ဖြစ်သင့်တာက အမတ်မင်းတွေ ကအစိုးရဌာနကြီးတွေ (ဥပမာ ဘဏ္ဍာရေး တို့၊ ဗဟိုဘဏ်တို့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့မှာရှိတဲ့ အကြီးအကဲတွေနဲ့ အစည်းအဝေးထိုင်ပြီး) bill တွေတင်နိုင်သင့်တယ်။ တကယ်ပြောရရင် အမတ်တွေကို အခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာဥပဒေတွေက ဥပဒေကြမ်းတင်သွင်းခွင့်ပေးမထားဘူးလေ။ အဆိုတင်ခွင့်ရှိတယ်။ မေးခွန်းမေးခွင့်ရှိတယ်။ မဲပေးခွင့်ရှိတယ်။ ဒါအသားကုန်ဘဲ။ ပြောရရင် အမတ်မင်းတွေ ဒါတွေလုပ်ခွင့်ရှိမှန်းတောင်သိကြရဲ့လားမသိ။ ဆိုတော့-အပေါ်က အစိုးရအဖွဲ့နဲ့ လွှတ်တော်ဆိုင်ရာအကြီးအကဲတွေရဲ့ ပါးစပ်ကိုဘဲ ကြည့်နေရတဲ့ဘဝမှာဘဲ ရှိကြသေးတယ်လေ။ အဲ့ဒိတော့လဲ အစိုးရက စလုပ်ကိုင်ရင်လုပ် မလုပ်ရင်တော့။ ဘာမှအရာထင်လာမယ်မထင်….။
    အင်း-ဒေါ်စုတို့တတွေ လွှတ်တော်ထဲရောက်လာရင်တော့……….

    Reply

    • amatmin

      February 9, 2012 at 2:15 pm

      ဦးမိုးညိုရေ..
      ရှင်းပြပေးတာ ကျေးဇူးပါ..
      အများအားဖြင့် အခုသုံးနှုန်းနေကြတာကလည်း
      လွှတ်တော်ဥက္ကဌကြီးရဲ့ အဆိုလို့ပဲရေးသားနေကြတာရယ်..
      လွှတ်တော်တရပ်မှာ လွှတ်တော်ဥက္ကဌ တင်သွင်းတဲ့ အဆိုကိုဆွေးနွေးရတယ်ဆိုတာ
      ရှိမရှိသိချင်ရုံပါ.တနည်းပြောရရင် အမတ်တွေ.ဝန်ကြီးတွေ လုပ်ရမဲ့အလုပ်ကို
      ဥက္ကဌကြီး ကများဝင်လုပ်ပေးနေရတာများဖြစ်ခဲ့ရင်..
      အမတ်မင်းတွေများ ညံ့ရာကျနေမလား တွေးမိလို့ပါ..

      Reply

      • maungmoenyo

        February 10, 2012 at 11:32 am

        အမတ်တွေကိုလည်းအပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ မညှာတန်းပြောရရင်တော့..ခပ်ချာချာတွေဖြစ်နေသကိုး..။ ဝါးလုံးရှေနဲ့ဘဲရမ်းတယ်ပြောပြော။ အော်ကြီးဟစ်ကျယ် ငြင်းကြဘို့ပြောတာမဟုတ်ပါဘူး။ လူထုမျက်နှာကိုတော့ ထောက်သင့်တယ်လေ။

        Reply

  • စိန်ပေါက်ပေါက်

    February 9, 2012 at 11:32 am

    များကတော့ လခတိုးတာ မတိုးတာထက်
    ကုန်ဈေးနှုန်းတွေ မတိုးဖို ့ဘဲ စိတ်ဝင်စားတယ်..
    ဥပမာ-လခ တစ်သိန်းလောက်ရပြီး ငြုပ်သီးတစ်ပုံ ငါးသောင်းဆို ရတဲ့လခ ဘာမှလုပ်လို ့မရဘူး 😆
    ကြုံတုန်း ကြော်ငြာဝင်ရရင် ကိုရွှေမန်းရေ..ကုန်ဈေးနှုန်းတွေ ဘယ်လိုလျှော့ချပေးရင် ကောင်းမလဲ တိုင်ပင်ပါဦး
    ဥပမာ-ဆန်တစ်ပြည် တစ်ရာ၊ဆီတစ်ပိဿာ တစ်ရာ့ ငါးမူး 😆

    နားမလည်လို ့ဝင်နောက်သွားတာနော့..
    အာကိုတို ့ဆက်ဆွေးနွေးကြပါဦး..

    Reply

  • ကျနော်တို ့လို ဉာဏ်မမှီပါဘူး။လခတွေတိုးပေး မယ်ဆိုတော့ ဝမ်းသာရပေမယ့်
    တိုးသလောက် တခါမှကို မလောက်ငလေတော့ စိတ်တော့ပျက်မိတာအမှန်ပါ။
    ဘယ်လိုလုပ်ပြီး စခန်းသွားကြမလဲတော့သိဘူး။ခုပြောနေတဲ့ ကိုရွှေမန်းရဲ ့ပုံစံက
    လေဖမ်းတရားနာပုံပေါက်နေတယ်။အပြောထက်အလုပ်နဲ ့သက်သေပြဖို ့လိုပါတယ်။

    Reply

  • သားငယ်

    February 10, 2012 at 3:56 pm

    ဝန်ထမ်းတွေလစာတိုးပေးသင့်တာတော့ကြာပါပြီ…လုပ်ပေးသင့်ပါတယ်..
    နိုင်ငံပိုက်ဆံမရှိတာကတော့ ယိုပေါက်တွေများနေလို ့ပါ (မလိုအပ်တဲ ့အသုံး(ဘုုံး)စရိတ်)တွေများနေလို့ပါ။
    လူတစ်ယောက် တစ်လ ရတဲ ့ဝင်ငွေဟာ တစ်လ မပြောပါနဲ ့ တစ်ပတ်တောင် ချွေတာသုံးလို ့မရတဲ့
    လစာမျိုးတွေ ဒီမှာရှိနေတုန်းပါဘဲ ။ဝန်ထမ်းတွေကို လစာတိုးပေးပါ အစိုးရဝန်ထမ်း ရော အပြင်ဝန်ထမ်း
    တွေပါ တိုးပေးသင့်ပါတယ် အခြေခံစားသောက်ကုန်ဈေးတွေလဲ မတိုးအောင် ထိမ်းပေးသင့်ပါတယ်။
    ဝန်ထမ်းတွေခြစားတာကို ပါ ကြပ်မက်ပေးမယ် ဆိုရင်ဖြင့်အတိုင်းအတာ တစ်ခုထိတော့ အဆင်ပြေသွား
    မှာပါ။

    Reply

  • nature

    February 10, 2012 at 4:36 pm

    လစာတွေတိုးပြီးရင်တိုင်းပြည်ရဲ့ဘက်ဂျက်ကို ခြွေတာတဲ့အနေနဲ့ အရာရှိများ အသက် ၆ဝ ပြည့်သော်လည်း ကျန်းမာရေးကောင်းသောသူများကို သတ်မှတ်သက်တမ်းတခုတိုးပြီး တာဝန်ထမ်းဆောင်စေသင့်ပါတယ်။ ဒါမှပင်စင်ပေးရတာသက်သာမှာ ဖြစ်သလို သက်တမ်း အတွေ့အကြုံ ရင့်ကျက်နေတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ထိရောက်စွာအသုံးချနိုင်မှာဖြစ်ပါတယ်။ ပင်စင်ပေးလိုက်ပြီးဆိုရင် ပင်စင်စား အရာရှိတွေဟာ စိတ်ပိုင်း ရုပ်ပိုင်း ကျဆင်းသွားတတ်ပါတယ်။ ဒီလိုသက်တမ်းတိုးခြင်းအားဖြင့် ၂ဦး၂ဖက် အကျိုးရှိမယ်လို့ ထင်မြင်မိပါတယ်။

    Reply

  • three colors

    February 10, 2012 at 6:30 pm

    စီးပွားရေးအကြံပေးတွေနဲ့တိုင်ပင်ပြီး လစာတိုးပေးရင် ကုန်ဈေးနှူန်းမတိုးအောင် ဘယ်လိုလုပ်သင့်ကြောင်းတိုင်ပင်သင့်ပါတယ်၊တခြားလက်လုပ်လက်စားတွေလဲ ရှိသေးလို့ပါ၊
    ကျွန်တော့အထင်ကတော့ဒီလိုဖြစ်ဘို့ဆိုရင် cash နဲ့အစား kind နဲ့တိုးသင့်တယ် ထင်ပါတယ်။

    Reply

Leave a Reply to maungmoenyo Cancel Reply

Your email address will not be published.